သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အမုန္းတရား ျပန႔္ပြားေစမႈနဲ႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေဖ့စ္ဘုတ္ကို တရားစြဲဆို


Facebook logo.

(Zawgyi / Unicode)

႐ိုဟင္ဂ်ာေတြအေပၚ အၾကမ္းဖက္တဲ့အထိ အမုန္းတရားေတြ ျပန္႔ပြားေစတဲ့ ေရးသားေဖာ္ျပမႈေတြ၊ သတင္းမွားေတြကို Meta လို႔ အခုနာမည္ေျပာင္းထားတဲ့ Facebook လူမႈကြန္ရက္ကုမၸဏီက ထိထိေရာက္ေရာက္ အေရးယူ မကိုင္တြယ္ခဲ့ဘူးလို႔ စြပ္စြဲၿပီး ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ကုမၸဏီကို ေဒၚလာ ၁၅၀ ဘီလ်ံ ေလ်ာ္ေၾကးေပးဖို႔ အေမရိကန္ျပည္ေထာင္စုမွာ တရားစြဲလိုက္ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ၂၀၁၇ ခုႏွစ္က ျဖစ္ခဲ့တဲ့ ပဋိပကၡေတြအတြင္း Facebook ေပၚမွာ အမုန္းတရားေတြ၊ ခြဲျခားမႈေတြ၊ သတင္းမွားေတြ ေဖာ္ျပမႈကို Facebook ကုမၸဏီက ဖယ္ရွားဖို႔ ပ်က္ကြက္ခဲ့တဲ့အတြက္ လူနည္းစု ႐ိုဟင္ဂ်ာေတြအေပၚ အၾကမ္းဖက္မႈေတြ ျဖစ္ေပၚေစခဲ့တယ္လို႔ ကယ္လီဖုိးနီးယားျပည္နယ္က တရား႐ုံးမွာ အမႈဖြင့္တဲ့ ႐ိုဟင္ဂ်ာအဖဲြ႔က ေျပာၾကားခဲ့ပါတယ္။

အေမရိကန္မွာ ခုလို တရားစြဲတဲ့ တခ်ိန္တည္းမွာပဲ ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕ေတာ္မွာရွိတဲ့ Facebook ႐ုံးကိုလည္း ၿဗိတိန္ေရွ႕ေနေတြက တရားစြဲတဲ့ကိစၥ အသိေပးစာ ေပးပို႔ခဲ့ပါတယ္။ ဒီတရားစြဲမႈနဲ႔ပတ္သက္လို႔ Meta ကုမၸဏီဘက္က တစံုတရာ တံု႔ျပန္ျခင္း မရွိေသးပါဘူး။

အေမရိကန္ျပည္ေထာင္စုရဲ႕ အင္တာနက္ ဥပေဒအရ Facebook ေပၚမွာ ေရးသားေဖာ္ျပခ်က္ေတြနဲ႔ ပတ္သက္လို႔ Facebook က တာဝန္ယူစရာ မလိုပါဘူး။ ဒါေပမယ့္ အဲဒီလို ကုမၸဏီအေပၚ အကာအကြယ္ေပးထားျခင္း မရွိတဲ့ ျမန္မာႏုိင္ငံ ဥပေဒကို အသံုးျပဳႏိုင္ေအာင္ ႀကိဳးစားမယ္လို႔ တရားစြဲတဲ့ ႐ိုဟင္ဂ်ာေတြက ေျပာပါတယ္။ ဒါေပမယ့္ ျမန္မာႏိုင္ငံရဲ႕ ဘယ္ဥပေဒကို သံုးမလဲဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

အေမရိကန္ စီးပြားေရးလုပ္ငန္းေတြ တျခားႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံၿပီး လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈရွိရင္ အဲဒီသက္ဆိုင္ရာႏိုင္ငံရဲ႕ ဥပေဒနဲ႔ အေမရိကန္ တရား႐ုံးေတြမွာ တရားစြဲလို႔ ရပါတယ္။ အခု Facebook ကိစၥမွာေတာ့ ဆီေလ်ာ္မႈရွိမရွိ မေသခ်ာဘူးလို႔ အေမရိကန္ ဥပေဒကၽြမ္းက်င္သူ တခ်ဳိ႕က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၁၇ ခုႏွစ္က ရခိုင္ျပည္နယ္မွာျဖစ္ခဲ့တဲ့ ပဋိပကၡေတြအတြင္း အမုန္းတရားေတြ သတင္းမွားေတြကို တားဆီးကာကြယ္ဖို႔ ၾကန္႔ၾကာခဲ့တယ္ဆိုတာ Facebook ကုမၸဏီကိုယ္တိုင္က အသိအမွတ္ျပဳ ေျပာထားပါတယ္။ အဲဒီတည္းကစလို႔ သူတို႔ကုမၸဏီပိုင္ Facebook၊ Instagram စတဲ့ Platform ေတြေပၚမွာ ေရးသားေဖာ္ျပမႈေတြကို စိစစ္ဖယ္ရွားခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းၿပီး ေနာက္ပိုင္း စစ္တပ္ရဲ႕ စာမ်က္ႏွာေတြကို ဖယ္ရွားခဲ့တယ္လို႔လည္း ေျပာၾကားထားပါတယ္။

၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ေနာက္ပိုင္းကစလို႔ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြအတြင္း ဆိုးဝါးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြေၾကာင့္ဆိုၿပီး ရခိုင္ျပည္နယ္ဘက္က ႐ိုဟင္ဂ်ာ ၇ သိန္းေက်ာ္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးခဲ့ၾကပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ စစ္တပ္ကေတာ့ သူပုန္ထမႈေတြကို ႏွိမ္နင္းတာသာ ျဖစ္တယ္လို႔ ေျပာၿပီး စနစ္တက် လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ မလုပ္ခ့ဲဘူးလို႔ ျငင္းဆန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

အမုန်းတရား ပြန့်ပွားစေမှုနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဖေ့စ်ဘုတ်ကို တရားစွဲဆို

ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တဲ့အထိ အမုန်းတရားတွေ ပြန့်ပွားစေတဲ့ ရေးသားဖော်ပြမှုတွေ၊ သတင်းမှားတွေကို Meta လို့ အခုနာမည်ပြောင်းထားတဲ့ Facebook လူမှုကွန်ရက်ကုမ္ပဏီက ထိထိရောက်ရောက် အရေးယူ မကိုင်တွယ်ခဲ့ဘူးလို့ စွပ်စွဲပြီး ရိုဟင်ဂျာဒုက္ခသည်တွေက ကုမ္ပဏီကို ဒေါ်လာ ၁၅၀ ဘီလျံ လျော်ကြေးပေးဖို့ အမေရိကန်ပြည်ထောင်စုမှာ တရားစွဲလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း Facebook ပေါ်မှာ အမုန်းတရားတွေ၊ ခွဲခြားမှုတွေ၊ သတင်းမှားတွေ ဖော်ပြမှုကို Facebook ကုမ္ပဏီက ဖယ်ရှားဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လူနည်းစု ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်က တရားရုံးမှာ အမှုဖွင့်တဲ့ ရိုဟင်ဂျာအဖွဲ့က ပြောကြားခဲ့ပါတယ်။

အမေရိကန်မှာ ခုလို တရားစွဲတဲ့ တချိန်တည်းမှာပဲ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာရှိတဲ့ Facebook ရုံးကိုလည်း ဗြိတိန်ရှေ့နေတွေက တရားစွဲတဲ့ကိစ္စ အသိပေးစာ ပေးပို့ခဲ့ပါတယ်။ ဒီတရားစွဲမှုနဲ့ပတ်သက်လို့ Meta ကုမ္ပဏီဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။

အမေရိကန်ပြည်ထောင်စုရဲ့ အင်တာနက် ဥပဒေအရ Facebook ပေါ်မှာ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်လို့ Facebook က တာဝန်ယူစရာ မလိုပါဘူး။ ဒါပေမယ့် အဲဒီလို ကုမ္ပဏီအပေါ် အကာအကွယ်ပေးထားခြင်း မရှိတဲ့ မြန်မာနိုင်ငံ ဥပဒေကို အသုံးပြုနိုင်အောင် ကြိုးစားမယ်လို့ တရားစွဲတဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဘယ်ဥပဒေကို သုံးမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အမေရိကန် စီးပွားရေးလုပ်ငန်းတွေ တခြားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး လူ့အခွင့်အရေး ချိုးဖောက်မှုရှိရင် အဲဒီသက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေနဲ့ အမေရိကန် တရားရုံးတွေမှာ တရားစွဲလို့ ရပါတယ်။ အခု Facebook ကိစ္စမှာတော့ ဆီလျော်မှုရှိမရှိ မသေချာဘူးလို့ အမေရိကန် ဥပဒေကျွမ်းကျင်သူ တချို့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း အမုန်းတရားတွေ သတင်းမှားတွေကို တားဆီးကာကွယ်ဖို့ ကြန့်ကြာခဲ့တယ်ဆိုတာ Facebook ကုမ္ပဏီကိုယ်တိုင်က အသိအမှတ်ပြု ပြောထားပါတယ်။ အဲဒီတည်းကစလို့ သူတို့ကုမ္ပဏီပိုင် Facebook၊ Instagram စတဲ့ Platform တွေပေါ်မှာ ရေးသားဖော်ပြမှုတွေကို စိစစ်ဖယ်ရှားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်ရဲ့ စာမျက်နှာတွေကို ဖယ်ရှားခဲ့တယ်လို့လည်း ပြောကြားထားပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းကစလို့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်ဆိုပြီး ရခိုင်ပြည်နယ်ဘက်က ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ စစ်တပ်ကတော့ သူပုန်ထမှုတွေကို နှိမ်နင်းတာသာ ဖြစ်တယ်လို့ ပြောပြီး စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မလုပ်ခဲ့ဘူးလို့ ငြင်းဆန်ထားပါတယ်။

XS
SM
MD
LG