သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

KNDF ကို အကူအညီေပးသြားမယ္လို႔ ေျမာက္ပိုင္းညီေနာင္သုံးဖြဲ႔ ထုတ္ျပန္


စစ္အာဏာသိမ္းၿပီးေနာက္ ဖြဲ႕စည္းခဲ့တဲ့ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ (KNDF) KNDF တႏွစ္ျပည့္အထိမ္းအမွတ္ (ဓာတ္ပံု-Karenni Nationalities Defense Force B - 05)

[[Zawgyi/Unicode]]

ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ (KNDF) ကို အကူအညီေပးသြားမယ္လို႔ AA ရခိုင္၊ TNLA တအာင္း၊ MNDAA ကိုးကန႔္ ေျမာက္ပိုင္း ညီေနာင္မဟာမိတ္ သုံးဖြဲ႕တို႔က ထုတ္ျပန္ထားပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ ဖြဲ႕စည္းခဲ့တဲ့ KNDF ဟာ အခုဆိုရင္ ဖြဲ႕စည္းတာတႏွစ္ျပည့္ခဲ့သလို ကယားျပည္နယ္ ေဒသအေခၚ ကရင္နီျပည္နယ္တြင္းမွာ ျမန္မာစစ္ေကာင္စီတပ္ေတြနဲ႔ ျပင္းထန္တဲ့တိုက္ပြဲေတြ ရင္ဆိုင္ေနရဆဲပါ။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

ေမလ ၃၀ ရက္ KNDF ဖြဲ႕စည္းတည္ေထာင္ျခင္း တႏွစ္ျပည့္ေျမာက္တဲ့ေန႔ အထိမ္းအမွတ္အေနနဲ႔ ညီေနာင္မဟာမိတ္ သုံးဖြဲ႕က ေပးပို႔တဲ့ သဝဏ္လႊာထဲမွာ KNDF ကို အကူအညီေတြေပးသြားမယ္လို႔ ထုတ္ျပန္ေၾကညာထားတာပါ။ စစ္အာဏာသိမ္းဆန႔္က်င္တဲ့ဆႏၵျပမႈေတြ အၾကမ္းဖက္ႏွိပ္ကြပ္ခံရၿပီးေနာက္ ႏိုင္ငံေနရာအႏွံ႔ ကာကြယ္ေရးအဖြဲ႕ေတြေပၚလာခဲ့ပါတယ္။ ကရင္နီေဒသမွာရွိတဲ့ ကာကြယ္ေရးအဖြဲ႕ေတြကို ပင္မထား စုစည္းၿပီးေနာက္ KNDF ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ ေပၚလာခဲ့ပါတယ္။ အျခားေဒသကာကြယ္ေရးအဖြဲ႕ေတြနဲ႔ မတူတာကေတာ့ KNDF ဟာ စစ္အာဏာရွင္စနစ္တိုက္ဖ်က္ေရးအျပင္ အမ်ိဳးသားတန္းတူေရးနဲ႔ကိုယ္ပိုင္ျပဌာန္းခြင့္ရရွိေရးအတြက္ပါ ဦးတည္လႈပ္ရွားေနတာပါ။

ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕တို႔က KNDF ကို အကူအညီေပးသြားမွာကို ႀကိဳဆိုေၾကာင္းနဲ႔ ေႏြဦးေတာ္လွန္ေရးနဲ႔အတူ အခုမွ ေပါက္ဖြားလာတဲ့ ကာကြယ္ေရးတပ္ေတြကို လက္နက္ခဲယမ္းနဲ႔ စစ္ေရးနည္းဗ်ဴဟာေတြကို ကူညီေပးႏိုင္ရင္ အမ်ားႀကီးအေထာက္အကူျဖစ္တယ္လို႔ KNDF အဖြဲ႕ဝင္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ တာဝန္ရွိသူတဦးက ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔က စစ္အာဏာရွင္ကိုေတာ္လွန္ေနတာေပါ့ေနာ္။ ဆိုေတာ့ AA တို႔ျဖစ္ျဖစ္ေပါ့ေနာ္၊ MNDAA တို႔ျဖစ္ျဖစ္ သူတို႔ ႏွစ္ေပါင္းမ်ားစြာ အာဏာရွင္ကို ေတာ္လွန္ တဲ့အခါက်ေတာ့ က်ေနာ္တို႔က အခုမွပဲ ေပါက္ဖြားလာတဲ့ ေတာ္လွန္ေရးေပါ့ေနာ္ တႏွစ္တႀကိမ္ေလာက္ပဲ ရွိေသးတာ။ ဆိုေတာ့ ဒီအေနအထားမ်ိဳးမွာ က်ေနာ္တို႔ လက္နက္အင္အားျဖစ္ျဖစ္ေပါ့ေနာ္၊ ဒီလိုမ်ိဳးက်န္တဲ့ အကူအညီျဖစ္ျဖစ္ေပးႏိုင္ရင္ က်ေနာ္တို႔အတြက္ အမ်ားႀကီးခြန္အားျဖစ္တာေပါ့။ အဓိကေတာ့ လက္နက္ခဲယမ္း ေတြ ရွိမယ္၊ ေနာက္စစ္ေရးနည္းဗ်ဴဟာေတြရွိမယ္ေပါ့ေနာ္။ ဒီႏွစ္ခုေတာ့ အဓိက ေပါ့ေနာ္။ သူတို႔က အေတြ႕အႀကဳံရွိၿပီးသားလူေတြေလး သူတို႔က ဖြဲ႕ထားတာၾကာၿပီဆိုေတာ့ သူတို႔ပိုသိတာေပါ့ေနာ္။ ႏိုင္ငံေရးအရ ေတာ္လွန္ေရးအရေပါ့ သူတို႔အႀကဳံေပးတာတို႔ ကူညီတာတို႔ ဒါေတာ့ အဓိက လိုအပ္ခ်က္ေပါ့ေနာ္၊ ဒီစစ္ဗ်ဴဟာအပိုင္းရယ္၊ ေနာက္လက္နက္ခဲယမ္းအပိုင္းရယ္ အဓိက ကူညီေပးႏိုင္ရင္ေတာ့ ေကာင္းတာေပါ့ေနာ္။”

စစ္အာဏာသိမ္းမႈဆန႔္က်င္ေရးလႈပ္ရွားမႈေတြ တႏွစ္ေက်ာ္လာတာနဲ႔အမွ် ေထာက္ ခံမႈအားနည္းလာမွာကိုလည္း တက္ႂကြလႈပ္ရွားေတြက စိုးရိမ္ေနၾကပါတယ္။ ဒီလို အခ်ိန္မွာ ပိုၿပီး အခက္အခဲရွိႏိုင္တာမို႔ ေသြးေအးလာမွာစိုးရိမ္တယ္လို႔ ဒီးေမာ့ဆို PDF တာဝန္ရွိသူက ေျပာပါတယ္။ စစ္အာဏာရွင္ဆန႔္က်င္ရး ျပည္သူ႔ကာကြယ္ေရးတပ္အမ်ားစုဟာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ ကူညီမႈကို ရယူေနရသလို၊ တဖက္မွာေတာ့ ျမန္မာစစ္ေကာင္စီက တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ စစ္ေကာင္စီက ၿငိမ္းခ်မ္းေရးဖိတ္ေခၚမႈေတြမွာ PDF တပ္ေတြကို ခ်န္လွပ္ထားတဲ့အတြက္ စစ္မွန္တဲ့ၿငိမ္းခ်မ္းေရးမရႏိုင္ဘူးလို႔ တိုင္းရင္းသားလက္နက္ကိုင္တခ်ိဳ႕ကေျပာပါတယ္။ အခု ေျမာက္ပိုင္းသုံးဖြဲ႕အေနနဲ႔လည္း ဒီသေဘာထားရွိၿပီး စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ကို ေစာင့္ၾကည့္သြားမယ္လို႔ တုံ႔ျပန္ထားပါတယ္။

ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ (KNDF) ထူေထာင္ျခင္းတႏွစ္ျပည့္တဲ့ အထိမ္းအမွတ္ကို ကရင္နီျပည္တေနရာမွာ က်င္းပျပဳလုပ္ခဲ့တယ္လို႔ KNDF တပ္ရင္း ၅ က ဒီကေန႔ ထုတ္ျပန္ပါတယ္။ KNDF တပ္ဖြဲ႕ကို စတင္ဖြဲ႕စည္းခ်ိန္ကစၿပီး ကရင္နီ တပ္မေတာ္ (KA) နဲ႔ ပူးတြဲ တိုက္ပြဲခဲ့ေၾကာင္းနဲ႔ ေႏြဦးေတာ္လွန္ေရးနဲ႔ အတူ ေပါက္ဖြားလာတဲ့ KNDF ဟာ တိုက္ပြဲေပါင္းမ်ားစြာနဲ႔ ႐ြပ္႐ြပ္ခြၽံခြၽံ တိုက္ခိုက္ခဲ့ၿပီး အခုခ်ိန္ထိ တပ္ရင္းေပါင္း ၂၀ အထိ ရွိလာတယ္လို႔ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

KNDF ကို အကူအညီပေးသွားမယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ ထုတ်ပြန်

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကို အကူအညီပေးသွားမယ်လို့ AA ရခိုင်၊ TNLA တအာင်း၊ MNDAA ကိုးကန့် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့တို့က ထုတ်ပြန်ထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ KNDF ဟာ အခုဆိုရင် ဖွဲ့စည်းတာတနှစ်ပြည့်ခဲ့သလို ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ်တွင်းမှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ရင်ဆိုင်နေရဆဲပါ။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

မေလ ၃၀ ရက် KNDF ဖွဲ့စည်းတည်ထောင်ခြင်း တနှစ်ပြည့်မြောက်တဲ့နေ့ အထိမ်းအမှတ်အနေနဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာထဲမှာ KNDF ကို အကူအညီတွေပေးသွားမယ်လို့ ထုတ်ပြန်ကြေညာထားတာပါ။ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ဆန္ဒပြမှုတွေ အကြမ်းဖက်နှိပ်ကွပ်ခံရပြီးနောက် နိုင်ငံနေရာအနှံ့ ကာကွယ်ရေးအဖွဲ့တွေပေါ်လာခဲ့ပါတယ်။ ကရင်နီဒေသမှာရှိတဲ့ ကာကွယ်ရေးအဖွဲ့တွေကို ပင်မထား စုစည်းပြီးနောက် KNDF ကရင်နီအမျိုးသားကာကွယ်ရေးတပ် ပေါ်လာခဲ့ပါတယ်။ အခြားဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ မတူတာကတော့ KNDF ဟာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအပြင် အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက်ပါ ဦးတည်လှုပ်ရှားနေတာပါ။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့က KNDF ကို အကူအညီပေးသွားမှာကို ကြိုဆိုကြောင်းနဲ့ နွေဦးတော်လှန်ရေးနဲ့အတူ အခုမှ ပေါက်ဖွားလာတဲ့ ကာကွယ်ရေးတပ်တွေကို လက်နက်ခဲယမ်းနဲ့ စစ်ရေးနည်းဗျူဟာတွေကို ကူညီပေးနိုင်ရင် အများကြီးအထောက်အကူဖြစ်တယ်လို့ KNDF အဖွဲ့ဝင် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့က စစ်အာဏာရှင်ကိုတော်လှန်နေတာပေါ့နော်။ ဆိုတော့ AA တို့ဖြစ်ဖြစ်ပေါ့နော်၊ MNDAA တို့ဖြစ်ဖြစ် သူတို့ နှစ်ပေါင်းများစွာ အာဏာရှင်ကို တော်လှန် တဲ့အခါကျတော့ ကျနော်တို့က အခုမှပဲ ပေါက်ဖွားလာတဲ့ တော်လှန်ရေးပေါ့နော် တနှစ်တကြိမ်လောက်ပဲ ရှိသေးတာ။ ဆိုတော့ ဒီအနေအထားမျိုးမှာ ကျနော်တို့ လက်နက်အင်အားဖြစ်ဖြစ်ပေါ့နော်၊ ဒီလိုမျိုးကျန်တဲ့ အကူအညီဖြစ်ဖြစ်ပေးနိုင်ရင် ကျနော်တို့အတွက် အများကြီးခွန်အားဖြစ်တာပေါ့။ အဓိကတော့ လက်နက်ခဲယမ်း တွေ ရှိမယ်၊ နောက်စစ်ရေးနည်းဗျူဟာတွေရှိမယ်ပေါ့နော်။ ဒီနှစ်ခုတော့ အဓိက ပေါ့နော်။ သူတို့က အတွေ့အကြုံရှိပြီးသားလူတွေလေး သူတို့က ဖွဲ့ထားတာကြာပြီဆိုတော့ သူတို့ပိုသိတာပေါ့နော်။ နိုင်ငံရေးအရ တော်လှန်ရေးအရပေါ့ သူတို့အကြုံပေးတာတို့ ကူညီတာတို့ ဒါတော့ အဓိက လိုအပ်ချက်ပေါ့နော်၊ ဒီစစ်ဗျူဟာအပိုင်းရယ်၊ နောက်လက်နက်ခဲယမ်းအပိုင်းရယ် အဓိက ကူညီပေးနိုင်ရင်တော့ ကောင်းတာပေါ့နော်။”

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေ တနှစ်ကျော်လာတာနဲ့အမျှ ထောက် ခံမှုအားနည်းလာမှာကိုလည်း တက်ကြွလှုပ်ရှားတွေက စိုးရိမ်နေကြပါတယ်။ ဒီလို အချိန်မှာ ပိုပြီး အခက်အခဲရှိနိုင်တာမို့ သွေးအေးလာမှာစိုးရိမ်တယ်လို့ ဒီးမော့ဆို PDF တာဝန်ရှိသူက ပြောပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရး ပြည်သူ့ကာကွယ်ရေးတပ်အများစုဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကူညီမှုကို ရယူနေရသလို၊ တဖက်မှာတော့ မြန်မာစစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ ကြိုးစားနေပါတယ်။ စစ်ကောင်စီက ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေမှာ PDF တပ်တွေကို ချန်လှပ်ထားတဲ့အတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေးမရနိုင်ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင်တချို့ကပြောပါတယ်။ အခု မြောက်ပိုင်းသုံးဖွဲ့အနေနဲ့လည်း ဒီသဘောထားရှိပြီး စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို စောင့်ကြည့်သွားမယ်လို့ တုံ့ပြန်ထားပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ထူထောင်ခြင်းတနှစ်ပြည့်တဲ့ အထိမ်းအမှတ်ကို ကရင်နီပြည်တနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ KNDF တပ်ရင်း ၅ က ဒီကနေ့ ထုတ်ပြန်ပါတယ်။ KNDF တပ်ဖွဲ့ကို စတင်ဖွဲ့စည်းချိန်ကစပြီး ကရင်နီ တပ်မတော် (KA) နဲ့ ပူးတွဲ တိုက်ပွဲခဲ့ကြောင်းနဲ့ နွေဦးတော်လှန်ရေးနဲ့ အတူ ပေါက်ဖွားလာတဲ့ KNDF ဟာ တိုက်ပွဲပေါင်းများစွာနဲ့ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ပြီး အခုချိန်ထိ တပ်ရင်းပေါင်း ၂၀ အထိ ရှိလာတယ်လို့ ဖော်ပြထားပါတယ်။
============

XS
SM
MD
LG