သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္နဲ႔ ကုလအထူးကိုယ္စားလွယ္ ျမန္မာ့အေရးေဆြးေႏြး


ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ Hun Sen (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအေရးကိစၥဟာ မလြယ္ကူေပမယ့္ အေရးႀကီးတယ္လို႔ ဝန္ႀကီးခ်ဳပ္ Hun Sen က ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ Noeleen Heyzer ကိုေျပာၾကားခဲ့ပါတယ္။

အာဆီယံဥကၠ႒အေနနဲ႔ Cambodia ႏိုင္ငံက ေဆာင္ရြက္ရမယ့္ အခန္းက႑ကို ဆက္ၿပီးေဆာင္ရြက္ဖို႔ သႏၷိဌာန္ခ်ထားတယ္လို႔ Switzerland ႏိုင္ငံ Davos ၿမိဳ႕မွာက်င္းပေနတဲ့ ကမာၻ႔စီးပြားေရးညီလာခံ ေဘးပန္းမွာ ေတြ႕ဆံုစဥ္ Cambodia ဝန္ႀကီးခ်ဳပ္က ေျပာခဲ့တဲ့အေၾကာင္း Cambodia ကိုယ္စားလွယ္အဖဲြ႕ဝန္ႀကီးရဲ႕အေျပာကို ကိုးကားၿပီး The Phnom Penh Post သတင္းစာကေဖာ္ျပပါတယ္။ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ ပဋိပကၡေတြအဆံုးသပ္ေစမယ့္ ေရရွည္ အေျဖရွာဖို႔၊ ပဋိပကၡမွာပါဝင္ေနသူေတြအားလံုးၾကား ေဆြးေႏြးမႈေတြ ေပၚေပါက္လာေစဖို႔နဲ႔ လိုအပ္ေနသူေတြဆီ လူသားခ်င္းစာနာတဲ့ အကူအညီေတြ ပို႔ေပးႏိုင္ဖို႔အတြက္ Cambodia ႏိုင္ငံက အခိုင္အမာဆက္ေဆာင္ရြက္သြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ Hun Sen ကေျပာၾကားခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ျမန္မာႏိုင္ငံမွာ အရပ္သားေတြအေပၚ အၾကမ္းဖက္မႈေတြ ေလ်ာ့သြားေအာင္ လုပ္ႏိုင္မယ့္နည္းလမ္းေတြရွာဖို႔ အေရးႀကီးတယ္လို႔ ကုလသမဂၢအထူးကိုယ္စားလွယ္ Noeleen Heyzer ကေျပာခဲ့တယ္လို႔ ေရးသားထားပါတယ္။ ဒါ့အျပင္ သူ႔ကို ျမန္မာႏိုင္ငံလာဖို႔ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ဖိတ္ၾကားတယ္လို႔ ဝန္ႀကီးခ်ဳပ္ Hun Sen ကိုေျပာေၾကာင္း The Phnom Penh Post သတင္းကေျပာပါတယ္။

ကုလသမဂၢအထူးကိုယ္စားလွယ္က ျမန္မာႏိုင္ငံကို သြားဖို႔ အစီအစဥ္ရွိေပမဲ့ မသြားခင္ Cambodia ဝန္ႀကီးခ်ဳပ္ရဲ႕ အျမင္ကို သိလိုတယ္လို႔ ေျပာခဲ့တယ္လို႔ ဆိုပါတယ္။ ဝန္ႀကီးခ်ဳပ္ Hun Sen ဟာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္နဲ႔ လူကိုယ္တိုင္ ၁ ႀကိမ္ Online ေပၚမွာ ၂ ႀကိမ္ ေတြ႕ဆုံေဆြးေႏြးခဲ့ဖူးပါတယ္။ ေဆြးေႏြးမႈေတြအတြင္း ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ ပဋိပကၡေတြအေပၚ စိုးရိမ္ေၾကာင္း Cambodia ဝန္ႀကီးခ်ဳပ္က ေျပာခဲ့သလို အာဆီယံဘံုသေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္အထည္ေဖာ္ေရး ကိစၥေတြ ေဆြးေႏြးခဲ့ၾကတယ္လို႔ The Phnom Penh Post သတင္းမွာ ေဖာ္ျပထားပါတယ္။

ထိုင္းႏိုင္ငံမွာ အထူးကိုယ္စားလွယ္ Noeleen Heyzer နဲ႔ေတြ႕ဆံုခဲ့စဥ္က ျမန္မာႏိုင္ငံကို လာခ်င္ရင္ ေလွ်ာက္ထားႏိုင္တယ္လို႔ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ေပမယ့္ ခုခ်ိန္ထိ ကုလသမဂၢဘက္က လာဖို႔ ကိစၥအေၾကာင္းၾကား ေလွ်ာက္ထားတာ မရွိေသးဘူးလို႔ စစ္ေကာင္စီ ေျပာခြင့္ရက VOA ကိုေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ ကုလအထူးကိုယ်စားလှယ် မြန်မာ့အရေးဆွေးနွေး

မြန်မာနိုင်ငံအရေးကိစ္စဟာ မလွယ်ကူပေမယ့် အရေးကြီးတယ်လို့ ဝန်ကြီးချုပ် Hun Sen က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Noeleen Heyzer ကိုပြောကြားခဲ့ပါတယ်။

အာဆီယံဥက္ကဋ္ဌအနေနဲ့ Cambodia နိုင်ငံက ဆောင်ရွက်ရမယ့် အခန်းကဏ္ဍကို ဆက်ပြီးဆောင်ရွက်ဖို့ သန္နိဌာန်ချထားတယ်လို့ Switzerland နိုင်ငံ Davos မြို့မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံ ဘေးပန်းမှာ တွေ့ဆုံစဉ် Cambodia ဝန်ကြီးချုပ်က ပြောခဲ့တဲ့အကြောင်း Cambodia ကိုယ်စားလှယ်အဖွဲ့ဝန်ကြီးရဲ့အပြောကို ကိုးကားပြီး The Phnom Penh Post သတင်းစာကဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေအဆုံးသပ်စေမယ့် ရေရှည် အဖြေရှာဖို့၊ ပဋိပက္ခမှာပါဝင်နေသူတွေအားလုံးကြား ဆွေးနွေးမှုတွေ ပေါ်ပေါက်လာစေဖို့နဲ့ လိုအပ်နေသူတွေဆီ လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ပေးနိုင်ဖို့အတွက် Cambodia နိုင်ငံက အခိုင်အမာဆက်ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ် Hun Sen ကပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ လျော့သွားအောင် လုပ်နိုင်မယ့်နည်းလမ်းတွေရှာဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Noeleen Heyzer ကပြောခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် သူ့ကို မြန်မာနိုင်ငံလာဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ကြားတယ်လို့ ဝန်ကြီးချုပ် Hun Sen ကိုပြောကြောင်း The Phnom Penh Post သတင်းကပြောပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို သွားဖို့ အစီအစဉ်ရှိပေမဲ့ မသွားခင် Cambodia ဝန်ကြီးချုပ်ရဲ့ အမြင်ကို သိလိုတယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ် Hun Sen ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လူကိုယ်တိုင် ၁ ကြိမ် Online ပေါ်မှာ ၂ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။ ဆွေးနွေးမှုတွေအတွင်း မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေအပေါ် စိုးရိမ်ကြောင်း Cambodia ဝန်ကြီးချုပ်က ပြောခဲ့သလို အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ The Phnom Penh Post သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့တွေ့ဆုံခဲ့စဉ်က မြန်မာနိုင်ငံကို လာချင်ရင် လျှောက်ထားနိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပေမယ့် ခုချိန်ထိ ကုလသမဂ္ဂဘက်က လာဖို့ ကိစ္စအကြောင်းကြား လျှောက်ထားတာ မရှိသေးဘူးလို့ စစ်ကောင်စီ ပြောခွင့်ရက VOA ကိုပြောပါတယ်။
===============

XS
SM
MD
LG