သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီလုပ္မယ့္ ေ႐ြးေကာက္ပြဲအသိအမွတ္မျပဳဖို႔ ကန္ဝန္ႀကီးတိုက္တြန္း


ကေမၻာဒီးယားႏုိင္ငံ၊ ဖႏြမ္းပင္ၿမိဳ႕မွာက်င္းပေနတဲ့ ၅၅ ႀကိမ္ေျမာက္ အာဆီယံႏုိင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝး သတင္းစာရွင္းလင္းပြဲမွ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken (ၾသဂုတ္ ၈၊ ၂၀၂၂)


[[Zawgyi/Unicode]]

ျမန္မာစစ္ေကာင္စီ ေရွ႕ႏွစ္က်င္းပမယ့္ ေရြးေကာက္ပြဲကို အသိအမွတ္မျပဳၾကဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က တိုက္တြန္းလိုက္ပါတယ္။ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔အတူ အေရွ႕အာရွ ထိပ္သီးညီလာခံနဲ႔ အာဆီယံ ေဒသတြင္းလုံျခဳံေရးေဆြးေႏြးပြဲေတြ တက္ေရာက္ဖို႔ ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕ကို ေရာက္ေနတဲ့ ႏိုင္ငံျခားေရးဝန္ႀကီး Blinken က သတင္းေထာက္ေတြကို သီးျခားေတြ႕ဆုံၿပီး ထိုင္၀မ္အေရးနဲ႔ ျမန္မာႏိုင္ငံကိစၥေတြ႕ကို ေျပာဆိုသြားတာပါ။

မၾကာေသးခင္ရက္ပိုင္းက ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergey Lavrov ျမန္မာႏိုင္ငံကို သြားေရာက္ခဲ့တဲ့ ခရီးစဥ္ အေပၚမွာလည္း သူက ေဝဖန္ေျပာဆိုသြားပါတယ္။

“ရက္စက္တဲ့ အၾကမ္းဖက္မႈေတြအဆုံးသတ္ေရး၊ မတရားဖမ္းဆီးထားတဲ့သူေတြ ျပန္လႊတ္ေရးနဲ႔ လူသားခ်င္းစာနာမႈ အကူအညီေတြေပးႏိုင္ေအာင္ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျမန္မာႏိုင္ငံ ျပန္ေရာက္ေအာင္ အာဆီယံႏိုင္ငံက ဝန္ႀကီးေတြ ဆက္လက္ဖိအားေပးေနပါတယ္။ က်ေနာ္တို႔ကလည္း စီးပြားေရး အရ ဖိအားေပးမႈေတြေရာ၊ စစ္ေကာင္စီအတြက္ လက္နက္နဲ႔ဝင္ေငြ ရမယ့္နည္းလမ္းေတြကို ပိတ္ပင္ႏိုင္ဖို႔ ဖိအားေတြေရာ တိုးေပးေနပါတယ္။ က်ဳးလြန္ခဲ့တဲ့ ရက္စက္ၾကမ္းၾကဳတ္တဲ့ ျပစ္မႈေတြအတြက္ တာဝန္ခံမႈရွိရမယ္ဆိုတာကို တစိုက္မတ္မတ္ ဆက္လက္ေတာင္းဆိုေနပါတယ္။ ျမန္မာႏိုင္ငံမွာ ေရွ႕ႏွစ္ စစ္ေကာင္စီ က်င္းပမယ့္ အတုအေရာင္ ေရြးေကာက္ ပြဲကို မေထာက္ခံမိဖို႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းကို က်ေနာ္တို႔ အျပင္းအထန္တိုက္တြန္းခ်င္ပါတယ္။ လက္ရွိအေျခအေနေတြေအာက္ က်င္းပတဲ့ ေရြးေကာက္ပြဲဟာ လြတ္လပ္မွ်တမႈရွိတဲ့ ေရြးေကာက္ပြဲ မျဖစ္ႏိုင္ပါဘူး။ အခု အေရွ႕အာရွညီလာခံနဲ႔ အာဆီယံ ေဒသတြင္း လုံျခဳံေရးေဆြးေႏြးပြဲေတြမွာ ပါဝင္တက္ေရာက္သူတဦးျဖစ္တဲ့ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Lavrov ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ ျမန္မာႏိုင္ငံက စစ္ေခါင္းေဆာင္ေတြဆီ သြားေရာက္ၿပီး လက္တြဲဖက္ မိတ္ေဆြေတြျဖစ္တယ္ဆိုတာ ေျပာဆိုခဲ့ပါတယ္။ ဒါဟာ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ အဆုံးသတ္ေရး အာဆီယံရဲ႕ အျပင္းအထန္ ႀကိဳးပမ္းခ်က္ေတြကို မထီမဲ့ျမင္ မ်က္ႏွာပ်က္ေအာင္ လုပ္လိုက္တဲ့ လုပ္ရပ္ျဖစ္ပါတယ္-” လို႔ ဝန္ႀကီး Blinken ေျပာဆိုသြားတာပါ။

ထိုင္ဝမ္ကို အေမရိကန္ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi သြားေရာက္ခဲ့တဲ့ ခရီးစဥ္ဟာ ၿငိမ္းခ်မ္းစြာသြားေရာက္ခဲ့တဲ့ ခရီးစဥ္လို႔ ဝန္ႀကီး Blinken က ခုခံေျပာဆိုသြားပါတယ္။ ထိုင္ဝမ္နဲ႔ ပတ္သက္လို႔ အေမရိကန္ျပည္ေထာင္စုရဲ႕ ရပ္တည္ခ်က္ ေျပာင္းလဲမႈမရွိတဲ့အေၾကာင္း ေျပာဆိုသြားပါတယ္။ Nancy Pelosi ရဲ႕ ခရီးစဥ္အၿပီး တ႐ုတ္ႏိုင္ငံဘက္က စစ္ေရးေလ့က်င့္မႈေအေပၚ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျပန္လည္တုံ႔ျပန္သြားမွာ မဟုတ္တဲ့အေၾကာင္းလည္း ဝန္ႀကီး Blinken ေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========


[[Unicode]]

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအသိအမှတ်မပြုဖို့ ကန်ဝန်ကြီးတိုက်တွန်း

မြန်မာစစ်ကောင်စီ ရှေ့နှစ်ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တိုက်တွန်းလိုက်ပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ အရှေ့အာရှ ထိပ်သီးညီလာခံနဲ့ အာဆီယံ ဒေသတွင်းလုံခြုံရေးဆွေးနွေးပွဲတွေ တက်ရောက်ဖို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ကို ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး Blinken က သတင်းထောက်တွေကို သီးခြားတွေ့ဆုံပြီး ထိုင်ဝမ်အရေးနဲ့ မြန်မာနိုင်ငံကိစ္စတွေ့ကို ပြောဆိုသွားတာပါ။

မကြာသေးခင်ရက်ပိုင်းက ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ် အပေါ်မှာလည်း သူက ဝေဖန်ပြောဆိုသွားပါတယ်။

“ရက်စက်တဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ရေး၊ မတရားဖမ်းဆီးထားတဲ့သူတွေ ပြန်လွှတ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်အောင် ဒီမိုကရေစီလမ်းကြောင်းပေါ် မြန်မာနိုင်ငံ ပြန်ရောက်အောင် အာဆီယံနိုင်ငံက ဝန်ကြီးတွေ ဆက်လက်ဖိအားပေးနေပါတယ်။ ကျနော်တို့ကလည်း စီးပွားရေး အရ ဖိအားပေးမှုတွေရော၊ စစ်ကောင်စီအတွက် လက်နက်နဲ့ဝင်ငွေ ရမယ့်နည်းလမ်းတွေကို ပိတ်ပင်နိုင်ဖို့ ဖိအားတွေရော တိုးပေးနေပါတယ်။ ကျုးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေအတွက် တာဝန်ခံမှုရှိရမယ်ဆိုတာကို တစိုက်မတ်မတ် ဆက်လက်တောင်းဆိုနေပါတယ်။ မြန်မာနိုင်ငံမှာ ရှေ့နှစ် စစ်ကောင်စီ ကျင်းပမယ့် အတုအရောင် ရွေးကောက် ပွဲကို မထောက်ခံမိဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျနော်တို့ အပြင်းအထန်တိုက်တွန်းချင်ပါတယ်။ လက်ရှိအခြေအနေတွေအောက် ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး။ အခု အရှေ့အာရှညီလာခံနဲ့ အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်သူတဦးဖြစ်တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေဆီ သွားရောက်ပြီး လက်တွဲဖက် မိတ်ဆွေတွေဖြစ်တယ်ဆိုတာ ပြောဆိုခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး အာဆီယံရဲ့ အပြင်းအထန် ကြိုးပမ်းချက်တွေကို မထီမဲ့မြင် မျက်နှာပျက်အောင် လုပ်လိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်-” လို့ ဝန်ကြီး Blinken ပြောဆိုသွားတာပါ။

ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi သွားရောက်ခဲ့တဲ့ ခရီးစဉ်ဟာ ငြိမ်းချမ်းစွာသွားရောက်ခဲ့တဲ့ ခရီးစဉ်လို့ ဝန်ကြီး Blinken က ခုခံပြောဆိုသွားပါတယ်။ ထိုင်ဝမ်နဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက် ပြောင်းလဲမှုမရှိတဲ့အကြောင်း ပြောဆိုသွားပါတယ်။ Nancy Pelosi ရဲ့ ခရီးစဉ်အပြီး တရုတ်နိုင်ငံဘက်က စစ်ရေးလေ့ကျင့်မှုအေပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြန်လည်တုံ့ပြန်သွားမှာ မဟုတ်တဲ့အကြောင်းလည်း ဝန်ကြီး Blinken ပြောဆိုသွားပါတယ်။

XS
SM
MD
LG