သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုနဲ႔မိုးၿဗဲေဒသ တိုက္ပြဲမ်ားျဖစ္ပြားေန


စစ္ေဘးသင့္ျပန္လည္ထူေထာင္ေရးစခန္းတြင္း ရိကၡာေဝငွစဥ္။ ယခင္မွတ္တမ္းဓာတ္ပံု ( ဓာတ္ပုံ- ဒီးေမာ့ဆို/ကုန္းသာ)

[[Zawgyi/Unicode]]

ရွမ္း ကယားနယ္စပ္ ဒီးေမာ့ဆိုၿမိဳ႕နယ္နဲ႔ မိုးၿဗဲၿမိဳ႕နယ္မွာ တိုက္ပြဲေတြျပင္းထန္ေနၿပီး ဒီေန႔အထိ လက္နက္ႀကီးပစ္ခတ္သံေတြၾကားေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ တိုက္ပြဲျဖစ္တဲ့ေနရာေတြက ေဒသခံေတြဟာ အရင္ကတည္းက ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရတာမို႔ အရပ္သားအထိအခိုက္ေတာ့ မၾကားရပါဘူး။ ရန္ကုန္ ကေပးပို႔တဲ့သတင္း မဆုမြန္က တင္ျပေပးထားပါတယ္။

ဒီးေမာ့ဆိုၿမိဳ႕နယ္နဲ႔ မိုးၿဗဲၿမိဳ႕နယ္ေတြဘက္မွာ မေန႔က ႏွစ္ဘက္တိုက္ပြဲ ျပင္းထန္ေနၿပီး လက္နက္ႀကီးပစ္ခတ္သံေတြ ျပင္းျပင္းထန္ထန္ ၾကားေနရတယ္လို႔ ေဒသခံေတြက VOA ကို ေျပာပါတယ္။ ဒီကေန႔ ၾသဂုတ္လ ၄ ရက္ေန႔မွာလည္း လက္နက္ႀကီး ပစ္ခတ္သံေတြ ထပ္မံၾကားေနရတယ္လို႔ ဆိုပါတယ္။ မိုးၿဗဲၿမိဳ႕နယ္ ဝါရီဆူးပလိုင္ေက်း႐ြာမွာ မေန႔ညက တိုက္ပြဲျပင္းထန္ခဲ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

''မေန႔ညလည္း ပစ္ခတ္တယ္ေပါ့။ ညပိုင္းမွာ လက္နက္ႀကီးေရာ လက္နက္ငယ္ေရာ ေနာက္ ဒီမနက္လည္း ပစ္ခတ္သံေတြၾကားေနရတာပါပဲ။ (မေန႔ည) တိုက္ပြဲျဖစ္တာက ဒီဝါရီဆူးပလိုင္ေက်း႐ြာဘက္ေပါ့။ စစ္ေကာင္စီအေျခခ်ေနတဲ့ေနရာေပါ့။ ေဒသခံေတြ မရွိေတာ့ပါဘူး။ ဝါရီဆူးပလိုင္က စစ္ေကာင္စီဝင္ထိုင္ကတည္းကဆို အကုန္လုံး ႐ြာလုံးကြၽတ္ေတာ့ ထြက္သြားတာေတာ့ ၄ လေလာက္ရွိၿပီးေပါ့။ ကာကြယ္ေရးတပ္ဖြဲ႕က ဝင္ပစ္တာလာမသိဘူး။ မေန႔ည တိုက္ပြဲအျပင္းအထန္ျဖစ္ေသးတယ္။''

တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ပစ္ခတ္ရာမွာ မိုးၿဗဲၿမိဳ႕ အစြန္ဘက္ကိုပါ လက္နက္ႀကီးေတြ က်ေရာက္ခဲ့တယ္လို႔ ေဒသခံေတြ ေျပာပါတယ္။ ဩဂုတ္လ ၄ ရက္ေန႔ ဒီေနံအထိ ဒီးေမာ့ဆိုၿမိဳ႕နယ္ဘက္မွာ ပစ္ခတ္သံေတြၾကားေနရတုန္းပဲလို႔လည္း ေဒသခံေတြ ေျပာပါတယ္။

“ဒီေန႔က်ေတာ့ ဒီမနက္ပိုင္းမွာေတာ့ လက္နက္ႀကီးပစ္ခတ္သံၾကားရတယ္။ ဒီအခ်ိန္ထိက်ေတာ့ မၾကားရေတာ့ဘူး။ တိတ္ေနတယ္ေပါ့ေနာ္။ ဒါေပမယ့္ ျဖစ္တာခုနေန႔လယ္ပိုင္းေလာက္ဆို ဒီးေမာ့ဆိုဘက္ျခမ္းက်ေတာ့ ျဖစ္မယ္ထင္တယ္။ ဒီကေနေတာ့ အသံေတြ ၾကားေနရတယ္။ ဒီလက္နက္ႀကီးေတြ။ အၿမဲတမ္းလိုလိုျဖစ္ပါတယ္။ မိုးၿဗဲေတာင္မွ လက္နက္ႀကီးက အၿမဲတမ္းလိုလိုပစ္ေနတယ္၊ ဒီးေမာ့ဆိုဘက္ေတာ့ ပိုဆိုးေပါ့၊ ဒီးေမာ့ဆိုဘက္က်ေတာ့လည္း မိုးၿဗဲမျဖစ္လည္း ဒီးေမာ့ဆိုဘက္ ကေနေတာ့ ျဖစ္တာေတြ မ်ားတယ္ေပါ့၊ ဒီမိုးၿဗဲေနလည္း ၾကားရတယ္ေပါ့ေနာ္ လက္နက္ႀကီးေတြ၊ လက္နက္ငယ္ေတြ မေန႔ည ညအခ်ိန္ အသံအက်ယ္ႀကီးပဲ။ အဲ့ဒါ လက္နက္ႀကီးေရာ လက္နက္ငယ္ေရာ။”

တိုက္ပြဲျဖစ္တဲ့ေနရာေတြမွာေတာ့ အရင္ကတည္းက ေဒသခံအေတာ္မ်ားမ်ား တိမ္းေရွာင္ေနၾကရတာမို႔ အရပ္သားအထိအခိုက္ေတာ့ ႀကီးႀကီးမားမားမၾကားရေသးပါဘူး။ ႏွစ္ဘက္အျပန္အလွန္တိုက္ပြဲျဖစ္ပြားမႈမရွိဘဲလည္း စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ အဆက္မျပတ္ပစ္ခတ္ေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

''မေန႔ညေတာ့ ထုေနတာပဲ။ ဒီးေမာ့ဆိုဘက္ကို တညလုံးထုေနတာပဲ။ ဒီးေမာ့ဆိုတပ္ကေနထုတာလည္း ရွိတယ္၊ လြိဳင္ေကာ္ကေနထုသြားတာလည္းရွိတယ္။ အသံေတာ့တအားက်ယ္တယ္။ အသံေတြကေတာ့ ေန႔တိုင္းလိုလိုၾကားရတယ္။ တိုက္ပြဲေတြရွိလို႔ သူတို႔လက္နက္ႀကီးနဲ႔ ထုတာမ်ားတာေပါ့ေနာ္။ တခါတေလလည္း စစ္ တိုက္ပြဲမရွိလည္း သူတို႔ ပစ္ခ်တဲ့အခ်ိန္လည္း ပစ္တာပဲေလ။ တိုက္ပြဲျဖစ္မွလည္း မဟုတ္ပါဘူး။ သတိနဲ႔ေတာ့ အၿမဲတမ္းေနေနရတယ္။''

ၾသဂုတ္လ ၃ ရက္ မနက္ပိုင္း ၈ နာရီခြဲေလာက္မွာ ဒီးေမာ့ဆိုၿမိဳ႕နယ္ ၿမိဳ႕မရပ္ကြက္ ၿမိဳ႕ေတာ္ခန္းမအနီးမွာ တပ္စြဲေနရာယူဖို႔လုပ္ေနတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ကို ျပည္သူ႔ ကာကြယ္ေရးတပ္-ဒီးေမာ့ဆို (DMO-LDPF) က လွ်ပ္တျပတ္တိုက္ခိုက္ရာမွာ စစ္ေကာင္စီဘက္က ႏွစ္ဦးေသဆုံးတယ္လို႔ ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္က ထုတ္ျပန္ထားပါတယ္။ ဒါနဲ႔ပတ္သက္လို႔ေရာ အခုလက္ရွိ ရွမ္း-ကယားနယ္စပ္က တိုက္ပြဲအေျခအေနေတြနဲ႔ပတ္သက္လို႔ပါ စစ္ေကာင္စီဘက္က တစုံတရာထုတ္ျပန္တာမ်ိဳး မေတြ႕ရပါဘူး။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဒီးမော့ဆိုနဲ့မိုးဗြဲဒေသ တိုက်ပွဲများဖြစ်ပွားနေ

ရှမ်း ကယားနယ်စပ် ဒီးမော့ဆိုမြို့နယ်နဲ့ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဒီနေ့အထိ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေက ဒေသခံတွေဟာ အရင်ကတည်းက ဘေးလွတ် ရာ တိမ်းရှောင်နေကြရတာမို့ အရပ်သားအထိအခိုက်တော့ မကြားရပါဘူး။ ရန်ကုန် ကပေးပို့တဲ့သတင်း မဆုမွန်က တင်ပြပေးထားပါတယ်။

ဒီးမော့ဆိုမြို့နယ်နဲ့ မိုးဗြဲမြို့နယ်တွေဘက်မှာ မနေ့က နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေ ပြင်းပြင်းထန်ထန် ကြားနေရတယ်လို့ ဒေသခံတွေက VOA ကို ပြောပါတယ်။ ဒီကနေ့ သြဂုတ်လ ၄ ရက်နေ့မှာလည်း လက်နက်ကြီး ပစ်ခတ်သံတွေ ထပ်မံကြားနေရတယ်လို့ ဆိုပါတယ်။ မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ကျေးရွာမှာ မနေ့ညက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

''မနေ့ညလည်း ပစ်ခတ်တယ်ပေါ့။ ညပိုင်းမှာ လက်နက်ကြီးရော လက်နက်ငယ်ရော နောက် ဒီမနက်လည်း ပစ်ခတ်သံတွေကြားနေရတာပါပဲ။ (မနေ့ည) တိုက်ပွဲဖြစ်တာက ဒီဝါရီဆူးပလိုင်ကျေးရွာဘက်ပေါ့။ စစ်ကောင်စီအခြေချနေတဲ့နေရာပေါ့။ ဒေသခံတွေ မရှိတော့ပါဘူး။ ဝါရီဆူးပလိုင်က စစ်ကောင်စီဝင်ထိုင်ကတည်းကဆို အကုန်လုံး ရွာလုံးကျွတ်တော့ ထွက်သွားတာတော့ ၄ လလောက်ရှိပြီးပေါ့။ ကာကွယ်ရေးတပ်ဖွဲ့က ဝင်ပစ်တာလာမသိဘူး။ မနေ့ည တိုက်ပွဲအပြင်းအထန်ဖြစ်သေးတယ်။''

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ရာမှာ မိုးဗြဲမြို့ အစွန်ဘက်ကိုပါ လက်နက်ကြီးတွေ ကျရောက်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဩဂုတ်လ ၄ ရက်နေ့ ဒီနေံအထိ ဒီးမော့ဆိုမြို့နယ်ဘက်မှာ ပစ်ခတ်သံတွေကြားနေရတုန်းပဲလို့လည်း ဒေသခံတွေ ပြောပါတယ်။

“ဒီနေ့ကျတော့ ဒီမနက်ပိုင်းမှာတော့ လက်နက်ကြီးပစ်ခတ်သံကြားရတယ်။ ဒီအချိန်ထိကျတော့ မကြားရတော့ဘူး။ တိတ်နေတယ်ပေါ့နော်။ ဒါပေမယ့် ဖြစ်တာခုနနေ့လယ်ပိုင်းလောက်ဆို ဒီးမော့ဆိုဘက်ခြမ်းကျတော့ ဖြစ်မယ်ထင်တယ်။ ဒီကနေတော့ အသံတွေ ကြားနေရတယ်။ ဒီလက်နက်ကြီးတွေ။ အမြဲတမ်းလိုလိုဖြစ်ပါတယ်။ မိုးဗြဲတောင်မှ လက်နက်ကြီးက အမြဲတမ်းလိုလိုပစ်နေတယ်၊ ဒီးမော့ဆိုဘက်တော့ ပိုဆိုးပေါ့၊ ဒီးမော့ဆိုဘက်ကျတော့လည်း မိုးဗြဲမဖြစ်လည်း ဒီးမော့ဆိုဘက် ကနေတော့ ဖြစ်တာတွေ များတယ်ပေါ့၊ ဒီမိုးဗြဲနေလည်း ကြားရတယ်ပေါ့နော် လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေ မနေ့ည ညအချိန် အသံအကျယ်ကြီးပဲ။ အဲ့ဒါ လက်နက်ကြီးရော လက်နက်ငယ်ရော။”

တိုက်ပွဲဖြစ်တဲ့နေရာတွေမှာတော့ အရင်ကတည်းက ဒေသခံအတော်များများ တိမ်းရှောင်နေကြရတာမို့ အရပ်သားအထိအခိုက်တော့ ကြီးကြီးမားမားမကြားရသေးပါဘူး။ နှစ်ဘက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

''မနေ့ညတော့ ထုနေတာပဲ။ ဒီးမော့ဆိုဘက်ကို တညလုံးထုနေတာပဲ။ ဒီးမော့ဆိုတပ်ကနေထုတာလည်း ရှိတယ်၊ လွိုင်ကော်ကနေထုသွားတာလည်းရှိတယ်။ အသံတော့တအားကျယ်တယ်။ အသံတွေကတော့ နေ့တိုင်းလိုလိုကြားရတယ်။ တိုက်ပွဲတွေရှိလို့ သူတို့လက်နက်ကြီးနဲ့ ထုတာများတာပေါ့နော်။ တခါတလေလည်း စစ် တိုက်ပွဲမရှိလည်း သူတို့ ပစ်ချတဲ့အချိန်လည်း ပစ်တာပဲလေ။ တိုက်ပွဲဖြစ်မှလည်း မဟုတ်ပါဘူး။ သတိနဲ့တော့ အမြဲတမ်းနေနေရတယ်။''

သြဂုတ်လ ၃ ရက် မနက်ပိုင်း ၈ နာရီခွဲလောက်မှာ ဒီးမော့ဆိုမြို့နယ် မြို့မရပ်ကွက် မြို့တော်ခန်းမအနီးမှာ တပ်စွဲနေရာယူဖို့လုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-LDPF) က လျှပ်တပြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ရော အခုလက်ရှိ ရှမ်း-ကယားနယ်စပ်က တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ပါ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမျိုး မတွေ့ရပါဘူး။

XS
SM
MD
LG