သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕မွာ အသက္မျပည့္လူငယ္ ၂ ဦး ဖမ္းဆီးခံရ


ကေလးၿမိဳ႕ စစ္အာဏာရွင္ဆန္႔က်င္ေရး ညေနခင္း ပင္မသပိတ္စစ္ေၾကာင္း။ (ဇြန္ ၂၀၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

စစ္ကိုင္းတုိင္း ကေလးၿမိဳ႕မွာေတာ့ စစ္ေကာင္စီတပ္ေတြက မေန႔ညက လူ ၃ ေယာက္ကို ဖမ္းဆီးသြားခဲ့ၿပီး အဲဒီဖမ္းဆီးသြားသူေတြထဲမွာ အသက္မျပည့္ေသးတဲ့ လူငယ္ ၂ ဦးလည္း ပါဝင္တယ္လို႔ ကေလးၿမိဳ႕ခံေတြက ေျပာပါတယ္။ အခုလို အသက္မျပည့္ေသးတဲ့လူငယ္ေတြ အဖမ္းခံလိုက္ရတဲ့အတြက္ မိသားစုဝင္ေတြဘက္ကလည္း စိုးရိမ္မႈေတြ ရွိေနပါတယ္။ ဒီအေၾကာင္း အေသးစိတ္ကိုေတာ့ ကိုရန္ႏုိင္က စုစည္းတင္ျပေပးမွာ ျဖစ္ပါတယ္။

စစ္ကိုင္းတုိင္း ကေလးၿမိဳ႕မွာေတာ့ လူငယ္ ၂ ဦး အပါအဝင္ လူ ၃ ဦးကို စစ္ေကာင္စီတပ္ေတြက မေန႔ည သန္းေခါင္ေက်ာ္အခ်ိန္က ဝင္ေရာက္ဖမ္းဆီးတာေတြ လုပ္ခဲ့ပါတယ္။ ည ၁ နာရီခဲြ ၂ နာရီေလာက္က စစ္ကား ၅ စီးနဲ႔ ေရာက္လာခဲ့ၿပီး ဖမ္းဆီးသြားခဲ့တာျဖစ္ၿပီး ဒီထဲမွာ အသက္ ၁၂ ႏွစ္နဲ႔ ၁၅ ႏွစ္အရြယ္ အသက္မျပည့္ေသးတဲ့ လူငယ္ ၂ ဦး ပါဝင္တယ္လို႔ ကေလးၿမိဳ႕ခံတဦးက ေျပာပါတယ္။

“ကေလးၿမိဳ႕မွာ ညက လူ ၃ ေယာက္ အဖမ္းခံရတယ္။ တေယာက္ကေတာ့ ျမန္မာ့စီးပြားေရးဘဏ္မွာ CDM လုပ္ထားတဲ့ ဝန္ထမ္း၊ သူ႔နာမည္ကေတာ့ ေအာင္ျမတ္မိုး၊ ေနရပ္ကေတာ့ ကေလးၿမိဳ႕ ခ်မ္းေျမ့ေအာင္စည္ရပ္ကြက္ေပါ့။ ည ၂ နာရီေလာက္ႀကီး ဝင္ဖမ္းသြားတယ္။ ေနာက္တေယာက္က်ေတာ့ အေဖနဲ႔ အေမနဲ႔ အစ္ကိုကို ဖမ္းတာ မေတြ႔ေတာ့ သူ႔ကိုဖမ္းသြားတာ၊ သူက တအားဖ်ားနာၿပီးေတာ့ အိပ္ရာထဲလဲေနတာ၊ အသက္က ၁၂ ႏွစ္ပဲ ရွိေသးတယ္။ အဲဒီ ခ်မ္းေျမ့ေအာင္စည္ကပဲ ဧရာဝတီလက္ဖက္ရည္ဆုိင္က။ အဲဒီကေလးက်ေတာ့ ဖမ္းခ်င္တဲ့သူ မေတြ႔ေတာ့ ရွိတဲ့သူကို ေခၚသြားတဲ့ပုံစံမ်ိဳး၊ ဖ်ားလို႔ အိပ္ရာထဲကေတာင္ မထႏုိင္ဘူး။ တအားဖ်ားေနတာ အဲဒီကေလးတေယာက္ ပါသြားတယ္။ ေနာက္ၿပီးေတာ့ ကေလးၿမိဳ႕ ဘဲရင္းလို႔ေခၚတဲ့ ေနရာကေန ေက်ာ္မင္းခန္႔ေမာင္ဆုိတာ အသက္က ၁၅ ႏွစ္ပဲ ရွိေသးတယ္။ ညက ၃ ေယာက္ ဖမ္းတာမွာ အသက္မျပည့္ေသးတဲ့ ကေလး ၂ ေယာက္ပါတယ္။”

ဘာေၾကာင့္အဖမ္းခံရတယ္ဆုိတာကို စစ္ေကာင္စီဘက္က အခုခ်ိန္ထိ တရားဝင္ သတင္းထုတ္ျပန္တာ မရွိေသးေပမယ့္ မိသားစုဝင္ေတြကို ဖမ္းဆီးတာ မရလို႔ ဖမ္းဆီးသြားတာမ်ိဳး ျဖစ္ႏုိင္တယ္္လို႔ အဆုိပါ ကေလးၿမိဳ႕ခံက ဆက္ေျပာပါတယ္။

“၁၂ ႏွစ္သား ကေလးရဲ႕ အေဖ အေမၾကေတာ့ ၿပီးခဲ့တဲ့ မတ္လ ၂၇ ရက္က သူတုိ႔ရဲ႕အိမ္ကို ဒီလိုပဲ ဝုိင္းခံခဲ့ရတယ္။ သူ႔အေမက ညသပိတ္ေတြဘာေတြ လုပ္ေတာ့ အဲဒီတုန္းကလည္း တခါ ဝုိင္းခံခဲ့ရတယ္။ အခုတခါက်ေတာ့ အေဖ၊ အေမနဲ႔ အစ္ကိုကို ဖမ္းခ်င္းတာ မေတြ႔ေတာ့ ရွိတဲ့သူ ဖမ္းသြားတဲ့ပုံစံမ်ိဳးေပါ့။”

အဲဒီ ဖမ္းဆီးခံလိုက္ရတဲ့အထဲမွာ အသက္ ၁၅ ႏွစ္အရြယ္ ေမာင္ေက်ာ္မင္းခန္႔ေမာင္ ဆုိသူကေတာ့ ဒီေန႔မွာပဲ စစ္ေကာင္စီတပ္ေတြဘက္က ဖမ္းဆီးထားစဥ္ ေသဆုံးသြားခဲ့ၿပီး သူ႔ရဲ႕႐ုပ္အေလာင္းကို လာေရာက္ထုတ္ယူဖို႔ ေန႔လယ္ပုိင္းမွာ အရပ္ဝတ္နဲ႔ လူတေယာက္က ရပ္ကြက္ကို အေၾကာင္းၾကားလာတယ္လို႔ ဖခင္ျဖစ္သူက ကိုေက်ာ္ထင္က ေျပာပါတယ္။ ဒါေပမယ့္ အေလာင္းကို ထုတ္ယူဖို႔ သြားစဥ္မွာေတာ့ ရဲစခန္းက ေသဆုံးတာမဟုတ္ဘူးလို႔ ျပန္ၿပီး ေျာၾကားခဲ့ေၾကာင္း ေျပာပါတယ္။

မေန႔ညပိုင္းက ကေလးၿမိဳ႕မွာျဖစ္ခဲ့တဲ့ ပစ္ခတ္မႈေတြေၾကာင့္ လူ ၄ ေယာက္ ေသဆုံးသြားခဲ့တယ္လို႔ ျပည္တြင္းသတင္းေတြမွာ ေဖာ္ျပတာေတြ ရွိေနပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဗီြအိုေအအေနနဲ႔ သီးျခားအတည္ျပဳနုိင္ျခင္းေတာ့ မရွိပါဘူး။ ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီဘက္က ေမာင္ေက်ာ္မင္းခန္႔ေမာင္ကို ဝန္ခံခုိင္းတာေတြ ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚေနၿပီး အဲဒီအတြက္လည္း စိုးရိမ္မိတယ္လို႔ ဖခင္ျဖစ္သူ ကိုေက်ာ္ထင္က ေျပာပါတယ္။

“သူတုိ႔ ညက လူေသမႈျဖစ္တဲ့ ျဖစ္စဥ္က ၈ နာရီခဲြေလာက္မွာျဖစ္တာ။ ၈ နာရီခဲြေပါ့။ အခုက ည ၁၂ နာရီခဲြေက်ာ္ၿပီး ၁ နာရီေလာက္မွာ ျဖစ္တာ။ က်ေနာ့္သားမွာ ဘာလက္နက္မွ မပါဘူးေလဗ်ာ။ ၿပီးေတာ့ အဲဒီ ေသတဲ့လူေတြ ရပ္ကြက္က အိမ္နီးနားခ်င္းေတြ ေျပာတာက ေသနတ္နဲ႔ပစ္တာ၊ ေသနတ္သံေတြ အက်ယ္ႀကီးၾကားရတာက စစ္ကားေတြလာတာ၊ စစ္ကားေတြလာၿပီးမွ ေသနတ္သံေတြ ၾကားရတာလို႔ ေျပာတယ္။ က်ေနာ့္သားကို အဲဒီကိစၥကို လႊဲခ်မွာေတာ့ စိုးရိမ္တယ္။ မေသဘူးဆုိရင္ေပါ့။ စိုးရိမ္လားဆုိရင္ေတာ့ စိုးရိမ္တာေပါ့။ ေျပာခ်င္တာက စစ္ေၾကာေရးမွာက သိတဲ့အတုိင္း က်ေနာ္တုိ႔ ျမင္ဖူးၾကားဖူး သိဖူးတာကေတာ့ စစ္ေၾကာေရးမွာ မတရားႏွိပ္စက္တာတို႔၊ မဟုတ္လည္း ဝန္ခံခုိင္းတာတုိ႔၊ က်ေနာ့္သားကို အဲဒီလို ႏွိပ္စက္လို႔ ေသသြားမွာ၊ ဒါမွမဟုတ္ မေသဘူးဆုိလည္း အဲဒီ ဟိုကိစၥကို မဟုတ္ဘဲ ဝန္ခံခုိင္းတာမ်ိဳး အျပစ္ပုံခ်တာမ်ိဳးေတြ လုပ္သြားမွာေတာ့ တအားစိုးရိမ္တယ္ဗ်။”

စစ္ေကာင္စီဘက္က ဖမ္းဆီးထားစဥ္အတြင္းမွာ စစ္ေကာင္စီတပ္ဖဲြ႔ဝင္ေတြရဲ႕ ညႇဥ္းပန္းႏွိပ္စက္မႈေတြေၾကာင့္ ေသဆုံးတာေတြလည္း အေတာ္မ်ားမ်ား ရွိခဲ့တာေၾကာင့္ ဖမ္းဆီးခံရသူေတြရဲ႕ မိသားစုဝင္ေတြက စိုးရိမ္ပူပန္မႈေတြ ရွိေနတာပါ။

အခုဆုိရင္ စစ္ေကာင္စီဘက္က အာဏာသိမ္းခဲ့တဲ့ ၄ လေက်ာ္လာခဲ့ၿပီျဖစ္ၿပီး အဲဒီ ၄ လေက်ာ္ ကာလအတြင္း အခုခ်ိန္ထိ ဆက္လက္ဖမ္းဆီးခံထားရသူ ၅,၀၀၀ ေလာက္ရွိၿပီး ေသဆုံးသူက ၈၇၀ ရွိတယ္လို႔ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က သတင္းထုတ္ျပန္ထားပါတယ္။ ျမန္မာစစ္ေကာင္စီကေတာ့ AAPP စာရင္းဟာ ခ်ဲ႕ကားထားတာ ျဖစ္ၿပီးေတာ့ အမွန္တကယ္ ေသဆုံးသူက ၃၀၀ နီးပါးပဲရွိတယ္လုိ႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကလေးမြို့မှာ အသက်မပြည့်လူငယ် ၂ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ စစ်ကောင်စီတပ်တွေက မနေ့ညက လူ ၃ ယောက်ကို ဖမ်းဆီးသွားခဲ့ပြီး အဲဒီဖမ်းဆီးသွားသူတွေထဲမှာ အသက်မပြည့်သေးတဲ့ လူငယ် ၂ ဦးလည်း ပါဝင်တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။ အခုလို အသက်မပြည့်သေးတဲ့လူငယ်တွေ အဖမ်းခံလိုက်ရတဲ့အတွက် မိသားစုဝင်တွေဘက်ကလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီအကြောင်း အသေးစိတ်ကိုတော့ ကိုရန်နိုင်က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ လူငယ် ၂ ဦး အပါအဝင် လူ ၃ ဦးကို စစ်ကောင်စီတပ်တွေက မနေ့ည သန်းခေါင်ကျော်အချိန်က ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။ ည ၁ နာရီခွဲ ၂ နာရီလောက်က စစ်ကား ၅ စီးနဲ့ ရောက်လာခဲ့ပြီး ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဒီထဲမှာ အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်အရွယ် အသက်မပြည့်သေးတဲ့ လူငယ် ၂ ဦး ပါဝင်တယ်လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။

“ကလေးမြို့မှာ ညက လူ ၃ ယောက် အဖမ်းခံရတယ်။ တယောက်ကတော့ မြန်မာ့စီးပွားရေးဘဏ်မှာ CDM လုပ်ထားတဲ့ ဝန်ထမ်း၊ သူ့နာမည်ကတော့ အောင်မြတ်မိုး၊ နေရပ်ကတော့ ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်ပေါ့။ ည ၂ နာရီလောက်ကြီး ဝင်ဖမ်းသွားတယ်။ နောက်တယောက်ကျတော့ အဖေနဲ့ အမေနဲ့ အစ်ကိုကို ဖမ်းတာ မတွေ့တော့ သူ့ကိုဖမ်းသွားတာ၊ သူက တအားဖျားနာပြီးတော့ အိပ်ရာထဲလဲနေတာ၊ အသက်က ၁၂ နှစ်ပဲ ရှိသေးတယ်။ အဲဒီ ချမ်းမြေ့အောင်စည်ကပဲ ဧရာဝတီလက်ဖက်ရည်ဆိုင်က။ အဲဒီကလေးကျတော့ ဖမ်းချင်တဲ့သူ မတွေ့တော့ ရှိတဲ့သူကို ခေါ်သွားတဲ့ပုံစံမျိုး၊ ဖျားလို့ အိပ်ရာထဲကတောင် မထနိုင်ဘူး။ တအားဖျားနေတာ အဲဒီကလေးတယောက် ပါသွားတယ်။ နောက်ပြီးတော့ ကလေးမြို့ ဘဲရင်းလို့ခေါ်တဲ့ နေရာကနေ ကျော်မင်းခန့်မောင်ဆိုတာ အသက်က ၁၅ နှစ်ပဲ ရှိသေးတယ်။ ညက ၃ ယောက် ဖမ်းတာမှာ အသက်မပြည့်သေးတဲ့ ကလေး ၂ ယောက်ပါတယ်။”

ဘာကြောင့်အဖမ်းခံရတယ်ဆိုတာကို စစ်ကောင်စီဘက်က အခုချိန်ထိ တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပေမယ့် မိသားစုဝင်တွေကို ဖမ်းဆီးတာ မရလို့ ဖမ်းဆီးသွားတာမျိုး ဖြစ်နိုင်တယ်လို့ အဆိုပါ ကလေးမြို့ခံက ဆက်ပြောပါတယ်။

“၁၂ နှစ်သား ကလေးရဲ့ အဖေ အမေကြတော့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်က သူတို့ရဲ့အိမ်ကို ဒီလိုပဲ ဝိုင်းခံခဲ့ရတယ်။ သူ့အမေက ညသပိတ်တွေဘာတွေ လုပ်တော့ အဲဒီတုန်းကလည်း တခါ ဝိုင်းခံခဲ့ရတယ်။ အခုတခါကျတော့ အဖေ၊ အမေနဲ့ အစ်ကိုကို ဖမ်းချင်းတာ မတွေ့တော့ ရှိတဲ့သူ ဖမ်းသွားတဲ့ပုံစံမျိုးပေါ့။”

အဲဒီ ဖမ်းဆီးခံလိုက်ရတဲ့အထဲမှာ အသက် ၁၅ နှစ်အရွယ် မောင်ကျော်မင်းခန့်မောင် ဆိုသူကတော့ ဒီနေ့မှာပဲ စစ်ကောင်စီတပ်တွေဘက်က ဖမ်းဆီးထားစဉ် သေဆုံးသွားခဲ့ပြီး သူ့ရဲ့ရုပ်အလောင်းကို လာရောက်ထုတ်ယူဖို့ နေ့လယ်ပိုင်းမှာ အရပ်ဝတ်နဲ့ လူတယောက်က ရပ်ကွက်ကို အကြောင်းကြားလာတယ်လို့ ဖခင်ဖြစ်သူက ကိုကျော်ထင်က ပြောပါတယ်။ ဒါပေမယ့် အလောင်းကို ထုတ်ယူဖို့ သွားစဉ်မှာတော့ ရဲစခန်းက သေဆုံးတာမဟုတ်ဘူးလို့ ပြန်ပြီး ေြာကြားခဲ့ကြောင်း ပြောပါတယ်။

မနေ့ညပိုင်းက ကလေးမြို့မှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် လူ ၄ ယောက် သေဆုံးသွားခဲ့တယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြတာတွေ ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗွီအိုအေအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က မောင်ကျော်မင်းခန့်မောင်ကို ဝန်ခံခိုင်းတာတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အဲဒီအတွက်လည်း စိုးရိမ်မိတယ်လို့ ဖခင်ဖြစ်သူ ကိုကျော်ထင်က ပြောပါတယ်။

“သူတို့ ညက လူသေမှုဖြစ်တဲ့ ဖြစ်စဉ်က ၈ နာရီခွဲလောက်မှာဖြစ်တာ။ ၈ နာရီခွဲပေါ့။ အခုက ည ၁၂ နာရီခွဲကျော်ပြီး ၁ နာရီလောက်မှာ ဖြစ်တာ။ ကျနော့်သားမှာ ဘာလက်နက်မှ မပါဘူးလေဗျာ။ ပြီးတော့ အဲဒီ သေတဲ့လူတွေ ရပ်ကွက်က အိမ်နီးနားချင်းတွေ ပြောတာက သေနတ်နဲ့ပစ်တာ၊ သေနတ်သံတွေ အကျယ်ကြီးကြားရတာက စစ်ကားတွေလာတာ၊ စစ်ကားတွေလာပြီးမှ သေနတ်သံတွေ ကြားရတာလို့ ပြောတယ်။ ကျနော့်သားကို အဲဒီကိစ္စကို လွှဲချမှာတော့ စိုးရိမ်တယ်။ မသေဘူးဆိုရင်ပေါ့။ စိုးရိမ်လားဆိုရင်တော့ စိုးရိမ်တာပေါ့။ ပြောချင်တာက စစ်ကြောရေးမှာက သိတဲ့အတိုင်း ကျနော်တို့ မြင်ဖူးကြားဖူး သိဖူးတာကတော့ စစ်ကြောရေးမှာ မတရားနှိပ်စက်တာတို့၊ မဟုတ်လည်း ဝန်ခံခိုင်းတာတို့၊ ကျနော့်သားကို အဲဒီလို နှိပ်စက်လို့ သေသွားမှာ၊ ဒါမှမဟုတ် မသေဘူးဆိုလည်း အဲဒီ ဟိုကိစ္စကို မဟုတ်ဘဲ ဝန်ခံခိုင်းတာမျိုး အပြစ်ပုံချတာမျိုးတွေ လုပ်သွားမှာတော့ တအားစိုးရိမ်တယ်ဗျ။”

စစ်ကောင်စီဘက်က ဖမ်းဆီးထားစဉ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် သေဆုံးတာတွေလည်း အတော်များများ ရှိခဲ့တာကြောင့် ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။

အခုဆိုရင် စစ်ကောင်စီဘက်က အာဏာသိမ်းခဲ့တဲ့ ၄ လကျော်လာခဲ့ပြီဖြစ်ပြီး အဲဒီ ၄ လကျော် ကာလအတွင်း အခုချိန်ထိ ဆက်လက်ဖမ်းဆီးခံထားရသူ ၅,၀၀၀ လောက်ရှိပြီး သေဆုံးသူက ၈၇၀ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာစစ်ကောင်စီကတော့ AAPP စာရင်းဟာ ချဲ့ကားထားတာ ဖြစ်ပြီးတော့ အမှန်တကယ် သေဆုံးသူက ၃၀၀ နီးပါးပဲရှိတယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG