သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“ ျမန္မာကေလးလုပ္သားေတြ အေျခအေနပိုဆိုးဝါးလာ” ILO ျမန္မာ႐ုံး


ျမန္မာျပည္တြင္းက ကေလးလုပ္သားတဦး (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ကမာၻ႔ေနရာအႏွံ႔ ပဋိပကၡေဒသေတြက လူမႈအကာအကြယ္မဲ့ေနတဲ့ ကေလးငယ္ေတြဟာ လုပ္ငန္းခြင္ထဲ ပိုေရာက္လာၿပီး ပညာသင္ၾကားမႈအခြင့္အလမ္းလည္း ပိုနည္းလာတယ္လို႔ မၾကာမီက ထုတ္တဲ့ ILO အျပည္ျပည္ဆိုင္ရာအစီရင္ခံစာတေစာင္မွာေဖာ္ျပပါတယ္။ ျမန္မာႏိုင္ငံမွာလည္း ႏိုင္ငံေရး၊ လုံၿခဳံေရးနဲ႔ ကပ္ေဘးအႏၲရာယ္ေတြေၾကာင့္ ေက်ာင္းေတြပိတ္ ထားရၿပီး ကေလးငယ္ေတြဟာလုပ္ငန္းခြင္ထဲ ပိုေရာက္လာတယ္လို႔ ILO ကေျပာပါတယ္။ ျမန္မာႏိုင္ငံတြင္း ဒီကေလးငယ္ေတြရဲ႕ ေလ့လာေရးအစီအစဥ္အတြက္ ILO က စီစဥ္ေဆာင္႐ြက္ေနမႈေတြ ဘယ္ေလာက္အထိ ထိေရာက္ႏိုင္မလဲ၊ ရန္ကုန္က ေပးပို႔တဲ့သတင္း ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ႏိုင္ငံေရး၊ လုံၿခဳံေရးနဲ႔ ကပ္ေရာဂါအေျခအေနေတြေၾကာင့္ ေက်ာင္းေတြပိတ္ထားရၿပီး စီးပြားေရးအခက္အခဲေတြႀကဳံလာတဲ့အတြက္ ျမန္မာႏိုင္ငံတြင္း ကေလးလုပ္သားအေျခအေန ပိုမိုဆိုးဝါးလာေနတယ္လို႔ ILO ျမန္မာဌာေနကိုယ္စားလွယ္ Mr Donglin Li က ILO ရဲ႕ ၿပီးခဲ့တဲ့ထုတ္ျပန္ခ်က္တခုမွာ ေျပာခဲ့ပါတယ္။ ဒီလို အႏၲရာယ္ႀကဳံေနတဲ့ကေလးငယ္ေတြအတြက္ စြမ္းေဆာင္ရည္ျမႇင့္တင္ေပးႏိုင္ဖို႔နဲ႔ အခ်ိန္မီ စုေပါင္းတုံ႔ျပန္အေရးယူေဆာင္႐ြက္ဖို႔ အရင္ကထက္ပိုၿပီး အေရးႀကီးလာတယ္လို႔ လည္း ေျပာပါတယ္။ ဒီအတြက္လည္း သက္ဆိုင္ရာလူမႈကူညီေရးအဖြဲ႕ေတြကတဆင့္ ျမန္မာကေလးလုပ္ သားေတြကို အြန္လိုင္းေလ့လာေရးအစီအစဥ္ေတြ အခု ဇြန္လမွာ စတင္ႏိုင္ဖို႔ ILO ျမန္မာ႐ုံးက စီစဥ္ေနပါတယ္။ ဒီအစီအစဥ္ကိုေတာ့ အရပ္ဖက္အဖြဲ႕အစည္းေတြ၊ လူမႈဝန္ထမ္းအဖြဲ႕အစည္းေတြနဲ႔ အလုပ္ရွင္-အလုပ္သမားအဖြဲ႕အစည္းေတြကတဆင့္ အေကာင္အထည္ေဖာ္ဖို႔ ILO က ညႇိဳႏႈိင္းေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ျမန္မာႏိုင္ငံရဲ႕ လက္ေတြ႕ႏိုင္ငံေရးအေနအထားအရ ဒီ အစီအစဥ္ေတြကို လက္ေတြ႕ေဆာင္႐ြက္ႏိုင့္ပါမလားဆိုတာ ကေလးသူငယ္ အခြင့္အေရးကာကြယ္ေရးေဆာင္႐ြက္ေနသူတခ်ိဳ႕က သံသယရွိၾကပါတယ္။ ျပည္တြင္း အရပ္ဖက္အဖြဲ႕အစည္းေတြမေျပာနဲ႔ ILO ႏိုင္ငံတကာအဖြဲ႕အစည္းေတြေတာင္မွာ ျပည္တြင္းလပ္ငန္းမွာ လြတ္လြတ္လပ္လပ္လုပ္ႏိုင္ဖို႔ အခက္အခဲရွိတယ္လို႔ ကေလးအခြင့္အေရးေရွ႕ေန ဦးေနလင္းေအာင္က ဗြီအိုေအကို ေျပာပါတယ္။

"ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ လက္ရွိအခ်ိန္မွာေတာ့ ကာကြယ္မႈကေတာ့ ဒီလိုမ်ိဳးကေလးေတြကို တခုခုျဖစ္လာၿပီဆိုရင္ ခ်ိတ္ဆက္ေဆာင္႐ြက္တယ္ ဆိုေပမယ့္ ခ်ိတ္ဆက္ေဆာင္႐ြက္လို႔ ရႏိုင္တဲ့အဖြဲ႕အစည္းေတြ ကိုယ္တိုင္က အခက္အခဲျဖစ္ေနတာ က်ေနာ္တို႔ေတြ႕ရတယ္။ သူတို႔ကိုယ္တိုင္က ဒီလိုမ်ိဳး အေရးယူတုံ႔ျပန္ ေဆာင္႐ြက္ေပးဖို႔ကို ႀကိဳးစားတဲ့ဟာေတာင္မွ သူတို႔ကိုယ္တိုင္ေတာင္ မနည္းလႈပ္ရွားေနရတယ္။ ခ်က္ခ်င္းေျပာလိုက္ရင္ ခ်က္ခ်င္းကူညီေပးဖို႔က မလြယ္ဘူးျဖစ္ေနတယ္ ႀကိဳးစားရပ္တည္ေနတာ ေတြ႕ရတယ္။"

လက္ရွိတာဝန္ယူထားတဲ့ ဌာနဆိုင္ရာ တာဝန္ရွိသူေတြကလည္း စက္႐ုံအလုပ္႐ုံေတြက ကေလးလုပ္သားကိစၥေတြနဲ႔ ပတ္သက္လို႔ ထိထိေရာက္ေရာက္ မေဆာင္႐ြက္ႏိုင္ဘူးလို႔ ရန္ကုန္တိုင္း ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ေကာ္မတီက ဦးျမင့္သန္းက ဗြီအိုေအကို ေျပာပါတယ္။

"တခ်ိဳ႕တေလဆိုရင္ လညနက မ်က္ကြယ္ျပဳလိုက္တာေတြ ရွိတယ္။ ဥပမာ အထည္ခ်ဳပ္ေတြမွာ under 18 ကိုပဲ ခြင့္ျပဳလိုက္တာမ်ိဳးေတြရွိတယ္။ အဲဒါကို လညနက lobour လုပ္ေပးဖို႔ ခြင့္ျပဳလိုက္သည့္တိုင္ေအာင္ လမဖ လူမႈဖူလုံေရးတို႔ အလရ အလုပ္႐ုံႏွင့္အလုပ္သမား စစ္ေဆးေရးဦးစီးဌာန ဝင္ၿပီးေတာ့ အဲဒီကေလးေတြကို အသက္တိုက္စစ္တာတို႔ ဒါ focal department ေတြက အဲဒါမ်ိဳးလုပ္ဖို႔ကို ပ်က္ကြက္ေနတာ မ်ားပါတယ္။"

ပဋိပကၡေတြျဖစ္ေနတဲ့ ေနရာက ကေလးေတြဆိုရင္ ပညာသင္ႏိုင္တဲ့အခြင့္အေရးက ပိုနည္းလာၿပီး အလုပ္လုပ္ႏိုင္ရေျခ ပိုမ်ားႏိုင္တယ္လို႔ ILO ကေျပာပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက လုပ္ခဲ့တဲ့ ကေလးလုပ္သားပေပ်ာက္ေရး ပၪၥမအႀကိမ္ညီလာခံမွာ ျဖန႔္ခ်ီခဲ့တဲ့ ILO နဲ႔ UNICEF ရဲ႕ အစီရင္ခံစာမွာဆိုရင္ ၂၀၂၀ အစမွာ ကမာၻ႔ကေလးလုပ္သားဦးေရက သန္း ၁၆၀ ေလာက္ရွိတယ္လို႔ ေျပာပါတယ္။ ဒါက ကေလး ၁၀ ေယာက္မွာ တေယာက္က ကေလးလုပ္သား ျဖစ္ေနတာပါ။

ကပ္ေဘးေရာ စစ္အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံေရးမတည္ၿငိမ္မႈပါ ႀကဳံခဲ့ရတဲ့ ျမန္မာႏိုင္ငံတြင္းမွာေတာ့ အခုဇြန္လအတြင္းမွာ အေျခခံပညာအဆင့္ ေက်ာင္းေတြ ျပန္ဖြင့္ခဲ့ပါတယ္။ ျမန္မာစစ္ေကာင္စီကေတာ့ ေက်ာင္းလာအပ္သူ၊ ေက်ာင္းလာတက္သူ ရာခိုင္ႏႈန္းအေတာ္မ်ားမ်ားရွိတယ္လို႔ ေၾကညာေနေပမယ့္ ႏိုင္ငံေရးနဲ႔ လုံၿခဳံေရးအေျခအေနေတြအရ ကိုယ့္ ကေလးငယ္ေတြအတြက္ စိုးရိမ္ပူပင္ေနၾကရတဲ့ မိဘေတြလည္းရွိေနပါတယ္။ အာဏာသိမ္းၿပီးေနာက္ CDM အၾကမ္းမဖက္ အာဏာဖီဆန္ေရးလုပ္ထားၾကတဲ့ ဆရာ ဆရာမေတြကို အေရးမယူဘဲ ျပန္လက္ခံမယ္လို႔ စစ္ေကာင္စီက ေန႔စဥ္လိုလို ေၾကညာေနပါတယ္။ ေက်ာင္းေတြမွာ အထူးသျဖင့္ နယ္ေက်ာင္းေတြမွာ ဆရာ ဆရာမ မလုံေလာက္မႈ ႀကဳံေနရတာေၾကာင့္လို႔ ေဒသခံတခ်ိဳ႕က ေျပာပါတယ္။ စစ္ေရးပဋိပကၡျဖစ္ေနတဲ့ေနရာေတြ အထူးသျဖင့္ ျမန္မာျပည္အလယ္ပိုင္း စစ္ကိုင္းတိုင္းနဲ႔ တိုင္းရင္းနယ္ေျမတခ်ိဳ႕မွာေတာ့ ေက်ာင္းေတြကို ပုံမွန္မဖြင့္ႏိုင္ေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

“မြန်မာကလေးလုပ်သားတွေ အခြေအနေပိုဆိုးဝါးလာ” ILO မြန်မာရုံး

ကမ္ဘာ့နေရာအနှံ့ ပဋိပက္ခဒေသတွေက လူမှုအကာအကွယ်မဲ့နေတဲ့ ကလေးငယ်တွေဟာ လုပ်ငန်းခွင်ထဲ ပိုရောက်လာပြီး ပညာသင်ကြားမှုအခွင့်အလမ်းလည်း ပိုနည်းလာတယ်လို့ မကြာမီက ထုတ်တဲ့ ILO အပြည်ပြည်ဆိုင်ရာအစီရင်ခံစာတစောင်မှာဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေး၊ လုံခြုံရေးနဲ့ ကပ်ဘေးအန္တရာယ်တွေကြောင့် ကျောင်းတွေပိတ် ထားရပြီး ကလေးငယ်တွေဟာလုပ်ငန်းခွင်ထဲ ပိုရောက်လာတယ်လို့ ILO ကပြောပါတယ်။ မြန်မာနိုင်ငံတွင်း ဒီကလေးငယ်တွေရဲ့ လေ့လာရေးအစီအစဉ်အတွက် ILO က စီစဉ်ဆောင်ရွက်နေမှုတွေ ဘယ်လောက်အထိ ထိရောက်နိုင်မလဲ၊ ရန်ကုန်က ပေးပို့တဲ့သတင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံရေး၊ လုံခြုံရေးနဲ့ ကပ်ရောဂါအခြေအနေတွေကြောင့် ကျောင်းတွေပိတ်ထားရပြီး စီးပွားရေးအခက်အခဲတွေကြုံလာတဲ့အတွက် မြန်မာနိုင်ငံတွင်း ကလေးလုပ်သားအခြေအနေ ပိုမိုဆိုးဝါးလာနေတယ်လို့ ILO မြန်မာဌာနေကိုယ်စားလှယ် Mr Donglin Li က ILO ရဲ့ ပြီးခဲ့တဲ့ထုတ်ပြန်ချက်တခုမှာ ပြောခဲ့ပါတယ်။ ဒီလို အန္တရာယ်ကြုံနေတဲ့ကလေးငယ်တွေအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ဖို့နဲ့ အချိန်မီ စုပေါင်းတုံ့ပြန်အရေးယူဆောင်ရွက်ဖို့ အရင်ကထက်ပိုပြီး အရေးကြီးလာတယ်လို့ လည်း ပြောပါတယ်။ ဒီအတွက်လည်း သက်ဆိုင်ရာလူမှုကူညီရေးအဖွဲ့တွေကတဆင့် မြန်မာကလေးလုပ် သားတွေကို အွန်လိုင်းလေ့လာရေးအစီအစဉ်တွေ အခု ဇွန်လမှာ စတင်နိုင်ဖို့ ILO မြန်မာရုံးက စီစဉ်နေပါတယ်။ ဒီအစီအစဉ်ကိုတော့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူမှုဝန်ထမ်းအဖွဲ့အစည်းတွေနဲ့ အလုပ်ရှင်-အလုပ်သမားအဖွဲ့အစည်းတွေကတဆင့် အကောင်အထည်ဖော်ဖို့ ILO က ညှိုနှိုင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ လက်တွေ့နိုင်ငံရေးအနေအထားအရ ဒီ အစီအစဉ်တွေကို လက်တွေ့ဆောင်ရွက်နိုင့်ပါမလားဆိုတာ ကလေးသူငယ် အခွင့်အရေးကာကွယ်ရေးဆောင်ရွက်နေသူတချို့က သံသယရှိကြပါတယ်။ ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်းတွေမပြောနဲ့ ILO နိုင်ငံတကာအဖွဲ့အစည်းတွေတောင်မှာ ပြည်တွင်းလပ်ငန်းမှာ လွတ်လွတ်လပ်လပ်လုပ်နိုင်ဖို့ အခက်အခဲရှိတယ်လို့ ကလေးအခွင့်အရေးရှေ့နေ ဦးနေလင်းအောင်က ဗွီအိုအေကို ပြောပါတယ်။

"ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ လက်ရှိအချိန်မှာတော့ ကာကွယ်မှုကတော့ ဒီလိုမျိုးကလေးတွေကို တခုခုဖြစ်လာပြီဆိုရင် ချိတ်ဆက်ဆောင်ရွက်တယ် ဆိုပေမယ့် ချိတ်ဆက်ဆောင်ရွက်လို့ ရနိုင်တဲ့အဖွဲ့အစည်းတွေ ကိုယ်တိုင်က အခက်အခဲဖြစ်နေတာ ကျနော်တို့တွေ့ရတယ်။ သူတို့ကိုယ်တိုင်က ဒီလိုမျိုး အရေးယူတုံ့ပြန် ဆောင်ရွက်ပေးဖို့ကို ကြိုးစားတဲ့ဟာတောင်မှ သူတို့ကိုယ်တိုင်တောင် မနည်းလှုပ်ရှားနေရတယ်။ ချက်ချင်းပြောလိုက်ရင် ချက်ချင်းကူညီပေးဖို့က မလွယ်ဘူးဖြစ်နေတယ် ကြိုးစားရပ်တည်နေတာ တွေ့ရတယ်။"

လက်ရှိတာဝန်ယူထားတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း စက်ရုံအလုပ်ရုံတွေက ကလေးလုပ်သားကိစ္စတွေနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူးလို့ ရန်ကုန်တိုင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီက ဦးမြင့်သန်းက ဗွီအိုအေကို ပြောပါတယ်။

"တချို့တလေဆိုရင် လညနက မျက်ကွယ်ပြုလိုက်တာတွေ ရှိတယ်။ ဥပမာ အထည်ချုပ်တွေမှာ under 18 ကိုပဲ ခွင့်ပြုလိုက်တာမျိုးတွေရှိတယ်။ အဲဒါကို လညနက lobour လုပ်ပေးဖို့ ခွင့်ပြုလိုက်သည့်တိုင်အောင် လမဖ လူမှုဖူလုံရေးတို့ အလရ အလုပ်ရုံနှင့်အလုပ်သမား စစ်ဆေးရေးဦးစီးဌာန ဝင်ပြီးတော့ အဲဒီကလေးတွေကို အသက်တိုက်စစ်တာတို့ ဒါ focal department တွေက အဲဒါမျိုးလုပ်ဖို့ကို ပျက်ကွက်နေတာ များပါတယ်။"

ပဋိပက္ခတွေဖြစ်နေတဲ့ နေရာက ကလေးတွေဆိုရင် ပညာသင်နိုင်တဲ့အခွင့်အရေးက ပိုနည်းလာပြီး အလုပ်လုပ်နိုင်ရခြေ ပိုများနိုင်တယ်လို့ ILO ကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်ခဲ့တဲ့ ကလေးလုပ်သားပပျောက်ရေး ပဉ္စမအကြိမ်ညီလာခံမှာ ဖြန့်ချီခဲ့တဲ့ ILO နဲ့ UNICEF ရဲ့ အစီရင်ခံစာမှာဆိုရင် ၂၀၂၀ အစမှာ ကမ္ဘာ့ကလေးလုပ်သားဦးရေက သန်း ၁၆၀ လောက်ရှိတယ်လို့ ပြောပါတယ်။ ဒါက ကလေး ၁၀ ယောက်မှာ တယောက်က ကလေးလုပ်သား ဖြစ်နေတာပါ။

ကပ်ဘေးရော စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုပါ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံတွင်းမှာတော့ အခုဇွန်လအတွင်းမှာ အခြေခံပညာအဆင့် ကျောင်းတွေ ပြန်ဖွင့်ခဲ့ပါတယ်။ မြန်မာစစ်ကောင်စီကတော့ ကျောင်းလာအပ်သူ၊ ကျောင်းလာတက်သူ ရာခိုင်နှုန်းအတော်များများရှိတယ်လို့ ကြေညာနေပေမယ့် နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေအရ ကိုယ့် ကလေးငယ်တွေအတွက် စိုးရိမ်ပူပင်နေကြရတဲ့ မိဘတွေလည်းရှိနေပါတယ်။ အာဏာသိမ်းပြီးနောက် CDM အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ထားကြတဲ့ ဆရာ ဆရာမတွေကို အရေးမယူဘဲ ပြန်လက်ခံမယ်လို့ စစ်ကောင်စီက နေ့စဉ်လိုလို ကြေညာနေပါတယ်။ ကျောင်းတွေမှာ အထူးသဖြင့် နယ်ကျောင်းတွေမှာ ဆရာ ဆရာမ မလုံလောက်မှု ကြုံနေရတာကြောင့်လို့ ဒေသခံတချို့က ပြောပါတယ်။ စစ်ရေးပဋိပက္ခဖြစ်နေတဲ့နေရာတွေ အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းနဲ့ တိုင်းရင်းနယ်မြေတချို့မှာတော့ ကျောင်းတွေကို ပုံမှန်မဖွင့်နိုင်သေးပါဘူး။
=============

XS
SM
MD
LG