သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တမူးမွာ ညဘက္ထြက္သူေတြကို ပစ္ခတ္ဖမ္းဆီးလို႔ လူငယ္တခ်ိဳ႕ေသဆုံး


တမူးၿမဳိ႕။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

စစ္ကိုင္းတိုင္းေဒသႀကီး၊ တမူးၿမိဳ႕နယ္ဘက္မွာ ညမထြက္ရအမိန္႔ ထုတ္ထားတဲ့အခ်ိန္ ညပိုင္းထြက္တဲ့လူငယ္ေတြကို စစ္ေကာင္စီ လံုျခံဳေရးတပ္ေတြက ပစ္ခတ္ဖမ္းဆီးလို႔ လူငယ္တခ်ိဳ႕ေသဆံုးခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ေသဆံုးသူေတြကို ႐ုပ္အေလာင္းကို မိသားစုက ျပန္မရခဲ့သလို၊ ဖမ္းဆီးခံရသူေတြကိုလည္း သက္ဆိုင္ရာမိသားစုေတြက ေတြ႕ခြင့္ရေသးပါဘူး။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ နိုင္ကြန္းအိန္ကေန ေျပာျပေပးမွာပါ။

ညမထြက္ရအမိန္႕ထုတ္ျပန္ထားတဲ့ တမူးၿမိဳ႕နယ္မွာ ညဘက္အလည္ျပန္လာတဲ့လူငယ္ေတြဟာ စစ္ေကာင္စီတပ္ေတြကေန ပစ္ခတ္ဖမ္းဆီးျခင္းခံခဲ့ရပါတယ္။

ဇူလိုင္လ ၁၀ ရက္ညမွာ တမူးၿမိဳ႕နယ္ ကြ်န္းပင္သာရြာကေန အလည္ျပန္လာတဲ့ ေနာင္ကက္ေက်းရြာက လူငယ္ ၆ ဦး ဟာ လမ္းမွာ စစ္ေကာင္စီတပ္နဲ႔ ထိပ္တိုက္တိုးၿပီး ပစ္ခတ္ ဖမ္းဆီးခံရမႈေၾကာင့္ ၄ ဦးေသဆုံးသြားတယ္လို႔ ေသဆုံးသူရဲ႕မိသားစု၀င္တဦးက ေျပာပါတယ္။

"အဲဒီေကာင္ေလး အကုန္လုံး သူတို႔က ၆ ေယာက္။ ျဖစ္စဥ္က ဒီလို အဲဒီကေလးေတြက ကြ်န္းပင္သာကို အလည္လာတာ။ အခုတေလာ စစ္သားေတြက ညညဆိုေသနတ္ေတြလာေဖာက္တယ္။ ေကာင္ေလးေတြက ည ၉ နာရီ၊ ၁၀ နာရီ ေလာက္ရြာကို ျပန္သြားတာ။ ျပန္သြားတဲ့အခါက်ေတာ့ အဲဒီေသနတ္လာေဖာက္တဲ့ အဖြဲ႕အစည္းေတြနဲ႔ လမ္းမွာတခါတည္းေတြ႔သြားတာ။ အဲဒီမွာ ပစ္ၿပီးေတာ့မွ ႏွစ္ေယာက္ ပြဲျခင္းၿပီးေသသြားတယ္။ တေယာက္က အဲဒီအခင္းျဖစ္ပြါးတဲ့အခ်ိန္မွာ ထြက္ေျပးသြားတယ္။ လြတ္ေျမာက္သြားၿပီ။ ႏွစ္ေယာက္ကို သတ္ပစ္ၿပီးေတာ့ အဲဒီအေလာင္း ၂ ေလာင္းရယ္၊ ၃ ေယာက္ကို ကားေပၚတင္ၿပီးေတာ့မွ ေနာက္တေန႔က်ေတာ့ ဒီတေယာက္ပဲ ျပန္လြတ္တယ္။ ႏွစ္ေယာက္က ဖမ္းဆီးၿပီးမွေသတာ။"

ကၽြန္းပင္သာနဲ႔ မင္းသာေက်းရြာၾကား တံတားေပၚ စစ္တပ္နဲ႔ တိုးစဥ္ ပစ္ခတ္မႈအတြင္း ၂ ဦး ပြဲခ်င္းၿပီး ေသဆုံးသြားၿပီး ဒဏ္ရာရသူ ၃ ဦး အဖမ္းဆီးခံရၿပီးေတာ့ တဦးကေတာ့ ထြက္ေျပး လြတ္ေျမာက္သြားခဲ့ပါတယ္။ အဖမ္းခံရတဲ့ ၃ ေယာက္ကို မင္းသာ အေျခစိုက္တပ္စခန္းမွာ ဖမ္းဆီးထိန္းသိမ္းထားၿပီး အဖမ္းဆီးခံရစဥ္ဒဏ္ရာရသူ ၃ ဦးထဲက ၂ ဦး ထပ္မံေသဆုံးသြားခဲ့ပါတယ္။

ေသဆုံးသြားတဲ့သူေတြရဲ႕ ရုပ္အေလာင္းကို စစ္တပ္ဘက္က ျပန္မေပးတဲ့အတြက္ေၾကာင့္မေန႔ကပဲ ေနာင္ကက္ရြာမွာ အေလာင္းမဲ့သၿဂိၤဳလ္လိုက္ရပါတယ္။

"က်ေနာ္တို႔ သြားေတာင္းတယ္။ မရဘူး။ သူကေကာင္းေကာင္းမြန္မြန္ သၿဂိၤဳလ္ေပးပါတယ္ဆိုၿပီးေတာ့ အဲဒီလိုပဲ ေျပာေပးလိုက္တယ္ သူ႕မိဘေတြကို။ အဲဒီ မေန႕က ေသသြားတဲ့ေကာင္ေလးေတြရဲ႕ မိဘေတြက တရြာလုံးက အသုဘအခန္းအနားလုပ္လိုက္တာေပါ့။ ဒါေပမဲ့ အေလာင္းမပါဘဲ လုပ္လိုက္တယ္။"

ေသဆုံးတဲ့သူ ၄ ဦးရဲ႕ရုပ္အေလာင္းကို စစ္တပ္ဘက္က ေျမျမဳပ္သၿဂိၤဳလ္လိုက္ၿပီလို႔ မိသားစုထံ အေၾကာင္းၾကားခဲ့တယ္လို႔ ေနာင္ကက္ရြာသစ္ေဒသခံတဦးက ေျပာပါတယ္။

ေသဆံုးသြားတဲ့ ေနာင္ကက္ရြာလူငယ္ ၄ ဦးကို အေလာင္းမဲ့သၿဂိၤဳလ္တဲ့ ျမင္ကြင္း။ (ဓါတ္ပုံ - Khonumthung ခ်င္းသတင္း - ဇူလိုင္လ ၁၃၊ ၂၀၂၁)
ေသဆံုးသြားတဲ့ ေနာင္ကက္ရြာလူငယ္ ၄ ဦးကို အေလာင္းမဲ့သၿဂိၤဳလ္တဲ့ ျမင္ကြင္း။ (ဓါတ္ပုံ - Khonumthung ခ်င္းသတင္း - ဇူလိုင္လ ၁၃၊ ၂၀၂၁)

စစ္ေကာင္စီပစ္ခတ္မႈေၾကာင့္ ေသဆုံးသူ ၄ ဦးမွာ အသက္ ၂၃ ႏွစ္အရြယ္ ငမ္က်င္ေပါင္၊ အသက္ ၁၇ ႏွစ္အရြယ္ မာန္ဂိုးေဟာင္၊ အသက္ ၁၆ ႏွစ္အရြယ္ ဒိုခိုလက္နဲ႔ အသက္ ၁၈ ႏွစ္အရြယ္ ေပါင္ဂင္းမာန္တို႔ျဖစ္ၾကပါတယ္။

ေနာင္ကက္ရြာသစ္ဟာ တမူးၿမိဳ႕နဲ႔ မိုင္ ၂၀ ေလာက္ကြာေဝးၿပီး ကူကီးခ်င္းလူမ်ိဴးအမ်ားစုေနထိုင္ၾကပါတယ္။

စစ္တပ္ကေန ပစ္ခတ္ဖမ္းဆီးခဲ့တဲ့ျဖစ္စဥ္နဲ႔ပက္သက္ၿပီး တပ္မေတာ္ျပန္ၾကားေရးတာဝန္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ေမးျမန္းခဲ့ရာမွာ ဒီျဖစ္စဥ္မရွိခဲ့ေၾကာင္း ျငင္းဆိုပါတယ္။

"ဇူလိုင္လ ၁၀ ရက္ေန႕မွာေတာ့ မရွိပါဘူးဗ်။ က်ေနာ္တို႔ ဒီ ဟိုဟာထဲမွာေတာ့။"

အလားတူ တမူးၿမိဳ႕နယ္ ကၽြန္းပင္သာေက်းရြာေန လူငယ္ ၄ ဦးဟာလည္း ညဘက္လယ္ေတာကေန ဆိုင္ကယ္နဲ႔ ျပန္လာစဥ္မွာ စစ္တပ္ကေန လမ္းမွာ ဖမ္းဆီးထားၿပီး လက္ရွိရဲစခန္းမွာ ခ်ဳပ္ေႏွာင္းထားလို႔ မိသားစု၀င္ေတြနဲ႕ေတြ႕ခြင့္မရဘူးလို႔ ကၽြန္းပင္သာ ေက်းရြာသားတဦးကေျပာပါတယ္။

"က်ေနာ္တို႔ ရြာက လူငယ္ ၄ ေယာက္ေပါ့ေလ။ သူတို႕က လယ္လုပ္ၾကတာ။ ဒီအခ်ိန္မွာက်ေနာ္တို႔ေတာင္သူ စပါးစိုက္တဲ့အခ်ိန္ကို။ လယ္နဲ႔ က်ေနာ္တို႔ ရြာနီးနီးေလးဆိုေတာ့ သူတို႕အဲဒီ ၄ ေယာက္က ဘယ္လိုျဖစ္သလဲဆိုေတာ့ တဲမွာ သူတို႔ သူငယ္ခ်င္းေတြဆီမွာ ၀င္ၿပီးေတာ့ စကားေျပာၾကတာေပါ့၊ အလယ္သြားၾကတာေပါ့။ ျပန္လာတဲ့အခ်ိန္မွာ ကားလမ္းမွာ စစ္ေကာင္စီကားနဲ႔ ထိပ္တိုက္ေတြ႕သြား တယ္။ အဲဒီစစ္ေကာင္စီကားကေန တခါထဲဖမ္းလိုက္တာ။ ဖမ္းၿပီးေတာ့ က်ေနာ္တို႔ မိဘေတြေနၿပီးေတာ့ တမူးတပ္စခန္းကိုသြားၿပီး ေတာ့ စုံစမ္းၾကတယ္။ စုံစမ္းတဲ့အခါက်ေတာ့ ၀င္ခြင့္မျပဳဘူး။ သူတို႕နဲ႕လည္းေတြ႕ခြင့္မရဘူး။ မိဘေတြကို သူတို႔ဘယ္လိုျပန္ေျပာသလဲ ဆိုေတာ့ သူတို႔ဆီက တေယာက္ကို ဗုံးတလုံးေတြ႕လို႕တဲ့။ အမ်ိဳးမ်ိဳးပဲ သူတို႕ျပန္ေျပာလိုက္တယ္။ တပ္စခန္းကေနၿပီးေတာ့မွ ရဲစခန္းကို လႊဲလိုက္ၿပီ။ အခုဟာ တမူးရဲစခန္းေရာက္ၿပီ။ က်ေနာ္တို႔ မေန႕က အေတြ႕မခံဘူး။ က်ေနာ္တို႔ ၾကားတာေတာ့ ညမထြက္ရ အမိန္႕ထင္တယ္။ ပုဒ္မ ၁၄၄ အရ ၃ လေလာက္ ဖမ္းခ်ဳပ္မယ့္ သေဘာရွိတယ္။"

ဖမ္းဆီးခံထားရတဲ့ ကၽြန္းပင္သာ ေက်းရြာသား လူငယ္ေတြဟာ အသက္၂၀ အရြယ္ဝန္းက်င္ ျဖစ္ၾကသလို လူငယ္ေတြစီးလာတဲ့ သိမ္းဆည္းဆိုင္ကယ္ ၂ စီးကိုလည္း စစ္တပ္ဘက္က ျပန္မေပးေသးဘူးလို႔ သူက ဆိုပါတယ္။

တမူးၿမိဳ႕နယ္မွာ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားသလို စစ္ေကာင္စီကို ဆန္႔က်င္တိုက္ခိုက္ေနတဲ့ ေဒသခံကာကြယ္ေရး PDF အဖြဲ႕ေတြရွိတဲ့ ေဒသလည္း ျဖစ္ပါတယ္။

တမူးၿမိဳ႕နယ္ လူအခြင့္အေရးလႈပ္ရွားသူတဦးကေတာ့ လူငယ္ေတြ ပစ္ခတ္ဖမ္းဆီးခံေနရတဲ့ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အခုလို သုံးသပ္ေျပာဆိုပါတယ္။

"အခုခ်ိန္မွာေတာ့ သူတို႕ေျပာတဲ့ဟာမ်ိဳးေတြေပါ့။ PDF ကိစၥေတြလည္း ေပၚေနတဲ့အခ်ိန္ဆိုေတာ့ အဲဒီလို စဥ္းစားစရာေတာ့ ရွိတယ္ေပါ့ေလ။ တဘက္မွာေတာ့ ညမထြက္ရအမိန္႔ ထုတ္ထားတဲ့အခါမွာ အဲဒါ သူတို႕ေက်ာ္လြန္ၿပီးေတာ့ ထြက္လာတာေတာ့ ဒါကေတာ့ သူတို႕အမွားလို႕ေျပာလို႕ရတယ္။ ဒီဥပေဒအမိန္႔ကို မနာခံလိုဟာမ်ိဳးသြားျဖစ္ေနတယ္။ ဒါေပမဲ့ အဲဒါကို ဒီလိုမ်ိဳးေတြ႕ရင္ေတာင္မွ ပစ္သတ္ၿပီးေတာ့ေျဖရွင္းတဲ့ကိစၥ မေျဖရွင္းဘဲနဲ႔ သူတို႕ ထိပ္တိုက္ေတြ႕ရင္လည္း ဖမ္းၿပီးေတာ့ ေကာင္းေကာင္းမြန္မြန္ထိန္းသိမ္းထား မိသားစုေတြနဲ႕ ဆက္သြယ္ၿပီးေတာ့ ဆုံးမစရာရွိရင္ နည္းနည္း ဆုံးမၿပီးေတာ့ ျပန္လႊတ္တဲ့ဟာမ်ိဳးေတြေပါ့ေနာ္။ ဒီလိုမ်ိဳးပစ္သတ္တဲ့ ဟာမ်ိဳးက်ေတာ့လည္း တဘက္မွာလည္း ရက္စက္ရာ အရမ္းက်နိုင္တယ္ေပါ့ေလ။"

အခုလုိ ကူကီးလူငယ္ေတြ ပစ္သတ္ခံရမႈ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး တမူးခရိုင္ အရပ္ဘက္အဖြဲ႕အစည္းမ်ားကြန္ရက္အေနနဲ႔ အဆိုပါ လူငယ္ေတြဟာ ဘယ္လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ဆက္ႏြယ္မႈမရွိဘူးလို႔ ဇူလိုင္လ ၁၁ ရက္ေန႔ ရက္စြဲနဲ႔ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ တမူးခရိုင္အတြင္း လက္နက္မဲ့ ကူကီးလူငယ္ေတြအေပၚ လက္နက္အားကိုးၿပီး မတရား ဖမ္းဆီးသတ္ျဖတ္ျခင္းႏွင့္ လူမ်ိဳးေရးပဋိပကၡျဖစ္ေစရန္ ဖန္တီးလုပ္ေဆာင္မႈေတြကို အျမန္ဆုံးရပ္တန္႔ဖို႔နဲ႔ အၾကမ္းဖက္ေတြကို ဆက္လက္ လုပ္ေဆာင္ေနမယ္ဆိုရင္ ေနာက္ေနာင္ ျဖစ္ပ်က္လာမယ့္ ကိစၥအဝဝ အတြက္ တာဝန္ယူမွာမဟုတ္ေၾကာင္း တမူးခရိုင္ အရပ္ဘက္ အဖြဲ႔အစည္းမ်ား ကြန္ရက္ရဲ႕ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တမူးမှာ ညဘက်ထွက်သူတွေကို ပစ်ခတ်ဖမ်းဆီးလို့ လူငယ်တချို့သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်ဘက်မှာ ညမထွက်ရအမိန့် ထုတ်ထားတဲ့အချိန် ညပိုင်းထွက်တဲ့လူငယ်တွေကို စစ်ကောင်စီ လုံခြုံရေးတပ်တွေက ပစ်ခတ်ဖမ်းဆီးလို့ လူငယ်တချို့သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ သေဆုံးသူတွေကို ရုပ်အလောင်းကို မိသားစုက ပြန်မရခဲ့သလို၊ ဖမ်းဆီးခံရသူတွေကိုလည်း သက်ဆိုင်ရာမိသားစုတွေက တွေ့ခွင့်ရသေးပါဘူး။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ ပြောပြပေးမှာပါ။

ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ တမူးမြို့နယ်မှာ ညဘက်အလည်ပြန်လာတဲ့လူငယ်တွေဟာ စစ်ကောင်စီတပ်တွေကနေ ပစ်ခတ်ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

ဇူလိုင်လ ၁၀ ရက်ညမှာ တမူးမြို့နယ် ကျွန်းပင်သာရွာကနေ အလည်ပြန်လာတဲ့ နောင်ကက်ကျေးရွာက လူငယ် ၆ ဦး ဟာ လမ်းမှာ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တိုးပြီး ပစ်ခတ် ဖမ်းဆီးခံရမှုကြောင့် ၄ ဦးသေဆုံးသွားတယ်လို့ သေဆုံးသူရဲ့မိသားစုဝင်တဦးက ပြောပါတယ်။

"အဲဒီကောင်လေး အကုန်လုံး သူတို့က ၆ ယောက်။ ဖြစ်စဉ်က ဒီလို အဲဒီကလေးတွေက ကျွန်းပင်သာကို အလည်လာတာ။ အခုတလော စစ်သားတွေက ညညဆိုသေနတ်တွေလာဖောက်တယ်။ ကောင်လေးတွေက ည ၉ နာရီ၊ ၁၀ နာရီ လောက်ရွာကို ပြန်သွားတာ။ ပြန်သွားတဲ့အခါကျတော့ အဲဒီသေနတ်လာဖောက်တဲ့ အဖွဲ့အစည်းတွေနဲ့ လမ်းမှာတခါတည်းတွေ့သွားတာ။ အဲဒီမှာ ပစ်ပြီးတော့မှ နှစ်ယောက် ပွဲခြင်းပြီးသေသွားတယ်။ တယောက်က အဲဒီအခင်းဖြစ်ပွါးတဲ့အချိန်မှာ ထွက်ပြေးသွားတယ်။ လွတ်မြောက်သွားပြီ။ နှစ်ယောက်ကို သတ်ပစ်ပြီးတော့ အဲဒီအလောင်း ၂ လောင်းရယ်၊ ၃ ယောက်ကို ကားပေါ်တင်ပြီးတော့မှ နောက်တနေ့ကျတော့ ဒီတယောက်ပဲ ပြန်လွတ်တယ်။ နှစ်ယောက်က ဖမ်းဆီးပြီးမှသေတာ။"

ကျွန်းပင်သာနဲ့ မင်းသာကျေးရွာကြား တံတားပေါ် စစ်တပ်နဲ့ တိုးစဉ် ပစ်ခတ်မှုအတွင်း ၂ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ဒဏ်ရာရသူ ၃ ဦး အဖမ်းဆီးခံရပြီးတော့ တဦးကတော့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ အဖမ်းခံရတဲ့ ၃ ယောက်ကို မင်းသာ အခြေစိုက်တပ်စခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အဖမ်းဆီးခံရစဉ်ဒဏ်ရာရသူ ၃ ဦးထဲက ၂ ဦး ထပ်မံသေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားတဲ့သူတွေရဲ့ ရုပ်အလောင်းကို စစ်တပ်ဘက်က ပြန်မပေးတဲ့အတွက်ကြောင့်မနေ့ကပဲ နောင်ကက်ရွာမှာ အလောင်းမဲ့သဂြိၤုလ်လိုက်ရပါတယ်။

"ကျနော်တို့ သွားတောင်းတယ်။ မရဘူး။ သူကကောင်းကောင်းမွန်မွန် သဂြိၤုလ်ပေးပါတယ်ဆိုပြီးတော့ အဲဒီလိုပဲ ပြောပေးလိုက်တယ် သူ့မိဘတွေကို။ အဲဒီ မနေ့က သေသွားတဲ့ကောင်လေးတွေရဲ့ မိဘတွေက တရွာလုံးက အသုဘအခန်းအနားလုပ်လိုက်တာပေါ့။ ဒါပေမဲ့ အလောင်းမပါဘဲ လုပ်လိုက်တယ်။"

သေဆုံးတဲ့သူ ၄ ဦးရဲ့ရုပ်အလောင်းကို စစ်တပ်ဘက်က မြေမြုပ်သဂြိၤုလ်လိုက်ပြီလို့ မိသားစုထံ အကြောင်းကြားခဲ့တယ်လို့ နောင်ကက်ရွာသစ်ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးသူ ၄ ဦးမှာ အသက် ၂၃ နှစ်အရွယ် ငမ်ကျင်ပေါင်၊ အသက် ၁၇ နှစ်အရွယ် မာန်ဂိုးဟောင်၊ အသက် ၁၆ နှစ်အရွယ် ဒိုခိုလက်နဲ့ အသက် ၁၈ နှစ်အရွယ် ပေါင်ဂင်းမာန်တို့ဖြစ်ကြပါတယ်။

နောင်ကက်ရွာသစ်ဟာ တမူးမြို့နဲ့ မိုင် ၂၀ လောက်ကွာဝေးပြီး ကူကီးချင်းလူမျိူးအများစုနေထိုင်ကြပါတယ်။

စစ်တပ်ကနေ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်နဲ့ပက်သက်ပြီး တပ်မတော်ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒီဖြစ်စဉ်မရှိခဲ့ကြောင်း ငြင်းဆိုပါတယ်။

"ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ မရှိပါဘူးဗျ။ ကျနော်တို့ ဒီ ဟိုဟာထဲမှာတော့။"

အလားတူ တမူးမြို့နယ် ကျွန်းပင်သာကျေးရွာနေ လူငယ် ၄ ဦးဟာလည်း ညဘက်လယ်တောကနေ ဆိုင်ကယ်နဲ့ ပြန်လာစဉ်မှာ စစ်တပ်ကနေ လမ်းမှာ ဖမ်းဆီးထားပြီး လက်ရှိရဲစခန်းမှာ ချုပ်နှောင်းထားလို့ မိသားစုဝင်တွေနဲ့တွေ့ခွင့်မရဘူးလို့ ကျွန်းပင်သာ ကျေးရွာသားတဦးကပြောပါတယ်။

"ကျနော်တို့ ရွာက လူငယ် ၄ ယောက်ပေါ့လေ။ သူတို့က လယ်လုပ်ကြတာ။ ဒီအချိန်မှာကျနော်တို့တောင်သူ စပါးစိုက်တဲ့အချိန်ကို။ လယ်နဲ့ ကျနော်တို့ ရွာနီးနီးလေးဆိုတော့ သူတို့အဲဒီ ၄ ယောက်က ဘယ်လိုဖြစ်သလဲဆိုတော့ တဲမှာ သူတို့ သူငယ်ချင်းတွေဆီမှာ ဝင်ပြီးတော့ စကားပြောကြတာပေါ့၊ အလယ်သွားကြတာပေါ့။ ပြန်လာတဲ့အချိန်မှာ ကားလမ်းမှာ စစ်ကောင်စီကားနဲ့ ထိပ်တိုက်တွေ့သွား တယ်။ အဲဒီစစ်ကောင်စီကားကနေ တခါထဲဖမ်းလိုက်တာ။ ဖမ်းပြီးတော့ ကျနော်တို့ မိဘတွေနေပြီးတော့ တမူးတပ်စခန်းကိုသွားပြီး တော့ စုံစမ်းကြတယ်။ စုံစမ်းတဲ့အခါကျတော့ ဝင်ခွင့်မပြုဘူး။ သူတို့နဲ့လည်းတွေ့ခွင့်မရဘူး။ မိဘတွေကို သူတို့ဘယ်လိုပြန်ပြောသလဲ ဆိုတော့ သူတို့ဆီက တယောက်ကို ဗုံးတလုံးတွေ့လို့တဲ့။ အမျိုးမျိုးပဲ သူတို့ပြန်ပြောလိုက်တယ်။ တပ်စခန်းကနေပြီးတော့မှ ရဲစခန်းကို လွှဲလိုက်ပြီ။ အခုဟာ တမူးရဲစခန်းရောက်ပြီ။ ကျနော်တို့ မနေ့က အတွေ့မခံဘူး။ ကျနော်တို့ ကြားတာတော့ ညမထွက်ရ အမိန့်ထင်တယ်။ ပုဒ်မ ၁၄၄ အရ ၃ လလောက် ဖမ်းချုပ်မယ့် သဘောရှိတယ်။"

ဖမ်းဆီးခံထားရတဲ့ ကျွန်းပင်သာ ကျေးရွာသား လူငယ်တွေဟာ အသက်၂၀ အရွယ်ဝန်းကျင် ဖြစ်ကြသလို လူငယ်တွေစီးလာတဲ့ သိမ်းဆည်းဆိုင်ကယ် ၂ စီးကိုလည်း စစ်တပ်ဘက်က ပြန်မပေးသေးဘူးလို့ သူက ဆိုပါတယ်။

တမူးမြို့နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသလို စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။

တမူးမြို့နယ် လူအခွင့်အရေးလှုပ်ရှားသူတဦးကတော့ လူငယ်တွေ ပစ်ခတ်ဖမ်းဆီးခံနေရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ပြောဆိုပါတယ်။

"အခုချိန်မှာတော့ သူတို့ပြောတဲ့ဟာမျိုးတွေပေါ့။ PDF ကိစ္စတွေလည်း ပေါ်နေတဲ့အချိန်ဆိုတော့ အဲဒီလို စဉ်းစားစရာတော့ ရှိတယ်ပေါ့လေ။ တဘက်မှာတော့ ညမထွက်ရအမိန့် ထုတ်ထားတဲ့အခါမှာ အဲဒါ သူတို့ကျော်လွန်ပြီးတော့ ထွက်လာတာတော့ ဒါကတော့ သူတို့အမှားလို့ပြောလို့ရတယ်။ ဒီဥပဒေအမိန့်ကို မနာခံလိုဟာမျိုးသွားဖြစ်နေတယ်။ ဒါပေမဲ့ အဲဒါကို ဒီလိုမျိုးတွေ့ရင်တောင်မှ ပစ်သတ်ပြီးတော့ဖြေရှင်းတဲ့ကိစ္စ မဖြေရှင်းဘဲနဲ့ သူတို့ ထိပ်တိုက်တွေ့ရင်လည်း ဖမ်းပြီးတော့ ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထား မိသားစုတွေနဲ့ ဆက်သွယ်ပြီးတော့ ဆုံးမစရာရှိရင် နည်းနည်း ဆုံးမပြီးတော့ ပြန်လွှတ်တဲ့ဟာမျိုးတွေပေါ့နော်။ ဒီလိုမျိုးပစ်သတ်တဲ့ ဟာမျိုးကျတော့လည်း တဘက်မှာလည်း ရက်စက်ရာ အရမ်းကျနိုင်တယ်ပေါ့လေ။"

အခုလို ကူကီးလူငယ်တွေ ပစ်သတ်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တမူးခရိုင် အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်အနေနဲ့ အဆိုပါ လူငယ်တွေဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှုမရှိဘူးလို့ ဇူလိုင်လ ၁၁ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တမူးခရိုင်အတွင်း လက်နက်မဲ့ ကူကီးလူငယ်တွေအပေါ် လက်နက်အားကိုးပြီး မတရား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လူမျိုးရေးပဋိပက္ခဖြစ်စေရန် ဖန်တီးလုပ်ဆောင်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့နဲ့ အကြမ်းဖက်တွေကို ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် နောက်နောင် ဖြစ်ပျက်လာမယ့် ကိစ္စအဝဝ အတွက် တာဝန်ယူမှာမဟုတ်ကြောင်း တမူးခရိုင် အရပ်ဘက် အဖွဲ့အစည်းများ ကွန်ရက်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG