သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေရး မတည္ၿငိမ္မႈနဲ႔ ကပ္ေဘးေၾကာင္႔ ဘဝတက္လမ္းေပ်ာက္ေနတဲ႔ ျမန္မာလူငယ္မ်ား


(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ လက္႐ွိႏိုင္ငံေရး မတည္ၿငိမ္တဲ့ အေျခအေနနဲ႔ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေက်ာင္းသား လူငယ္ေတြအတြက္ ပညာေရွ႕ဆက္သင္ႏိုင္ဖုိ႔ အခြင့္အလမ္းေတြ ခက္ခဲေနပါတယ္။ စစ္တပ္အာဏာသိမ္းၿပီးေနာက္ အလုပ္အကုိင္ အခြင့္အလမ္း ပိုနည္းပါးလာတဲ့အျပင္ စိတ္ဝင္စားရာ ပညာ႐ွာႏိုင္ဖုိ႔လည္း အခက္အခဲေတြ႐ွိလာတာေၾကာင့္ လူငယ္တခ်ဳိ႕က ျပည္ပထြက္ဖုိ႔ ႀကိဳးစားလာၾကပါတယ္။ လက္႐ွိ လူငယ္ေတြ ရင္ဆိုင္ေနၾကရတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ေဒၚခင္မ်ိဳးသက္က တင္ျပပါမယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ လူငယ္ေတြအတြက္ ပညာေရးနဲ႔ အလုပ္အကိုင္အခြင့္အလမ္းေမွ်ာ္လင့္ခ်က္ေတြ နည္းလာတာေၾကာင့္ လူငယ္ေတာ္ေတာ္မ်ားမ်ား ႏိုင္ငံရပ္ျခားကို ထြက္ခြာဖို႔ကို ပိုၿပီး အားသန္လာေနၾကပါတယ္။ အရင္က လူငယ္ေတြအတြက္ အလုပ္အကိုင္အခြင့္ အလမ္းေတြ ပိုမ်ားၿပီး၊ ကိုယ္သင္ယူခ်င္တဲ့ ပညာရပ္တစ္ခုကို သင္ယူႏိုင္ဖို႔ လြယ္ကူခဲ့ေပမယ့္ ခုလက္ရွိအခ်ိန္မွာေတာ့ အလုပ္ေတြ ႐ွာရခက္ခဲလာသလို ျပည္တြင္းမွာ ပညာသင္ယူႏိုင္ဖုိ႔ပါ မလြယ္ေတာ့တာေၾကာင့္ ဘဝတိုးတက္ေရးအတြက္ ျပည္ပထြက္ ပညာသင္၊ အလုပ္႐ွာဖို႔ ႀကိဳးစားသူ မ်ားလာတာပါ။ စစ္အာဏာမသိမ္းခင္အခ်ိန္က ကုမၸဏီဝန္ထမ္းတစ္ဦးျဖစ္ၿပီး လက္ရွိမွာ အလုပ္လက္မဲ့ ျဖစ္ေနတဲ့ ကိုေက်ာ္ထက္က ျပည္ပကိုထြက္ႏိုင္ဖို႔ ႀကိဳးစားေန ပါတယ္။

“ကြၽန္ေတာ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဘာလုပ္ေနသလဲဆိုေတာ့ ျမန္မာႏိုင္ငံမွာကို ေနခ်င္စိတ္မရွိေတာ့ဘူး။ အဲ့အတြက္ေၾကာင့္ ျပည္ပႏိုင္ငံတစ္ခုခုကိုသြားမယ္။ သြားမယ္ဆိုရင္ ဘာသာစကားလိုတယ္ဆိုေတာ့ ဘာသာစကားတစ္ခုခုကို တစိုက္မတ္မတ္ ေလ့လာေနတယ္။ ခုက ပိုက္ဆံရွိတဲ့ လူတန္းစားတစ္ရပ္ဆိုရင္ သူတို႔အတြက္ အခြင့္အေရးပိုမ်ားတယ္။ သူတို႔က ႏိုင္ငံျခားကို ထြက္ၾကတယ္။ ျမန္မာႏိုင္ငံတြင္းမွာေတာ့ ပညာေရးက အဆင္မေျပဘူးေပါ့ေနာ္။ ကြၽန္ေတာ္ဆိုရင္ ခုဆိုရင္ အာဏာသိမ္းၿပီးေနာက္ပိုင္း ပညာေရးက ေပ်ာက္ဆုံးေနတာ တံခါးပိတ္ေနတာေပါ့။ ကိုယ့္ဟာကိုယ္ တက္လမ္းရွိေအာင္ လုပ္ေပမယ့္လည္း တိုင္ပတ္ေနတာကေတာ့ ဒီအာဏာသိမ္းၿပီးေနာက္ပိုင္းမွာ အေတာ္ႀကီးကို အခက္အခဲႀကဳံရတယ္ေပါ့ ကြၽန္ေတာ္အျမင္မွာ။”

အခုဆို လူငယ္ေတာ္ေတာ္မ်ားမ်ား ျပည္ပမွာ အလုပ္လုပ္ႏိုင္ဖို႔အတြက္ေရာ၊ ဆက္လက္ ပညာသင္ႏိုင္ၾကဖို႔အတြက္ပါ ဘာသာစကားေလ့လာမႈေတြ ပိုလုပ္လာၾကတယ္လို႔ ဂ်ပန္ဘာသာစကား သင္တန္းေက်ာင္းတခုက ဆရာတစ္ဦးက ဗြီအိုေအ ကို ေျပာျပပါတယ္။

“ႏိုင္ငံေရးက ဒီလိုျဖစ္သြားေတာ့ အျပင္ေတြလဲ သိပ္မထြက္ရေတာ့ သူတို႔က အိမ္ထဲမွာပဲ စာေတြ ေလ့လာၾကတယ္ေပါ့။ အရင္ကထက္ပိုၿပီးေတာ့ ေလ့လာတဲ့ သင္တန္းသားေတြ ပိုၿပီးေတာ့ မ်ားလာတယ္ေပါ့ေနာ္။ ၿပီးေတာ့ အတန္းသားေတြက အျပင္လဲ သိပ္မထြက္ရဘူး။ အလုပ္အကိုင္ေတြ လည္း သိပ္အဆင္မေျပၾကေတာ့ သူတို႔က ဂ်ပန္သြားဖို႔ အနာဂတ္ေလးတစ္ခု ထားထားတယ္။ သူတို႔က ဒီဘာမွ မလုပ္ရတဲ့ အားေနတဲ့ အခ်ိန္မွာ သင္တန္းေလးတခု တက္ထားမယ္ေပါ့။ အဲ့ေတာ့ နဂိုထက္ေတာ့ လူေတြ ပိုမ်ားလာတယ္ေပါ့။”

ကိုဗစ္ကပ္ေရာဂါ ကာလျဖစ္ေနတာေရာ စစ္တပ္က အာဏာသိမ္း အုပ္ခ်ဳပ္ေနခ်ိန္ျဖစ္တာမို႔ အလုပ္အကိုင္ေတြ အရင္ထက္ ပိုၿပီး႐ွားေနပါတယ္။ ဂ်ပန္ဘာသာလို ဘာသာစကားသင္ၾကားမႈ အပါအဝင္ အြန္လိုင္းကေန ပညာဆက္႐ွာေနသူေတြမွာ ေနာက္ထပ္ အခက္အခဲတခုလည္း ႐ွိပါေသးတယ္။ အင္တာနက္ အခက္အခဲေၾကာင့္ ပညာသင္ယူဖုိ႔ ခက္ခဲတဲ့ ေက်ာင္းသား ၃၀ ရာခိုင္ႏႈန္း ေလာက္႐ွိတယ္လို႔ ဂ်ပန္ဘာသာသင္ဆရာက ေျပာျပပါတယ္။

“နယ္ဘက္ကေန တက္ၾကတဲ့ ေက်ာင္းသားေတြက တခ်ိဳ႕ေတြ လိုင္းျဖတ္ခံရတာတို႔၊ 2G ေလာက္ပဲ အင္တာနက္ ဖြင့္ေပးတာတို႔၊ တခ်ိဳ႕ေတြဆို မနက္ပိုင္းပဲအင္တာနက္ ရၿပီး ညေနပိုင္း မရတာတို႔ အဲ့တာမ်ိဳးေတြ ရွိတယ္။ မ်ားလားဆိုေတာ့ တရာ ရာခိုင္ႏႈန္းမွာ ၃၀ ရာခိုင္ႏႈန္းေလာက္ေတာ့ ရွိတယ္ဗ်။”

ရခိုင္ျပည္နယ္ မာန္ေအာင္ၿမိဳ႕က Change Maker School က ရခိုင္ျပည္က လူငယ္ေတြအတြက္ ႏိုင္ငံေရး၊ လႈမႈေရး၊ စီးပြားေရး ဘာသာရပ္တခ်ိဳ႕နဲ႔ ဘာသာစကား စသျဖင့္ ေလ့လာႏိုင္ဖို႔ ေဒသဖြံ႔ျဖိဳးေရး အက်ိဳးျပဳ လုပ္ေနတဲ့ ေက်ာင္းတခုျဖစ္ပါတယ္။ အဲ့ဒီေက်ာင္းကေန ျမန္မာႏိုင္ငံတြင္းမွာ ရွိတဲ့ ေက်ာင္းတခ်ိဳ႕နဲ႔ ျပည္ပႏိုင္ငံတခ်ိဳ႕က ေက်ာင္းေတြကို ပညာသင္ဆုနဲ႔ ေက်ာင္းတက္ႏိုင္ဖို႔အတြက္ လုပ္ေပးေနတာေတြလည္း ရွိပါတယ္။ လက္ရွိႏိုင္ငံေရးအေျခအေန ေတြေၾကာင့္ ျပည္တြင္းမွာရွိတဲ့ ေက်ာင္းတခ်ိဳ႕ ပိတ္တာေတြ ရွိသလို လက္ရွိ ပဋိပကၡေတြေၾကာင့္ လုံၿခဳံေရးအတြက္ စိုးရိမ္ၿပီး ေက်ာင္းသြားမတက္ႏိုင္တဲ့ အေျခအေနမ်ိဳးေတြလည္း ရွိေနတာေၾကာင့္ အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ လူငယ္ေတြအတြက္ ပညာေရးအခြင့္အလမ္းေတြ နည္းလာတယ္လို႔ Change Maker Schoolရဲ႕ Manager အျဖစ္တာဝန္ယူထားတဲ့ ကိုေဇာ္လင္းဦးက ဗြီအိုေအ ကိုေျပာျပပါတယ္။

“ေတာ္ေတာ္မ်ားမ်ား အခြင့္အေရးေတြ ဆုံးရႈံးသြားတယ္လို႔ ေျပာလို႔ရတယ္ေပါ့ေနာ္။ လူငယ္တေယာက္ အေနနဲ႔ေပါ့။ ကြၽန္ေတာ္တို႔ ေက်ာင္းက လူငယ္တခ်ိဳ႕ဆိုလို႔ရွိရင္ Scholarship ေတြရတယ္။ သူတို႔ သြားတက္ဖို႔ ျပင္ဆင္ထားၿပီေပါ့။ ဒါေပမယ့္ ဒီလို ႏိုင္ငံေရးအေျခအေန အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္နဲ႔ မသြားလိုက္ရဘူးေပါ့။ အြန္လိုင္းကေန သင္လို႔ရတဲ့ ေက်ာင္းသားေတြ ရွိေပမယ့္ တခ်ိဳ႕ေတြက အြန္လိုင္းကေန သင္လို႔မရတာေတြလည္းရွိတယ္။ အဲ့တာေတြေၾကာင့္ လူငယ္ေတြရဲ႕ ပညာေရးနဲ႔ ပတ္သက္တဲ့ အခြင့္အေရးေတြ ဆုံးရႈံးသြားတယ္ေပါ့။ တစ္ျခားတခုက အင္တာနက္လိုင္းေတြကလည္း ကြၽန္ေတာ္တို႔ဖက္မွာက နည္းနည္း ညံ႔တာမ်ိဳးရွိတယ္ေပါ့။

အဲ့ေတာ့ အြန္လိုင္းက သင္တယ္ဆိုတာမွာ အင္တာနက္လိုင္းေတြက သင့္ေတာ္သေလာက္မေကာင္းဘူးဆိုရင္ ကြၽန္ေတာ္တို႔ အြန္လိုင္း သင္တဲ့ ေက်ာင္းသားေတြ အေနနဲ႔လည္း အဆင္မေျပတာေတြ ရွိတယ္ေပါ့။ တခ်ိဳ႕ေက်ာင္းေတြဆိုရင္ ရပ္တန္႔သြားတာေတြ ရွိတယ္ေပါ့။ အရင္ႏွစ္ေတြကဆိုရင္ Scholar နဲ႔ ေခၚတဲ့ေက်ာင္းေတြက ၂၀၊ ၃၀ ေလာက္ရွိတယ္ေပါ့ ျပည္တြင္းထဲမွာ။ ဒီႏွစ္ဆိုရင္ သိပ္ကို နည္းသြားတယ္။ တခ်ိဳ႕ ႏိုင္ငံေရးဘာသာရပ္ေတြကို သင္ေနတဲ့ ေက်ာင္းေတြ ဆိုလို႔ရွိရင္ သူတို႔က လုံးဝ နာမည္ေဖ်ာက္ထားရတာမ်ိဳးေတြေပါ့။ ႏိုင္ငံေရး အေျခအေနေတြေၾကာင့္။”

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္ကတည္းက အထက္တန္းေက်ာင္း၊ တကၠသိုလ္ေက်ာင္းေတြကို ပိတ္ထားပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္မွာ အေျခအေနေတြ ပိုၿပီး မတည္မၿငိမ္ျဖစ္ေနတာေၾကာင့္ ေက်ာင္းေတြပံုမွန္ ျပန္မဖြင့္ေသးသလို၊ စီးပြားေရးလုပ္ငန္း ေတာ္ေတာ္မ်ားမ်ား ထိခိုက္ေနတာေၾကာင့္ လူငယ္ေတြအတြက္ ပညာေရးနဲ႔ အလုပ္အကိုင္ အခြင့္အလမ္းေမ ွ်ာ္လင့္ခ်က္ေတြ ေပ်ာက္ဆံုးေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

နိုင်ငံရေးမတည်ငြိမ်မှု နဲ့ ကပ်ဘေးကြောင့် ဘဝတက်လမ်းပျောက်နေတဲ့ မြန်မာလူငယ်များ

မြန်မာနိုင်ငံမှာ လက်ရှိနိုင်ငံရေး မတည်ငြိမ်တဲ့ အခြေအနေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းသား လူငယ်တွေအတွက် ပညာရှေ့ဆက်သင်နိုင်ဖို့ အခွင့်အလမ်းတွေ ခက်ခဲနေပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ပိုနည်းပါးလာတဲ့အပြင် စိတ်ဝင်စားရာ ပညာရှာနိုင်ဖို့လည်း အခက်အခဲတွေရှိလာတာကြောင့် လူငယ်တချို့က ပြည်ပထွက်ဖို့ ကြိုးစားလာကြပါတယ်။ လက်ရှိ လူငယ်တွေ ရင်ဆိုင်နေကြရတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ဒေါ်ခင်မျိုးသက်က တင်ပြပါမယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်တွေအတွက် ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းမျှော်လင့်ချက်တွေ နည်းလာတာကြောင့် လူငယ်တော်တော်များများ နိုင်ငံရပ်ခြားကို ထွက်ခွာဖို့ကို ပိုပြီး အားသန်လာနေကြပါတယ်။ အရင်က လူငယ်တွေအတွက် အလုပ်အကိုင်အခွင့် အလမ်းတွေ ပိုများပြီး၊ ကိုယ်သင်ယူချင်တဲ့ ပညာရပ်တစ်ခုကို သင်ယူနိုင်ဖို့ လွယ်ကူခဲ့ပေမယ့် ခုလက်ရှိအချိန်မှာတော့ အလုပ်တွေ ရှာရခက်ခဲလာသလို ပြည်တွင်းမှာ ပညာသင်ယူနိုင်ဖို့ပါ မလွယ်တော့တာကြောင့် ဘဝတိုးတက်ရေးအတွက် ပြည်ပထွက် ပညာသင်၊ အလုပ်ရှာဖို့ ကြိုးစားသူ များလာတာပါ။ စစ်အာဏာမသိမ်းခင်အချိန်က ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ကိုကျော်ထက်က ပြည်ပကိုထွက်နိုင်ဖို့ ကြိုးစားနေ ပါတယ်။

“ကျွန်တော်က အာဏာသိမ်းပြီးနောက်ပိုင်း ဘာလုပ်နေသလဲဆိုတော့ မြန်မာနိုင်ငံမှာကို နေချင်စိတ်မရှိတော့ဘူး။ အဲ့အတွက်ကြောင့် ပြည်ပနိုင်ငံတစ်ခုခုကိုသွားမယ်။ သွားမယ်ဆိုရင် ဘာသာစကားလိုတယ်ဆိုတော့ ဘာသာစကားတစ်ခုခုကို တစိုက်မတ်မတ် လေ့လာနေတယ်။ ခုက ပိုက်ဆံရှိတဲ့ လူတန်းစားတစ်ရပ်ဆိုရင် သူတို့အတွက် အခွင့်အရေးပိုများတယ်။ သူတို့က နိုင်ငံခြားကို ထွက်ကြတယ်။ မြန်မာနိုင်ငံတွင်းမှာတော့ ပညာရေးက အဆင်မပြေဘူးပေါ့နော်။ ကျွန်တော်ဆိုရင် ခုဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေးက ပျောက်ဆုံးနေတာ တံခါးပိတ်နေတာပေါ့။ ကိုယ့်ဟာကိုယ် တက်လမ်းရှိအောင် လုပ်ပေမယ့်လည်း တိုင်ပတ်နေတာကတော့ ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာ အတော်ကြီးကို အခက်အခဲကြုံရတယ်ပေါ့ ကျွန်တော်အမြင်မှာ။”

အခုဆို လူငယ်တော်တော်များများ ပြည်ပမှာ အလုပ်လုပ်နိုင်ဖို့အတွက်ရော၊ ဆက်လက် ပညာသင်နိုင်ကြဖို့အတွက်ပါ ဘာသာစကားလေ့လာမှုတွေ ပိုလုပ်လာကြတယ်လို့ ဂျပန်ဘာသာစကား သင်တန်းကျောင်းတခုက ဆရာတစ်ဦးက ဗွီအိုအေ ကို ပြောပြပါတယ်။

“နိုင်ငံရေးက ဒီလိုဖြစ်သွားတော့ အပြင်တွေလဲ သိပ်မထွက်ရတော့ သူတို့က အိမ်ထဲမှာပဲ စာတွေ လေ့လာကြတယ်ပေါ့။ အရင်ကထက်ပိုပြီးတော့ လေ့လာတဲ့ သင်တန်းသားတွေ ပိုပြီးတော့ များလာတယ်ပေါ့နော်။ ပြီးတော့ အတန်းသားတွေက အပြင်လဲ သိပ်မထွက်ရဘူး။ အလုပ်အကိုင်တွေ လည်း သိပ်အဆင်မပြေကြတော့ သူတို့က ဂျပန်သွားဖို့ အနာဂတ်လေးတစ်ခု ထားထားတယ်။ သူတို့က ဒီဘာမှ မလုပ်ရတဲ့ အားနေတဲ့ အချိန်မှာ သင်တန်းလေးတခု တက်ထားမယ်ပေါ့။ အဲ့တော့ နဂိုထက်တော့ လူတွေ ပိုများလာတယ်ပေါ့။”

ကိုဗစ်ကပ်ရောဂါ ကာလဖြစ်နေတာရော စစ်တပ်က အာဏာသိမ်း အုပ်ချုပ်နေချိန်ဖြစ်တာမို့ အလုပ်အကိုင်တွေ အရင်ထက် ပိုပြီးရှားနေပါတယ်။ ဂျပန်ဘာသာလို ဘာသာစကားသင်ကြားမှု အပါအဝင် အွန်လိုင်းကနေ ပညာဆက်ရှာနေသူတွေမှာ နောက်ထပ် အခက်အခဲတခုလည်း ရှိပါသေးတယ်။ အင်တာနက် အခက်အခဲကြောင့် ပညာသင်ယူဖို့ ခက်ခဲတဲ့ ကျောင်းသား ၃၀ ရာခိုင်နှုန်း လောက်ရှိတယ်လို့ ဂျပန်ဘာသာသင်ဆရာက ပြောပြပါတယ်။

“နယ်ဘက်ကနေ တက်ကြတဲ့ ကျောင်းသားတွေက တချို့တွေ လိုင်းဖြတ်ခံရတာတို့၊ 2G လောက်ပဲ အင်တာနက် ဖွင့်ပေးတာတို့၊ တချို့တွေဆို မနက်ပိုင်းပဲအင်တာနက် ရပြီး ညနေပိုင်း မရတာတို့ အဲ့တာမျိုးတွေ ရှိတယ်။ များလားဆိုတော့ တရာ ရာခိုင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းလောက်တော့ ရှိတယ်ဗျ။”

ရခိုင်ပြည်နယ် မာန်အောင်မြို့က Change Maker School က ရခိုင်ပြည်က လူငယ်တွေအတွက် နိုင်ငံရေး၊ လှုမှုရေး၊ စီးပွားရေး ဘာသာရပ်တချို့နဲ့ ဘာသာစကား စသဖြင့် လေ့လာနိုင်ဖို့ ဒေသဖွံ့ဖြိုးရေး အကျိုးပြု လုပ်နေတဲ့ ကျောင်းတခုဖြစ်ပါတယ်။ အဲ့ဒီကျောင်းကနေ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ကျောင်းတချို့နဲ့ ပြည်ပနိုင်ငံတချို့က ကျောင်းတွေကို ပညာသင်ဆုနဲ့ ကျောင်းတက်နိုင်ဖို့အတွက် လုပ်ပေးနေတာတွေလည်း ရှိပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေ တွေကြောင့် ပြည်တွင်းမှာရှိတဲ့ ကျောင်းတချို့ ပိတ်တာတွေ ရှိသလို လက်ရှိ ပဋိပက္ခတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပြီး ကျောင်းသွားမတက်နိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိနေတာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းတွေ နည်းလာတယ်လို့ Change Maker Schoolရဲ့ Manager အဖြစ်တာဝန်ယူထားတဲ့ ကိုဇော်လင်းဦးက ဗွီအိုအေ ကိုပြောပြပါတယ်။

“တော်တော်များများ အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ လူငယ်တယောက် အနေနဲ့ပေါ့။ ကျွန်တော်တို့ ကျောင်းက လူငယ်တချို့ဆိုလို့ရှိရင် Scholarship တွေရတယ်။ သူတို့ သွားတက်ဖို့ ပြင်ဆင်ထားပြီပေါ့။ ဒါပေမယ့် ဒီလို နိုင်ငံရေးအခြေအနေ အကြောင်းအမျိုးမျိုးကြောင့်နဲ့ မသွားလိုက်ရဘူးပေါ့။ အွန်လိုင်းကနေ သင်လို့ရတဲ့ ကျောင်းသားတွေ ရှိပေမယ့် တချို့တွေက အွန်လိုင်းကနေ သင်လို့မရတာတွေလည်းရှိတယ်။ အဲ့တာတွေကြောင့် လူငယ်တွေရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်ပေါ့။

တစ်ခြားတခုက အင်တာနက်လိုင်းတွေကလည်း ကျွန်တော်တို့ဖက်မှာက နည်းနည်း ညံ့တာမျိုးရှိတယ်ပေါ့။ အဲ့တော့ အွန်လိုင်းက သင်တယ်ဆိုတာမှာ အင်တာနက်လိုင်းတွေက သင့်တော်သလောက်မကောင်းဘူးဆိုရင် ကျွန်တော်တို့ အွန်လိုင်း သင်တဲ့ ကျောင်းသားတွေ အနေနဲ့လည်း အဆင်မပြေတာတွေ ရှိတယ်ပေါ့။ တချို့ကျောင်းတွေဆိုရင် ရပ်တန့်သွားတာတွေ ရှိတယ်ပေါ့။ အရင်နှစ်တွေကဆိုရင် Scholar နဲ့ ခေါ်တဲ့ကျောင်းတွေက ၂၀၊ ၃၀ လောက်ရှိတယ်ပေါ့ ပြည်တွင်းထဲမှာ။ ဒီနှစ်ဆိုရင် သိပ်ကို နည်းသွားတယ်။ တချို့ နိုင်ငံရေးဘာသာရပ်တွေကို သင်နေတဲ့ ကျောင်းတွေ ဆိုလို့ရှိရင် သူတို့က လုံးဝ နာမည်ဖျောက်ထားရတာမျိုးတွေပေါ့။ နိုင်ငံရေး အခြေအနေတွေကြောင့်။”

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်ကတည်းက အထက်တန်းကျောင်း၊ တက္ကသိုလ်ကျောင်းတွေကို ပိတ်ထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ အခြေအနေတွေ ပိုပြီး မတည်မငြိမ်ဖြစ်နေတာကြောင့် ကျောင်းတွေပုံမှန် ပြန်မဖွင့်သေးသလို၊ စီးပွားရေးလုပ်ငန်း တော်တော်များများ ထိခိုက်နေတာကြောင့် လူငယ်တွေအတွက် ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းမေ ျှာ်လင့်ချက်တွေ ပျောက်ဆုံးနေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG