[[Zawgyi/Unicode]]
ဂ်ပန္ဘာသာစကားကြၽမ္းက်င္မႈ စာေမးပြဲ JLPT ေလွ်ာက္လႊာဝယ္ယူဖို႔ ရန္ကုန္ပညာေရးတကၠသိုလ္မွာ မနက္အေစာပိုင္းကတည္းက ေစာင့္ဆိုင္းေနသူေတြကို စာေမးပြဲက်င္းပေရးေကာ္မတီဘက္က ေလွ်ာက္လႊာေရာင္းခ်တာ ရပ္ဆိုင္းလိုက္တဲ့အေၾကာင္း အြန္လိုင္းကေနစာထုတ္ခဲ့ပါတယ္။ အဲဒီေနာက္မွာပဲ လူစုလူေဝးနဲ႔ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့လို႔ ရဲနဲ႔စစ္ကားေတြေရာက္လာၿပီး လူငယ္တခ်ိဳ႕ကို ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ သိရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ေပးပို႔တဲ့သတင္း မစုျမတ္မြန္က တင္ျပေပးထားပါတယ္။
ရန္ကုန္ၿမိဳ႕၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ ျပည္လမ္းမေပၚမွာရွိတဲ့ ရန္ကုန္ပညာေရးတကၠသိုလ္ ဂိတ္ ၄ မွာ ဒီကေန႔မနက္အေစာပိုင္းကတည္းက လူ ၅ ေထာင္ဝန္းက်င္ဟာ JLPT စာေမးပြဲေလွ်ာက္လႊာ ဝယ္ယူဖို႔အတြက္ တန္းစီေစာင့္ဆိုင္းခဲ့ၾကတာပါ။ JLPT စာေမးပြဲက်င္းပေရး ေကာ္မတီဘက္က အခုလို လူစုလူေဝးျဖစ္တယ္ဆိုတဲ့အေၾကာင္းျပၿပီး JLPT စာေမးပြဲက်င္းပေရး ေကာ္မတီက ေလွ်ာက္လႊာေရာင္းခ်တာကို ရပ္ဆိုင္းလိုက္တယ္လို႔ အြန္လိုင္းကေန ေၾကညာခဲ့ပါတယ္။ စာေမးပြဲေလွ်ာက္လႊာဝယ္ယူဖို႔အတြက္ ညအိပ္ညေန လာေရာက္ၿပီး ေစာင့္ဆိုင္းခဲ့ရသူေတြလည္းရွိတယ္လို႔ JLPT N4 ေလွ်ာက္လႊာဝယ္ယူဖို႔ တန္းစီခဲ့သူ လူငယ္တဦးက ေျပာပါတယ္။
"က်ေနာ္က ၄ နာရီထိုးမွ သြားတာဗ်။ နယ္ကလာတဲ့သူတခ်ိဳ႕ဆို အဲဒီနားမွာ ဟိုတယ္ငွားၿပီး ေစာင့္ေနရတာရွိတယ္ဗ်။ မနက္ကက်ေတာ့ လူဦးေရအရမ္းမ်ားတယ္။ လူဦးေရ ၅,၀၀၀ ေလာက္ရွိတဲ့အတြက္ လူစုလူေဝးျဖစ္လို႔ အြန္လိုင္းကေနပဲေရာင္းမယ္လို႔ ေျပာတယ္ဗ်။ အဲလို ေၾကညာခ်က္ထုတ္ၿပီးေတာ့ သူတို႔ စာတင္တာက ၅ နာရီ ၄၃ မိနစ္မွာ စၿပီးေတာ့တင္တယ္။ က်ေနာ္က ၆ နာရီေက်ာ္ေက်ာ္မွာ ျပန္လာတယ္ ဗ်။ အဲဒီအခ်ိန္ထိေတာ့ ဘာမွေတာ့မျဖစ္ဘူး။ ဒါေပမယ့္ အေရွ႕မွာေတာ့ က်ေနာ့္သူငယ္ခ်င္းေတြေျပာတာက ႐ုန္းရင္းဆန္ခတ္ေတြျဖစ္တယ္လို႔ေတာ့ ေျပာသံၾကားတယ္ဗ်။ လူငယ္ေတြက်ေတာ့ နစ္နာတာေပါ့ဗ်ာ။ အစကတည္းက ေျပာတာမဟုတ္ဘဲ က်ေနာ္တို႔က မိုးထဲေရထဲမွာေစာင့္ၿပီးေတာ့ တခ်ိဳ႕ဆို မူးလဲတဲ့သူေတြရွိတယ္။ ဟိုတယ္ငွားၿပီး လာရတဲ့သူေတြရွိတယ္။ အဲလိုက် အရမ္းနစ္နာတယ္ဗ်။"
စာေမးပြဲေလွ်ာက္လႊာဝယ္ယူဖို႔အတြက္ တန္းစီေစာင့္ခဲ့သူ ေနာက္ထပ္လူငယ္တဦးကလည္း ေလွ်ာက္ လႊာေဖာင္ေရာင္းခ်တာ ရပ္ဆိုင္းလိုက္တဲ့ေၾကညာခ်က္ေၾကာင့္ ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့တဲ့ အေျခအေနကို အခုလိုေျပာပါတယ္။
"၄ နာရီထိုးေလာက္မွာ စီရင္းနဲ႔ အတန္းႀကီးက ေရွ႕ကိုတိုးတိုးသြားတာ။ ညီမတို႔စိတ္ထဲမွာ ထင္လိုက္တာက ေဖာင္မ်ားအေစာႀကီးကတည္းက ႀကိဳေပးလိုက္တာလား၊ ဒါမွမဟုတ္ရင္ အေရွ႕ကလူေတြကပဲ မေစာင့္ႏိုင္လို႔ ျပန္လာၾကတာလား။ အဲလိုပဲ စိတ္ကထင္လိုက္တာ။ ညီမေဘးနားက တန္းစီေနတဲ့တဖြဲ႕ကို အေရွ႕မွာပြဲေတြျဖစ္ေနၿပီ မေကာင္းဘူး ျပန္ၾကမယ္ဆိုၿပီးေတာ့ ကားဆရာလာေခၚတာ။ ညီမလည္းသိခ်င္တာနဲ႔ ေက်ာင္းေပါက္ဝေရွ႕နားထိ ေရာက္ေအာင္သြားတယ္။ အဲဒီမွာ လူေတြကတံခါးေတြကို ဆြဲဖြင့္ေနၾကတာ။ ေရဘူးနဲ႔ေပါက္တာ၊ ခဲနဲ႔ထုတာဆိုေတာ့ မိန္းတံခါးနဲ႔ အတြင္းတံခါး ႏွစ္ထပ္ရွိတာမွာ အေရွ႕ကမိန္းတံခါးႀကီးကေတာ့ ပ်က္သြားတယ္။"
ျမန္မာႏိုင္ငံ ဂ်ပန္ျပန္ပညာသင္ေဟာင္းအသင္း (MAJA) ဦးေဆာင္တဲ့ JLPT စာေမးပြဲက်င္းပေရးေကာ္မတီက လူစုလူေဝးျဖစ္ခဲ့လို႔ စာေမးပြဲေလွ်ာက္လႊာ ေရာင္းခ်တာရပ္ဆိုင္းလိုက္ေၾကာင္း ေၾကညာခဲ့ၿပီး ေစာင့္ဆိုင္းခဲ့သူေတြအေပၚ အႏူးအၫႊတ္ေတာင္းပန္တယ္လို႔ စာထုတ္ေပမယ့္ ေနာက္ပိုင္း ေလွ်ာက္လႊာျပန္ေဝေပးမယ္ဆိုၿပီး လိမ္ညာခဲ့တာလည္း ရွိခဲ့တယ္လို႔ ကိုယ္တိုင္ႀကဳံေတြ႕ခဲ့သူတဦးက ေျပာပါတယ္။
"အဲဒီ MAJA ကေလ အရမ္းမိုက္႐ိုင္းတယ္။ Page မွာတင္ထားေတာ့သာ ဒီေန႔မရေတာ့တာ အႏူးအၫႊတ္ေတာင္းပန္ပါတယ္ ေရးထားတာ အျပင္မွာက မာမာထန္ထန္ပဲ။ ငါတို႔ ေဖာင္ေဝေပးမယ္ ျပန္တန္းစီၾကဆိုၿပီးေတာ့ တန္းစီၿပီးမၾကာဘူး၊ သူတို႔ေခၚလိုက္လို႔ စစ္ကားေတြေရာက္လာၾကတာ။ မီးေလာင္တဲ့ျပႆနာကေတာ့ ညီမတို႔နားမွာျဖစ္တာ မဟုတ္ဘူး။ ညီမတို႔က ဂိတ္ ၄ မွာ ေဖာင္ေဝမွာဆိုေတာ့ အဲဒီနားမွာရပ္တာေပါ့။ မီးေလာင္တာက ဘယ္သူလုပ္တာလဲဆိုတာလည္း မသိၾကဘူး။ အဲဒီအခ်ိန္မွာ ရဲကားေတြေရာက္လာၾကေရာ အကုန္လုံးက ဝ႐ုန္းသုန္းကားနဲ႔ ညီမဆိုလည္း ခုံေတြက်ိဳး ေခ်ာ္လဲလို႔ တံေတာင္ဆစ္ေတြမွာ ဒဏ္ရာေတြလည္းျဖစ္။ အဲဒီအခ်ိန္မွာ ရဲေတြနဲ႔ စစ္သားေတြကေနၿပီးေတာ့ မိတဲ့ ၁၀ ေယာက္ေလာက္ကို ဖမ္းၿပီးေတာ့ေခၚသြားတာ။"
စာေမးပြဲေလွ်ာက္လႊာ ျပန္လည္ေရာင္းခ်မယ္လို႔ ေျပာခဲ့ၿပီးတဲ့ေနာက္မွာပဲ လူငယ္တခ်ိဳ႕ အဖမ္းခံလိုက္ရတယ္လို႔ သိရပါတယ္။ သူတို႔ကို ယာယီထိမ္းသိမ္းတဲ့သေဘာလား၊ ဖမ္းဆီးေခၚေဆာင္သြားသလားဆိုတာေတာ့ ရွင္းရွင္းလင္းလင္းမသိေသးပါဘူး။ လူစုလူေဝးျဖစ္ေနခ်ိန္ အင္းယားလမ္းနဲ႔ သထုံလမ္းေထာင့္မွာရွိတဲ့ ပညာေရးအေဆာက္အဦးတခုမွာလည္း မီးေလာင္တဲ့ျဖစ္စဥ္ရွိခဲ့ပါတယ္။ စစ္အာဏာသိမ္းခံထားရတဲ့ အခုကာလမွာ အေျခခံကုန္ေဈးႏႈန္းေတြက တေန႔ထက္တေန႔ တိုးလာေနသလို အဖက္ဖက္မွာ အခက္အခဲေတြရွိေနသလို၊ လူငယ္ေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္းက ပိုၿပီးရွားပါးလာတယ္လို႔ ျပည္ပမွာအလုပ္လုပ္ဖို႔ ျပင္ဆင္ေနသူတဦးက ေျပာပါတယ္။
"၅ ႏွစ္ဗီဇာအတြက္ဆိုရင္ အခု JLPT က ပိုၿပီးေတာ့လိုကို လိုတယ္ေပါ့ေနာ္၊ ကြၽမ္းက်င္ဗီဇာေပါ့။ ထရိန္နင္ဗီဇာက် ႐ိုး႐ိုးအလုပ္သင္ေပါ့။ ထရိန္နင္ ၃ ႏွစ္ဗီဇာနဲ႔ အခု Tokutei Ginou ၅ ႏွစ္ဗီဇာနဲ႔က အစိုးရကိုေဆာင္ရတဲ့ ေဒၚလာ ကြာတယ္ဗ်။ ထရိန္နင္ဗီဇာက ေဒၚလာ ၂,၈၀၀ ေဆာင္ရတယ္ဗ်။ Tokutei ဗီဇာကက်ေတာ့ ေဒၚလာ ၁,၅၀၀ ပဲေဆာင္ရတယ္ဗ်။ ေနာက္ၿပီးေတာ့ ဂ်ပန္ေရာက္ရင္ ခံစားခြင့္က ထရိန္နင္ထက္ Tokutei က လစာပိုေကာင္းတယ္ေပါ့။ အဲဒါေၾကာင့္ ေတာ္ေတာ္မ်ားမ်ားတိုးၾကတာလည္း ျဖစ္ႏိုင္ပါတယ္ဗ်။ က်ေနာ္ကေတာ့ အခု JLPT ေဖာင္မရတာကို သိပ္ေတာ့မေမွ်ာ္ေတာ့ဘူးဗ်။ အဓိက က ဒီႏိုင္ငံကေန ျမန္ျမန္ထြက္ဖို႔ပါပဲ။ ပြင့္ပြင့္လင္းလင္းေျပာရရင္ က်ေနာ္တို႔ႏိုင္ငံမွာက လူငယ္ေတြအတြက္ အလုပ္လခစား မရွိဘူးဗ်။ ရန္ကုန္မွာ အေျခခံလစာဆိုရင္ အလြန္ဆုံး ၁ သိန္းေက်ာ္ေလာက္ပဲ ရွိတယ္ဗ်ာ။ အခု ႏိုင္ငံေရးအေျခအေနနဲ႔ ရတဲ့ဝင္ေငြနဲ႔က ဘယ္လိုမွအဆင္မေျပဘူးဗ်။ အဲဒါေၾကာင့္ ႏိုင္ငံျခားထြက္ဖို႔ ျပင္ဆင္ျဖစ္တာပါဗ်။"
N4 စာေမးပြဲအတြက္ ေလွ်ာက္လႊာေရာင္းခ်တာကို အြန္လိုင္းစနစ္နဲ႔သာ လက္ခံသြားေတာ့မယ္လို႔ MAJA က ေၾကညာထားပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကလည္း မႏၲေလးၿမိဳ႕မွာ JLPT စာေမးပြဲေလွ်ာက္လႊာဝယ္ယူဖို႔ တန္းစီခဲ့သူေတြဟာ လူကိုယ္တိုင္သြားေရာက္ ေစာင့္ဆိုင္းၿပီးမွ ေလွ်ာက္လႊာေရာင္းခ်တာကို MAJA ဘက္က ရပ္ဆိုင္းေၾကာင္း အြန္လိုင္းကေန ေၾကညာခဲ့ပါတယ္။ ဒီကိစၥေတြနဲ႔ ပတ္သက္လို႔ MAJA ဘက္ကို ေမးျမန္းဖို႔ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။
=============
[[Unicode]]
ဂျပန်ဘာသာစကားကျွမ်းကျင်မှု စာမေးပွဲ JLPT လျှောက်လွှာဝယ်ယူဖို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ မနက်အစောပိုင်းကတည်းက စောင့်ဆိုင်းနေသူတွေကို စာမေးပွဲကျင်းပရေးကော်မတီဘက်က လျှောက်လွှာရောင်းချတာ ရပ်ဆိုင်းလိုက်တဲ့အကြောင်း အွန်လိုင်းကနေစာထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာပဲ လူစုလူဝေးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့လို့ ရဲနဲ့စစ်ကားတွေရောက်လာပြီး လူငယ်တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒီအကြောင်း ရန်ကုန်ပေးပို့တဲ့သတင်း မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်မှာရှိတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ဂိတ် ၄ မှာ ဒီကနေ့မနက်အစောပိုင်းကတည်းက လူ ၅ ထောင်ဝန်းကျင်ဟာ JLPT စာမေးပွဲလျှောက်လွှာ ဝယ်ယူဖို့အတွက် တန်းစီစောင့်ဆိုင်းခဲ့ကြတာပါ။ JLPT စာမေးပွဲကျင်းပရေး ကော်မတီဘက်က အခုလို လူစုလူဝေးဖြစ်တယ်ဆိုတဲ့အကြောင်းပြပြီး JLPT စာမေးပွဲကျင်းပရေး ကော်မတီက လျှောက်လွှာရောင်းချတာကို ရပ်ဆိုင်းလိုက်တယ်လို့ အွန်လိုင်းကနေ ကြေညာခဲ့ပါတယ်။ စာမေးပွဲလျှောက်လွှာဝယ်ယူဖို့အတွက် ညအိပ်ညနေ လာရောက်ပြီး စောင့်ဆိုင်းခဲ့ရသူတွေလည်းရှိတယ်လို့ JLPT N4 လျှောက်လွှာဝယ်ယူဖို့ တန်းစီခဲ့သူ လူငယ်တဦးက ပြောပါတယ်။
"ကျနော်က ၄ နာရီထိုးမှ သွားတာဗျ။ နယ်ကလာတဲ့သူတချို့ဆို အဲဒီနားမှာ ဟိုတယ်ငှားပြီး စောင့်နေရတာရှိတယ်ဗျ။ မနက်ကကျတော့ လူဦးရေအရမ်းများတယ်။ လူဦးရေ ၅,၀၀၀ လောက်ရှိတဲ့အတွက် လူစုလူဝေးဖြစ်လို့ အွန်လိုင်းကနေပဲရောင်းမယ်လို့ ပြောတယ်ဗျ။ အဲလို ကြေညာချက်ထုတ်ပြီးတော့ သူတို့ စာတင်တာက ၅ နာရီ ၄၃ မိနစ်မှာ စပြီးတော့တင်တယ်။ ကျနော်က ၆ နာရီကျော်ကျော်မှာ ပြန်လာတယ် ဗျ။ အဲဒီအချိန်ထိတော့ ဘာမှတော့မဖြစ်ဘူး။ ဒါပေမယ့် အရှေ့မှာတော့ ကျနော့်သူငယ်ချင်းတွေပြောတာက ရုန်းရင်းဆန်ခတ်တွေဖြစ်တယ်လို့တော့ ပြောသံကြားတယ်ဗျ။ လူငယ်တွေကျတော့ နစ်နာတာပေါ့ဗျာ။ အစကတည်းက ပြောတာမဟုတ်ဘဲ ကျနော်တို့က မိုးထဲရေထဲမှာစောင့်ပြီးတော့ တချို့ဆို မူးလဲတဲ့သူတွေရှိတယ်။ ဟိုတယ်ငှားပြီး လာရတဲ့သူတွေရှိတယ်။ အဲလိုကျ အရမ်းနစ်နာတယ်ဗျ။"
စာမေးပွဲလျှောက်လွှာဝယ်ယူဖို့အတွက် တန်းစီစောင့်ခဲ့သူ နောက်ထပ်လူငယ်တဦးကလည်း လျှောက် လွှာဖောင်ရောင်းချတာ ရပ်ဆိုင်းလိုက်တဲ့ကြေညာချက်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ အခြေအနေကို အခုလိုပြောပါတယ်။
"၄ နာရီထိုးလောက်မှာ စီရင်းနဲ့ အတန်းကြီးက ရှေ့ကိုတိုးတိုးသွားတာ။ ညီမတို့စိတ်ထဲမှာ ထင်လိုက်တာက ဖောင်များအစောကြီးကတည်းက ကြိုပေးလိုက်တာလား၊ ဒါမှမဟုတ်ရင် အရှေ့ကလူတွေကပဲ မစောင့်နိုင်လို့ ပြန်လာကြတာလား။ အဲလိုပဲ စိတ်ကထင်လိုက်တာ။ ညီမဘေးနားက တန်းစီနေတဲ့တဖွဲ့ကို အရှေ့မှာပွဲတွေဖြစ်နေပြီ မကောင်းဘူး ပြန်ကြမယ်ဆိုပြီးတော့ ကားဆရာလာခေါ်တာ။ ညီမလည်းသိချင်တာနဲ့ ကျောင်းပေါက်ဝရှေ့နားထိ ရောက်အောင်သွားတယ်။ အဲဒီမှာ လူတွေကတံခါးတွေကို ဆွဲဖွင့်နေကြတာ။ ရေဘူးနဲ့ပေါက်တာ၊ ခဲနဲ့ထုတာဆိုတော့ မိန်းတံခါးနဲ့ အတွင်းတံခါး နှစ်ထပ်ရှိတာမှာ အရှေ့ကမိန်းတံခါးကြီးကတော့ ပျက်သွားတယ်။"
မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) ဦးဆောင်တဲ့ JLPT စာမေးပွဲကျင်းပရေးကော်မတီက လူစုလူဝေးဖြစ်ခဲ့လို့ စာမေးပွဲလျှောက်လွှာ ရောင်းချတာရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပြီး စောင့်ဆိုင်းခဲ့သူတွေအပေါ် အနူးအညွှတ်တောင်းပန်တယ်လို့ စာထုတ်ပေမယ့် နောက်ပိုင်း လျှောက်လွှာပြန်ဝေပေးမယ်ဆိုပြီး လိမ်ညာခဲ့တာလည်း ရှိခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးက ပြောပါတယ်။
"အဲဒီ MAJA ကလေ အရမ်းမိုက်ရိုင်းတယ်။ Page မှာတင်ထားတော့သာ ဒီနေ့မရတော့တာ အနူးအညွှတ်တောင်းပန်ပါတယ် ရေးထားတာ အပြင်မှာက မာမာထန်ထန်ပဲ။ ငါတို့ ဖောင်ဝေပေးမယ် ပြန်တန်းစီကြဆိုပြီးတော့ တန်းစီပြီးမကြာဘူး၊ သူတို့ခေါ်လိုက်လို့ စစ်ကားတွေရောက်လာကြတာ။ မီးလောင်တဲ့ပြဿနာကတော့ ညီမတို့နားမှာဖြစ်တာ မဟုတ်ဘူး။ ညီမတို့က ဂိတ် ၄ မှာ ဖောင်ဝေမှာဆိုတော့ အဲဒီနားမှာရပ်တာပေါ့။ မီးလောင်တာက ဘယ်သူလုပ်တာလဲဆိုတာလည်း မသိကြဘူး။ အဲဒီအချိန်မှာ ရဲကားတွေရောက်လာကြရော အကုန်လုံးက ဝရုန်းသုန်းကားနဲ့ ညီမဆိုလည်း ခုံတွေကျိုး ချော်လဲလို့ တံတောင်ဆစ်တွေမှာ ဒဏ်ရာတွေလည်းဖြစ်။ အဲဒီအချိန်မှာ ရဲတွေနဲ့ စစ်သားတွေကနေပြီးတော့ မိတဲ့ ၁၀ ယောက်လောက်ကို ဖမ်းပြီးတော့ခေါ်သွားတာ။"
စာမေးပွဲလျှောက်လွှာ ပြန်လည်ရောင်းချမယ်လို့ ပြောခဲ့ပြီးတဲ့နောက်မှာပဲ လူငယ်တချို့ အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ သူတို့ကို ယာယီထိမ်းသိမ်းတဲ့သဘောလား၊ ဖမ်းဆီးခေါ်ဆောင်သွားသလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိသေးပါဘူး။ လူစုလူဝေးဖြစ်နေချိန် အင်းယားလမ်းနဲ့ သထုံလမ်းထောင့်မှာရှိတဲ့ ပညာရေးအဆောက်အဦးတခုမှာလည်း မီးလောင်တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းခံထားရတဲ့ အခုကာလမှာ အခြေခံကုန်ဈေးနှုန်းတွေက တနေ့ထက်တနေ့ တိုးလာနေသလို အဖက်ဖက်မှာ အခက်အခဲတွေရှိနေသလို၊ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းက ပိုပြီးရှားပါးလာတယ်လို့ ပြည်ပမှာအလုပ်လုပ်ဖို့ ပြင်ဆင်နေသူတဦးက ပြောပါတယ်။
"၅ နှစ်ဗီဇာအတွက်ဆိုရင် အခု JLPT က ပိုပြီးတော့လိုကို လိုတယ်ပေါ့နော်၊ ကျွမ်းကျင်ဗီဇာပေါ့။ ထရိန်နင်ဗီဇာကျ ရိုးရိုးအလုပ်သင်ပေါ့။ ထရိန်နင် ၃ နှစ်ဗီဇာနဲ့ အခု Tokutei Ginou ၅ နှစ်ဗီဇာနဲ့က အစိုးရကိုဆောင်ရတဲ့ ဒေါ်လာ ကွာတယ်ဗျ။ ထရိန်နင်ဗီဇာက ဒေါ်လာ ၂,၈၀၀ ဆောင်ရတယ်ဗျ။ Tokutei ဗီဇာကကျတော့ ဒေါ်လာ ၁,၅၀၀ ပဲဆောင်ရတယ်ဗျ။ နောက်ပြီးတော့ ဂျပန်ရောက်ရင် ခံစားခွင့်က ထရိန်နင်ထက် Tokutei က လစာပိုကောင်းတယ်ပေါ့။ အဲဒါကြောင့် တော်တော်များများတိုးကြတာလည်း ဖြစ်နိုင်ပါတယ်ဗျ။ ကျနော်ကတော့ အခု JLPT ဖောင်မရတာကို သိပ်တော့မမျှော်တော့ဘူးဗျ။ အဓိက က ဒီနိုင်ငံကနေ မြန်မြန်ထွက်ဖို့ပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့နိုင်ငံမှာက လူငယ်တွေအတွက် အလုပ်လခစား မရှိဘူးဗျ။ ရန်ကုန်မှာ အခြေခံလစာဆိုရင် အလွန်ဆုံး ၁ သိန်းကျော်လောက်ပဲ ရှိတယ်ဗျာ။ အခု နိုင်ငံရေးအခြေအနေနဲ့ ရတဲ့ဝင်ငွေနဲ့က ဘယ်လိုမှအဆင်မပြေဘူးဗျ။ အဲဒါကြောင့် နိုင်ငံခြားထွက်ဖို့ ပြင်ဆင်ဖြစ်တာပါဗျ။"
N4 စာမေးပွဲအတွက် လျှောက်လွှာရောင်းချတာကို အွန်လိုင်းစနစ်နဲ့သာ လက်ခံသွားတော့မယ်လို့ MAJA က ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မန္တလေးမြို့မှာ JLPT စာမေးပွဲလျှောက်လွှာဝယ်ယူဖို့ တန်းစီခဲ့သူတွေဟာ လူကိုယ်တိုင်သွားရောက် စောင့်ဆိုင်းပြီးမှ လျှောက်လွှာရောင်းချတာကို MAJA ဘက်က ရပ်ဆိုင်းကြောင်း အွန်လိုင်းကနေ ကြေညာခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ MAJA ဘက်ကို မေးမြန်းဖို့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။