သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လွ်ပ္စစ္မီးမရလို႔ ျမန္မာစက္မႈဇုံ ကုန္ထုတ္လုပ္ငန္းမ်ားထိခိုက္


Employees work at the Shweyi Zabe garment factory i

[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံမွာ လွ်ပ္စစ္မီး အလုံအေလာက္မရတာ၊ မီးေပးခ်ိန္ မမွန္တာေတြေၾကာင့္ စက္မႈဇုံက ကုန္ထုတ္လုပ္ငန္းေတြ ထိခိုက္ေနပါတယ္။ ဘယ္အခ်ိန္ မီးပ်က္မယ္ ဆိုတာ ႀကိဳတင္ခန႔္မွန္းလို႔ မရတာေၾကာင့္ လုပ္ငန္းမတြင္က်ယ္တာ၊ အဆုံးအရႈံးမ်ားတာေတြ ျဖစ္ေနတယ္လို႔ စက္႐ုံလုပ္ငန္းရွင္ေတြက ဗြီအိုေအကို ေျပာပါတယ္။ မီးပ်က္လို႔ စက္မႈဇုံလုပ္ငန္းေတြ အခက္ေတြ႔ေနေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္

ျမန္မာႏိုင္ငံမွာ လွ်ပ္စစ္မီးအလုံအေလာက္ မရတာအျပင္ ကုန္ၾကမ္းရွားပါတာ၊ စက္သုံးဆီေဈးေတြ ႀကီးေနတာေတြေၾကာင့္ ျမန္မာႏိုင္ငံက ကုန္ထုတ္လုပ္ငန္းေတြ ေဖေဖာ္ဝါရီလမွာလည္း ဆက္လက္က်ဆင္းခဲ့တယ္လို႔ ကမာၻတဝန္းက စီးပြားေရးလုပ္ငန္းေတြနဲ႔ ေဈးကြက္ဆိုင္ရာ အခ်က္အလက္ေတြ ျပဳစုသုံးသပ္တဲ့ ၿဗိတိန္ အေျခစိုက္ IHS Markit က ဒီေန႔ထုတ္ျပန္တဲ့ သုံးသပ္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ႏိုင္ငံေရး မၿငိမ္သက္မႈ၊ ကုန္ၾကမ္းရွားပါးမႈနဲ႔ ကိုဗစ္ကပ္ေရာဂါတို႔ေၾကာင့္ ကုန္ထုတ္လုပ္ေရးပိုင္းေရာ၊ ဝယ္လိုအားပါ ေဖေဖာ္ဝါရီလထဲမွာ အလ်င္အျမန္ က်ဆင္းခဲ့တယ္လို႔ လစဥ္ထုတ္ သုံးသပ္ခ်က္မွာ ေဖာ္ျပထားပါတယ္။

လက္ရွိ ရန္ကုန္ၿမိဳ႕မွာ မီးပ်က္ခ်ိန္ေတြ ၾကာရွည္လာတာ၊ မီးေပးခ်ိန္မမွန္တာေတြေၾကာင့္ စက္မႈဇုံက ကုန္ထုတ္လုပ္ငန္းေတြအတြက္ ဆုံးရႈံးမႈေတြရွိေနတယ္လို႔ လုပ္ငန္းရွင္ေတြကလည္း ဗြီအိုေအကိုေျပာပါတယ္။ အထူးသျဖင့္ စက္ပစၥည္းအကူအညီနဲ႔ အမ်ားဆုံးလည္ပတ္ရတဲ့ စားေသာက္ကုန္ အေၾကာ္အေလွာ္လုပ္ငန္းေတြ၊ အထည္ခ်ဳပ္နဲ႔ ေဆးဘက္ဆိုင္ရာပစၥည္း ထုတ္လုပ္တဲ့ လုပ္ငန္းမ်ိဳးေတြက အထိအခိုက္ပိုမ်ားတယ္လို႔ စက္မႈဇုံဥကၠ႒တဦးက ဗြီအိုေအကို ေျပာပါတယ္။

“စက္မႈဇုံမွာ တခ်ိဳ႕ ကြန္ပ်ဴတာနဲ႔သြားရတဲ့ စက္ေတြက်ေတာ့ မီးအားၿငိမ္ေနမွ ရတာ။ ဥပမာ ေဆးထိုးအပ္စက္႐ုံတို႔ ဘာတို႔၊ သူက ခလုတ္ဖြင့္လိုက္ၿပီေဟ့” ဆို မီးကၿငိမ္ေနမွရတာ၊ ျပတ္ၿပီေဟ့ဆိုရင္လည္း ခ်က္ခ်င္းျပန္ထုတ္လို႔မရဘူး။ ဒီထဲမွာ ဂ်မ္းျဖစ္သြားတာေတြ အကုန္ရွင္းရေသးတယ္။ နာရီဝက္ တနာရီေလာက္ အခ်ိန္ ယူ ရတာေပါ့။ အေလအလြင့္ မ်ားတာေပါ့။ Backup ေတြ အကုန္ထားတာရတာေပါ့။ ပ်က္ၿပီေဟ့ဆို မိနစ္ပိုင္း၊ စကၠန႔္ပိုင္းအတြင္းမွာ မီးစက္ေတြလည္ႏိုင္ေအာင္ လုပ္ရတာ။ မလုပ္လို႔ရွိရင္ အေလအလြင့္ အရမ္းမ်ားတာေပါ့။”

စြမ္းအင္ မလုံေလာက္မႈေၾကာင့္ ၂၀၂၁ ေအာက္တိုဘာလကစၿပီး လွ်ပ္စစ္မီးျဖတ္ေတာက္တာ၊ အလွည့္က်ေပးတာေတြကို သက္ဆိုင္ရာက စတင္လုပ္ေဆာင္ခဲ့တာပါ။ ၿမိဳ႕နယ္အလိုက္ မီးပ်က္မဲ့အခ်ိန္ေတြကို စစ္ေကာင္စီက အစပိုင္း ႀကိဳတင္အသိေပးခဲ့ေပမဲ့ ေနာက္ပိုင္းမွာေတာ့ အသိေပးျခင္းမရွိေတာ့သလို မီးပ်က္ခ်ိန္လည္း ပိုမ်ားလာပါတယ္။

“က်ေနာ္တို႔က မီးပ်က္တာကို လက္ခံပါတယ္။ စက္႐ုံတိုင္းက မီးစက္ရွိတယ္ဗ်။ ဒါေပမယ့္ အရင္လို ေဈးမေပါတာေတာ့ ဝမ္းနည္းစရာေပါ့ဗ်ာ။ ကမာၻ႔ေလာင္စာဆီ ေဈးတက္သလို ဗမာျပည္က ပိုတက္တာကိုး။ ဒါေပမယ့္ ဝယ္လို႔ရေသးတာကိုပဲ ေက်းဇူးတင္ရမယ္။ က်ေနာ္တို႔ ျဖစ္ခ်င္တာကေတာ့ မီးပ်က္တာကို က်ေနာ္တို႔ လက္ခံတယ္။ ဒါေပမယ့္ ဘယ္အခ်ိန္မွာ ျပတ္တာကို အတိအက်ေျပာဖို႔ဆို ပိုေကာင္းတာေပါ့။ ၉ နာရီကေန ၁၁ နာရီျပတ္မယ္- ဟုတ္တယ္၊ ပ်က္။ ၁၁ နာရီက် အတိအက်လာဖို႔ လိုတယ္။ လာၿပီေဟ့ဆိုရင္လည္း သတ္မွတ္တဲ့မီးအား ျပည့္ဖို႔ေတာ့ လိုတာေပါ့ဗ်ာ။”

အခုဆိုရင္ ရန္ကုန္တိုင္းက တခ်ိဳ႕ရပ္ကြက္ေတြမွာ တေန႔ကို နာရီအနည္းငယ္သာ မီးလာတဲ့ အေျခအေနမ်ိဳးျဖစ္ေနပါတယ္။ ေျမာက္ဒဂုံၿမိဳ႕နယ္ဘက္မွာဆို တေန႔ တည္း ၁ ႀကိမ္မက မီးပ်က္ေနတယ္လို႔ မုန႔္လုပ္ငန္းရွင္တဦးက ဗြီအိုေအ ကို ေျပာပါတယ္။

“က်ေနာ္တို႔ ဒီဘက္ ေျမာက္ဒဂုံက ေတာ္ေတာ္ေလးျပတ္တယ္ မီးက။ တေန႔ကို သုံးနာရီ တျဖတ္ တျဖတ္ကို ႏွစ္ေခါက္ေလာက္ျပတ္တယ္။ ဆိုေတာ့ တေန႔ေျခာက္ နာရီေလာက္ မီးကျပတ္ရင္ ဆီေဈးကတည္း တအားကို ေထာင္တက္ေနေတာ့ မီးစက္ေတြနဲ႔ သုံးတဲ့အခါမွာ ေတာ္ေတာ္ေလး ကုန္ထုတ္လုပ္မႈကို ထိခိုက္တာေပါ့။အဲဒါေတာ့ က်ိန္းေသတယ္။ ေနာက္ထပ္ ၅၀ ရာခိုင္ႏႈန္းေလာက္ တက္သြားမွာပဲ။ ကုန္က်စရိတ္က ထက္ဝက္ေလာက္။”

စစ္အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံက ပုဂၢလိက ထုတ္ကုန္လုပ္ငန္းေတြ အႀကီးအက်ယ္ထိခိုက္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့လေတြမွာေတာ့ အနည္းငယ္ ျပန္တည္ၿငိမ္လာတဲ့အတြက္ လုပ္ငန္းတခ်ိဳ႕က ဝန္ထမ္းအသစ္ခန႔္တာ၊ လုပ္ငန္းတိုးခ်ဲ႕ဖို႔ ျပင္ဆင္လာတာေတြ ရွိေနပါတယ္။ ႏိုင္ငံေရး လုံၿခဳံေရး မတည္ၿငိမ္တဲ့ ျမန္မာႏိုင္ငံမွာ ကုန္ထုတ္လုပ္ငန္းေတြ ျပန္လည္တိုးတက္လာဖို႔ လုပ္ငန္းရွင္ေတြ ေမွ်ာ္လင့္ေနၾကေပမယ့္ ျပည္တြင္းအေျခအေနေတြ တိုးတက္လာမွပဲ ျဖစ္ႏိုင္လိမ့္မယ္လို႔ IHS Markit က စီးပြားေရးပညာရွင္ Shreeya Patel က ဒီေနု႔ထုတ္ျပန္တဲ့ ျမန္မာႏိုင္ငံက ကုန္ထုတ္လုပ္ငန္း ေဈးကြက္ဆိုင္ရာ သုံးသပ္ခ်က္မွာ ေျပာထားတာပါ။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

လျှပ်စစ်မီးမရလို့ မြန်မာစက်မှုဇုံ ကုန်ထုတ်လုပ်ငန်းများထိခိုက်


မြန်မာနိုင်ငံမှာ လျှပ်စစ်မီး အလုံအလောက်မရတာ၊ မီးပေးချိန် မမှန်တာတွေကြောင့် စက်မှုဇုံက ကုန်ထုတ်လုပ်ငန်းတွေ ထိခိုက်နေပါတယ်။ ဘယ်အချိန် မီးပျက်မယ် ဆိုတာ ကြိုတင်ခန့်မှန်းလို့ မရတာကြောင့် လုပ်ငန်းမတွင်ကျယ်တာ၊ အဆုံးအရှုံးများတာတွေ ဖြစ်နေတယ်လို့ စက်ရုံလုပ်ငန်းရှင်တွေက ဗွီအိုအေကို ပြောပါတယ်။ မီးပျက်လို့ စက်မှုဇုံလုပ်ငန်းတွေ အခက်တွေ့နေကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်

မြန်မာနိုင်ငံမှာ လျှပ်စစ်မီးအလုံအလောက် မရတာအပြင် ကုန်ကြမ်းရှားပါတာ၊ စက်သုံးဆီဈေးတွေ ကြီးနေတာတွေကြောင့် မြန်မာနိုင်ငံက ကုန်ထုတ်လုပ်ငန်းတွေ ဖေဖော်ဝါရီလမှာလည်း ဆက်လက်ကျဆင်းခဲ့တယ်လို့ ကမ္ဘာတဝန်းက စီးပွားရေးလုပ်ငန်းတွေနဲ့ ဈေးကွက်ဆိုင်ရာ အချက်အလက်တွေ ပြုစုသုံးသပ်တဲ့ ဗြိတိန် အခြေစိုက် IHS Markit က ဒီနေ့ထုတ်ပြန်တဲ့ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံရေး မငြိမ်သက်မှု၊ ကုန်ကြမ်းရှားပါးမှုနဲ့ ကိုဗစ်ကပ်ရောဂါတို့ကြောင့် ကုန်ထုတ်လုပ်ရေးပိုင်းရော၊ ဝယ်လိုအားပါ ဖေဖော်ဝါရီလထဲမှာ အလျင်အမြန် ကျဆင်းခဲ့တယ်လို့ လစဉ်ထုတ် သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ မီးပျက်ချိန်တွေ ကြာရှည်လာတာ၊ မီးပေးချိန်မမှန်တာတွေကြောင့် စက်မှုဇုံက ကုန်ထုတ်လုပ်ငန်းတွေအတွက် ဆုံးရှုံးမှုတွေရှိနေတယ်လို့ လုပ်ငန်းရှင်တွေကလည်း ဗွီအိုအေကိုပြောပါတယ်။ အထူးသဖြင့် စက်ပစ္စည်းအကူအညီနဲ့ အများဆုံးလည်ပတ်ရတဲ့ စားသောက်ကုန် အကြော်အလှော်လုပ်ငန်းတွေ၊ အထည်ချုပ်နဲ့ ဆေးဘက်ဆိုင်ရာပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းမျိုးတွေက အထိအခိုက်ပိုများတယ်လို့ စက်မှုဇုံဥက္ကဋ္ဌတဦးက ဗွီအိုအေကို ပြောပါတယ်။

“စက်မှုဇုံမှာ တချို့ ကွန်ပျူတာနဲ့သွားရတဲ့ စက်တွေကျတော့ မီးအားငြိမ်နေမှ ရတာ။ ဥပမာ ဆေးထိုးအပ်စက်ရုံတို့ ဘာတို့၊ သူက ခလုတ်ဖွင့်လိုက်ပြီဟေ့” ဆို မီးကငြိမ်နေမှရတာ၊ ပြတ်ပြီဟေ့ဆိုရင်လည်း ချက်ချင်းပြန်ထုတ်လို့မရဘူး။ ဒီထဲမှာ ဂျမ်းဖြစ်သွားတာတွေ အကုန်ရှင်းရသေးတယ်။ နာရီဝက် တနာရီလောက် အချိန် ယူ ရတာပေါ့။ အလေအလွင့် များတာပေါ့။ Backup တွေ အကုန်ထားတာရတာပေါ့။ ပျက်ပြီဟေ့ဆို မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်းမှာ မီးစက်တွေလည်နိုင်အောင် လုပ်ရတာ။ မလုပ်လို့ရှိရင် အလေအလွင့် အရမ်းများတာပေါ့။”

စွမ်းအင် မလုံလောက်မှုကြောင့် ၂၀၂၁ အောက်တိုဘာလကစပြီး လျှပ်စစ်မီးဖြတ်တောက်တာ၊ အလှည့်ကျပေးတာတွေကို သက်ဆိုင်ရာက စတင်လုပ်ဆောင်ခဲ့တာပါ။ မြို့နယ်အလိုက် မီးပျက်မဲ့အချိန်တွေကို စစ်ကောင်စီက အစပိုင်း ကြိုတင်အသိပေးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အသိပေးခြင်းမရှိတော့သလို မီးပျက်ချိန်လည်း ပိုများလာပါတယ်။

“ကျနော်တို့က မီးပျက်တာကို လက်ခံပါတယ်။ စက်ရုံတိုင်းက မီးစက်ရှိတယ်ဗျ။ ဒါပေမယ့် အရင်လို ဈေးမပေါတာတော့ ဝမ်းနည်းစရာပေါ့ဗျာ။ ကမ္ဘာ့လောင်စာဆီ ဈေးတက်သလို ဗမာပြည်က ပိုတက်တာကိုး။ ဒါပေမယ့် ဝယ်လို့ရသေးတာကိုပဲ ကျေးဇူးတင်ရမယ်။ ကျနော်တို့ ဖြစ်ချင်တာကတော့ မီးပျက်တာကို ကျနော်တို့ လက်ခံတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ပြတ်တာကို အတိအကျပြောဖို့ဆို ပိုကောင်းတာပေါ့။ ၉ နာရီကနေ ၁၁ နာရီပြတ်မယ်- ဟုတ်တယ်၊ ပျက်။ ၁၁ နာရီကျ အတိအကျလာဖို့ လိုတယ်။ လာပြီဟေ့ဆိုရင်လည်း သတ်မှတ်တဲ့မီးအား ပြည့်ဖို့တော့ လိုတာပေါ့ဗျာ။”

အခုဆိုရင် ရန်ကုန်တိုင်းက တချို့ရပ်ကွက်တွေမှာ တနေ့ကို နာရီအနည်းငယ်သာ မီးလာတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။ မြောက်ဒဂုံမြို့နယ်ဘက်မှာဆို တနေ့ တည်း ၁ ကြိမ်မက မီးပျက်နေတယ်လို့ မုန့်လုပ်ငန်းရှင်တဦးက ဗွီအိုအေ ကို ပြောပါတယ်။

“ကျနော်တို့ ဒီဘက် မြောက်ဒဂုံက တော်တော်လေးပြတ်တယ် မီးက။ တနေ့ကို သုံးနာရီ တဖြတ် တဖြတ်ကို နှစ်ခေါက်လောက်ပြတ်တယ်။ ဆိုတော့ တနေ့ခြောက် နာရီလောက် မီးကပြတ်ရင် ဆီဈေးကတည်း တအားကို ထောင်တက်နေတော့ မီးစက်တွေနဲ့ သုံးတဲ့အခါမှာ တော်တော်လေး ကုန်ထုတ်လုပ်မှုကို ထိခိုက်တာပေါ့။အဲဒါတော့ ကျိန်းသေတယ်။ နောက်ထပ် ၅၀ ရာခိုင်နှုန်းလောက် တက်သွားမှာပဲ။ ကုန်ကျစရိတ်က ထက်ဝက်လောက်။”

စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံက ပုဂ္ဂလိက ထုတ်ကုန်လုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေမှာတော့ အနည်းငယ် ပြန်တည်ငြိမ်လာတဲ့အတွက် လုပ်ငန်းတချို့က ဝန်ထမ်းအသစ်ခန့်တာ၊ လုပ်ငန်းတိုးချဲ့ဖို့ ပြင်ဆင်လာတာတွေ ရှိနေပါတယ်။ နိုင်ငံရေး လုံခြုံရေး မတည်ငြိမ်တဲ့ မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်ငန်းတွေ ပြန်လည်တိုးတက်လာဖို့ လုပ်ငန်းရှင်တွေ မျှော်လင့်နေကြပေမယ့် ပြည်တွင်းအခြေအနေတွေ တိုးတက်လာမှပဲ ဖြစ်နိုင်လိမ့်မယ်လို့ IHS Markit က စီးပွားရေးပညာရှင် Shreeya Patel က ဒီနေု့ထုတ်ပြန်တဲ့ မြန်မာနိုင်ငံက ကုန်ထုတ်လုပ်ငန်း ဈေးကွက်ဆိုင်ရာ သုံးသပ်ချက်မှာ ပြောထားတာပါ။
=============

XS
SM
MD
LG