သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီး တ႐ုတ္ႏိုင္ငံသြားေရာက္ဖို႔ရွိ


တ႐ုတ္ႏို္င္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Wang Wenbin 

[[Zawgyi/Unicode]]

ၾကာသပေတးေန႔ကေန တနဂၤေႏြေန႔အထိ အင္ဒိုနီးရွား၊ ထိုင္း၊ ဖိလစ္ပိုင္နဲ႔ ျမန္မာ ႏိုင္ငံျခားေရး ဝန္ႀကီးေတြဟာ တ႐ုတ္ႏိုင္ငံကို လာေရာက္ၾကမယ္လို႔ တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တနလၤာေန႔က ေျပာပါတယ္။

တ႐ုတ္ ႏိုင္ငံေတာ္ေကာင္စီဝင္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီရဲ႕ဖိတ္ၾကားခ်က္အရ ခုလို လာေရာက္မွာ ျဖစ္တယ္လို႔ ပုံမွန္ သတင္းစာရွင္းလင္းပြဲမွာ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Wang Wenbin က ေျပာခဲ့တာ ျဖစ္ပါတယ္။

ဒီခရီးစဥ္ေတြက တ႐ုတ္နဲ႔ အိမ္နီးခ်င္း အာဆီယံ ႏိုင္ငံေတြ မိတ္ရင္းေဆြျခာျဖစ္တာ ကို ျပသတာ ျဖစ္ၿပီး တ႐ုတ္ အာဆီယံ ပူးေပါင္းေဆာင္႐ြက္ေရးကို ျမႇင့္တင္တာလည္း ျဖစ္ပါတယ္လို႔ မစၥတာဝမ္ဘင္က ဆိုပါတယ္။

မႏွစ္ႏိုဝင္ဘာလတုန္းက တ႐ုတ္ အာဆီယံ မဟာဗ်ဴဟာ မိတ္ဖက္ဖြဲ႔တာကို ေၾကညာခဲ့ပါတယ္။

ခုခရီးစဥ္မွာ ကမာၻလုံးဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈအစီအစဥ္ GDI ကို ျမႇင့္တင္ရာမွာ အေထာက္အကူ ျဖစ္လိမ့္မယ္လို႔ တ႐ုတ္က ေမွ်ာ္လင့္ပါတယ္။ GDI ဟာ တ႐ုတ္ သမၼတက ကမကထျပဳတင္ျပခဲ့တဲ့ အစီအစဥ္ ျဖစ္ပါတယ္။

ဒီခရီးစဥ္မွာ ေဒသတြင္းနဲ႔ ႏိုင္ငံတကာအေျခအေနေတြကိုလည္း အျမင္ဖလွယ္ၾကမယ္ လို႔ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ ကုလသမဂၢရဲ႕ ေရရွည္တည္တံ့တဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈ ၂၀၃၀ ရည္မွန္းခ်က္ကိုေရာက္ေအာင္ GDI က အေထာက္အကူျပဳဖို႔ ရည္႐ြယ္တယ္လို႔ တ႐ုတ္က ေျပာပါတယ္။

#MyanmarChina #VOABurmese #GDI #တ႐ုတ္ #စစ္ေကာင္စီ #ဗီြအိုေအ

================

[[Unicode]]

မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသွားရောက်ဖို့ရှိ

ကြာသပတေးနေ့ကနေ တနင်္ဂနွေနေ့အထိ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ တရုတ်နိုင်ငံကို လာရောက်ကြမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က ပြောပါတယ်။

တရုတ် နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီရဲ့ဖိတ်ကြားချက်အရ ခုလို လာရောက်မှာ ဖြစ်တယ်လို့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီခရီးစဉ်တွေက တရုတ်နဲ့ အိမ်နီးချင်း အာဆီယံ နိုင်ငံတွေ မိတ်ရင်းဆွေခြာဖြစ်တာ ကို ပြသတာ ဖြစ်ပြီး တရုတ် အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်တာလည်း ဖြစ်ပါတယ်လို့ မစ္စတာဝမ်ဘင်က ဆိုပါတယ်။

မနှစ်နိုဝင်ဘာလတုန်းက တရုတ် အာဆီယံ မဟာဗျူဟာ မိတ်ဖက်ဖွဲ့တာကို ကြေညာခဲ့ပါတယ်။

ခုခရီးစဉ်မှာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် GDI ကို မြှင့်တင်ရာမှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ တရုတ်က မျှော်လင့်ပါတယ်။ GDI ဟာ တရုတ် သမ္မတက ကမကထပြုတင်ပြခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ဒေသတွင်းနဲ့ နိုင်ငံတကာအခြေအနေတွေကိုလည်း အမြင်ဖလှယ်ကြမယ် လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ကုလသမဂ္ဂရဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု ၂၀၃၀ ရည်မှန်းချက်ကိုရောက်အောင် GDI က အထောက်အကူပြုဖို့ ရည်ရွယ်တယ်လို့ တရုတ်က ပြောပါတယ်။

#MyanmarChina #VOABurmese #GDI #တရုတ် #စစ်ကောင်စီ #ဗွီအိုအေ

================

XS
SM
MD
LG