သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဩစေၾတးလ်၊ ဂ်ာမနီ၊ ဘ႐ူႏိုင္းႏိုင္ငံေတြနဲ႔ စစ္ေကာင္စီသံတမန္အဆင့္ေလွ်ာ့ခ် 


တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း (ယခင္သတင္းဓာတ္ပံု)

{{Zawgyi/Unicode}}

ဩစေၾတးလ်၊ ဂ်ာမနီနဲ႔ ဘ႐ူႏိုင္းႏိုင္ငံတြက ျမန္မာသံအမတ္ႀကီးေတြကို ျပန္လည္ေခၚယူၿပီး သံ႐ုံးယာယီတာဝန္ခံမ်ားနဲ႔ အစားထိုးခန႔္အပ္လိုက္တယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ တဘက္ႏိုင္ငံေတြဘက္က သံတမန္အဆင့္ေလွ်ာ့ခ်ဆက္ဆံမႈေတြကို ျပန္လည္တုံ႔ျပန္တာလို႔ ေျပာပါတယ္။

“ဂ်ာမနီ၊ ၾသစေၾတးလ်ရယ္၊ ဘ႐ူႏိုင္းရယ္ေပါ့။ အဲဒီသံုးခုအေနနဲ႔ လြန္ခဲ့တဲ့ႏွစ္လေလာက္ကတည္းက သူတို႔သံ႐ံုးေတြမွာ သံ႐ံုးယာယီတာဝန္ခံေတြကိုပဲ ခန္႔အပ္ခဲ့တာရွိပါတယ္။ ဒါေၾကာင့္မို႔လို႔ သတင္းစာရွင္းလင္းပြဲေတြမွာလည္း ႏုိင္ငံျခားေရးဝန္ႀကီးဌာနကို ဒါနဲ႔ပတ္သက္ၿပီး တခ်ဳိ႕ႏိုင္ငံေတြရဲ႕သံတမန္အဆင့္ ေလွ်ာ့ခ်မႈေတြနဲ႔ပတ္သက္ၿပီး ေရးခဲ့တာေတြရွိတယ္။ က်ေနာ္တို႔အေနနဲ႔ကေတာ့ သူတို႔ရဲ႕ေဆာင္ရြက္ခ်က္မ်ားအတုိင္း ေဆာင္ရြက္သြားမယ္လို႔ ေျပာခဲ့တာေတြရွိပါတယ္။ ဒါေၾကာင့္မို႔လို႔ အဲဒီသံုးႏိုင္ငံရဲ႕သံအမတ္ႀကီးေတြကို ျပန္ေခၚထားၿပီးပါၿပီ။ တခ်ဳိ႕သံအမတ္ေတြကေတာ့ ျပန္ေရာက္ေနၿပီ။ ဒီမွာလည္း က်ေနာ္တို႔အေနနဲ႔ ဂ်ာမနီ၊ ၾသစေၾတးလ်၊ ဘ႐ူႏိုင္း အဲဒီသံုးႏုိင္ငံမွာ ျမန္မာႏိုင္ငံအေနနဲ႔ ယာယီသံ႐ံုးတာဝန္ခံေတြကိုပဲ ထားရွိၿပီး သံတမန္လုပ္ငန္းေတြ ဆက္လက္ေဆာင္ရြက္ေနပါတယ္ဗ်။”

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာစစ္ေကာင္စီကို ဖိအားေတြ ေပးလာၾကတဲ့အထဲ ႏိုင္ငံတခ်ိဳ႕က ျမန္မာႏိုင္ငံကို သံတမန္အဆင့္ေလွ်ာ့ခ်ဆက္ဆံလာပါတယ္။ ဒီအေပၚမွာ ျမန္မာႏိုင္ငံဘက္ကလည္း တန္ျပန္ၿပီး သံတမန္ေလွ်ာ့ခ်ဆက္ဆံမႈလုပ္မယ္လို႔ စစ္ေကာင္စီဘက္က တုံ႔ျပန္ခဲ့ဖူးပါတယ္။

အခုလို သံအဆင့္ေလွ်ာ့ခ်ထားတဲ့အထဲ ၿဗိတိန္၊ အစၥေရးလို ႏိုင္ငံတခ်ိဳ႕ရွိေနေသးေပမယ့္ ဒီႏိုင္ငံေတြအေပၚေရာ တုံ႔ျပန္ဖို႔ရွိသလား ဗြီအိုေအက ေမးျမန္းေပမယ့္ စစ္ေကာင္စီဘက္က ရွင္းရွင္းလင္းလင္းမတုံ႔ျပန္ေသးပါဘူး။ ျမန္မာစစ္ေကာင္စီဟာ လက္ရွိအားျဖင့္ ကုလသမဂၢဌာနခ်ဳပ္မွာပါ ကိုယ္စားျပဳမႈမရဘဲ သံတမန္ေရးဖိအားေတြပါ ႀကဳံေနရပါတယ္။ အာဆီယံ အဆင့္ျမင့္အစည္းအေဝးေတြမွာလည္း ျမန္မာစစ္ေကာင္စီကိုယ္စားျပဳမႈကို အခုအခ်ိန္အထိ ျငင္းပယ္ခံေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

{{Unicode}}

ဩစတြေးလျ၊ ဂျာမနီ၊ ဘရူနိုင်းနိုင်ငံတွေနဲ့ စစ်ကောင်စီသံတမန်အဆင့်လျှော့ချ

ဩစတြေးလျ၊ ဂျာမနီနဲ့ ဘရူနိုင်းနိုင်ငံတွက မြန်မာသံအမတ်ကြီးတွေကို ပြန်လည်ခေါ်ယူပြီး သံရုံးယာယီတာဝန်ခံများနဲ့ အစားထိုးခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ တဘက်နိုင်ငံတွေဘက်က သံတမန်အဆင့်လျှော့ချဆက်ဆံမှုတွေကို ပြန်လည်တုံ့ပြန်တာလို့ ပြောပါတယ်။

“ဂျာမနီ၊ သြစတြေးလျရယ်၊ ဘရူနိုင်းရယ်ပေါ့။ အဲဒီသုံးခုအနေနဲ့ လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက သူတို့သံရုံးတွေမှာ သံရုံးယာယီတာဝန်ခံတွေကိုပဲ ခန့်အပ်ခဲ့တာရှိပါတယ်။ ဒါကြောင့်မို့လို့ သတင်းစာရှင်းလင်းပွဲတွေမှာလည်း နိုင်ငံခြားရေးဝန်ကြီးဌာနကို ဒါနဲ့ပတ်သက်ပြီး တချို့နိုင်ငံတွေရဲ့သံတမန်အဆင့် လျှော့ချမှုတွေနဲ့ပတ်သက်ပြီး ရေးခဲ့တာတွေရှိတယ်။ ကျနော်တို့အနေနဲ့ကတော့ သူတို့ရဲ့ဆောင်ရွက်ချက်များအတိုင်း ဆောင်ရွက်သွားမယ်လို့ ပြောခဲ့တာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ အဲဒီသုံးနိုင်ငံရဲ့သံအမတ်ကြီးတွေကို ပြန်ခေါ်ထားပြီးပါပြီ။ တချို့သံအမတ်တွေကတော့ ပြန်ရောက်နေပြီ။ ဒီမှာလည်း ကျနော်တို့အနေနဲ့ ဂျာမနီ၊ သြစတြေးလျ၊ ဘရူနိုင်း အဲဒီသုံးနိုင်ငံမှာ မြန်မာနိုင်ငံအနေနဲ့ ယာယီသံရုံးတာဝန်ခံတွေကိုပဲ ထားရှိပြီး သံတမန်လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်ဗျ။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီကို ဖိအားတွေ ပေးလာကြတဲ့အထဲ နိုင်ငံတချို့က မြန်မာနိုင်ငံကို သံတမန်အဆင့်လျှော့ချဆက်ဆံလာပါတယ်။ ဒီအပေါ်မှာ မြန်မာနိုင်ငံဘက်ကလည်း တန်ပြန်ပြီး သံတမန်လျှော့ချဆက်ဆံမှုလုပ်မယ်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ခဲ့ဖူးပါတယ်။

အခုလို သံအဆင့်လျှော့ချထားတဲ့အထဲ ဗြိတိန်၊ အစ္စရေးလို နိုင်ငံတချို့ရှိနေသေးပေမယ့် ဒီနိုင်ငံတွေအပေါ်ရော တုံ့ပြန်ဖို့ရှိသလား ဗွီအိုအေက မေးမြန်းပေမယ့် စစ်ကောင်စီဘက်က ရှင်းရှင်းလင်းလင်းမတုံ့ပြန်သေးပါဘူး။ မြန်မာစစ်ကောင်စီဟာ လက်ရှိအားဖြင့် ကုလသမဂ္ဂဌာနချုပ်မှာပါ ကိုယ်စားပြုမှုမရဘဲ သံတမန်ရေးဖိအားတွေပါ ကြုံနေရပါတယ်။ အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေမှာလည်း မြန်မာစစ်ကောင်စီကိုယ်စားပြုမှုကို အခုအချိန်အထိ ငြင်းပယ်ခံနေရပါတယ်။
================

XS
SM
MD
LG