သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔လုပ္ကိုင္မယ္႔ စီးပြါးေရးလုပ္ငန္းေတြအတြက္ ကန္အစိုးရရဲ႕သတိေပးအၾကံျပဳခ်က္


ျမန္မာနဲ႔လုပ္ကိုင္မယ္႔ စီးပြါးေရးလုပ္ငန္းေတြအတြက္ ကန္အစိုးရရဲ႕သတိေပးအၾကံျပဳခ်က္

ျမန္မာနဲ႔လုပ္ကိုင္မယ္႔ စီးပြါးေရးလုပ္ငန္းေတြအတြက္ ကန္အစိုးရရဲ႕သတိေပးအၾကံျပဳခ်က္

{{Zawgyi/Unicode}}
အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ စစ္တပ္ရဲ႕ ျပင္းထန္လွတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြေၾကာင့္ စီးပြားေရး ရင္းႏွီးျမွဳပ္ႏွံမႈေတြ အတြက္ ႀကံဳေတြ႕ႏိုင္တဲ့ အႏၱရာယ္ေတြကို အေမရိကန္ဘ႑ာေရး၀န္ႀကီးဌာနက အႀကံျပဳခ်က္အျဖစ္ ဇန္န၀ါရီလ ၂၆ ရက္ ဗုဒၶဟူးေန႔က ထုတ္ျပန္ခဲ့ပါတယ္။

စစ္အာဏာသိမ္းၿပီး တႏွစ္ျပည့္ေတာ့မယ့္အခ်ိန္မွာ ထုတ္ျပန္ခဲ့တဲ့ အေမရိကန္အစိုးရရဲ႕အႀကံျပဳခ်က္ထဲမွာ- အထူးသျဖင့္ စစ္ေခါင္းေဆာင္ေတြ၊ စစ္တပ္အသိုင္းအ၀ိုင္းနဲ႔ ပတ္သက္ဆက္ႏြယ္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြနဲ႔ စပ္လ်ဥ္းၿပီး ႏိုင္ငံတြင္း ရင္းႏွီးျမွဳပ္ႏွံတာ၊ စီးပြားေရးလုပ္မယ္ဆိုရင္ ႀကံဳေတြ႕ရမယ့္ အႏၱရာယ္ေတြ မ်ားျပားလာေနေၾကာင္းေဖၚျပထားပါတယ္။

သဘာ၀သယံဇာတ အရင္းအျမစ္ေတြအေပၚ စစ္အာဏာရွင္ေတြရဲ႕ လက္၀ါးႀကီးအုပ္မႈနဲ႔ ပြင့္လင္းျမင္သာမႈမရွိတာဟာ ႏိုင္ငံတြင္း ႀကီးမားတဲ့ အဂတိလိုက္စားမႈကိုျဖစ္ေပၚေစတယ္လို႔ အေမရိကန္အစိုးရက သံုးသပ္ထားပါတယ္။ ဒါေၾကာင့္ ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းေတြ၊ ေက်ာက္မ်က္နဲ႔ တန္ဖိုးႀကီး ဓါတ္သတၱဳတူးေဖၚေရးလုပ္ငန္းေတြ၊ အိမ္ၿခံေျမနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းေတြ အပါအ၀င္ စစ္လက္နက္ပစၥည္းေတြနဲ႔ ဆက္စပ္ေနတဲ့ လုပ္ငန္းေတြ နဲ႔ ပူးေပါင္းလုပ္ကိုင္မယ္ဆိုရင္ အႀကီးမားဆံုး စီးပြားေရး အႏၱရာယ္ေတြကို ရင္ဆိုင္ရႏိုင္ေၾကာင္းေဖၚျပထားပါတယ္။

ျမန္မာစစ္တပ္နဲ႔ ထိေတြ႕ဆက္ဆံမႈရွိေနတဲ့ စီးပြားေရးလုပ္ငန္းေတြနဲ႔ ခ်ိတ္ဆက္လုပ္မယ့္ စီးပြားေရးကုမၸဏီေတြ၊ အဖဲြ႔အစည္းေတြ၊ လူပုဂၢိဳလ္ေတြအေနနဲ႔လည္း အေမရိကန္ျပည္ေထာင္စုရဲ႕ စီးပြားေရးဒဏ္ခတ္မႈေတြအပါအ၀င္ ေငြေၾကးခ၀ါခ်မႈ တိုက္ဖ်က္ေရး ဥပေဒ၊ အျခား တရားဥပေဒေၾကာင္းဆိုင္ရာေတြနဲ႔ အေရးယူခံရႏိုင္ေၾကာင္းလည္း သတိေပးထားပါတယ္။

အမ်ားျပည္သူသိရွိႏိုင္ေစဖို႔ဆိုတဲ့ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ စီးပြားေရးအႀကံျပဳခ်က္ကို အေမရိကန္ဘ႑ာေရး၀န္ႀကီးဌာနအေနနဲ႔ အေမရိကန္ႏိုင္ငံျခားေရးဌာန၊ ကုန္သြယ္ေရး၊ အမိေျမလံုၿခံဳေရး၊ အလုပ္သမား၀န္ႀကီးဌာနေတြနဲ႔ ကုန္သြယ္ေရး အထူးခံစားခြင့္ဆိုင္ရာ အစီအစဥ္အုပ္ခ်ဳပ္ေရးရံုး တို႔နဲ႔ ပူးေပါင္းၿပီး ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

................................................

တိုက္႐ိုက္ လင့္ခ္

မြန်မာနဲ့လုပ်ကိုင်မယ့် စီးပွါးရေးလုပ်ငန်းတွေအတွက် ကန်အစိုးရရဲ့သတိပေးအကြံပြုချက်

{{Zawgyi/Unicode}}
အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အကြံပြုချက်အဖြစ် ဇန်နဝါရီလ ၂၆ ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီး တနှစ်ပြည့်တော့မယ့်အချိန်မှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့အကြံပြုချက်ထဲမှာ- အထူးသဖြင့် စစ်ခေါင်းဆောင်တွေ၊ စစ်တပ်အသိုင်းအဝိုင်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံတာ၊ စီးပွားရေးလုပ်မယ်ဆိုရင် ကြုံတွေ့ရမယ့် အန္တရာယ်တွေ များပြားလာနေကြောင်းဖေါ်ပြထားပါတယ်။

သဘာဝသယံဇာတ အရင်းအမြစ်တွေအပေါ် စစ်အာဏာရှင်တွေရဲ့ လက်ဝါးကြီးအုပ်မှုနဲ့ ပွင့်လင်းမြင်သာမှုမရှိတာဟာ နိုင်ငံတွင်း ကြီးမားတဲ့ အဂတိလိုက်စားမှုကိုဖြစ်ပေါ်စေတယ်လို့ အမေရိကန်အစိုးရက သုံးသပ်ထားပါတယ်။ ဒါကြောင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ၊ ကျောက်မျက်နဲ့ တန်ဖိုးကြီး ဓါတ်သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေ၊ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အပါအဝင် စစ်လက်နက်ပစ္စည်းတွေနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ နဲ့ ပူးပေါင်းလုပ်ကိုင်မယ်ဆိုရင် အကြီးမားဆုံး စီးပွားရေး အန္တရာယ်တွေကို ရင်ဆိုင်ရနိုင်ကြောင်းဖေါ်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ချိတ်ဆက်လုပ်မယ့် စီးပွားရေးကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့လည်း အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဒဏ်ခတ်မှုတွေအပါအဝင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ၊ အခြား တရားဥပဒေကြောင်းဆိုင်ရာတွေနဲ့ အရေးယူခံရနိုင်ကြောင်းလည်း သတိပေးထားပါတယ်။

အများပြည်သူသိရှိနိုင်စေဖို့ဆိုတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စီးပွားရေးအကြံပြုချက်ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ အမေရိကန်နိုင်ငံခြားရေးဌာန၊ ကုန်သွယ်ရေး၊ အမိမြေလုံခြုံရေး၊ အလုပ်သမားဝန်ကြီးဌာနတွေနဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်ဆိုင်ရာ အစီအစဉ်အုပ်ချုပ်ရေးရုံး တို့နဲ့ ပူးပေါင်းပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG