သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းၿပီးေနာက္ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ႐ုပ္သိမ္းမႈတိုးလာ


ျပင္သစ္ပိုင္ TOTAL စြမ္းအင္ကုမၸဏီနဲ႔ အေမရိကန္ပိုင္ Chevron စြမ္းအင္ကုမၸဏီ။

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ရင္းႏွီးျမႇဳပ္ႏွံမႈ ႐ုပ္ၿပီးေတာ့ ျပန္ထြက္သြားတဲ့ ျပည္ပ စီးပြားေရးကုမၸဏီ အေရအတြက္ တျဖည္းျဖည္း တိုးလာေနပါတယ္။

အခုေနာက္ဆံုး တိုးလာတာကေတာ့ စစ္ေကာင္စီအတြက္ ႏွစ္စဥ္ ေဒၚလာ သန္း ၁,၀၀၀ ေက်ာ္ ဝင္ေငြရွာေပးေနတဲ့ ျပင္သစ္ပိုင္ TOTAL နဲ႔ အေမရိကန္ပိုင္ Chevron စြမ္းအင္ကုမၸဏီႀကီးေတြ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ျပင္သစ္ပိုင္ ေနာက္ထပ္ ကုမၸဏီႀကီးတခုျဖစ္တဲ့ Accor ဟုိတယ္လုပ္ငန္းကေတာ့ လက္ရွိအခ်ိန္မွာ ဆက္လုပ္သြားဖို႔ ဆံုးျဖတ္ထားတယ္လုိ႔ AFP သတင္းဌာနကို ေျပာပါတယ္။ Accor ကုမၸဏီဟာ ျမန္မာႏုိင္ငံမွာ ဟိုတယ္ ၉ လံုး လည္ပတ္ လုပ္ေဆာင္ေနတာပါ။

အလားတူ အေဖ်ာ္ယမကာလုပ္ငန္းဘက္မွာ ဆိုရင္လည္း ဂ်ပန္ပိုင္ Kirin ဘီယာကုမၸဏီက စစ္တပ္ပိုင္ စီးပြားေရးဦးပိုင္လီမိတက္နဲ႔ ဖက္စပ္လုပ္ေနတာကို ရပ္ပစ္ဖို႔ ႀကိဳးစားေနေပမယ့္ ဒိန္းမတ္ႏုိင္ငံအေျခစိုက္ Carlsberg ဘီယာကုမၸဏီကေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပန္႐ုပ္မယ့္ အစီအစဥ္တခုခု ေၾကညာထားတာ မရွိေသးပါဘူး။ ဒါေပမယ့္လည္း ေရာင္းအားက်လာတာေၾကာင့္ ထုတ္လုပ္မႈကို ေလွ်ာ့ထားတယ္လုိ႔ ေျပာထားပါတယ္။

ဂ်ပန္ပိုင္ ဆူဇူကီး ကားကုမၸဏီက ျမန္မာႏုိ္င္ငံတြင္း စက္႐ံုႏွစ္ခုမွာ ျပည္တြင္းေစ်းကြက္အတြက္ ကားထုတ္လုပ္ငန္းေတြကို စစ္တပ္အာဏာသိမ္းၿပီး သိပ္မၾကာခင္ ဆိုင္းငံ့ခဲ့ေပမယ့္ ခ်က္ခ်င္းဆိုသလိုပဲ ျပန္ဖြင့္ခဲ့ပါတယ္။

၂၀၁၁ ခုႏွစ္မွာ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးေတြ စလုပ္ခဲ့ၿပီး ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူေတြကို လမ္းဖြင့္ေပးၿပီးေတာ့ ဆြဲေဆာင္ခဲ့တာေၾကာင့္ ျပည္ပက ထိပ္တန္းကုမၸဏီ အမ်ားအျပား ျမန္မာႏုိင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံၿပီး လုပ္ငန္းလုပ္ခဲ့ၾကတာပါ။ အခုေတာ့ တခုၿပီးတခုု ျပန္ထြက္သြားေနၾကတဲ့ထဲ ေနာ္ေဝအေျခစိုက္ တယ္လီေနာ ဆက္သြြယ္ေရးကုမၸဏီ၊ ၿဗိတိန္အေျခစိုက္ British American Tobacco ကုမၸဏီနဲ႔ ျပင္သစ္စြမ္းအင္ကုမၸဏီ EDF တို႔လည္း ပါဝင္ပါတယ္။

ဂ်ပန္ တိုယုိတာကားကုမၸဏီက ၿပီးခဲ့တဲ့ႏွစ္မွာ ျမန္မာႏုိင္ငံတြင္း ကားထုတ္စက္႐ံုတခု စတင္ဖုိ႔ ရွိခဲ့ေပမယ့္ အဲဒီစီမံကိန္းကို ဆိုင္းငံ့ထားပါတယ္။ ဒါ့အျပင္ အီတလီအေျခစိုက္ Benetton ဖက္ရွင္ကုမၸဏီလို အဝတ္အထည္ ကုမၸဏီေတြကလည္း ျမန္မာႏုိင္ငံ အထည္ခ်ဳပ္လုပ္ငန္းေတြမွာ ေနာက္ထပ္ အလုပ္အပ္တာေတြကို ဆိုင္းငံ့ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

စစ်အာဏာသိမ်းပြီးနောက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းမှုတိုးလာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ရုပ်ပြီးတော့ ပြန်ထွက်သွားတဲ့ ပြည်ပ စီးပွားရေးကုမ္ပဏီ အရေအတွက် တဖြည်းဖြည်း တိုးလာနေပါတယ်။

အခုနောက်ဆုံး တိုးလာတာကတော့ စစ်ကောင်စီအတွက် နှစ်စဉ် ဒေါ်လာ သန်း ၁,၀၀၀ ကျော် ဝင်ငွေရှာပေးနေတဲ့ ပြင်သစ်ပိုင် TOTAL နဲ့ အမေရိကန်ပိုင် Chevron စွမ်းအင်ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်ပိုင် နောက်ထပ် ကုမ္ပဏီကြီးတခုဖြစ်တဲ့ Accor ဟိုတယ်လုပ်ငန်းကတော့ လက်ရှိအချိန်မှာ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ AFP သတင်းဌာနကို ပြောပါတယ်။ Accor ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဟိုတယ် ၉ လုံး လည်ပတ် လုပ်ဆောင်နေတာပါ။

အလားတူ အဖျော်ယမကာလုပ်ငန်းဘက်မှာ ဆိုရင်လည်း ဂျပန်ပိုင် Kirin ဘီယာကုမ္ပဏီက စစ်တပ်ပိုင် စီးပွားရေးဦးပိုင်လီမိတက်နဲ့ ဖက်စပ်လုပ်နေတာကို ရပ်ပစ်ဖို့ ကြိုးစားနေပေမယ့် ဒိန်းမတ်နိုင်ငံအခြေစိုက် Carlsberg ဘီယာကုမ္ပဏီကတော့ ရင်းနှီးမြှုပ်နှံမှု ပြန်ရုပ်မယ့် အစီအစဉ်တခုခု ကြေညာထားတာ မရှိသေးပါဘူး။ ဒါပေမယ့်လည်း ရောင်းအားကျလာတာကြောင့် ထုတ်လုပ်မှုကို လျှော့ထားတယ်လို့ ပြောထားပါတယ်။

ဂျပန်ပိုင် ဆူဇူကီး ကားကုမ္ပဏီက မြန်မာနိုင်ငံတွင်း စက်ရုံနှစ်ခုမှာ ပြည်တွင်းဈေးကွက်အတွက် ကားထုတ်လုပ်ငန်းတွေကို စစ်တပ်အာဏာသိမ်းပြီး သိပ်မကြာခင် ဆိုင်းငံ့ခဲ့ပေမယ့် ချက်ချင်းဆိုသလိုပဲ ပြန်ဖွင့်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ စလုပ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို လမ်းဖွင့်ပေးပြီးတော့ ဆွဲဆောင်ခဲ့တာကြောင့် ပြည်ပက ထိပ်တန်းကုမ္ပဏီ အများအပြား မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းလုပ်ခဲ့ကြတာပါ။ အခုတော့ တခုပြီးတခု ပြန်ထွက်သွားနေကြတဲ့ထဲ နော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီ၊ ဗြိတိန်အခြေစိုက် British American Tobacco ကုမ္ပဏီနဲ့ ပြင်သစ်စွမ်းအင်ကုမ္ပဏီ EDF တို့လည်း ပါဝင်ပါတယ်။

ဂျပန် တိုယိုတာကားကုမ္ပဏီက ပြီးခဲ့တဲ့နှစ်မှာ မြန်မာနိုင်ငံတွင်း ကားထုတ်စက်ရုံတခု စတင်ဖို့ ရှိခဲ့ပေမယ့် အဲဒီစီမံကိန်းကို ဆိုင်းငံ့ထားပါတယ်။ ဒါ့အပြင် အီတလီအခြေစိုက် Benetton ဖက်ရှင်ကုမ္ပဏီလို အဝတ်အထည် ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းတွေမှာ နောက်ထပ် အလုပ်အပ်တာတွေကို ဆိုင်းငံ့ထားကြပါတယ်။

XS
SM
MD
LG