[[Zawgyi/Unicode]]
စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ေတာင္ပိုင္းေကာ ေျမာက္ပိုင္းမွာပါ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတို႔တိုက္ပြဲေတြရွိေနၿပီး ႏွစ္ဖက္ အထိအခိုက္အက်အဆုံးေတြရွိတယ္လို႔ သိရပါတယ္။ မင္းကင္းၿမိဳ႕မွာ ဆိုရင္လည္း စစ္ေကာင္စီေရယာဥ္ေတြနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ ပစ္ခတ္မႈေတြရွိခဲ့ပါတယ္။ ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။
စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ေတာင္ပိုင္းက သာယာကုန္းေက်း႐ြာမွာ ၾသဂုတ္လ ၂ ရက္ကတည္းက စစ္ေရးတင္းမာၿပီး တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ေနတာပါ။ ၾသဂုတ္လ ၄ ရက္မွာလည္း သာယာကုန္းေက်း႐ြာမွာ တပ္စြဲေနတဲ့ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲေတြရွိခဲ့ၿပီး ၂ ဘက္ အထိအခိုက္အက်အဆုံးရွိတယ္လို႔ ေဒသခံေတြကေျပာပါတယ္။
ဒါ့အျပင္ ကေလးၿမိဳ႕ေျမာက္ပိုင္းမွာဆိုရင္လည္း တမူးၿမိဳ႕ကေန ခ်ီတက္လာတဲ့ စစ္ေကာင္စီယာဥ္တန္းကိုလည္း ၾသဂုတ္ ၄ ရက္ေန႔က မိုင္းဆြဲတိုက္ခိုက္တာေတြ လုပ္ခဲ့တယ္လို႔ ကေလးေဒသခံကာကြယ္ေရးတပ္ဖြဲ႕ဝင္တဦးက ေျပာပါတယ္။
“ကေလးၿမိဳ႕ေျမာက္ပိုင္း ကေလး - တမူး လမ္းမေပၚ ၅၅ မိုင္႐ြာနားမွာ ရာဇၿဂိဳဟ္ေရေလွာင္တမံနဲ႔ ၅၅ မိုင္ ႐ြာၾကားမွာ က်ေနာ္တို႔ မိုင္းဆြဲလိုက္တယ္။ တမူးဘက္ကလာတဲ့ယာဥ္တန္းကို မိုင္းဆြဲတယ္ေပါ့ေနာ္။ မိုင္းဆြဲတာကို အထိနာေတာ့ အဲ့ ၅၅ မိုင္ ႐ြာနားမွာ ဖမ္းဆီးမႈတခ်ိဳ႕လုပ္တယ္လို႔ က်ေနာ္တို႔ၾကားထားရတယ္။ အဲ့ဒါၿပီးေတာ့ ညေနပိုင္းမွာ ရာဇၿဂိဳဟ္႐ြာထဲကိုဝင္လာတယ္ေပါ့ေနာ္။ လက္ရွိလည္း ရာဇၿဂိဳဟ္႐ြာထဲမွာ ရွိေနတုန္းပဲ။ ျပည္သူတခ်ိဳ႕လည္း ဖမ္းဆီးထားတာရွိတယ္။ အိမ္တခ်ိဳ႕လည္း မီးရႈိ႕ထားတာ ရွိတယ္လို႔ က်ေနာ္တို႔ၾကားတယ္ခင္ဗ်။ ထိေတြ႕တိုက္ပြဲပုံစံမ်ိဳးနဲ႔ျပင္းထန္တဲ့အေနအထားကေတာ့ ေတာင္ပိုင္းက ပိုျပင္းထန္တာေပါ့ေနာ္။ မေန႔ကေကာ တေန႔ကေကာ တေန႔ရဲ႕အရင္ေန႔ကေကာ ၁ ရက္ ၂ ရက္ ၃ ရက္ ဒီေန႔နဲ႔ဆို ၄ ရက္ ေျမာက္ေန႔ေပါ့ေနာ္။ ၄ ရက္ေျမာက္ေန႔ကေတာ့ ထိေတြ႕တိုက္ပြဲပုံစံမ်ိဳးမျဖစ္ေသးဘူး။ လက္နက္ႀကီး လွမ္းပစ္တဲ့အေနအထားမ်ိဳးေတြပဲရွိေသးတယ္ေပါ့ေနာ္။”
ကေလးၿမိဳ႕ေတာင္ပိုင္း တိုက္ပြဲ ၃ ရက္အတြင္း စစ္ေကာင္စီဘက္က ၂၀ ဦးထက္ မနည္း အက်အဆုံးရွိမယ္လို႔ ခန႔္မွန္းၿပီး ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္က ၂ ဦးက်ဆုံးခဲ့တယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕က ေျပာပါတယ္။ ကေလးၿမိဳ႕ေျမာက္ပိုင္း ၅၅ မိုင္အနီး မိုင္းဆြဲတိုက္ခိုက္မႈမွာလည္း စစ္ေကာင္စီဘက္က အက်အဆုံးရွိတယ္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက ေျပာပါတယ္။ စစ္ေကာင္စီဘက္က ထုတ္ျပန္ေျပာဆိုတာ မရွိေသးသလို၊ ဗြီအိုေအက သီးျခားအတည္ျပဳလို႔လည္းမရပါဘူး။ တိုက္ပြဲျဖစ္ပြားေနတဲ့ သာယာကုန္းေက်း႐ြာထဲမွာ ေက်း႐ြာသား အေယာက္ ၃၀ နီးပါး ပိတ္မိ ဖမ္းဆီးခံထားရၿပီး ေဒသခံအခ်ိဳ႕လည္း သတ္ျဖတ္ခံရထားရတယ္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္က ေျပာပါတယ္။ ဒီအေျခအေနေတြကိုလည္း စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာမရွိပါဘူး။
စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္မွာဆိုရင္လည္း ခ်င္းတြင္းျမစ္ထဲ ျဖတ္သန္းသြားတဲ့ စစ္ေကာင္စီေရယာဥ္ေတြနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ ဒီကေန႔ ၾသဂုတ္ ၅ ရက္မွာ ၂ ဖက္ ပစ္ခတ္တာေတြ ျဖစ္ခဲ့တယ္လို႔ မင္းကင္းေဒသခံတဦးက ေျပာပါတယ္။
“မနက္ ၈ နာရီေလာက္က စျဖစ္တာခင္ဗ်။ သူတို႔က ေရယာဥ္ေၾကာဆိုေတာ့ ျမစ္ေၾကာင္းမွာပဲ သြားလာေနတာဆိုေတာ့ ကုန္းေပၚမွာရွိတဲ့ ေက်း႐ြာေတြကို လွမ္းပစ္တာ ေက်း႐ြာေတြကေနတဆင့္ ျပည္သူ႔ကာကြယ္ေရးတပ္ေတြက ျပန္ခံပစ္တာေပါ့။ ေက်း႐ြာသားေတြထိခိုက္မႈကေတာ့ မရွိဘူးခင္ဗ်။ ဖက္ခက္႐ြာက အိမ္တလုံးမီးေလာင္တယ္။ စက္ေလွက အခု မင္းကင္းၿမိဳ႕နယ္ရဲ႕ ျမစ္အထက္ပိုင္းဘက္ကို ဆန္တက္သြားၿပီ အခုကေလးဝနယ္ဘက္ကိုနီးသြားၿပီ။”
စစ္ေကာင္စီဟာ ကုန္းလမ္းေၾကာင္းမွာ မၾကာခဏမိုင္းဆြဲတိုက္ခိုက္ခံရတာေတြရွိၿပီးေနာက္ပိုင္းမွာ ခ်င္းတြင္းျမစ္ထဲကေန ေရယာဥ္ေတြကို အသုံးျပဳၿပီး လက္နက္ရိကၡာေတြကို သယ္ယူပို႔ေဆာင္တာေတြ လုပ္တာပါ။ ဒါေၾကာင့္လည္း ခ်င္းတြင္းျမစ္ထဲက စစ္ေကာင္စီေရယာဥ္ေတြနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြဟာ အျပန္အလွန္ပစ္ခတ္တာေတြျဖစ္ေလ့ရွိခဲ့ပါတယ္။ စစ္ေကာင္စီေရယာဥ္ေတြ ကမ္းကပ္တဲ့အခါ အနီးနားက ေက်း႐ြာေတြကို နယ္ေျမရွင္းလင္းတာေတြ ေနအိမ္မီးရႈိ႕တာေတြ လက္နက္ႀကီးေတြနဲ႔႐ြာကို ပစ္ခတ္တာမ်ိဳးေတြရွိတယ္လို႔ ေဒသခံေတြက ေျပာဆိုပါတယ္။
#MyanmarFighting #VOABurmese #ကေလးၿမိဳ႕ #စစ္ကိုင္း
===========
[[Unicode]]
ကလေးမြို့ တောင်ပိုင်း မြောက်ပိုင်း စစ်ရေးတင်းမာ
စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းကော မြောက်ပိုင်းမှာပါ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့တိုက်ပွဲတွေရှိနေပြီး နှစ်ဖက် အထိအခိုက်အကျအဆုံးတွေရှိတယ်လို့ သိရပါတယ်။ မင်းကင်းမြို့မှာ ဆိုရင်လည်း စစ်ကောင်စီရေယာဉ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းက သာယာကုန်းကျေးရွာမှာ သြဂုတ်လ ၂ ရက်ကတည်းက စစ်ရေးတင်းမာပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပါ။ သြဂုတ်လ ၄ ရက်မှာလည်း သာယာကုန်းကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေရှိခဲ့ပြီး ၂ ဘက် အထိအခိုက်အကျအဆုံးရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် ကလေးမြို့မြောက်ပိုင်းမှာဆိုရင်လည်း တမူးမြို့ကနေ ချီတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကိုလည်း သြဂုတ် ၄ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ကလေးဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ကလေးမြို့မြောက်ပိုင်း ကလေး - တမူး လမ်းမပေါ် ၅၅ မိုင်ရွာနားမှာ ရာဇဂြိုဟ်ရေလှောင်တမံနဲ့ ၅၅ မိုင် ရွာကြားမှာ ကျနော်တို့ မိုင်းဆွဲလိုက်တယ်။ တမူးဘက်ကလာတဲ့ယာဉ်တန်းကို မိုင်းဆွဲတယ်ပေါ့နော်။ မိုင်းဆွဲတာကို အထိနာတော့ အဲ့ ၅၅ မိုင် ရွာနားမှာ ဖမ်းဆီးမှုတချို့လုပ်တယ်လို့ ကျနော်တို့ကြားထားရတယ်။ အဲ့ဒါပြီးတော့ ညနေပိုင်းမှာ ရာဇဂြိုဟ်ရွာထဲကိုဝင်လာတယ်ပေါ့နော်။ လက်ရှိလည်း ရာဇဂြိုဟ်ရွာထဲမှာ ရှိနေတုန်းပဲ။ ပြည်သူတချို့လည်း ဖမ်းဆီးထားတာရှိတယ်။ အိမ်တချို့လည်း မီးရှို့ထားတာ ရှိတယ်လို့ ကျနော်တို့ကြားတယ်ခင်ဗျ။ ထိတွေ့တိုက်ပွဲပုံစံမျိုးနဲ့ပြင်းထန်တဲ့အနေအထားကတော့ တောင်ပိုင်းက ပိုပြင်းထန်တာပေါ့နော်။ မနေ့ကကော တနေ့ကကော တနေ့ရဲ့အရင်နေ့ကကော ၁ ရက် ၂ ရက် ၃ ရက် ဒီနေ့နဲ့ဆို ၄ ရက် မြောက်နေ့ပေါ့နော်။ ၄ ရက်မြောက်နေ့ကတော့ ထိတွေ့တိုက်ပွဲပုံစံမျိုးမဖြစ်သေးဘူး။ လက်နက်ကြီး လှမ်းပစ်တဲ့အနေအထားမျိုးတွေပဲရှိသေးတယ်ပေါ့နော်။”
ကလေးမြို့တောင်ပိုင်း တိုက်ပွဲ ၃ ရက်အတွင်း စစ်ကောင်စီဘက်က ၂၀ ဦးထက် မနည်း အကျအဆုံးရှိမယ်လို့ ခန့်မှန်းပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၂ ဦးကျဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ကလေးမြို့မြောက်ပိုင်း ၅၅ မိုင်အနီး မိုင်းဆွဲတိုက်ခိုက်မှုမှာလည်း စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုတာ မရှိသေးသလို၊ ဗွီအိုအေက သီးခြားအတည်ပြုလို့လည်းမရပါဘူး။ တိုက်ပွဲဖြစ်ပွားနေတဲ့ သာယာကုန်းကျေးရွာထဲမှာ ကျေးရွာသား အယောက် ၃၀ နီးပါး ပိတ်မိ ဖမ်းဆီးခံထားရပြီး ဒေသခံအချို့လည်း သတ်ဖြတ်ခံရထားရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ ဒီအခြေအနေတွေကိုလည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိပါဘူး။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာဆိုရင်လည်း ချင်းတွင်းမြစ်ထဲ ဖြတ်သန်းသွားတဲ့ စစ်ကောင်စီရေယာဉ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဒီကနေ့ သြဂုတ် ၅ ရက်မှာ ၂ ဖက် ပစ်ခတ်တာတွေ ဖြစ်ခဲ့တယ်လို့ မင်းကင်းဒေသခံတဦးက ပြောပါတယ်။
“မနက် ၈ နာရီလောက်က စဖြစ်တာခင်ဗျ။ သူတို့က ရေယာဉ်ကြောဆိုတော့ မြစ်ကြောင်းမှာပဲ သွားလာနေတာဆိုတော့ ကုန်းပေါ်မှာရှိတဲ့ ကျေးရွာတွေကို လှမ်းပစ်တာ ကျေးရွာတွေကနေတဆင့် ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြန်ခံပစ်တာပေါ့။ ကျေးရွာသားတွေထိခိုက်မှုကတော့ မရှိဘူးခင်ဗျ။ ဖက်ခက်ရွာက အိမ်တလုံးမီးလောင်တယ်။ စက်လှေက အခု မင်းကင်းမြို့နယ်ရဲ့ မြစ်အထက်ပိုင်းဘက်ကို ဆန်တက်သွားပြီ အခုကလေးဝနယ်ဘက်ကိုနီးသွားပြီ။”
စစ်ကောင်စီဟာ ကုန်းလမ်းကြောင်းမှာ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရတာတွေရှိပြီးနောက်ပိုင်းမှာ ချင်းတွင်းမြစ်ထဲကနေ ရေယာဉ်တွေကို အသုံးပြုပြီး လက်နက်ရိက္ခာတွေကို သယ်ယူပို့ဆောင်တာတွေ လုပ်တာပါ။ ဒါကြောင့်လည်း ချင်းတွင်းမြစ်ထဲက စစ်ကောင်စီရေယာဉ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဟာ အပြန်အလှန်ပစ်ခတ်တာတွေဖြစ်လေ့ရှိခဲ့ပါတယ်။ စစ်ကောင်စီရေယာဉ်တွေ ကမ်းကပ်တဲ့အခါ အနီးနားက ကျေးရွာတွေကို နယ်မြေရှင်းလင်းတာတွေ နေအိမ်မီးရှို့တာတွေ လက်နက်ကြီးတွေနဲ့ရွာကို ပစ်ခတ်တာမျိုးတွေရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
#MyanmarFighting #VOABurmese #ကလေးမြို့ #စစ်ကိုင်း
===========