သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ျမန္မာလာေရာက္ဖို႔ရွိေန


တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi

{{Zawgyi/Unicode}}

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ဟာ ေဒသတြင္း စည္းေဝးပြဲတခုျဖစ္တဲ့ မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္ရြက္ေရးအစီအစဥ္ ေဆြးေႏြးပြဲတက္ဖို႔ အခုသီတင္းပတ္အတြင္း ျမန္မာႏိုင္ငံကို လာေရာက္ဖို႔ရွိတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ ခ်ဳပ္ေဇာ္မင္းထြန္းရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး AFP သတင္းမွာ ေရးပါတယ္။ ဒါဟာ မႏွစ္ေဖေဖာ္ဝါရီလမွာ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ တ႐ုတ္ႏိုင္ငံက အဆင့္အျမင့္ဆုံး အရာရွိတဦး ျမန္မာႏိုင္ငံကို လာေရာက္ျခင္းလည္း ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အရပ္သားအစိုးရကို ျဖဳတ္ခ်ၿပီး အာဏာသိမ္းယူလိုက္တဲ့စစ္တပ္ကို ျပစ္တင္ ေဝဖန္ျခင္းမရွိတဲ့ တ႐ုတ္ႏိုင္ငံဟာ ျမန္မာစစ္တပ္ ကို စစ္လက္နက္ပစၥည္း အဓိက ေထာက္ပံ့ေပးေနတဲ့ႏိုင္ငံျဖစ္သလို စစ္ေကာင္စီရဲ႕ မဟာမိတ္လည္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ဒဏ္ခတ္ အေရးယူမႈေတြေၾကာင့္ ျမန္မာစစ္တပ္ဟာ တ႐ုတ္နဲ႔ ႐ုရွားတို႔အေပၚ ပိုၿပီး မွီခို အားထားလာေနတာပါ။ တ႐ုတ္အစိုးရကေတာ့ ျမန္မာႏိုင္ငံရဲ႕ အေျခအေနေတြ ဘယ္လိုပဲ ေျပာင္းလဲသြားပါေစ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာ ပိုင္ဆိုင္မႈနဲ႔ လြတ္လပ္တဲ့ႏိုင္ငံအျဖစ္ တည္ရွိမႈကို အစဥ္အၿမဲ ေထာက္ခံသြားမယ္လို႔ ၿပီးခဲ့တဲ့ ဧၿပီလအတြင္း ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးအေနနဲ႔ ဒီခရီးစဥ္အတြင္း စစ္ေကာင္စီအႀကီးအကဲနဲ႔ ေတြ႔မယ္၊ မေတြ႔ဘူးဆိုတာေတာ့ မေသခ်ာဘူးလို႔ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဒီ မဲေခါင္-လန္ခ်န္း ညီလာခံကို တ႐ုတ္ႏိုင္ငံက ဦးေဆာင္ ဖြဲ႔စည္းထားတာျဖစ္ၿပီး တ႐ုတ္ႏိုင္ငံက လန္ခ်န္းလို႔႔ေခၚတဲ့ ဒီ မဲေခါင္ျမစ္ဟာ တ႐ုတ္ႏိုင္ငံမွာ ျမစ္ဖ်ားခံတာပါ။

ဇူလိုင္လ ၂ ရက္ကေန ၅ ရက္ေန႔အထိ ျမန္မာႏိုင္ငံမွာ က်င္းပမယ့္ ၃ ရက္ၾကာ ဒီ စည္းေဝးပြဲကို တ႐ုတ္ႏိုင္ငံအျပင္ ကေမၻာဒီးယား၊ လာအို၊ ထိ္ုင္းနဲ႔ ဗီယက္နမ္ႏိုင္ငံတို႔က ကိုယ္စားလွယ္ေတြလည္း တက္ေရာက္ၾကမွာပါ။

ဝန္ႀကီး Wang Yi ဟာ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းဖို႔ သီတင္းပတ္အနည္းငယ္အလို ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလ ၁၂ ရက္ေန႔က ျမန္မာႏိုင္ငံကို သြားေရာက္ၿပီး အဲဒီအခ်ိန္က ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံၿပီး လုံၿခံဳေရးနဲ႔ ၿငိမ္းခ်မ္းေရး ကိစၥေတြ အပါအဝင္ ၂ ႏုိင္ငံ ပူးေပါင္းေဆာင္ရြက္ေရး ေဆြးေႏြးတဲ့အေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

{{Unicode}}

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာလာရောက်ဖို့ရှိနေ

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ဒေသတွင်း စည်းဝေးပွဲတခုဖြစ်တဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် ဆွေးနွေးပွဲတက်ဖို့ အခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ် ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ရေးပါတယ်။ ဒါဟာ မနှစ်ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် တရုတ်နိုင်ငံက အဆင့်အမြင့်ဆုံး အရာရှိတဦး မြန်မာနိုင်ငံကို လာရောက်ခြင်းလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူလိုက်တဲ့စစ်တပ်ကို ပြစ်တင် ဝေဖန်ခြင်းမရှိတဲ့ တရုတ်နိုင်ငံဟာ မြန်မာစစ်တပ် ကို စစ်လက်နက်ပစ္စည်း အဓိက ထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်သလို စစ်ကောင်စီရဲ့ မဟာမိတ်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အနောက်အုပ်စုနိုင်ငံတွေရဲ့ ဒဏ်ခတ် အရေးယူမှုတွေကြောင့် မြန်မာစစ်တပ်ဟာ တရုတ်နဲ့ ရုရှားတို့အပေါ် ပိုပြီး မှီခို အားထားလာနေတာပါ။ တရုတ်အစိုးရကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုနဲ့ လွတ်လပ်တဲ့နိုင်ငံအဖြစ် တည်ရှိမှုကို အစဉ်အမြဲ ထောက်ခံသွားမယ်လို့ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒီခရီးစဉ်အတွင်း စစ်ကောင်စီအကြီးအကဲနဲ့ တွေ့မယ်၊ မတွေ့ဘူးဆိုတာတော့ မသေချာဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီ မဲခေါင်-လန်ချန်း ညီလာခံကို တရုတ်နိုင်ငံက ဦးဆောင် ဖွဲ့စည်းထားတာဖြစ်ပြီး တရုတ်နိုင်ငံက လန်ချန်းလို့ခေါ်တဲ့ ဒီ မဲခေါင်မြစ်ဟာ တရုတ်နိုင်ငံမှာ မြစ်ဖျားခံတာပါ။

ဇူလိုင်လ ၂ ရက်ကနေ ၅ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၃ ရက်ကြာ ဒီ စည်းဝေးပွဲကို တရုတ်နိုင်ငံအပြင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြမှာပါ။

ဝန်ကြီး Wang Yi ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းဖို့ သီတင်းပတ်အနည်းငယ်အလို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က မြန်မာနိုင်ငံကို သွားရောက်ပြီး အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ အပါအဝင် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးတဲ့အကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG