သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း တႏွစ္ျပည့္ခ်ိန္ ျမန္မာ့ စီးပြားေရး အေျခအေန 


(Zawgyi / Unicode)

ျမန္မာ့ စီးပြားေရး အေျခအေနဟာ အခက္အခဲ အတားအဆီးေတြနဲ႔ ဆက္ၿပီး ရင္ဆိုင္ေနရတယ္လို႔ ကမၻာ့ဘဏ္က ဇန္န၀ါရီလ ၂၆ ရက္ေန႔မွာ ထုတ္ျပန္လိုက္ၿပီး ျပည္သူ အမ်ားစု အတြက္ အလြန္စိုးရိမ္စရာ အေျခအေန ျဖစ္ေၾကာင္းလည္း ေထာက္ျပထားပါတယ္။ စစ္အာဏာသိမ္းမႈ တႏွစ္တာ ကာလ အတြင္း ျမန္မာ့ စီးပြားေရး နယ္ပယ္ အေျပာင္းအလဲနဲ႔ သက္ေရာက္မႈေတြကို ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းလိုက္ၿပီးေနာက္မွာေတာ့ အလုပ္ေတြ နားၾကရတဲ႔ ဆက္ၿပီး လုပ္ငန္း မလည္ပတ္ႏုိင္ေတာ့တဲ႔ အထဲမွာ သတင္းတိုက္ေတြလည္း ပါ၀င္ခဲ႔တာပါ။

“ က်ေနာ္႔ မိတ္ေဆြေတြ ထဲမွာ ဆိုရင္ သတင္းေထာက္ေတြ ရွိပါတယ္။ သတင္းေထာက္ေတြထဲက တေယာက္က ဆိုရင္ အခုအခ်ိန္မွာ ဒံေပါက္- အသင့္စား ဒံေပါက္ လုပ္ၿပီး ေရာင္းပါတယ္။ သူ အခု ေအာင္ျမင္ၿပီးေတာ့ လုပ္ငန္းေတြ ထပ္ၿပီး ခ်ဲ႕ေနပါတယ္။ သူ တခ်ိန္က သတင္းေထာက္ လုပ္ေနရာကေန။ ေနာက္တေယာက္ကလည္း ဒီတိုင္းဘဲ။ သတင္းေထာက္ကေန သူ႔ရြာ ျပန္သြားပါတယ္။ ဧရာ၀တီတိုင္းမွာ။ အခုက်ေတာ့ အြန္လိုင္းကေန ျပန္ၿပီးေတာ့ ေၾကာ္ျငာ သူ႔ရြာကေန ကဒံုကနိ ေက်းရြာကေန ပင္လယ္စာေတြ၊ ငါးေျခာက္ေတြ၊ ပုစြန္ေျခာက္ေတြ ဒါေတြကို ေရာင္းပါတယ္။ အေျပာင္းအလဲ ကာလမွာ ဒီအေျပာင္းအလဲကို လက္ခံၿပီးေတာ႔ ကိုယ္ပါ လိုက္ ေျပာင္းလဲႏိုင္တဲ႔ သူေတြဟာ အခုအခ်ိန္မွာ ျပန္ၿပီးေတာ့ ဆက္လက္ ရွင္သန္ ရပ္တည္ေနႏိုင္တာ ေတြ႕ရပါတယ္။ ”

ကပ္ေဘးေရာဂါ၊ ႏုိင္ငံေရး အေျပာင္းအလဲနဲ႔ အတူ လုပ္ငန္းေတြ ေျပာင္းလဲခဲ႔သူေတြ က႑တိုင္းမွာ ရွိေနတယ္လို႔ မႏၲေလး နည္းပညာ ကုမၸဏီရဲ႕ Managing Director ဦးေဇာ္ႏိုင္က က်မ ဆက္သြယ္ ေမးျမန္းခဲ႔တာမွာ ေျပာျပခဲ႔တာပါ။ ဒါေပမယ့္လည္း လုပ္ငန္းတိုင္း လူတိုင္းေတာ့ ဒီလို အေျခအေန မရခဲ႔ပါဘူး။

“ Covid ေၾကာင့္ေရာ ေနာက္ တပ္က အာဏာသိမ္းလိုက္တဲ႔ အတြက္ေၾကာင့္ေရာ စီးပြားေရး လုပ္ငန္း ေတာ္ေတာ္မ်ားမ်ား ေႏွးေကြးတဲ႔သူ၊ ေနာက္ၿပီးေတာ့ ရပ္ဆိုင္းတဲ႔သူ၊ ေနာက္တခါ အသစ္ ေျပာင္းလုပ္ရတဲ႔သူေတြ ျဖစ္ကုန္ပါတယ္။ ဥပမာ ခရီးသြား လုပ္ငန္းဆိုရင္ ေတာ္ေတာ္ကို ယိုင္သြားပါတယ္။ ယိုင္သြားတာမွ က်ေနာ္တို႔ ေနာက္ဆံုး ကမ ၻာလွည့္ ခရီးသြားလာေရး လုပ္ငန္းဟာ ၂၀၂၄ ခုႏွစ္ထိကို နာလန္ျပန္ထူႏိုင္ေျခ မရွိဘူးလို႔ ဒီလို ေျပာပါတယ္။ အဲလို ေျပာၾကပါတယ္။ ကမ ၻာ့ခရီးသြား လုပ္ငန္းလည္း ယိုင္သြားသလို ျမန္မာ ႏိုင္ငံမွာလည္း ကမ ၻာလွည့္ ခရီးသြား လုပ္ငန္း ေတာ္ေတာ္ကို ယိုင္သြားပါတယ္။ ”

တခ်ိဳ႕ေတြ အတြက္ေတာ့ အေျပာင္းအလဲကို အျမန္ဆံုး လုိက္ေလ်ာ ညီေထြ ေျပာင္းလဲဖို႔ အေျခအေန ရခဲ႔သလို ဖန္တီးႏုိင္တဲ႔ အေျခအေနလည္း ရွိခဲ႔ပါတယ္တဲ႔။

“ သို႔ေသာ္လည္း ဒီအခ်ိန္မွာ New Normal ေပါ့ေနာ္။ အေျပာင္းအလဲကို က်ေနာ္တို႔က လက္ခံၿပီးေတာ့ အဲဒီ အတိုင္း အျမန္ဆံုး Adapt လုပ္ႏိုင္တဲ႔သူေတြ အျမန္ဆံုး ေျပာင္းလဲႏိုင္တဲ႔ သူေတြက ဒီ စီးပြားေရး လုပ္ငန္းေတြမွာ ျပန္ၿပီးေတာ့ ရွင္သန္ခြင့္ေတြ တိုးတက္ခြင့္ေတြ ရၾကပါတယ္။ ဥပမာ အားျဖင့္ က်ေနာ္႔ သူငယ္ခ်င္း တေယာက္ဆိုရင္ သူက ပထမ သင္တန္းေတြ ဖြင့္ေနတာ။ အဲဒီ သင္တန္းေတြ ဖြင့္ေနရာကေန အခု Covid ျဖစ္တဲ႔ အခ်ိန္မွာ ဒီသင္တန္းေတြ ဖြင့္လို႔ မရေတာ့ဘူး။ လူေတြ လာၿပီးေတာ့ သင္တန္းလာလို႔ မရေတာ့ဘူး။

အဲေတာ့ သူ အြန္လိုင္းကေန စၿပီးေတာ့ သင္တန္းေလးေတြ ဖြင့္တဲ႔ အခါမွာ တျဖည္းျဖည္း တျဖည္းျဖည္း အရွိန္ ရလာတဲ႔ အခါမွာ အခု အခ်ိန္မွာေတာ့ သူ႔ရဲ႕ အြန္လိုင္းက သင္တန္းေတြဟာ အရင္တုန္းက သူ႔ရဲ႕ ေက်ာင္းမွာ ဖြင့္တဲ႔ သင္တန္းေတြထက္ ပိုၿပီးေတာ့ ၀င္ေငြပိုရတယ္လို႔ က်ေနာ္ နားလည္ပါတယ္။ ထို႔နည္းတူစြာဘဲ ပံုမွန္ လုပ္ငန္းေတြကေန အခု အခ်ိန္မွာ အြန္လိုင္းကို ေျပာင္းလိုက္တယ္။ ခုန ေျပာတဲ႔ အင္တာနက္ ခုန ေျပာတဲ႔ အြန္လိုင္း Digital Platform ကို ေျပာင္းလိုက္ၿပီးေတာ့ စီးပြားေရး လုပ္ငန္းေတြ အမ်ားႀကီး အေျပာင္းအလဲ ျဖစ္သြားၿပီးေတာ့ တိုးတက္သြားတာ ေတြ႕ရပါတယ္။ ”

ဒါေပမယ့္လည္း လတ္တေလာမွာ ပဋိပကၡေတြ ဆက္ျဖစ္ေနၿပီး လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာ စိုးရိမ္စရာ ျဖစ္ေနၿပီး စီးပြားေရး လုပ္ငန္းေတြ အေပၚ ေနာက္ဆက္တြဲ သက္ေရာက္မႈေတြလည္း ရွိိႏုိင္ေၾကာင္း ကမၻာ့ဘဏ္က သတိေပးထားပါတယ္။ ျမန္မာ ႏုိင္ငံတြင္းက လူေပါင္း ၁၄ သန္းခြဲေလာက္ အကူအညီ လိုအပ္ေနေၾကာင္း ဒီဇင္ဘာလက ထုတ္တဲ႔ ၂၀၂၂ ခုႏွစ္ အတြက္ လူသားခ်င္းစာနာမႈ အကူအညီ လိုအပ္ခ်က္ သံုးသပ္ခ်က္မွာ ေဖာ္ျပခဲ႔ပါတယ္။ ဒီထဲကမွ ကူညီဖို႔ အထူး လိုအပ္ေနသူ ၆ သန္းေက်ာ္ကို ကူညီေပးႏိုင္ေရး အတြက္ ရန္ပံုေငြ ေဒၚလာ ၈၂၆ သန္း လိုအပ္ေနေၾကာင္းလည္း ကုလသမဂၢရဲ႕ ျမန္မာဆိုင္ရာ လူသားခ်င္း စာနာမႈဆိုင္ရာ ေပါင္းစပ္ညွိႏိႈင္းေရးရံုးက ထုတ္ျပန္ထားပါတယ္။

“ လူသားခ်င္း စာနာေထာက္ကူမႈ ပို႔ေဆာင္ေရးမွာလည္း တိုးတက္ ျဖစ္ထြန္းမႈေတြ ရွိလာဖို႔ လိုအပ္ပါတယ္။”

စကာၤပူ ၀န္ႀကီးခ်ဳပ္ လီရွန္လြန္းက အင္ဒိုနီးရွား သမၼတနဲ႔ အတူ လုပ္တဲ႔ သတင္းစာ ရွင္းလင္းပြဲမွာ ျမန္မာ့ အေရး ထည့္သြင္း ေျပာဆိုခဲ႔တာပါ။ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြေၾကာင့္ ႏုိင္ငံတြင္းကေန ထြက္ခြာတဲ႔ ႏုိင္ငံတကာ လုပ္ငန္းႀကီးေတြလည္း ရွိလာေနပါတယ္။ ေနာက္ဆံုး ထြက္ေပၚလာတာကေတာ့ ကမၻာ႔ အႀကီးဆံုး စြမ္းအင္ ကုမၸဏီႀကီး ၂ ခု ျဖစ္တဲ႔Total Energies နဲ႔ Chevron တို႔က ျမန္မာႏုိင္ငံကေန လုပ္ငန္းေတြ ရုပ္သိမ္းမယ့္ အေၾကာင္း ေၾကညာခဲ႔တာပါ။

“လုပ္ငန္းခြင္ကေတာ့ ထိခိုက္စရာမရွိဘူး၊ သို႔ေသာ္ အဲဒီလိုထြက္သြားတဲ့အတြက္ အေျပာင္းအလဲေတြေတာ့လုပ္ရမွာေပါ့၊ က်ေနာ္တို႔အေနနဲ႔ကေတာ့ ေဆာင္႐ြက္ႏိုင္တဲ့နည္းလမ္းေတြ၊ ပူးေပါင္းေဆာင္႐ြက္ႏိုင္တဲ့ မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔ ဆက္လက္ေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္။ … ဒါကေတာ့ က်ေနာ္တို႔လည္ပတ္လို႔ရပါတယ္။ က်ေနာ္တို႔ခ်ည္းပဲလည္ပတ္လို႔လည္း ရေကာင္းရႏိုင္တယ္၊ လည္ပတ္လို႔မရဘူး.. နည္းပညာအကူအညီလိုတယ္ဆိုရင္လည္း ကူညီႏိုင္မယ့္ မိတ္ဖက္ႏိုင္ငံမ်ားနဲ႔ အဖြဲ႕အစည္းမ်ားရွိတယ္လို႔ပဲ ေျပာခ်င္ပါတယ္ဗ်ာ”

စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက VOA ကို ေျပာခဲ႔တာပါ။

ကမၻာ့ဘဏ္ရဲ႕ ဇန္န၀ါရီလ ခန္႔မွန္းခ်က္ အရေတာ့ လာမယ့္ စက္တင္ဘာလ အထိ ျမန္မာ့ စီးပြားေရးမွာ ၁ ရာခိုင္ႏႈန္း ဖြံ႔ၿဖိဳးလာမယ္လို႔ ခန္႔မွန္းထားပါတယ္။ တခ်ိဳ႕ နယ္ပယ္ေတြမွာ တည္ၿငိမ္မႈ တခ်ိဳ႕ ေတြ႔တယ္ဆိုေပမယ့္လည္း ျမန္မာ့ စီးပြားေရးဟာ Covid-19 နဲ႔ စစ္အာဏာသိမ္းမႈသာ မျဖစ္ခဲ႔ရင္ ရွိေနမယ့္ ပမာဏရဲ႕ ၃၀ ရာခိုင္ႏႈန္း ပိုၿပီး ေသးငယ္သြားမယ္လို႔လည္း ခန႔္မွန္းထားပါတယ္။ ၿပီးခဲ႔တဲ႔ ဆယ္စုႏွစ္ အတြင္း လူငယ္ေတြ အမ်ားအျပား ၀င္ေရာက္လာတဲ႔ နည္းပညာ လုပ္ငန္းက႑ နယ္ပယ္က ဦးေဇာ္ႏုိင္ကေတာ့ အနာဂတ္ကို အေကာင္းျမင္ ေမွ်ာ္လင့္ထားပါတယ္။

“ စိတ္ပ်က္အားေလ်ာ့ ေနတဲ႔ အေျခအေနေတြ ျဖစ္ေနတာ မွန္ေသာ္လည္း က်ေနာ္တို႔ အနာဂတ္ဟာ ေတာက္ပတဲ႔ အနာဂတ္ ရွိေနတယ္။ အဓိက အားျဖင့္ က်ေနာ္တို႔ လူငယ္ေတြ က်ေနာ္တို႔ Generation Z အနာဂတ္ ေခါင္းေဆာင္ေတြ က်ေနာ္တို႔ ႏိုင္ငံမွာ အမ်ားႀကီး ရွိတဲ႔ အတြက္ေၾကာင့္ က်ေနာ္က ျမင္မိတဲ႔ အတြက္ေၾကာင့္ က်ေနာ္ကေတာ့ အနာဂတ္ကို ယံုၾကည္မိတယ္လို႔ က်ေနာ္ ေျပာခ်င္ပါတယ္ ခင္ဗ်။”

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်အာဏာသိမ်း တနှစ်ပြည့်ချိန် မြန်မာ့ စီးပွားရေး အခြေအနေ

မြန်မာ့ စီးပွားရေး အခြေအနေဟာ အခက်အခဲ အတားအဆီးတွေနဲ့ ဆက်ပြီး ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ဘဏ်က ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီး ပြည်သူ အများစု အတွက် အလွန်စိုးရိမ်စရာ အခြေအနေ ဖြစ်ကြောင်းလည်း ထောက်ပြထားပါတယ်။ စစ်အာဏာသိမ်းမှု တနှစ်တာ ကာလ အတွင်း မြန်မာ့ စီးပွားရေး နယ်ပယ် အပြောင်းအလဲနဲ့ သက်ရောက်မှုတွေကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ပြီးနောက်မှာတော့ အလုပ်တွေ နားကြရတဲ့ ဆက်ပြီး လုပ်ငန်း မလည်ပတ်နိုင်တော့တဲ့ အထဲမှာ သတင်းတိုက်တွေလည်း ပါဝင်ခဲ့တာပါ။

“ ကျနော့် မိတ်ဆွေတွေ ထဲမှာ ဆိုရင် သတင်းထောက်တွေ ရှိပါတယ်။ သတင်းထောက်တွေထဲက တယောက်က ဆိုရင် အခုအချိန်မှာ ဒံပေါက်- အသင့်စား ဒံပေါက် လုပ်ပြီး ရောင်းပါတယ်။ သူ အခု အောင်မြင်ပြီးတော့ လုပ်ငန်းတွေ ထပ်ပြီး ချဲ့နေပါတယ်။ သူ တချိန်က သတင်းထောက် လုပ်နေရာကနေ။ နောက်တယောက်ကလည်း ဒီတိုင်းဘဲ။ သတင်းထောက်ကနေ သူ့ရွာ ပြန်သွားပါတယ်။ ဧရာဝတီတိုင်းမှာ။ အခုကျတော့ အွန်လိုင်းကနေ ပြန်ပြီးတော့ ကြော်ငြာ သူ့ရွာကနေ ကဒုံကနိ ကျေးရွာကနေ ပင်လယ်စာတွေ၊ ငါးခြောက်တွေ၊ ပုစွန်ခြောက်တွေ ဒါတွေကို ရောင်းပါတယ်။ အပြောင်းအလဲ ကာလမှာ ဒီအပြောင်းအလဲကို လက်ခံပြီးတော့ ကိုယ်ပါ လိုက် ပြောင်းလဲနိုင်တဲ့ သူတွေဟာ အခုအချိန်မှာ ပြန်ပြီးတော့ ဆက်လက် ရှင်သန် ရပ်တည်နေနိုင်တာ တွေ့ရပါတယ်။ ”

ကပ်ဘေးရောဂါ၊ နိုင်ငံရေး အပြောင်းအလဲနဲ့ အတူ လုပ်ငန်းတွေ ပြောင်းလဲခဲ့သူတွေ ကဏ္ဍတိုင်းမှာ ရှိနေတယ်လို့ မန္တလေး နည်းပညာ ကုမ္ပဏီရဲ့ Managing Director ဦးဇော်နိုင်က ကျမ ဆက်သွယ် မေးမြန်းခဲ့တာမှာ ပြောပြခဲ့တာပါ။ ဒါပေမယ့်လည်း လုပ်ငန်းတိုင်း လူတိုင်းတော့ ဒီလို အခြေအနေ မရခဲ့ပါဘူး။

“ Covid ကြောင့်ရော နောက် တပ်က အာဏာသိမ်းလိုက်တဲ့ အတွက်ကြောင့်ရော စီးပွားရေး လုပ်ငန်း တော်တော်များများ နှေးကွေးတဲ့သူ၊ နောက်ပြီးတော့ ရပ်ဆိုင်းတဲ့သူ၊ နောက်တခါ အသစ် ပြောင်းလုပ်ရတဲ့သူတွေ ဖြစ်ကုန်ပါတယ်။ ဥပမာ ခရီးသွား လုပ်ငန်းဆိုရင် တော်တော်ကို ယိုင်သွားပါတယ်။ ယိုင်သွားတာမှ ကျနော်တို့ နောက်ဆုံး ကမ ္ဘာလှည့် ခရီးသွားလာရေး လုပ်ငန်းဟာ ၂၀၂၄ ခုနှစ်ထိကို နာလန်ပြန်ထူနိုင်ခြေ မရှိဘူးလို့ ဒီလို ပြောပါတယ်။ အဲလို ပြောကြပါတယ်။ ကမ ္ဘာ့ခရီးသွား လုပ်ငန်းလည်း ယိုင်သွားသလို မြန်မာ နိုင်ငံမှာလည်း ကမ ္ဘာလှည့် ခရီးသွား လုပ်ငန်း တော်တော်ကို ယိုင်သွားပါတယ်။ ”

တချို့တွေ အတွက်တော့ အပြောင်းအလဲကို အမြန်ဆုံး လိုက်လျော ညီထွေ ပြောင်းလဲဖို့ အခြေအနေ ရခဲ့သလို ဖန်တီးနိုင်တဲ့ အခြေအနေလည်း ရှိခဲ့ပါတယ်တဲ့။

“ သို့သော်လည်း ဒီအချိန်မှာ New Normal ပေါ့နော်။ အပြောင်းအလဲကို ကျနော်တို့က လက်ခံပြီးတော့ အဲဒီ အတိုင်း အမြန်ဆုံး Adapt လုပ်နိုင်တဲ့သူတွေ အမြန်ဆုံး ပြောင်းလဲနိုင်တဲ့ သူတွေက ဒီ စီးပွားရေး လုပ်ငန်းတွေမှာ ပြန်ပြီးတော့ ရှင်သန်ခွင့်တွေ တိုးတက်ခွင့်တွေ ရကြပါတယ်။ ဥပမာ အားဖြင့် ကျနော့် သူငယ်ချင်း တယောက်ဆိုရင် သူက ပထမ သင်တန်းတွေ ဖွင့်နေတာ။ အဲဒီ သင်တန်းတွေ ဖွင့်နေရာကနေ အခု Covid ဖြစ်တဲ့ အချိန်မှာ ဒီသင်တန်းတွေ ဖွင့်လို့ မရတော့ဘူး။

လူတွေ လာပြီးတော့ သင်တန်းလာလို့ မရတော့ဘူး။ အဲတော့ သူ အွန်လိုင်းကနေ စပြီးတော့ သင်တန်းလေးတွေ ဖွင့်တဲ့ အခါမှာ တဖြည်းဖြည်း တဖြည်းဖြည်း အရှိန် ရလာတဲ့ အခါမှာ အခု အချိန်မှာတော့ သူ့ရဲ့ အွန်လိုင်းက သင်တန်းတွေဟာ အရင်တုန်းက သူ့ရဲ့ ကျောင်းမှာ ဖွင့်တဲ့ သင်တန်းတွေထက် ပိုပြီးတော့ ဝင်ငွေပိုရတယ်လို့ ကျနော် နားလည်ပါတယ်။ ထို့နည်းတူစွာဘဲ ပုံမှန် လုပ်ငန်းတွေကနေ အခု အချိန်မှာ အွန်လိုင်းကို ပြောင်းလိုက်တယ်။ ခုန ပြောတဲ့ အင်တာနက် ခုန ပြောတဲ့ အွန်လိုင်း Digital Platform ကို ပြောင်းလိုက်ပြီးတော့ စီးပွားရေး လုပ်ငန်းတွေ အများကြီး အပြောင်းအလဲ ဖြစ်သွားပြီးတော့ တိုးတက်သွားတာ တွေ့ရပါတယ်။ ”

ဒါပေမယ့်လည်း လတ်တလောမှာ ပဋိပက္ခတွေ ဆက်ဖြစ်နေပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ စိုးရိမ်စရာ ဖြစ်နေပြီး စီးပွားရေး လုပ်ငန်းတွေ အပေါ် နောက်ဆက်တွဲ သက်ရောက်မှုတွေလည်း ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။ မြန်မာ နိုင်ငံတွင်းက လူပေါင်း ၁၄ သန်းခွဲလောက် အကူအညီ လိုအပ်နေကြောင်း ဒီဇင်ဘာလက ထုတ်တဲ့ ၂၀၂၂ ခုနှစ် အတွက် လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက် သုံးသပ်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဒီထဲကမှ ကူညီဖို့ အထူး လိုအပ်နေသူ ၆ သန်းကျော်ကို ကူညီပေးနိုင်ရေး အတွက် ရန်ပုံငွေ ဒေါ်လာ ၈၂၆ သန်း လိုအပ်နေကြောင်းလည်း ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။

“ လူသားချင်း စာနာထောက်ကူမှု ပို့ဆောင်ရေးမှာလည်း တိုးတက် ဖြစ်ထွန်းမှုတွေ ရှိလာဖို့ လိုအပ်ပါတယ်။”

စကာၤပူ ဝန်ကြီးချုပ် လီရှန်လွန်းက အင်ဒိုနီးရှား သမ္မတနဲ့ အတူ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ့ အရေး ထည့်သွင်း ပြောဆိုခဲ့တာပါ။ စစ်အာဏာသိမ်းမှု နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံတွင်းကနေ ထွက်ခွာတဲ့ နိုင်ငံတကာ လုပ်ငန်းကြီးတွေလည်း ရှိလာနေပါတယ်။ နောက်ဆုံး ထွက်ပေါ်လာတာကတော့ ကမ္ဘာ့ အကြီးဆုံး စွမ်းအင် ကုမ္ပဏီကြီး ၂ ခု ဖြစ်တဲ့Total Energies နဲ့ Chevron တို့က မြန်မာနိုင်ငံကနေ လုပ်ငန်းတွေ ရုပ်သိမ်းမယ့် အကြောင်း ကြေညာခဲ့တာပါ။

“လုပ်ငန်းခွင်ကတော့ ထိခိုက်စရာမရှိဘူး၊ သို့သော် အဲဒီလိုထွက်သွားတဲ့အတွက် အပြောင်းအလဲတွေတော့လုပ်ရမှာပေါ့၊ ကျနော်တို့အနေနဲ့ကတော့ ဆောင်ရွက်နိုင်တဲ့နည်းလမ်းတွေ၊ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ … ဒါကတော့ ကျနော်တို့လည်ပတ်လို့ရပါတယ်။ ကျနော်တို့ချည်းပဲလည်ပတ်လို့လည်း ရကောင်းရနိုင်တယ်၊ လည်ပတ်လို့မရဘူး.. နည်းပညာအကူအညီလိုတယ်ဆိုရင်လည်း ကူညီနိုင်မယ့် မိတ်ဖက်နိုင်ငံများနဲ့ အဖွဲ့အစည်းများရှိတယ်လို့ပဲ ပြောချင်ပါတယ်ဗျာ”

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို ပြောခဲ့တာပါ။

ကမ္ဘာ့ဘဏ်ရဲ့ ဇန်နဝါရီလ ခန့်မှန်းချက် အရတော့ လာမယ့် စက်တင်ဘာလ အထိ မြန်မာ့ စီးပွားရေးမှာ ၁ ရာခိုင်နှုန်း ဖွံ့ဖြိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။ တချို့ နယ်ပယ်တွေမှာ တည်ငြိမ်မှု တချို့ တွေ့တယ်ဆိုပေမယ့်လည်း မြန်မာ့ စီးပွားရေးဟာ Covid-19 နဲ့ စစ်အာဏာသိမ်းမှုသာ မဖြစ်ခဲ့ရင် ရှိနေမယ့် ပမာဏရဲ့ ၃၀ ရာခိုင်နှုန်း ပိုပြီး သေးငယ်သွားမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်း လူငယ်တွေ အများအပြား ဝင်ရောက်လာတဲ့ နည်းပညာ လုပ်ငန်းကဏ္ဍ နယ်ပယ်က ဦးဇော်နိုင်ကတော့ အနာဂတ်ကို အကောင်းမြင် မျှော်လင့်ထားပါတယ်။

“ စိတ်ပျက်အားလျော့ နေတဲ့ အခြေအနေတွေ ဖြစ်နေတာ မှန်သော်လည်း ကျနော်တို့ အနာဂတ်ဟာ တောက်ပတဲ့ အနာဂတ် ရှိနေတယ်။ အဓိက အားဖြင့် ကျနော်တို့ လူငယ်တွေ ကျနော်တို့ Generation Z အနာဂတ် ခေါင်းဆောင်တွေ ကျနော်တို့ နိုင်ငံမှာ အများကြီး ရှိတဲ့ အတွက်ကြောင့် ကျနော်က မြင်မိတဲ့ အတွက်ကြောင့် ကျနော်ကတော့ အနာဂတ်ကို ယုံကြည်မိတယ်လို့ ကျနော် ပြောချင်ပါတယ် ခင်ဗျ။”

XS
SM
MD
LG