သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ စီးပြားေရး နယ္ပယ္ အင္တာနက္ အသံုးခ်မႈ


(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ အတြင္း အင္တာနက္ ျဖတ္ေတာက္မႈေတြေၾကာင့္ စီးပြားေရး အရ ေဒၚလာ သန္းေထာင္ခ်ီ ဆံုးရံႈးရၿပီး ကမ ၻာေပၚမွာ အဆိုးရြားဆံုး ျဖစ္ေၾကာင္း top10vpn ၀က္ဘ္ဆိုဒ္က ေဖာ္ျပပါတယ္။ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးဟာ အင္တာနက္ အေပၚမွာ ဘယ္ အတိုင္းအတာ မူတည္ေနပါသလဲ၊ အနာဂတ္အလားအလာ ကေရာ ဘယ္လို ရွိလာႏိုင္ပါသလဲ ဆိုတာကို မႏၲေလး နည္းပညာ ကုမၸဏီရဲ႕ Managing Director ဦးေဇာ္ႏိုင္ကို ဆက္သြယ္ ေမးျမန္းထားပါတယ္။ ဒီသတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပေပးပါမယ္။

ဦးေဇာ္ႏုိင္။ ။ ပထမဆံုး တခုကေတာ့ က်ေနာ္ ၂၀၂၁ အခု ဒီ Report ထြက္တဲ႔ အခ်ိန္ေပါ့ေနာ္။ က်ေနာ္ တို႔က အင္တာနက္ ျပတ္ေတာက္မႈေတြေၾကာင့္ က်ေနာ္တို႔ ျမန္မာႏုိင္ငံမွာ စီးပြားေရး က႑မွာ ဆံုးရံႈးမႈေတြ ေဒၚလာ သန္း ေထာင္ခ်ီ ဆံုးရံႈးတယ္လို႔ ေျပာေတာ့ ပထမေတာ့ အံ႔ၾသမိပါတယ္။

ဒါေပမယ့္ က်ေနာ္ ေနာက္ေၾကာင္း ျပန္ေကာက္ၾကည့္လိုက္တဲ႔ အခ်ိန္မွာ ၂၀၁၀ ခုႏွစ္ေလာက္မွာ က်ေနာ္တို႔ အင္တာနက္ သံုးတဲ႔ လူဦးေရ စုစုေပါင္းက ၅ သိန္း ၉ ေသာင္း ေက်ာ္ေလာက္ ရွိတယ္လို႔ မွတ္တမ္းေတြမွာ ေတြ႔ပါတယ္။ ၂၀၂၀ က်ေတာ့္ ၂၄ သန္း ေက်ာ္ သံုးေနၿပီလို႔ သိရပါတယ္။ ဒါေပမယ့္ ၂၄ သန္းေက်ာ္ ဆိုတာ တိက်ေသခ်ာတဲ႔ သတင္းအခ်က္အလက္ေတြက ေျပာတာပါ။

သို႔ေသာ္ အဲဒီထက္ ပိုဖို႔ဘဲ ရွိပါတယ္။ အဲဒီထက္ ေလ်ာ့နည္းဖို႔ မရွိပါဘူး။ ေျပာရရင္ေတာ့ ခုနက ေမးသလိုဘဲ က်ေနာ္တို႔ ျမန္မာႏုိင္ငံရဲ႕ လူအမ်ားစုရဲ႕ ေန႔စဥ္ ဘ၀မွာ အင္တာနက္ဟာ ပံုမွန္ သံုး လာတာမ်ိဳး ျဖစ္လာေနပါၿပီ။

အေရးႀကီးတဲ႔ ေနာက္တခုကေတာ့ ေငြေၾကး ဘဏ္လုပ္ငန္းေပါ႔ေနာ္။ Digital Banking တို႔ Digital Money တို႔ ဒါေတြ ထြက္လာပါတယ္။ ေနာက္ Fintech ေပါ့ ဘ႑ာေရး ဆိုင္ရာ နည္းပညာေတြ၊ ေငြေၾကးဆိုင္ရာ နည္းပညာေတြ အမ်ားႀကီး က်ေနာ္တို႔ ေပၚထြန္းလာပါတယ္။ e-wallet တို႔ ေပၚလာပါတယ္။ ေနာက္ အေရးႀကီးတဲ႔ တခုက ဘာလဲ ဆိုေတာ့ တခ်ိန္တုန္းက ဘဏ္လုပ္ငန္းကို လူေတြက မသံုးၾကဘူးလို႔ ေျပာၾကပါတယ္။

ဘဏ္လုပ္ငန္း သံုးတဲ႔သူ လူဦးေရဟာ ၄ ရာခိုင္ႏႈန္း၊ ၅ ရာခိုင္ႏႈန္း ေအာက္မွာဘဲ ရွိေနရာကေန Digital Banking တို႔ Digital Fintech ေတြ တက္လာတဲ႔ အခါမွာ က်ေနာ္တို႔ ျမန္မာႏုိင္ငံမွာ ဘဏ္ေတြ အသံုးျပဳတဲ႔ လူဦးေရ အေရအတြက္ တက္လာပါတယ္။ ရာခိုင္ႏႈန္းေတြ ၂၀ - ၂၄ - ၂၅ အစရွိသျဖင့္ တက္လာပါတယ္။

ေနာက္တခုက Digital Platform ေတြမွာ အရင္တုန္းကဆိုရင္ က်ေနာ္တို႔ Website ေတြ လုပ္ခဲ႔ၾကတယ္။ ေနာက္တခါ အဲဒီကေနမွ အခု ဒီ ၂၀၁၇၊ ၂၀၁၈ ေလာက္ကေန စၿပီးေတာ့ Mobile Apps ေတြ အမ်ားႀကီး ေပၚေပါက္လာတယ္။ Digital အေျချပဳတဲ႔ လုပ္ငန္းေတြပါ ထပ္ၿပီးေတာ့ ေပၚေပါက္လာခဲ႔ပါတယ္။ အဲဒီေတာ့ ခုန ေျပာခဲ႔သလို ေန႔စဥ္ ဘ၀မွာ ပံုမွန္ သံုးလာတာ ျဖစ္လာပါတယ္။

သိဂၤ ီထုိက္။ ။ ဆိုေတာ့ ဒီ Covid ျဖစ္တဲ႔ ကာလမွာ စီးပြားေရးက အေတာ္ေလးလည္း ေႏွးေကြးသြားပါတယ္။ အားလံုးကလည္း စိုးရိမ္ခဲ႔ၾကပါတယ္။ ျမန္မာ့ စီးပြားေရး ၿပိဳလဲ သြားမလား ဆိုၿပီးေတာ့ေလ။ ဆိုေတာ့ ဒီ Covid ကာနဲ႔ ဒီ ၂၀၂၁ အေစာပိုင္း ႏုိင္ငံေရး အေျပာင္းအလဲ ကာလမွာ ေန႔စဥ္ တြင္တြယ္က်ယ္က်ယ္ သံုးခဲ႔တဲ႔ Facebook လူမႈကြန္ရက္ အင္တာနက္ ဒီ မ်ိဳးစံု အသံုးျပဳ စီးပြားေရး လုပ္ငန္းေတြရဲ႕ အေျပာင္းအလဲေရာ သိသိသာသာေတာ့ ျဖစ္ခဲ႔ပါတယ္။ ဦးေဇာ္ႏုိင္ မွတ္မွတ္ထင္ထင္ ေျပာခ်င္တာမ်ား ရွိပါသလား။ ဒီ အေျပာင္းအလဲ အေပၚမွာ။

ဦးေဇာ္ႏုိင္။ ။ အခု ထင္ရွားတဲ႔ အေျပာင္းအလဲ ၂ ခုေပါ့။ ၁ - ကေတာ့ Covid ရယ္၊ ဒုတိယ တခုကေတာ့ တပ္ကေန အာဏာသိမ္းလိုက္တာရယ္ေၾကာင့္ က်ေနာ္တို႔ ျမန္မာႏုိင္ငံမွာေတာ့ ထူးျခား ထင္ရွားတဲ႔ အေျပာင္းအလဲေတြ အမ်ားႀကီး ျဖစ္ခဲ႔ပါတယ္။ စီးပြားေရး လုပ္ငန္းေတြကို ၾကည့္ရင္ စီးပြားေရး လုပ္ငန္းေတြ ေတာ္ေတာ္မ်ားမ်ား Covid ၾကာင့္ေရာ တပ္က အာဏာသိမ္းလိုက္တဲ႔ အတြက္ေၾကာင့္ေရာ စီးပြားေရး လုပ္ငန္း ေတာ္ေတာ္ မ်ားမ်ား ေႏွးေကြး တဲ႔သူ၊ ရပ္ဆိုင္းတဲ႔သူ၊ ေနာက္တခါ အသစ္ ေျပာင္းလုပ္ရတဲ႔သူေတြ ျဖစ္ကုန္ပါတယ္။

သို႔ေသာ္လည္း ဒီအခ်ိန္မွာ New Normal ေပါ့ေနာ္။ အေျပာင္းအလဲကို က်ေနာ္တို႔က လက္ခံၿပီးေတာ့ အဲဒီ အတိုင္း အျမန္ဆံုး Adapt လုပ္ႏုိင္တဲ႔ လူေတြ အျမန္ဆံုး ေျပာင္းလဲႏုိင္တဲ႔လူေတြက ဒီစီးပြားေရး လုပ္ငန္းေတြမွာ ျပန္ၿပီးေတာ့ ရွင္သန္ခြင့္ေတြ ေနာက္ တိုးတက္ခြင့္ေတြ ရၾကပါတယ္။

သိဂၤ ီထုိက္။ ။ ေရွ႕ အလားအလာမွာေရာ ျမန္မာႏုိင္ငံမွာ အင္တာနက္ အသံုးျပဳမႈက ပိုၿပီးေတာ့ တြင္က်ယ္လာမလား။ ဦးေဇာ္ႏုိင္ ဘယ္လိုမ်ား ျမင္ပါသလဲ။ ေရွ႕ အနာဂတ္ အလားအလာ ဘာေတြမ်ား အေျပာင္းအလဲ ျဖစ္လာႏုိင္ေျခ ရွိပါသလဲ။

ဦးေဇာ္ႏုိင္။ ။ အနာဂတ္က ဘယ္လဲ ဘာလဲဆိုတာက တကယ္တန္း အဲဒီဟာက အေရးႀကီးပါတယ္။ ဒါေပမယ့္ တခါတေလ က်ေတာ့ က်ေနာ္တို႔က အခု လက္ရွိ အေျခအေနကိုဘဲ ၾကည့္ၿပီးေတာ့ စိတ္ပ်က္ အားေလ်ာ့ေနသူ အမ်ားစု ေတြ႔ရပါတယ္။ ဥပမာ အားျဖင့္ ဒီေန႔ ဆိုရင္ ဘဏ္လုပ္ငန္းေတြ ဖရိုဖရဲ ျဖစ္ေနတယ္။ စီးပြားေရး လုပ္ငန္းေတြ ခုန ေျပာသလိုဘဲ ေႏွးေကြးတယ္။ ရပ္တဲ႔ စီးပြားေရး လုပ္ငန္းေတြ ရပ္ၾကတယ္။

ေနာက္တခါ ႏုိင္ငံေရးမွာလည္း အၾကပ္အတည္းေတြ ျဖစ္ေနတယ္။ အဲဒီ အခါက်ေတာ့ က်ေနာ္တို႔က စိတ္ဓာတ္က်ေန ၾကတာမ်ိဳး အမ်ားစုက ဒီအေျခအေနကို သေဘာမက်တာကို ေတြ႔ရပါတယ္။ သို႔ေသာ္ အနာဂတ္က ဘယ္မွာလဲ အနာဂတ္က ဘာလဲ ျပန္ၾကည့္တဲ႔ အခ်ိန္မွာ က်ေနာ္တို႔ ႏုိင္ငံမွာ လူငယ္ေတြ အေျပာင္းအလဲကို ဖန္တီးႏုိင္စြမ္း ရွိတဲ႔ လူငယ္ေတြ အမ်ားႀကီး ေတြ႔ရပါတယ္။

ၿပီးခဲ႔တဲ႔ ၂၀၁၀ - ၂၀၂၀။ ၁၀ ႏွစ္ အတြင္းမွာေပါ့။ ဒီထက္ ပိုေျပာရရင္ ၂၀၁၅ ကေန ၂၀၂၀ အတြင္းမွာ ဒီ Creative Class လို႔ ေခၚတဲ႔ အေျပာင္းအလဲကို ဖန္တီးႏုိင္စြမ္း ရွိေသာသူေတြ အမ်ားႀကီး ထြက္လာတာကို ေတြ႔ရပါတယ္။ အဲဒီေတာ့ က်ေနာ္တို႔ ႏုိင္ငံမွာ အေျပာင္းအလဲကို ဖန္တီးႏုိင္စြမ္း ရွိတဲ႔ လူငယ္ေတြ၊ IT ပညာရွင္ေတြ၊ IT လုပ္ငန္းေတြ အမ်ားႀကီး အေျခခံ ေကာင္းေတြ ရွိၿပီးသြားပါၿပီ။

အဲဒီေတာ့ အေရးႀကီးတာ ႏုိင္ငံေရး အေျခအေန အေရးႀကီးပါတယ္။ လူႀကီးေတြေပ့ါေနာ္။ ႏုိင္ငံေရး အေျခအေနကို ဖန္တီးေနၾကတဲ႔ လူႀကီးေတြ။ အဲဒီေတာ့ အဲဒီ လူႀကီးေတြက ဘယ္လုိ ဒီ ႏုိင္ငံေရးကို ျပန္ေဖာ္ေဆာင္ၾကမလဲ ဆိုတဲ႔ အေပၚ မူတည္ၿပီးေတာ့ က်ေနာ္တို႔ ေနာက္ထပ္ အေျပာင္းအလဲေတြကို ဘယ္ေတာ့ လုပ္ခြင့္ ရမွာလဲ။ ဥပမာ ေနာက္ တႏွစ္လား၊ ေနာက္ ၆ လ လား။ ေနာက္ ၅ ႏွစ္လား။

ဆိုေတာ့ ဒီ ႏုိင္ငံေရး အေျပာင္းအလဲေတြကို ေဖာ္ေဆာင္ႏုိင္တဲ႔ အခ်ိန္မွာ က်ေနာ္တို႔ တုိင္းျပည္ႀကီးကို ျပန္ၿပီးေတာ့ တည္ေဆာက္ႏုိင္ဖို႔ ျပန္စဖို႔ အခ်ိန္ ျဖစ္ပါတယ္။
ဒါေပမယ့္ ျပန္စတယ္ ဆိုတာလည္း က်ေနာ္တို႔ Zero ကေန ျပန္စဖို႔ မဟုတ္ဘူး။ က်ေနာ္တို႔ leapfrog သြားခဲ႔ၿပီးသြားၿပီ။ ၂၀၁၀ ကေန ၂၀၁၅။ ၂၀၁၅ ကေန ၂၀၂၀ အတြင္းမွာ က်ေနာ္တို႔က အင္တာနက္ User အသံုးျပဳသူေပါင္း စုစုေပါင္း ျမန္မာႏုိင္ငံမွာ ၆ သိိန္းကေန ၂၄ သန္းေက်ာ္ထိ သြားခဲ႔ၿပီးသြားၿပီ။

ေနာက္ ကမၻာနဲ႔ အမီ ရင္ေဘာင္တန္းႏုိင္တဲ႔ Digital Platform ေတြ ျဖစ္ခဲ႔ၿပီးသြားၿပီ။ အဲဒီေတာ့ က်ေနာ္တို႔ ဒီအေျခအေနေတြကို ႏုိင္ငံရဲ႕ အခု အေျခအေနမွာ လိပ္ခဲတည္းလည္း ျဖစ္ေနတဲ႔ ႏုိင္ငံေရး အၾကပ္အတည္းကေန ျပန္စႏုိင္တာနဲ႔ Zero Setting ကေန စမွာ မဟုတ္ပါဘူး။ က်ေနာ္တို႔က leapfrog ေနာက္ထပ္ တဆင့္ကို ထပ္ၿပီး ခုန္ႏုိင္မယ့္ အေျခအေန က်ေနာ္ ျမင္ပါတယ္။

ျမန္မာ့ စီးပြားေရး နယ္ပယ္ အင္တာနက္ အသံုးခ်မႈ
please wait

No media source currently available

0:00 0:06:27 0:00
တိုက္႐ိုက္ လင့္ခ္


(Unicode)

မြန်မာ့ စီးပွားရေး နယ်ပယ် အင်တာနက် အသုံးချမှု


မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အတွင်း အင်တာနက် ဖြတ်တောက်မှုတွေကြောင့် စီးပွားရေး အရ ဒေါ်လာ သန်းထောင်ချီ ဆုံးရှုံးရပြီး ကမ ္ဘာပေါ်မှာ အဆိုးရွားဆုံး ဖြစ်ကြောင်း top10vpn ဝက်ဘ်ဆိုဒ်က ဖော်ပြပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အင်တာနက် အပေါ်မှာ ဘယ် အတိုင်းအတာ မူတည်နေပါသလဲ၊ အနာဂတ်အလားအလာ ကရော ဘယ်လို ရှိလာနိုင်ပါသလဲ ဆိုတာကို မန္တလေး နည်းပညာ ကုမ္ပဏီရဲ့ Managing Director ဦးဇော်နိုင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။ ဒီသတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။

ဦးဇော်နိုင်။ ။ ပထမဆုံး တခုကတော့ ကျနော် ၂၀၂၁ အခု ဒီ Report ထွက်တဲ့ အချိန်ပေါ့နော်။ ကျနော် တို့က အင်တာနက် ပြတ်တောက်မှုတွေကြောင့် ကျနော်တို့ မြန်မာနိုင်ငံမှာ စီးပွားရေး ကဏ္ဍမှာ ဆုံးရှုံးမှုတွေ ဒေါ်လာ သန်း ထောင်ချီ ဆုံးရှုံးတယ်လို့ ပြောတော့ ပထမတော့ အံ့သြမိပါတယ်။

ဒါပေမယ့် ကျနော် နောက်ကြောင်း ပြန်ကောက်ကြည့်လိုက်တဲ့ အချိန်မှာ ၂၀၁၀ ခုနှစ်လောက်မှာ ကျနော်တို့ အင်တာနက် သုံးတဲ့ လူဦးရေ စုစုပေါင်းက ၅ သိန်း ၉ သောင်း ကျော်လောက် ရှိတယ်လို့ မှတ်တမ်းတွေမှာ တွေ့ပါတယ်။ ၂၀၂၀ ကျတော့် ၂၄ သန်း ကျော် သုံးနေပြီလို့ သိရပါတယ်။ ဒါပေမယ့် ၂၄ သန်းကျော် ဆိုတာ တိကျသေချာတဲ့ သတင်းအချက်အလက်တွေက ပြောတာပါ။

သို့သော် အဲဒီထက် ပိုဖို့ဘဲ ရှိပါတယ်။ အဲဒီထက် လျော့နည်းဖို့ မရှိပါဘူး။ ပြောရရင်တော့ ခုနက မေးသလိုဘဲ ကျနော်တို့ မြန်မာနိုင်ငံရဲ့ လူအများစုရဲ့ နေ့စဉ် ဘဝမှာ အင်တာနက်ဟာ ပုံမှန် သုံး လာတာမျိုး ဖြစ်လာနေပါပြီ။
အရေးကြီးတဲ့ နောက်တခုကတော့ ငွေကြေး ဘဏ်လုပ်ငန်းပေါ့နော်။ Digital Banking တို့ Digital Money တို့ ဒါတွေ ထွက်လာပါတယ်။ နောက် Fintech ပေါ့ ဘဏ္ဍာရေး ဆိုင်ရာ နည်းပညာတွေ၊ ငွေကြေးဆိုင်ရာ နည်းပညာတွေ အများကြီး ကျနော်တို့ ပေါ်ထွန်းလာပါတယ်။ e-wallet တို့ ပေါ်လာပါတယ်။

နောက် အရေးကြီးတဲ့ တခုက ဘာလဲ ဆိုတော့ တချိန်တုန်းက ဘဏ်လုပ်ငန်းကို လူတွေက မသုံးကြဘူးလို့ ပြောကြပါတယ်။ ဘဏ်လုပ်ငန်း သုံးတဲ့သူ လူဦးရေဟာ ၄ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း အောက်မှာဘဲ ရှိနေရာကနေ Digital Banking တို့ Digital Fintech တွေ တက်လာတဲ့ အခါမှာ ကျနော်တို့ မြန်မာနိုင်ငံမှာ ဘဏ်တွေ အသုံးပြုတဲ့ လူဦးရေ အရေအတွက် တက်လာပါတယ်။ ရာခိုင်နှုန်းတွေ ၂၀ - ၂၄ - ၂၅ အစရှိသဖြင့် တက်လာပါတယ်။

နောက်တခုက Digital Platform တွေမှာ အရင်တုန်းကဆိုရင် ကျနော်တို့ Website တွေ လုပ်ခဲ့ကြတယ်။ နောက်တခါ အဲဒီကနေမှ အခု ဒီ ၂၀၁၇၊ ၂၀၁၈ လောက်ကနေ စပြီးတော့ Mobile Apps တွေ အများကြီး ပေါ်ပေါက်လာတယ်။ Digital အခြေပြုတဲ့ လုပ်ငန်းတွေပါ ထပ်ပြီးတော့ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီတော့ ခုန ပြောခဲ့သလို နေ့စဉ် ဘဝမှာ ပုံမှန် သုံးလာတာ ဖြစ်လာပါတယ်။

သိင်္ဂ ီထိုက်။ ။ ဆိုတော့ ဒီ Covid ဖြစ်တဲ့ ကာလမှာ စီးပွားရေးက အတော်လေးလည်း နှေးကွေးသွားပါတယ်။ အားလုံးကလည်း စိုးရိမ်ခဲ့ကြပါတယ်။ မြန်မာ့ စီးပွားရေး ပြိုလဲ သွားမလား ဆိုပြီးတော့လေ။ ဆိုတော့ ဒီ Covid ကာနဲ့ ဒီ ၂၀၂၁ အစောပိုင်း နိုင်ငံရေး အပြောင်းအလဲ ကာလမှာ နေ့စဉ် တွင်တွယ်ကျယ်ကျယ် သုံးခဲ့တဲ့ Facebook လူမှုကွန်ရက် အင်တာနက် ဒီ မျိုးစုံ အသုံးပြု စီးပွားရေး လုပ်ငန်းတွေရဲ့ အပြောင်းအလဲရော သိသိသာသာတော့ ဖြစ်ခဲ့ပါတယ်။ ဦးဇော်နိုင် မှတ်မှတ်ထင်ထင် ပြောချင်တာများ ရှိပါသလား။ ဒီ အပြောင်းအလဲ အပေါ်မှာ။

ဦးဇော်နိုင်။ ။ အခု ထင်ရှားတဲ့ အပြောင်းအလဲ ၂ ခုပေါ့။ ၁ - ကတော့ Covid ရယ်၊ ဒုတိယ တခုကတော့ တပ်ကနေ အာဏာသိမ်းလိုက်တာရယ်ကြောင့် ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ထူးခြား ထင်ရှားတဲ့ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းတွေကို ကြည့်ရင် စီးပွားရေး လုပ်ငန်းတွေ တော်တော်များများ Covid ကြာင့်ရော တပ်က အာဏာသိမ်းလိုက်တဲ့ အတွက်ကြောင့်ရော စီးပွားရေး လုပ်ငန်း တော်တော် များများ နှေးကွေး တဲ့သူ၊ ရပ်ဆိုင်းတဲ့သူ၊ နောက်တခါ အသစ် ပြောင်းလုပ်ရတဲ့သူတွေ ဖြစ်ကုန်ပါတယ်။

သို့သော်လည်း ဒီအချိန်မှာ New Normal ပေါ့နော်။ အပြောင်းအလဲကို ကျနော်တို့က လက်ခံပြီးတော့ အဲဒီ အတိုင်း အမြန်ဆုံး Adapt လုပ်နိုင်တဲ့ လူတွေ အမြန်ဆုံး ပြောင်းလဲနိုင်တဲ့လူတွေက ဒီစီးပွားရေး လုပ်ငန်းတွေမှာ ပြန်ပြီးတော့ ရှင်သန်ခွင့်တွေ နောက် တိုးတက်ခွင့်တွေ ရကြပါတယ်။

သိင်္ဂ ီထိုက်။ ။ ရှေ့ အလားအလာမှာရော မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှုက ပိုပြီးတော့ တွင်ကျယ်လာမလား။ ဦးဇော်နိုင် ဘယ်လိုများ မြင်ပါသလဲ။ ရှေ့ အနာဂတ် အလားအလာ ဘာတွေများ အပြောင်းအလဲ ဖြစ်လာနိုင်ခြေ ရှိပါသလဲ။

ဦးဇော်နိုင်။ ။ အနာဂတ်က ဘယ်လဲ ဘာလဲဆိုတာက တကယ်တန်း အဲဒီဟာက အရေးကြီးပါတယ်။ ဒါပေမယ့် တခါတလေ ကျတော့ ကျနော်တို့က အခု လက်ရှိ အခြေအနေကိုဘဲ ကြည့်ပြီးတော့ စိတ်ပျက် အားလျော့နေသူ အများစု တွေ့ရပါတယ်။ ဥပမာ အားဖြင့် ဒီနေ့ ဆိုရင် ဘဏ်လုပ်ငန်းတွေ ဖရိုဖရဲ ဖြစ်နေတယ်။ စီးပွားရေး လုပ်ငန်းတွေ ခုန ပြောသလိုဘဲ နှေးကွေးတယ်။ ရပ်တဲ့ စီးပွားရေး လုပ်ငန်းတွေ ရပ်ကြတယ်။

နောက်တခါ နိုင်ငံရေးမှာလည်း အကြပ်အတည်းတွေ ဖြစ်နေတယ်။ အဲဒီ အခါကျတော့ ကျနော်တို့က စိတ်ဓာတ်ကျနေ ကြတာမျိုး အများစုက ဒီအခြေအနေကို သဘောမကျတာကို တွေ့ရပါတယ်။ သို့သော် အနာဂတ်က ဘယ်မှာလဲ အနာဂတ်က ဘာလဲ ပြန်ကြည့်တဲ့ အချိန်မှာ ကျနော်တို့ နိုင်ငံမှာ လူငယ်တွေ အပြောင်းအလဲကို ဖန်တီးနိုင်စွမ်း ရှိတဲ့ လူငယ်တွေ အများကြီး တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ - ၂၀၂၀။ ၁၀ နှစ် အတွင်းမှာပေါ့။ ဒီထက် ပိုပြောရရင် ၂၀၁၅ ကနေ ၂၀၂၀ အတွင်းမှာ ဒီ Creative Class လို့ ခေါ်တဲ့ အပြောင်းအလဲကို ဖန်တီးနိုင်စွမ်း ရှိသောသူတွေ အများကြီး ထွက်လာတာကို တွေ့ရပါတယ်။ အဲဒီတော့ ကျနော်တို့ နိုင်ငံမှာ အပြောင်းအလဲကို ဖန်တီးနိုင်စွမ်း ရှိတဲ့ လူငယ်တွေ၊ IT ပညာရှင်တွေ၊ IT လုပ်ငန်းတွေ အများကြီး အခြေခံ ကောင်းတွေ ရှိပြီးသွားပါပြီ။

အဲဒီတော့ အရေးကြီးတာ နိုင်ငံရေး အခြေအနေ အရေးကြီးပါတယ်။ လူကြီးတွေပေ့ါနော်။ နိုင်ငံရေး အခြေအနေကို ဖန်တီးနေကြတဲ့ လူကြီးတွေ။ အဲဒီတော့ အဲဒီ လူကြီးတွေက ဘယ်လို ဒီ နိုင်ငံရေးကို ပြန်ဖော်ဆောင်ကြမလဲ ဆိုတဲ့ အပေါ် မူတည်ပြီးတော့ ကျနော်တို့ နောက်ထပ် အပြောင်းအလဲတွေကို ဘယ်တော့ လုပ်ခွင့် ရမှာလဲ။ ဥပမာ နောက် တနှစ်လား၊ နောက် ၆ လ လား။ နောက် ၅ နှစ်လား။ ဆိုတော့ ဒီ နိုင်ငံရေး အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်တဲ့ အချိန်မှာ ကျနော်တို့ တိုင်းပြည်ကြီးကို ပြန်ပြီးတော့ တည်ဆောက်နိုင်ဖို့ ပြန်စဖို့ အချိန် ဖြစ်ပါတယ်။

ဒါပေမယ့် ပြန်စတယ် ဆိုတာလည်း ကျနော်တို့ Zero ကနေ ပြန်စဖို့ မဟုတ်ဘူး။ ကျနော်တို့ leapfrog သွားခဲ့ပြီးသွားပြီ။ ၂၀၁၀ ကနေ ၂၀၁၅။ ၂၀၁၅ ကနေ ၂၀၂၀ အတွင်းမှာ ကျနော်တို့က အင်တာနက် User အသုံးပြုသူပေါင်း စုစုပေါင်း မြန်မာနိုင်ငံမှာ ၆ သိန်းကနေ ၂၄ သန်းကျော်ထိ သွားခဲ့ပြီးသွားပြီ။

နောက် ကမ္ဘာနဲ့ အမီ ရင်ဘောင်တန်းနိုင်တဲ့ Digital Platform တွေ ဖြစ်ခဲ့ပြီးသွားပြီ။ အဲဒီတော့ ကျနော်တို့ ဒီအခြေအနေတွေကို နိုင်ငံရဲ့ အခု အခြေအနေမှာ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းကနေ ပြန်စနိုင်တာနဲ့ Zero Setting ကနေ စမှာ မဟုတ်ပါဘူး။ ကျနော်တို့က leapfrog နောက်ထပ် တဆင့်ကို ထပ်ပြီး ခုန်နိုင်မယ့် အခြေအနေ ကျနော် မြင်ပါတယ်။

XS
SM
MD
LG