သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔လုပ္ကိုင္မယ့္ စီးပြါးေရးလုပ္ငန္းေတြ ကန္အၾကံျပဳခ်က္ေၾကာင့္ အခက္ၾကံဳႏိုင္


ျမန္မာနဲ႔လုပ္ကိုင္မယ့္ စီးပြါးေရးလုပ္ငန္းေတြ ကန္အၾကံျပဳခ်က္ေၾကာင့္ အခက္ၾကံဳႏိုင္

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ အာဏာသိမ္း စစ္တပ္နဲ႔ ပူးေပါင္းၿပီး စီးပြားေရးလုပ္တဲ့ ႏိုင္ငံတကာ ကုမၸဏီေတြအေနနဲ႔ အခက္အခဲ အက်ပ္တည္းေတြ ၾကဳံလာရဖြယ္ ရွိတယ္လို႔ စီးပြားေရးပညာရွင္တခ်ိဳ႕နဲ႔ ျမန္မာ့အေရး ႀကိဳးပမ္းသူတခ်ိဳ႕က သုံးသပ္ၾကပါတယ္။ ျမန္မာႏိုင္ငံတြင္း စီးပြားေရး လုပ္ကိုင္တဲ့အခါ ႀကဳံေတြ႕လာရမယ့္ အႏၲရာယ္နဲ႔ပတ္သက္လို႔ အေမရိကန္အစိုးရက ဗုဒၶဟူးေန႔မွာ သတိေပးခ်က္ ထုတ္ျပန္လိုက္ၿပီးေနာက္ အဲဒီလို ေျပာဆိုလိုက္ၾကတာပါ။ အျပည့္အစုံကို ကိုဉာဏ္ဝင္းေအာင္က တင္ျပပါမယ္။

ျမန္မာႏိုင္ငံတြင္း စီးပြားေရးလုပ္ကိုင္ရာမွာ အထူးသျဖင့္ စစ္ေခါင္းေဆာင္ေတြ ဒါမွမဟုတ္ စစ္တပ္အသိုင္းအဝိုင္းနဲ႔ ေပါင္းၿပီး စီးပြားေရး လုပ္ကိုင္သူေတြအတြက္ ႀကဳံေတြ႕ရမယ့္အႏၲရာယ္ ပုိမ်ားလာေနေၾကာင္း အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနက ဇန္နဝါရီ (၂၆)ရက္ ေန႔စြဲနဲ႔ ထုတ္ျပန္တဲ့ စီးပြားေရးအႀကံျပဳခ်က္မွာ သတိေပးလိုက္တာပါ။

ဒီထုတ္ျပန္ခ်က္ဟာ ၂၀၂၁ ခု ဒီဇင္ဘာလ(၂၇)ရက္ေန႔က သမၼတ ဂ်ဳိးဘုိင္ဒန္ လက္မွတ္ေရးထိုး အတည္ျပဳခဲ့တဲ့ NDAA (အေမရိကန္ႏိုင္ငံ ကာကြယ္ေရးဆိုင္ရာ ဥပေဒ)ကို ျဖည့္စြက္ အေကာင္အထည္ေဖၚတဲ့ ေျခလွမ္းျဖစ္တယ္လို႔ ဝါရွင္တန္ဒီစီအေျခစိုက္ စီးပြားေရးပညာရွင္ ဦးစိန္ေဌးက ျမင္ပါတယ္။

" ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းေကာင္စီဟာ လူ႔အခြင့္အေရးခ်ဳိးေဖာက္ ျပည္သူေတြကို သတ္ျဖတ္ေနတယ္။ သူတို႔မွာ ဝင္ေငြရေပါက္ရလမ္းျဖစ္တဲ့ဟာေတြကို အေမရိကန္ႏိုင္ငံက ပိတ္မယ္ဆို႔မယ္ Saction ေပါ့။ စီးပြားေရးပိတ္ဆို႔မႈေတြလုပ္မယ္ဆိုတဲ့ ရည္ရြယ္ခ်က္ပါ။ အဓိကကေတာ့ ဘာလဲဆိုရင္ NDAA ဆိုတဲ့ သူတို႔အေမရိကန္ႏိုင္ငံရဲ႕ National Defense Authorization Act ဥပေဒထဲမွာ ျမန္မာႏိုင္ငံ ဒီမိုကေရစီထြန္းကားေရး အခ်က္ေတြကို မူတည္ၿပီးေတာ့ အေကာင္ထဲေဖာ္တဲ့ေနရာမွာ အဖြဲ႔အစည္း ၆ ခုက တၿပိဳင္နက္ထဲ ျမန္မာႏိုင္ငံအေရးမွာ ျပည္သူေတြကို ကူညီဖို႔အတြက္ အေရးယူေဆာင္ရြက္မယ့္ အစီအစဥ္ေတြကို ဒါေတြကို ဆက္လက္အေကာင္အထည္ေဖာ္တဲ့ ဥပေဒပါ"

NDAA ဥပေဒထဲမွာေတာ့ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရကို တရားဝင္ အသိအမွတ္ျပဳ ေထာက္ခံေရး ၊ ျမန္မာစစ္တပ္ကို ဒဏ္ခတ္ အေရးယူဖို႔၊ အရပ္သားအစိုးရ အုပ္ခ်ဳပ္မႈေအာက္မွာ ဒီမိုကေရစီႏိုင္ငံ ျပန္လည္ေဖာ္ေဆာင္ေရး ၊ စစ္တပ္က ခ်ိဳးေဖာက္တဲ့ ရာဇဝတ္မႈေတြကို အေရးယူသြားႏိုင္ေရး စတဲ့ ျမန္မာႏိုင္ငံနဲ႔ဆိုင္တဲ့ မဟာဗ်ဴဟာေတြကို ေဖၚေဆာင္ဖို႔ ထည့္သြင္းထားပါတယ္။

ဒါ့အျပင္ NDAA ကို သမၼတ ဂ်ဳိးဘုိင္ဒန္က ဒီဇင္ဘာလထဲ အတည္ျပဳ ျပဌာန္းခဲ့ၿပီးေနာက္မွာ သူ႔အစိုးရအဖြဲ႔ အေနနဲ႔ ရက္ေပါင္း(၆၀)အတြင္း ဘယ္အတိုင္းအတာထိ ေဆာင္ရြက္ေနသလဲ ဆိုတာကို အထက္နဲ႔ ေအာက္ လႊတ္ေတာ္ ၂ ရပ္စလုံးမွာ တင္ျပ အစီရင္ခံရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ေၾကာင့္လည္း ဘ႑ာေရးဌာနရဲ႕ သတိေပးခ်က္ ခုလို ထြက္ေပၚလာတာ ျဖစ္ပါတယ္။

တကယ္ေတာ့ အဲဒီထုတ္ျပန္ခ်က္ဟာ အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာန တခုထဲတင္မကပဲ ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရး၊ အမိေျမလံုၿခံဳေရး၊ အလုပ္သမားေရး ၀န္ႀကီးဌာနေတြနဲ႔ ကုန္သြယ္ေရး အထူးခံစားခြင့္အစီအစဥ္ဆိုင္ရာ အုပ္ခ်ဳပ္ေရးရံုးတို႔ ပူးတြဲထုတ္ျပန္ ခဲ့တာပါ။ ဒီထုတ္ျပန္ဟာ စစ္တပ္နဲ႔ေရာ သူတို႔အေပါင္းအပါ ေတြနဲ႔ပါ စီးပြားေရး လက္တြဲလုပ္ေနတဲ့ ကုမၸဏီေတြအတြက္ အခက္အခဲ ျဖစ္လာေစလိမ့္မယ္လို႔ အင္ဒီယားနားျပည္နယ္က ျမန္မာ့အေရး လႈပ္ရွားသူ ေဒါက္တာ ႐ိုဒင္းငါက သုံးသပ္ပါတယ္။

" ထုတ္ျပန္ေၾကညာခ်က္ကို ၾကည့္ျခင္းအားျဖင့္ သူႏိုင္ငံသားေတြက တျခားတိုင္းျပည္ေတြက စီးပြားေရးကုမၸဏီေတြကို စစ္အာဏာရွင္ေတြနဲ႔ မပူးေပါင္းဖို႔ မေဆာင္ရြက္ဖို႔ သတိေပးတားျမစ္တဲ့ အခ်က္ျဖစ္ပါတယ္။ ဒီဟာကို ခ်ဳိးေဖာက္ၿပီးေတာ့ မလိုက္နာပဲ သြားရင္ဆိုရင္ကေတာ့ ေနာက္ဆက္တြဲ ျပသာနာေတြ အေရးယူမႈေတြရွိလာႏိုင္တယ္လို႔ က်ေနာ္ယူဆပါတယ္ "

ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းေတြ၊ ေက်ာက္မ်က္နဲ႔ တန္ဖိုးႀကီး ဓါတ္သတၱဳတူးေဖၚေရး လုပ္ငန္းေတြ၊ အိမ္ၿခံေျမနဲ႔ ေဆာက္လုပ္ေရး လုပ္ငန္းေတြ အပါအ၀င္ စစ္လက္နက္ပစၥည္းနဲ႔ ဆက္စပ္လုပ္ငန္းေတြမွာ ပူးေပါင္း လုပ္ကိုင္မယ္ဆိုရင္ ႏိုင္ငံတကာစီးပြားေရးကုမၸဏီေတြဟာ အႀကီးမားဆံုး စီးပြားေရးအႏၱရာယ္ေတြ ရင္ဆိုင္ရႏိုင္တယ္လို႔ အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာနရဲ႕ ေၾကညာခ်က္ထဲမွာ ေဖၚျပထားပါတယ္။ ဒါဟာ စစ္ေကာင္စီလက္ထဲ ဝင္ေငြ စီးဆင္းမႈကို အဓိက တားျမစ္လိုတာျဖစ္တယ္လို႔ စီးပြားေရးပညာရွင္ ဦးစိန္ေဌးက ရွင္းျပပါတယ္။

" အေသးစိတ္ ထပ္ေျပာရင္ရင္ ႏိုင္ငံပိုင္ စီးပြားေရးလုပ္ငန္းေတြကို ပိတ္တဲ့ဆို႔တဲ့အခါမွာ Investment တင္မဟုတ္ပါဘူး။ စစ္ေကာင္စီကို အသက္ရွင္ေစမယ့္ ဝင္ေငြစီးဆင္းမႈအားလုံးကို ပိတ္ဆို႔တာေတြလုပ္မယ့္အတြက္ေၾကာင့္ သူတို႔နဲ႔ အလုပ္ မလုပ္နဲ႔ ။ သူတို႔နဲ႔လုပ္ရင္ မင္းတို႔ကို ငါတို႔အေရးယူမယ္။ MOGE တင္မကာေတာ့ဘူး။ သစ္လုပ္ငန္း ၊ ဆက္သြယ္ေရး MPT ဒါေတြပါတယ္။ ဒါေၾကာင့္မိုလို႔ အရင္ခ်တဲ့ ဥပေဒထက္ ပိုျပင္းထန္တာေတြကို ခ်လာတယ္။ ေနာက္တခါ ထိုင္းႏိုင္ငံတို႔ တရုတ္ႏိုင္ငံတို႔ ေဟာင္ေကာင္တို႔မွာ နယ္စပ္ျဖတ္ေက်ာ္ ေက်ာက္စိမ္းေတြကို ထုတ္လုပ္တာရိွိတယ္။ Reproduction ေပါ့။ အဲဒီမွာ Made In China တို႔ Made In Thailand တို႔ေတာင္ လုပ္ခြင့္မရွိဘူး။ ဒါမ်ဳိးနဲ႔ အေမရိကန္ႏိုင္ငံထဲဝင္လာရင္ ဒါေတြလည္းပိတ္ဆို႔မယ္။ တားဆီးမယ္။ ဒါေတြက ကုန္သြယ္ေရးဝန္ႀကီးဌာနက သြားမွာေပါ့ "

ၿပီးခဲ့တဲ့ႏွစ္ ေဖေဖၚဝါရီလ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး စစ္ေခါင္းေဆာင္နဲ႔ သူတို႔ရဲ႕စီးပြားေရးေတြကို တဆင့္ၿပီးတဆင့္ အေမရိကန္က ပိတ္ဆို႔ဒဏ္ခတ္လာခဲ့တာပါ။ ဒီလို ဒဏ္ခတ္ပိတ္ဆို႔မႈေတြက ၁၉၈၈ ေနာက္ပိုင္း စစ္အစိုးရေခတ္တုန္းကလို သာမန္ျပည္သူ လူထုကိုပါ ထိခိုက္လာမွာကို စိုးရိမ္မႈေတြလည္း ရွိပါတယ္။ ဒါေပမဲ့ လက္ရွိအေမရိကန္ရဲ႕ ျမန္မာျပည္ေပၚ ဒဏ္ခတ္အေရးယူမႈက စစ္ေကာင္စီနဲ႔ သူတို႔ အသိုင္းအဝိုင္းကိုသာ အဓိက ထိခိုက္ေစမယ္လို႔ ေဒါက္တာ ႐ိုဒင္းငါက ျမင္ပါတယ္။

" အေမရိကားရဲ႕ေပၚလစီကို က်ေနာ္ၾကည့္တဲ့အခါမွာ ဗိုလ္ခ်ဳပ္ေတြနဲ႔ သက္ဆိုင္တဲ့ ေနာက္ဒါမွမဟုတ္ ၊ ခရိုနီေတြနဲ႔ သက္ဆိုင္တဲ့ ကုမၸဏီေတြကိုပဲ Targeted ပစ္မွတ္ထားၿပီးေတာ့ ပိတ္ဆို႔ေနတာျဖစ္တယ္။ ျပည္သူလူထုကိုေတာ့ ဘယ္လိုမွ ထိခိုက္ႏို္င္မထင္ဘူး။ အဓိကကေတာ့ စစ္ေကာင္စီကိုပဲ ထိခိုက္နစ္နာေစမယ္လို႔ က်ေနာ္လုံးဝယုံၾကည္ပါတယ္ "

ျမန္မာစစ္တပ္နဲ႔ သူတို႔အသိုင္းအဝိုင္းေတြရဲ႕ စီးပြားေရးလုပ္ငန္းေတြနဲ႔ ခ်ိတ္ဆက္လုပ္ကိုင္မယ့္ စီးပြားေရးကုမၸဏီေတြ၊ အဖဲြ႔အစည္းေတြ၊ လူပုဂၢိဳလ္ ေတြအေနနဲ႔လည္း အေမရိကန္ျပည္ေထာင္စုရဲ႕ စီးပြားေရးဒဏ္ခတ္မႈ အပါအ၀င္ ေငြေၾကးခ၀ါခ်မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ေရာ အျခားဥပေဒေတြနဲ႔ပါ အေရးယူ ခံရႏိုင္ေၾကာင္းလည္း အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနရဲ႕ ဇန္နဝါရီ(၂၆)ရက္ေန႔ ထုတ္ျပန္ခ်က္မွာ သတိေပးထားပါတယ္။

.......................................

တိုက္႐ိုက္ လင့္ခ္

မြန်မာနဲ့လုပ်ကိုင်မယ့် စီးပွါးရေးလုပ်ငန်းတွေ ကန်အကြံပြုချက်ကြောင့် အခက်ကြုံနိုင်

{{Unicode}}

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်နဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်တဲ့ နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ အခက်အခဲ အကျပ်တည်းတွေ ကြုံလာရဖွယ် ရှိတယ်လို့ စီးပွားရေးပညာရှင်တချို့နဲ့ မြန်မာ့အရေး ကြိုးပမ်းသူတချို့က သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံတွင်း စီးပွားရေး လုပ်ကိုင်တဲ့အခါ ကြုံတွေ့လာရမယ့် အန္တရာယ်နဲ့ပတ်သက်လို့ အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်ပြီးနောက် အဲဒီလို ပြောဆိုလိုက်ကြတာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ကိုင်ရာမှာ အထူးသဖြင့် စစ်ခေါင်းဆောင်တွေ ဒါမှမဟုတ် စစ်တပ်အသိုင်းအဝိုင်းနဲ့ ပေါင်းပြီး စီးပွားရေး လုပ်ကိုင်သူတွေအတွက် ကြုံတွေ့ရမယ့်အန္တရာယ် ပိုများလာနေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇန်နဝါရီ (၂၆)ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ စီးပွားရေးအကြံပြုချက်မှာ သတိပေးလိုက်တာပါ။

ဒီထုတ်ပြန်ချက်ဟာ ၂၀၂၁ ခု ဒီဇင်ဘာလ(၂၇)ရက်နေ့က သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ NDAA (အမေရိကန်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ဥပဒေ)ကို ဖြည့်စွက် အကောင်အထည်ဖေါ်တဲ့ ခြေလှမ်းဖြစ်တယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် စီးပွားရေးပညာရှင် ဦးစိန်ဌေးက မြင်ပါတယ်။

" မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက် ပြည်သူတွေကို သတ်ဖြတ်နေတယ်။ သူတို့မှာ ဝင်ငွေရပေါက်ရလမ်းဖြစ်တဲ့ဟာတွေကို အမေရိကန်နိုင်ငံက ပိတ်မယ်ဆို့မယ် Saction ပေါ့။ စီးပွားရေးပိတ်ဆို့မှုတွေလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ အဓိကကတော့ ဘာလဲဆိုရင် NDAA ဆိုတဲ့ သူတို့အမေရိကန်နိုင်ငံရဲ့ National Defense Authorization Act ဥပဒေထဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေး အချက်တွေကို မူတည်ပြီးတော့ အကောင်ထဲဖော်တဲ့နေရာမှာ အဖွဲ့အစည်း ၆ ခုက တပြိုင်နက်ထဲ မြန်မာနိုင်ငံအရေးမှာ ပြည်သူတွေကို ကူညီဖို့အတွက် အရေးယူဆောင်ရွက်မယ့် အစီအစဉ်တွေကို ဒါတွေကို ဆက်လက်အကောင်အထည်ဖော်တဲ့ ဥပဒေပါ"

NDAA ဥပဒေထဲမှာတော့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင် အသိအမှတ်ပြု ထောက်ခံရေး ၊ မြန်မာစစ်တပ်ကို ဒဏ်ခတ် အရေးယူဖို့၊ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်မှာ ဒီမိုကရေစီနိုင်ငံ ပြန်လည်ဖော်ဆောင်ရေး ၊ စစ်တပ်က ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေကို အရေးယူသွားနိုင်ရေး စတဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ မဟာဗျူဟာတွေကို ဖေါ်ဆောင်ဖို့ ထည့်သွင်းထားပါတယ်။

ဒါ့အပြင် NDAA ကို သမ္မတ ဂျိုးဘိုင်ဒန်က ဒီဇင်ဘာလထဲ အတည်ပြု ပြဌာန်းခဲ့ပြီးနောက်မှာ သူ့အစိုးရအဖွဲ့ အနေနဲ့ ရက်ပေါင်း(၆၀)အတွင်း ဘယ်အတိုင်းအတာထိ ဆောင်ရွက်နေသလဲ ဆိုတာကို အထက်နဲ့ အောက် လွှတ်တော် ၂ ရပ်စလုံးမှာ တင်ပြ အစီရင်ခံရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့်လည်း ဘဏ္ဍာရေးဌာနရဲ့ သတိပေးချက် ခုလို ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တကယ်တော့ အဲဒီထုတ်ပြန်ချက်ဟာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန တခုထဲတင်မကပဲ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး၊ အမိမြေလုံခြုံရေး၊ အလုပ်သမားရေး ဝန်ကြီးဌာနတွေနဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်အစီအစဉ်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတို့ ပူးတွဲထုတ်ပြန် ခဲ့တာပါ။ ဒီထုတ်ပြန်ဟာ စစ်တပ်နဲ့ရော သူတို့အပေါင်းအပါ တွေနဲ့ပါ စီးပွားရေး လက်တွဲလုပ်နေတဲ့ ကုမ္ပဏီတွေအတွက် အခက်အခဲ ဖြစ်လာစေလိမ့်မယ်လို့ အင်ဒီယားနားပြည်နယ်က မြန်မာ့အရေး လှုပ်ရှားသူ ဒေါက်တာ ရိုဒင်းငါက သုံးသပ်ပါတယ်။

" ထုတ်ပြန်ကြေညာချက်ကို ကြည့်ခြင်းအားဖြင့် သူနိုင်ငံသားတွေက တခြားတိုင်းပြည်တွေက စီးပွားရေးကုမ္ပဏီတွေကို စစ်အာဏာရှင်တွေနဲ့ မပူးပေါင်းဖို့ မဆောင်ရွက်ဖို့ သတိပေးတားမြစ်တဲ့ အချက်ဖြစ်ပါတယ်။ ဒီဟာကို ချိုးဖောက်ပြီးတော့ မလိုက်နာပဲ သွားရင်ဆိုရင်ကတော့ နောက်ဆက်တွဲ ပြသာနာတွေ အရေးယူမှုတွေရှိလာနိုင်တယ်လို့ ကျနော်ယူဆပါတယ် "

မြန်မာနိုင်ငံရဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ၊ ကျောက်မျက်နဲ့ တန်ဖိုးကြီး ဓါတ်သတ္တုတူးဖေါ်ရေး လုပ်ငန်းတွေ၊ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ အပါအဝင် စစ်လက်နက်ပစ္စည်းနဲ့ ဆက်စပ်လုပ်ငန်းတွေမှာ ပူးပေါင်း လုပ်ကိုင်မယ်ဆိုရင် နိုင်ငံတကာစီးပွားရေးကုမ္ပဏီတွေဟာ အကြီးမားဆုံး စီးပွားရေးအန္တရာယ်တွေ ရင်ဆိုင်ရနိုင်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။ ဒါဟာ စစ်ကောင်စီလက်ထဲ ဝင်ငွေ စီးဆင်းမှုကို အဓိက တားမြစ်လိုတာဖြစ်တယ်လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ရှင်းပြပါတယ်။

" အသေးစိတ် ထပ်ပြောရင်ရင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို ပိတ်တဲ့ဆို့တဲ့အခါမှာ Investment တင်မဟုတ်ပါဘူး။ စစ်ကောင်စီကို အသက်ရှင်စေမယ့် ဝင်ငွေစီးဆင်းမှုအားလုံးကို ပိတ်ဆို့တာတွေလုပ်မယ့်အတွက်ကြောင့် သူတို့နဲ့ အလုပ် မလုပ်နဲ့ ။ သူတို့နဲ့လုပ်ရင် မင်းတို့ကို ငါတို့အရေးယူမယ်။ MOGE တင်မကာတော့ဘူး။ သစ်လုပ်ငန်း ၊ ဆက်သွယ်ရေး MPT ဒါတွေပါတယ်။ ဒါကြောင့်မိုလို့ အရင်ချတဲ့ ဥပဒေထက် ပိုပြင်းထန်တာတွေကို ချလာတယ်။ နောက်တခါ ထိုင်းနိုင်ငံတို့ တရုတ်နိုင်ငံတို့ ဟောင်ကောင်တို့မှာ နယ်စပ်ဖြတ်ကျော် ကျောက်စိမ်းတွေကို ထုတ်လုပ်တာရှိတယ်။ Reproduction ပေါ့။ အဲဒီမှာ Made In China တို့ Made In Thailand တို့တောင် လုပ်ခွင့်မရှိဘူး။ ဒါမျိုးနဲ့ အမေရိကန်နိုင်ငံထဲဝင်လာရင် ဒါတွေလည်းပိတ်ဆို့မယ်။ တားဆီးမယ်။ ဒါတွေက ကုန်သွယ်ရေးဝန်ကြီးဌာနက သွားမှာပေါ့ "

ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်ခေါင်းဆောင်နဲ့ သူတို့ရဲ့စီးပွားရေးတွေကို တဆင့်ပြီးတဆင့် အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်လာခဲ့တာပါ။ ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေက ၁၉၈၈ နောက်ပိုင်း စစ်အစိုးရခေတ်တုန်းကလို သာမန်ပြည်သူ လူထုကိုပါ ထိခိုက်လာမှာကို စိုးရိမ်မှုတွေလည်း ရှိပါတယ်။ ဒါပေမဲ့ လက်ရှိအမေရိကန်ရဲ့ မြန်မာပြည်ပေါ် ဒဏ်ခတ်အရေးယူမှုက စစ်ကောင်စီနဲ့ သူတို့ အသိုင်းအဝိုင်းကိုသာ အဓိက ထိခိုက်စေမယ်လို့ ဒေါက်တာ ရိုဒင်းငါက မြင်ပါတယ်။

" အမေရိကားရဲ့ပေါ်လစီကို ကျနော်ကြည့်တဲ့အခါမှာ ဗိုလ်ချုပ်တွေနဲ့ သက်ဆိုင်တဲ့ နောက်ဒါမှမဟုတ် ၊ ခရိုနီတွေနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီတွေကိုပဲ Targeted ပစ်မှတ်ထားပြီးတော့ ပိတ်ဆို့နေတာဖြစ်တယ်။ ပြည်သူလူထုကိုတော့ ဘယ်လိုမှ ထိခိုက်နိုင်မထင်ဘူး။ အဓိကကတော့ စစ်ကောင်စီကိုပဲ ထိခိုက်နစ်နာစေမယ်လို့ ကျနော်လုံးဝယုံကြည်ပါတယ် "

မြန်မာစစ်တပ်နဲ့ သူတို့အသိုင်းအဝိုင်းတွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ချိတ်ဆက်လုပ်ကိုင်မယ့် စီးပွားရေးကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ် တွေအနေနဲ့လည်း အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဒဏ်ခတ်မှု အပါအဝင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ရော အခြားဥပဒေတွေနဲ့ပါ အရေးယူ ခံရနိုင်ကြောင်းလည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ(၂၆)ရက်နေ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

XS
SM
MD
LG