သံုးရလြယ္ကူေစသည့္ Link မ်ား

ေဒၚလာေငြလဲႏႈန္းေၾကာင့္ ပို႔ကုန္/သြင္းကုန္လုပ္ငန္းရွင္မ်ားအခက္ႀကဳံ


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ အေမရိကန္ေဒၚလာ လိုအပ္ခ်က္မ်ားေနတာ၊ ႏိုင္ငံျခား ေငြေၾကးေဈးကြက္ အၿပိဳင္အဆိုင္ ေပၚေပါက္ေနတာေတြေၾကာင့္ ေဒၚလာရွားပါးမႈက ၂၀၂၂ ႏွစ္ထဲမွာ ဆက္ၿပီးျဖစ္ေနဦးမယ္လို႔ ကမာၻဘဏ္ရဲ႕ ေနာက္ဆုံး ထုတ္ျပန္ခ်က္မွာ သုံးသပ္ထားပါတယ္။ ေဒၚလာနဲ႔ က်ပ္ေငြလဲလွယ္ႏႈန္းကလည္း တရားဝင္သတ္မွတ္ထားတဲ့ႏႈန္းနဲ႔ ျပင္ပေပါက္ေဈးက အေတာ္ေလးကြာဟေနတာမို႔ ဒါကေရရွည္မွာ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္ေတြအတြက္ အခက္အခဲႀကဳံလိမ့္မယ္လို႔ လုပ္ငန္းရွင္ေတြကလည္း ေျပာပါတယ္။ ရန္ကုန္က ေပးပို႔ထားတဲ့ ဒီသတင္းကိုေတာ့ မစုျမတ္မြန္က တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ ဗဟိုဘဏ္ရဲ႕ မူဝါဒအေျပာင္းအလဲေတြ၊ ျမန္မာက်ပ္ေငြအေပၚ အယုံအၾကည္နည္းပါးလာေနတာေတြေၾကာင့္ ေဒၚလာေငြလဲႏႈန္းေတြအတြက္ စိန္ေခၚမႈျဖစ္ေနၿပီး ေရတို ေနာက္ဆက္တြဲျပႆနာေတြျဖစ္လာမယ္လို႔ ျမန္မာႏိုင္ငံက ေငြလဲႏႈန္းနဲ႔ပတ္သက္တဲ့ ကမာၻဘဏ္ ရဲ႕ ေနာက္ဆုံးသုံးသပ္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ႏိုင္ငံထဲမွာ ေဒၚလာလိုအပ္ခ်က္ေၾကာင့္ အခုႏွစ္ထဲ ျမန္က်ပ္ေငြတန္ဖိုး ဆက္ၿပီးက်လိမ့္မယ္လို႔ ေဖေဖာ္ဝါရီလ ၃ ရက္က ကမာၻဘဏ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ခန႔္မွန္းထားပါတယ္။

ျပင္ပႀကိဳက္ေရာင္း၊ ႀကိဳက္ဝယ္ေငြလဲေဈးကြက္မွာ အေမရိကန္ ၁ ေဒၚလာကို ျမန္မာက်ပ္ေငြ ၂,၀၀၀ ေက်ာ္အထိေဈးေပါက္ေနၿပီး ဆက္ၿပီးေတာ့လည္း ေငြေၾကးေဖာင္းပြႏိုင္တဲ့ အလားအလာေတြ ရွိေနတယ္လို႔ လုပ္ငန္းရွင္တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ ဒီလို က်ပ္ေငြဆက္ၿပီးေဖာင္းပြလာတဲ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးကေတာ့ ေလာင္စာဆီေဈးအပါအဝင္ အေထြေထြကုန္ေဈးႏႈန္းေတြ တက္လာပဲလို႔ ေလာင္စာဆီတင္သြင္းတဲ့ လုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

“ေဒၚလာကို က်ေနာ္မွန္းတာကေတာ့ ၂,၇၀၀၊ ၂,၈၀၀ ကံမေကာင္းရင္ ၃,၀၀၀ ေလာက္အထိ တက္သြားႏိုင္တယ္။ (စက္သုံး) ဆီေဈးကေတာ့ ဘယ္လိုပတ္သက္မႈရွိလဲဆိုေတာ့ က်ေနာ္တို႔က ျမန္မာေငြနဲ႔ သြားဝယ္လို႔မရဘူးေလ။ ေဒၚလာနဲ႔ပဲဝယ္ရတာကိုး။ အဲဒီေတာ့ ဒီဆီေဈးကလည္း အေျပာင္းအလဲက အမ်ားႀကီးရွိမွာပဲ။ က်ေနာ္တို႔အားလုံး ၾကားၾကတာေပါ့။ စီးပြားေရး ပညာရွင္ေတြဆီက… ျပန္ၾကားရတာေတာ့ ေဒၚလာေဈးက ၃,၀၀၀ ေလာက္အထိ တက္ႏိုင္တယ္လို႔ ၾကားတယ္။”

ျမန္မာႏိုင္ငံဗဟိုဘဏ္က ဒီေန႔ တနလၤာေန႔ ေဖေဖာ္ဝါရီလ ၇ ရက္အတြက္ သတ္မွတ္ထားတဲ့ ေငြလဲတန္ဖိုးက အေမရိကန္တေဒၚလာကို ျမန္မာက်ပ္ေငြ ၁,၇၇၈က်ပ္ ျဖစ္ပါတယ္။ ပုဂၢလိက ဘဏ္ေတြ၊ ေငြလဲေကာင္တာေတြမွာေတာ့ တေဒၚလာကို ၁၇၈၆ က်ပ္သတ္မွတ္ထားတာပါ။ ဒါေပမဲ့ ဒီေဈးကြက္ေတြမွာ ေဒၚလာကို တရားဝင္သတ္မွတ္ထားတဲ့ ႏႈန္းအတိုင္း လိုအပ္သေလာက္ ဝယ္လို႔မရဘူးလို႔ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ပို႔ကုန္၊ သြင္းကုန္ လုပ္ငန္းရွင္ေတြအေနနဲ႔ သူတို႔လိုအပ္တဲ့ ေဒၚလာပမာဏကို ျပင္ပႀကိဳက္ေရာင္း၊ ႀကိဳက္ဝယ္ေဈးကြက္ကေနပဲ ေဈးႀကီးႀကီးေပးၿပီး ဝယ္ေနရတာပါ။ ဒီအခက္အခဲေတြနဲ႔ ပတ္သက္ၿပီး ရန္ကုန္စက္မႈဇုံတခုက အထည္ခ်ဳပ္လုပ္ငန္းရွင္တဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“က်ေနာ္တို႔က ေဒၚလာနဲ႔ရတယ္၊ ေငြေဈးတက္တဲ့အခါက်ေတာ့ ပိုကိုက္တယ္လို႔ ထင္ရေပမဲ့လည္း ရလာတဲ့ေဒၚလာကို ဗဟိုဘဏ္ေဈးနဲ႔ျဖတ္ေတာ့ အျပင္ေဈးနဲ႔က ၂၀၀ ေက်ာ္ေလာက္ ကြာေနတာကိုး။ ဒါေလးေတြကလည္း အခက္အခဲရွိတဲ့အျပင္ က်ေနာ္တို႔က အလုပ္သမားခေပး႐ုံနဲ႔ အထည္ခ်ဳပ္လုပ္ငန္းေတြက အဆင္မေျပဘူးေလ၊ ဒီျပင္ မီးပ်က္ရင္ဆီဝယ္ရမယ္၊ အစုံေပါ့ဗ်ာ။ အခုအထိ ရာခိုင္ႏႈန္းေပးၿပီး (ေငြ) ထုတ္ေနရတဲ့ အခါက်ေတာ့ နည္းနည္းေတာ့ ခက္ေသးတယ္ဗ်။”

၂၀၁၇ နဲ႔ ၂၀၁၉ ႏွစ္ေတြမွာ ျမန္မာက်ပ္ေငြတန္ဖိုး တျဖည္းျဖည္းတက္လာၿပီး ၂၀၂၀ ခုႏွစ္မွာ တေဒၚလာကို ျမန္မာေငြ ၁,၂၉၀ က်ပ္အထိ တန္ဖိုးတန္ခဲ့တာပါ။ စစ္အာဏာသိမ္းၿပီးေနာက္ ၂၀၂၁ ခုႏွစ္ တႏွစ္တာလုံးမွာ ျမန္မာေငြတန္ဖိုး သိသိသာသာ က်ဆင္းသြားခဲ့ပါတယ္။ ဗဟိုဘဏ္ရဲ႕ ရည္ၫႊန္းေငြလဲႏႈန္း တန္ဖိုးကလည္း တေဒၚလာကို ျမန္မာက်ပ္ေငြ ၂,၀၀၀ အထိေရာက္ခဲ့ၿပီး ျပင္ပေဈးကြက္မွာ က်ပ္ ၃၀၀၀ အထိေရာက္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံ စီးပြားေရးဆိုင္ရာ ကမာၻ႔ဘဏ္ျမန္မာရဲ႕ ေနာက္ဆုံး သုံးသပ္ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ဒေါ်လာငွေလဲနှုန်းကြောင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအခက်ကြုံ

မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ လိုအပ်ချက်များနေတာ၊ နိုင်ငံခြား ငွေကြေးဈေးကွက် အပြိုင်အဆိုင် ပေါ်ပေါက်နေတာတွေကြောင့် ဒေါ်လာရှားပါးမှုက ၂၀၂၂ နှစ်ထဲမှာ ဆက်ပြီးဖြစ်နေဦးမယ်လို့ ကမ္ဘာဘဏ်ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာ သုံးသပ်ထားပါတယ်။ ဒေါ်လာနဲ့ ကျပ်ငွေလဲလှယ်နှုန်းကလည်း တရားဝင်သတ်မှတ်ထားတဲ့နှုန်းနဲ့ ပြင်ပပေါက်ဈေးက အတော်လေးကွာဟနေတာမို့ ဒါကရေရှည်မှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအတွက် အခက်အခဲကြုံလိမ့်မယ်လို့ လုပ်ငန်းရှင်တွေကလည်း ပြောပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့ ဒီသတင်းကိုတော့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဗဟိုဘဏ်ရဲ့ မူဝါဒအပြောင်းအလဲတွေ၊ မြန်မာကျပ်ငွေအပေါ် အယုံအကြည်နည်းပါးလာနေတာတွေကြောင့် ဒေါ်လာငွေလဲနှုန်းတွေအတွက် စိန်ခေါ်မှုဖြစ်နေပြီး ရေတို နောက်ဆက်တွဲပြဿနာတွေဖြစ်လာမယ်လို့ မြန်မာနိုင်ငံက ငွေလဲနှုန်းနဲ့ပတ်သက်တဲ့ ကမ္ဘာဘဏ် ရဲ့ နောက်ဆုံးသုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံထဲမှာ ဒေါ်လာလိုအပ်ချက်ကြောင့် အခုနှစ်ထဲ မြန်ကျပ်ငွေတန်ဖိုး ဆက်ပြီးကျလိမ့်မယ်လို့ ဖေဖော်ဝါရီလ ၃ ရက်က ကမ္ဘာဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ခန့်မှန်းထားပါတယ်။

ပြင်ပကြိုက်ရောင်း၊ ကြိုက်ဝယ်ငွေလဲဈေးကွက်မှာ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၂,၀၀၀ ကျော်အထိဈေးပေါက်နေပြီး ဆက်ပြီးတော့လည်း ငွေကြေးဖောင်းပွနိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့ လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီလို ကျပ်ငွေဆက်ပြီးဖောင်းပွလာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ လောင်စာဆီဈေးအပါအဝင် အထွေထွေကုန်ဈေးနှုန်းတွေ တက်လာပဲလို့ လောင်စာဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒေါ်လာကို ကျနော်မှန်းတာကတော့ ၂,၇၀၀၊ ၂,၈၀၀ ကံမကောင်းရင် ၃,၀၀၀ လောက်အထိ တက်သွားနိုင်တယ်။ (စက်သုံး) ဆီဈေးကတော့ ဘယ်လိုပတ်သက်မှုရှိလဲဆိုတော့ ကျနော်တို့က မြန်မာငွေနဲ့ သွားဝယ်လို့မရဘူးလေ။ ဒေါ်လာနဲ့ပဲဝယ်ရတာကိုး။ အဲဒီတော့ ဒီဆီဈေးကလည်း အပြောင်းအလဲက အများကြီးရှိမှာပဲ။ ကျနော်တို့အားလုံး ကြားကြတာပေါ့။ စီးပွားရေး ပညာရှင်တွေဆီက… ပြန်ကြားရတာတော့ ဒေါ်လာဈေးက ၃,၀၀၀ လောက်အထိ တက်နိုင်တယ်လို့ ကြားတယ်။”

မြန်မာနိုင်ငံဗဟိုဘဏ်က ဒီနေ့ တနင်္လာနေ့ ဖေဖော်ဝါရီလ ၇ ရက်အတွက် သတ်မှတ်ထားတဲ့ ငွေလဲတန်ဖိုးက အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ ၁,၇၇၈ကျပ် ဖြစ်ပါတယ်။ ပုဂ္ဂလိက ဘဏ်တွေ၊ ငွေလဲကောင်တာတွေမှာတော့ တဒေါ်လာကို ၁၇၈၆ ကျပ်သတ်မှတ်ထားတာပါ။ ဒါပေမဲ့ ဒီဈေးကွက်တွေမှာ ဒေါ်လာကို တရားဝင်သတ်မှတ်ထားတဲ့ နှုန်းအတိုင်း လိုအပ်သလောက် ဝယ်လို့မရဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေအနေနဲ့ သူတို့လိုအပ်တဲ့ ဒေါ်လာပမာဏကို ပြင်ပကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးကွက်ကနေပဲ ဈေးကြီးကြီးပေးပြီး ဝယ်နေရတာပါ။ ဒီအခက်အခဲတွေနဲ့ ပတ်သက်ပြီး ရန်ကုန်စက်မှုဇုံတခုက အထည်ချုပ်လုပ်ငန်းရှင်တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့က ဒေါ်လာနဲ့ရတယ်၊ ငွေဈေးတက်တဲ့အခါကျတော့ ပိုကိုက်တယ်လို့ ထင်ရပေမဲ့လည်း ရလာတဲ့ဒေါ်လာကို ဗဟိုဘဏ်ဈေးနဲ့ဖြတ်တော့ အပြင်ဈေးနဲ့က ၂၀၀ ကျော်လောက် ကွာနေတာကိုး။ ဒါလေးတွေကလည်း အခက်အခဲရှိတဲ့အပြင် ကျနော်တို့က အလုပ်သမားခပေးရုံနဲ့ အထည်ချုပ်လုပ်ငန်းတွေက အဆင်မပြေဘူးလေ၊ ဒီပြင် မီးပျက်ရင်ဆီဝယ်ရမယ်၊ အစုံပေါ့ဗျာ။ အခုအထိ ရာခိုင်နှုန်းပေးပြီး (ငွေ) ထုတ်နေရတဲ့ အခါကျတော့ နည်းနည်းတော့ ခက်သေးတယ်ဗျ။”

၂၀၁၇ နဲ့ ၂၀၁၉ နှစ်တွေမှာ မြန်မာကျပ်ငွေတန်ဖိုး တဖြည်းဖြည်းတက်လာပြီး ၂၀၂၀ ခုနှစ်မှာ တဒေါ်လာကို မြန်မာငွေ ၁,၂၉၀ ကျပ်အထိ တန်ဖိုးတန်ခဲ့တာပါ။ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် တနှစ်တာလုံးမှာ မြန်မာငွေတန်ဖိုး သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်း တန်ဖိုးကလည်း တဒေါ်လာကို မြန်မာကျပ်ငွေ ၂,၀၀၀ အထိရောက်ခဲ့ပြီး ပြင်ပဈေးကွက်မှာ ကျပ် ၃၀၀၀ အထိရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ ကမ္ဘာ့ဘဏ်မြန်မာရဲ့ နောက်ဆုံး သုံးသပ်ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

XS
SM
MD
LG