သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖမ္းဆီးထားတဲ့ မြတ္ဆလင္ ၈ ဦးကို အိဒ္ေန႔မတိုင္ခင္ AA ျပန္လႊတ္


၂၀၁၉  ခုႏွစ္က ရန္ကုန္တုိင္း၊ သံလ်င္ၿမိဳ႕နယ္မွာ ဗုဒၶဘာသာဝင္ေတြက မြတ္ဆလင္ေတြကို အိဒ္ပြဲေတာ္ေန႔ေပးေနစဥ္။ 


[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္း ဖမ္းဆီးထိန္းသိမ္းခဲ့တဲ့ မြတ္ဆလင္ အမ်ိဳးသား ၈ ဦးကို ရကၡိဳင့္တပ္ေတာ္ (ေအေအ) က ျပန္လႊတ္ေပးတာက ရခိုင္ မြတ္စလင္ၾကား ခ်စ္ၾကည္ ရင္းႏွီးမႈရွိေအာင္လုပ္တာျဖစ္တယ္လို႔ ေအေအ ေျပာခြင့္ရကေျပာပါတယ္။ မြတ္ဆလင္တတ္ႂကြလႈပ္ရွားသူေတြဘက္က ဒီလုပ္ရပ္ကို ႀကိဳဆိုလိုက္သလို ေလ့လာသူေတြကေတာ့ ေဒသတြင္း လူမႈသဟဇာတျဖစ္လာေစဖို႔ AA ရဲ႕ ႀကိဳးပမ္းမႈျဖစ္တယ္လို႔ ေျပာၾကပါတယ္။ ရန္ကုန္က ေပးပို႔ထားတဲ့ သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ဇူလိုင္လ ၁၀ ရက္မွာက်ေရာက္တဲ့ အစၥလာမ္ဘာသာေရးပြဲေတာ္ အိဒ္ေန႔ မတိုင္ခင္မွာ ရခိုင္-မြတ္ဆလင္ ခ်စ္ၾကည္ေရးအေနနဲ႔ ေအေအက အခုလို ျပန္လႊတ္ေပးလိုက္တာျဖစ္တယ္ လို႔ ေအေအ ေျပာခြင့္ရ ခိုင္သုခက ဗြီအိုေအကိုေျပာပါတယ္။

“အဓိက ျပန္လႊတ္ေပးရတဲ့ အေၾကာင္းအရင္းကေတာ့ အခုလိုမြတ္စလင္ဘာသာဝင္ေတြရဲ႕ ေန႔ထူးေန႔ျမတ္ အခါႀကီးရက္ေတြမွာ သူတို႔မိသားစုေတြနဲ႔ ေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ ျပန္ဆုံႏိုင္ဖို႔ က်ေနာ္တို႔ ရည္႐ြယ္လႊတ္ေပးတာျဖစ္ပါတယ္။ ေနာက္ၿပီးရခိုင္နဲ႔ မြတ္ဆလင္ၾကား ခ်စ္ၾကည္ရင္းႏွီးမႈ ခိုင္မာလာေစဖို႔ ရည္႐ြယ္တာျဖစ္ပါတယ္။ သူတို႔က ဘူးသီးေတာင္ၿမိဳ႕နယ္ထဲကပါ။ အဲဒီမွာ တခ်ိဳ႕ဆိုမူးယစ္ေဆးဝါးေရာင္းဝယ္မႈနဲ႔ ဖမ္းခံရတာရွိတယ္။ ေနာက္ တခ်ိဳ႕ကေတာ့ လူသတ္ဖို႔ ႀကံစည္မႈမွာ ပူးေပါင္းပါဝင္သူေတြ ပါပါတယ္။ အဲလိုပါပဲ။ တေယာက္နဲ႔တေယာက္ ျပစ္မႈေတာ့မတူဘူးေပါ့။ ျပစ္မႈအမ်ိဳးမ်ိဳးနဲ႔ဖမ္းဆီးထိန္းသိမ္းထားတဲ့သူေတြျဖစ္ပါတယ္။”

အဲဒီအမ်ိဳးသားေတြဟာ ဘူးသီးေတာင္ၿမိဳ႕နယ္ ဘုရားျပင္ေအာက္ဘ႐ြာ၊ ဖုံညိဳလိပ္ ႐ြာ၊ ေရခ်မ္းျပင္႐ြာတို႔က ျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ ေအေအဟာ အစၥလာမ္ ဘာသာေရးပြဲေတာ္ အိဒ္ေန႔အတြက္ဆိုကာ မြတ္ဆလင္႐ြာေပါင္း ၂၂ ႐ြာက အမ်ိဳးသား အမ်ိဳးသမီး ၄၅၀ ကိုလည္း အဝတ္အထည္ေတြ လႉဒါန္းခဲ့တယ္လို႔ ခိုင္သုခကေျပာပါတယ္။

အခုဖမ္းဆီးခံရသူေတြကို ဘယ္တုန္းက ဖမ္းဆီးခဲ့သလဲဆိုတာကိုေတာ့ AA ဘက္ က မေျပာပါဘူး။ ဒါ့အျပင္ အခုလို ဖမ္းဆီးထိမ္းသိမ္းထားတဲ့ မြတ္ဆလင္အေရအတြက္ ဘယ္ေလာက္ရွိတယ္ဆိုတာလည္း မေျပာပါဘူး။

မြတ္ဆလင္ အသိုင္းအဝိုင္းဘက္ကေတာ့ အခုလို လႊတ္ေပးတာကို ေကာင္းတဲ့ လုပ္ရပ္တခုျဖစ္တယ္ဆိုၿပီး ႀကိဳဆိုၾကပါတယ္။ အစၥလမ္ဘာသာဝင္ေတြအေရး လႈပ္ရွားေနတဲ့ အစၥလမ္ဘာသာဝင္တက္ႂကြလႈပ္ရွားသူတဦးကေတာ့ ေအေအရဲ႕လုပ္ေဆာင္ခ်က္ေတြက ရခိုင္ ျပည္သူေတြအေပၚသက္ေရာက္မႈႀကီးတာမို႔ ဒီလုပ္ရပ္က ရခိုင္ေဒသတြင္းရွိေနတဲ့ ရခိုင္မြတ္ဆလင္ၾကားက အျမင္ယူဆမႈေတြမွာ သက္ေရာက္မႈ ရွိတယ္လို႔ သုံးသပ္ပါတယ္။

“ေအေအဩဇာက ရခိုင္တျပည္လုံး သက္ေရာက္တယ္ေလ။ သူ႔ဩဇာက ရခိုင္ႏိုင္ ငံေရးျပဳ ျပင္ေျပာင္းလဲေရးမွာ ေတာ္ေတာ္ဩဇာႀကီးတယ္။ ဒီလိုလုပ္တာက ႏွစ္ဘက္ျပန္လည္သင့္ျမတ္ေရး၊ ေနာက္ၿပီးေတာ့ သဟဇာတျဖစ္ေရးအတြက္လုပ္သင့္လုပ္ထိုက္တာျဖစ္ပါတယ္။ ေနာက္တဘက္ေလး စဥ္းစားရမွာက ULA/AA ကေပါ့ေနာ္။ ေနာက္ထပ္လည္း အမ်ားႀကီးဖမ္းထားတာ ရွိတယ္။ ဘာအေၾကာင္းျပခ်က္ မရွိဘူးေပါ့ေနာ္။ ေနာက္မင္းျပားက၊ ဘူးသီးေတာင္က အဲဒါေတြကိုလည္း လႊတ္ေပးဖို႔ ရည္႐ြယ္ေစခ်င္တယ္။ ေနာက္တခုက တကယ္လို႔ လူတေယာက္ကိုဖမ္းတယ္ဆိုရင္ သူ႔ရဲ႕အိမ္ကိုအေၾကာင္းၾကားေစခ်င္တယ္။ ခင္ဗ်ားရဲ႕မိသားစုဝင္ကို ဘယ္ျပစ္မႈေၾကာင့္ ဘယ္ႏွစ္ႏွစ္ခ်တယ္ဆိုတာမ်ိဳးေျပာျပဖို႔ အဲလို လိုလားပါတယ္။”

မြတ္ဆလင္ အသိုင္းအဝိုင္းဘက္ကလည္း ေအေအဘက္က ဖမ္းဆီးထိန္းသိမ္းထားတဲ့ အေရအတြက္ ဘယ္ေလာက္ရွိသလဲဆိုတာကို လက္ရွိမွာ စာရင္းေကာက္ယူႏိုင္ဖို႔ျပင္ဆင္ေနဆဲျဖစ္တာမို႔ သူတို႔အေနနဲ႔ ဖမ္းဆီးခံစာရင္း တိတိက်က်ေျပာဆိုဖို႔ ခက္ခဲေနဆဲျဖစ္ပါတယ္။

ေအေအဘက္က ရခိုင္ေဒသတြင္းေနထိုင္သူေတြအၾကား လူမႈသဟဇာတျဖစ္ေရးကို ခုေနာက္ပိုင္းမွာ ဦးတည္လုပ္ေဆာင္လာတယ္လို႔ ေလ့လာသူေတြက ယူဆပါတယ္။ ရခိုင္ေဒသတြင္း လူမႈသဟာဇာတျဖစ္မႈဟာ ႏိုင္ငံေရးအေပၚမွာပါ သက္ေရာက္မႈရွိတယ္လို႔ ရခိုင္အေရးတက္ႂကြလႈပ္ရွားသူတဦးက ေျပာပါတယ္။

“က်ေနာ္ကေတာ့ ႏိုင္ငံေရးအရ သုံးသပ္တယ္ဆိုတာထက္ လူမႈေရးပိုင္းအရ အျပဳသေဘာေဆာင္ပါ တယ္။ ၂၀၁၇ ေနာက္ပိုင္းမွာ က်ေနာ္တို႔ ရခိုင္နဲ႔မြတ္ဆလင္ၾကားမွာ ေတာ္ေတာ္ေလး ဆိုးဆိုးဝါးဝါးျဖစ္ခဲ့ၾကတယ္။ တဘက္နဲ႔တဘက္ မ်က္ႏွာခ်င္းဆိုင္စကားေျပာဖို႔ေတာင္ ခက္ခဲၾကတယ္။ ေလာေလာဆယ္ဆယ္ တေယာက္ နဲ႔တေယာက္ စကားေျပာလာႏိုင္ၿပီဆိုထဲကိုက က်ေနာ္တို႔ဘက္က လူမႈေရးပိုင္းမွာ ေတာ္ေတာ္ေလး အျပဳသေဘာေဆာင္လာၿပီေပါ့။ လူမႈေရးကေန ႏိုင္ငံေရးေပါ့ ႏိုင္ငံေရးကေတာ့ ဒီထပ္နည္းနည္း ပိုက်ယ္ျပန႔္မယ္။”

ရခိုင္ေဒသမွာ လူမ်ိဳးေရးပဋၬိပကၡေတြ ျဖစ္ၿပီးေနာက္ပိုင္း လူမ်ိဳးေရးျပႆနာေတြ ထပ္မျဖစ္ဖို႔ရည္႐ြယ္ၿပီး တဘက္န႔တဘက္ သဟဇာတျဖစ္ေအာင္ ေနထိုင္ႏိုင္ေရးအတြက္ ေအေအဘက္ကလည္းႀကိဳးပမ္းလာသလို တဘက္မွာလည္း လူမႈအဖြဲ႕အစည္းေတြဘက္က ႀကိဳးစားလုပ္ေဆာင္မႈေတြရွိလာပါတယ္။ မေန႔က မူဆလင္တကၠသိုလ္ေက်ာင္းသားေတြဦးေဆာင္ၿပီး ရခိုင္လူမႈအဖြဲ႔အစည္းေတြနဲ႔ ေပါင္းကာ အီဒုလ္အႆြဟာ(ကုရ္ဘာနီအီးဒ္)"ဆိုတဲ့ အစၥလမ္ဘာသာဝင္တို႔ရဲ႕ပြဲကို ပထမဆုံးအႀကိမ္အေနနဲ႔ ပူးေပါင္းက်င္းပခဲ့တာမ်ိဳးေတြလည္း လုပ္ခဲ့ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

============


[[Unicode]]

ဖမ်းဆီးထားတဲ့ မွတ်ဆလင် ၈ ဦးကို အိဒ်နေ့မတိုင်ခင် AA ပြန်လွှတ်


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင်း ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ မွတ်ဆလင် အမျိုးသား ၈ ဦးကို ရက္ခိုင့်တပ်တော် (အေအေ) က ပြန်လွှတ်ပေးတာက ရခိုင် မွတ်စလင်ကြား ချစ်ကြည် ရင်းနှီးမှုရှိအောင်လုပ်တာဖြစ်တယ်လို့ အေအေ ပြောခွင့်ရကပြောပါတယ်။ မွတ်ဆလင်တတ်ကြွလှုပ်ရှားသူတွေဘက်က ဒီလုပ်ရပ်ကို ကြိုဆိုလိုက်သလို လေ့လာသူတွေကတော့ ဒေသတွင်း လူမှုသဟဇာတဖြစ်လာစေဖို့ AA ရဲ့ ကြိုးပမ်းမှုဖြစ်တယ်လို့ ပြောကြပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့ သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဇူလိုင်လ ၁၀ ရက်မှာကျရောက်တဲ့ အစ္စလာမ်ဘာသာရေးပွဲတော် အိဒ်နေ့ မတိုင်ခင်မှာ ရခိုင်-မွတ်ဆလင် ချစ်ကြည်ရေးအနေနဲ့ အေအေက အခုလို ပြန်လွှတ်ပေးလိုက်တာဖြစ်တယ် လို့ အေအေ ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကိုပြောပါတယ်။

“အဓိက ပြန်လွှတ်ပေးရတဲ့ အကြောင်းအရင်းကတော့ အခုလိုမွတ်စလင်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် အခါကြီးရက်တွေမှာ သူတို့မိသားစုတွေနဲ့ ပျော်ပျော် ရွှင်ရွှင် ပြန်ဆုံနိုင်ဖို့ ကျနော်တို့ ရည်ရွယ်လွှတ်ပေးတာဖြစ်ပါတယ်။ နောက်ပြီးရခိုင်နဲ့ မွတ်ဆလင်ကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ သူတို့က ဘူးသီးတောင်မြို့နယ်ထဲကပါ။ အဲဒီမှာ တချို့ဆိုမူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ဖမ်းခံရတာရှိတယ်။ နောက် တချို့ကတော့ လူသတ်ဖို့ ကြံစည်မှုမှာ ပူးပေါင်းပါဝင်သူတွေ ပါပါတယ်။ အဲလိုပါပဲ။ တယောက်နဲ့တယောက် ပြစ်မှုတော့မတူဘူးပေါ့။ ပြစ်မှုအမျိုးမျိုးနဲ့ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေဖြစ်ပါတယ်။”

အဲဒီအမျိုးသားတွေဟာ ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောက်ဘရွာ၊ ဖုံညိုလိပ် ရွာ၊ ရေချမ်းပြင်ရွာတို့က ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အေအေဟာ အစ္စလာမ် ဘာသာရေးပွဲတော် အိဒ်နေ့အတွက်ဆိုကာ မွတ်ဆလင်ရွာပေါင်း ၂၂ ရွာက အမျိုးသား အမျိုးသမီး ၄၅၀ ကိုလည်း အဝတ်အထည်တွေ လှူဒါန်းခဲ့တယ်လို့ ခိုင်သုခကပြောပါတယ်။

အခုဖမ်းဆီးခံရသူတွေကို ဘယ်တုန်းက ဖမ်းဆီးခဲ့သလဲဆိုတာကိုတော့ AA ဘက် က မပြောပါဘူး။ ဒါ့အပြင် အခုလို ဖမ်းဆီးထိမ်းသိမ်းထားတဲ့ မွတ်ဆလင်အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာလည်း မပြောပါဘူး။

မွတ်ဆလင် အသိုင်းအဝိုင်းဘက်ကတော့ အခုလို လွှတ်ပေးတာကို ကောင်းတဲ့ လုပ်ရပ်တခုဖြစ်တယ်ဆိုပြီး ကြိုဆိုကြပါတယ်။ အစ္စလမ်ဘာသာဝင်တွေအရေး လှုပ်ရှားနေတဲ့ အစ္စလမ်ဘာသာဝင်တက်ကြွလှုပ်ရှားသူတဦးကတော့ အေအေရဲ့လုပ်ဆောင်ချက်တွေက ရခိုင် ပြည်သူတွေအပေါ်သက်ရောက်မှုကြီးတာမို့ ဒီလုပ်ရပ်က ရခိုင်ဒေသတွင်းရှိနေတဲ့ ရခိုင်မွတ်ဆလင်ကြားက အမြင်ယူဆမှုတွေမှာ သက်ရောက်မှု ရှိတယ်လို့ သုံးသပ်ပါတယ်။

“အေအေဩဇာက ရခိုင်တပြည်လုံး သက်ရောက်တယ်လေ။ သူ့ဩဇာက ရခိုင်နိုင် ငံရေးပြု ပြင်ပြောင်းလဲရေးမှာ တော်တော်ဩဇာကြီးတယ်။ ဒီလိုလုပ်တာက နှစ်ဘက်ပြန်လည်သင့်မြတ်ရေး၊ နောက်ပြီးတော့ သဟဇာတဖြစ်ရေးအတွက်လုပ်သင့်လုပ်ထိုက်တာဖြစ်ပါတယ်။ နောက်တဘက်လေး စဉ်းစားရမှာက ULA/AA ကပေါ့နော်။ နောက်ထပ်လည်း အများကြီးဖမ်းထားတာ ရှိတယ်။ ဘာအကြောင်းပြချက် မရှိဘူးပေါ့နော်။ နောက်မင်းပြားက၊ ဘူးသီးတောင်က အဲဒါတွေကိုလည်း လွှတ်ပေးဖို့ ရည်ရွယ်စေချင်တယ်။ နောက်တခုက တကယ်လို့ လူတယောက်ကိုဖမ်းတယ်ဆိုရင် သူ့ရဲ့အိမ်ကိုအကြောင်းကြားစေချင်တယ်။ ခင်ဗျားရဲ့မိသားစုဝင်ကို ဘယ်ပြစ်မှုကြောင့် ဘယ်နှစ်နှစ်ချတယ်ဆိုတာမျိုးပြောပြဖို့ အဲလို လိုလားပါတယ်။”

မွတ်ဆလင် အသိုင်းအဝိုင်းဘက်ကလည်း အေအေဘက်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရေအတွက် ဘယ်လောက်ရှိသလဲဆိုတာကို လက်ရှိမှာ စာရင်းကောက်ယူနိုင်ဖို့ပြင်ဆင်နေဆဲဖြစ်တာမို့ သူတို့အနေနဲ့ ဖမ်းဆီးခံစာရင်း တိတိကျကျပြောဆိုဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

အေအေဘက်က ရခိုင်ဒေသတွင်းနေထိုင်သူတွေအကြား လူမှုသဟဇာတဖြစ်ရေးကို ခုနောက်ပိုင်းမှာ ဦးတည်လုပ်ဆောင်လာတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။ ရခိုင်ဒေသတွင်း လူမှုသဟာဇာတဖြစ်မှုဟာ နိုင်ငံရေးအပေါ်မှာပါ သက်ရောက်မှုရှိတယ်လို့ ရခိုင်အရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

“ကျနော်ကတော့ နိုင်ငံရေးအရ သုံးသပ်တယ်ဆိုတာထက် လူမှုရေးပိုင်းအရ အပြုသဘောဆောင်ပါ တယ်။ ၂၀၁၇ နောက်ပိုင်းမှာ ကျနော်တို့ ရခိုင်နဲ့မွတ်ဆလင်ကြားမှာ တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ကြတယ်။ တဘက်နဲ့တဘက် မျက်နှာချင်းဆိုင်စကားပြောဖို့တောင် ခက်ခဲကြတယ်။ လောလောဆယ်ဆယ် တယောက် နဲ့တယောက် စကားပြောလာနိုင်ပြီဆိုထဲကိုက ကျနော်တို့ဘက်က လူမှုရေးပိုင်းမှာ တော်တော်လေး အပြုသဘောဆောင်လာပြီပေါ့။ လူမှုရေးကနေ နိုင်ငံရေးပေါ့ နိုင်ငံရေးကတော့ ဒီထပ်နည်းနည်း ပိုကျယ်ပြန့်မယ်။”

ရခိုင်ဒေသမှာ လူမျိုးရေးပဋ္ဋိပက္ခတွေ ဖြစ်ပြီးနောက်ပိုင်း လူမျိုးရေးပြဿနာတွေ ထပ်မဖြစ်ဖို့ရည်ရွယ်ပြီး တဘက်န့တဘက် သဟဇာတဖြစ်အောင် နေထိုင်နိုင်ရေးအတွက် အေအေဘက်ကလည်းကြိုးပမ်းလာသလို တဘက်မှာလည်း လူမှုအဖွဲ့အစည်းတွေဘက်က ကြိုးစားလုပ်ဆောင်မှုတွေရှိလာပါတယ်။ မနေ့က မူဆလင်တက္ကသိုလ်ကျောင်းသားတွေဦးဆောင်ပြီး ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ ပေါင်းကာ အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်)"ဆိုတဲ့ အစ္စလမ်ဘာသာဝင်တို့ရဲ့ပွဲကို ပထမဆုံးအကြိမ်အနေနဲ့ ပူးပေါင်းကျင်းပခဲ့တာမျိုးတွေလည်း လုပ်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG