သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူမ်ိဳးတုန္းသတ္ျဖတ္မႈ သတ္မွတ္ေၾကညာခ်က္ ျမန္မာစစ္တပ္ပယ္ခ်


ရခုိင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာၿမိဳ႕နားက မီးေလာင္ျပင္ျဖစ္သြားတဲ့ ႐ုိဟင္ဂ်ာေက်းရြာမ်ား။ (ယခင္ပံုေဟာင္း)


[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္က ႐ိုဟင္ဂ်ာေတြအေပၚ ျမန္မာစစ္တပ္ရဲ႕လုပ္ရပ္ဟာ လူမ်ိဳးတုန္းသတ္ျဖတ္မႈျဖစ္တယ္လို႔ အေမရိကန္အစိုးရက မတ္လ ၂၁ ရက္က တရားဝင္ သတ္မွတ္ေၾကညာတဲ့အေပၚ စစ္ေကာင္စီက ပယ္ခ်ပါတယ္။ အစိုးရအေနနဲ႔ေရာ တပ္မေတာ္အေနနဲ႔ပါ လုပ္ေဆာင္ခဲ့တာမရွိဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရက ဗီြအိုေအကိုေျပာပါတယ္။ ဒါေပမယ့္ ျပစ္မႈက်ဴးလြန္ခဲ့တဲ့ စစ္သားတခ်ိဳ႕ေတာ့ ရွိခဲ့တယ္လို႔ သူက ေျပာပါတယ္။ ႐ိုဟင္ဂ်ာေတြကေတာ့ အေမရိကန္အစိုးရရဲ႕ ေၾကညာခ်က္ကို ႀကိဳဆိုပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တာကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္မွာ ၂၀၁၆ ခုႏွစ္နဲ႔ ၂၀၁၇ ခုႏွစ္ေတြတုန္းက ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြအေပၚ ျမန္မာစစ္တပ္ရဲ႕ ေဆာင္႐ြက္မႈေတြဟာ လူမ်ိဳးတုန္းသတ္ျဖတ္မႈျဖစ္တယ္ လို႔ အေမရိကန္အစိုးရက တရားဝင္သတ္မွတ္ ေၾကညာခဲ့ပါတယ္။ အေမရိကန္အစိုးရ မွတ္တမ္းတင္ထားတဲ့ အေထာက္အထားေတြအရ ျမန္မာစစ္တပ္က လူမ်ိဳးတုန္းသတ္ျဖတ္မႈက်ဴးလြန္ခဲ့တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken က တနလၤာေန႔က ေၾကညာခဲ့တာျဖစ္ပါတယ္။ ႐ိုဟင္ဂ်ာေတြကို ရွင္းလင္း သတ္ျဖတ္တဲ့လုပ္ရပ္ေတြကို စစ္တပ္က ရည္႐ြယ္ခ်က္ရွိရွိ စနစ္တက်ေဆာင္႐ြက္ခဲ့တယ္ဆိုတာကိုသူက ခုလို ဥပမာတခ်ိဳ႕ေပးၿပီးေျပာၾကားခဲ့ပါတယ္။

“စစ္ဆင္ေရးေတြကိုကြပ္ကဲခဲ့တဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ မင္းေအာင္လႈိင္ ကိုယ္တိုင္ လူသိရွင္ၾကားေျပာၾကားခဲ့ခ်က္အရ ရည္႐ြယ္ခ်က္ရွိရွိ ေဆာင္႐ြက္ခဲ့တယ္ ဆိုတဲ့ သက္ေသျပႏိုင္ပါတယ္။ ၂၀၁၇ ခုႏွစ္ စက္တင္ဘာ ၁ ရက္မွာ ျမန္မာစစ္ တပ္က ႐ြာေတြကိုဝင္ေရာက္တိုက္ခိုက္ၿပီး အမ်ိဳးသား၊ အမ်ိဳးသမီး၊ ကေလးငယ္ေတြကို သတ္ျဖတ္ ႏွိပ္စက္ မုဒိမ္းက်င့္ေနခ်ိန္မွာ သူက ဘဂၤလီျပႆနာဟာ ေရရွည္ျပႆနာျဖစ္တယ္။ မၿပီးစီးႏိုင္တဲ့ျပႆနာျဖစ္လာတယ္။ ဒီျပႆနာကို အစိုးရနဲ႔ တပ္မေတာ္က အေသအခ်ာကိုင္တြယ္ ေျဖရွင္းေနပါတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒီမိုကေရစီနည္းလမ္းက် ေ႐ြးေကာက္ထားတဲ့ အစိုးရကို ၂၀၂၁ ခုႏွစ္မွာ ဖယ္ရွားတဲ့ စစ္အာဏာသိမ္းမႈကို သူပဲ ဦးေဆာင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာလည္း ဖိႏွိပ္တဲ့စစ္အစိုးရ အႀကီးအကဲျဖစ္ေနပါတယ္။”

အခုလို အေမရိကန္အစိုးရက သတ္မွတ္ေၾကညာတဲ့အေပၚ စစ္ေကာင္စီက ပယ္ခ် ပါတယ္။ စစ္သားတခ်ိဳ႕ျပစ္မႈေတြ က်ဴးလြန္ခဲ့ေပမယ့္ စစ္တပ္တခုလုံးအေနနဲ႔ ခုလိုျပစ္မႈေတြ က်ဳးလြန္ခဲ့တာ မရွိဘူးလို႔ တုံ႔ျပန္ပါတယ္။

“က်ေနာ္တို႔အေနနဲ႔ေတာ့ ယခင္ေပါ့ေနာ္၊ ဦးသိန္းစိန္အစိုးရလက္ထက္ကတည္းက အစိုးရ အဆက္ဆက္ကလည္း ရွင္းလင္းၿပီး ျဖစ္ပါတယ္။ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ေတြ ဖြဲ႕ၿပီးလည္း လုပ္ေဆာင္ေနတာေတြ ရွိတယ္၊ ဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ သီးျခားေတာ့ ေျပာစရာမရွိပါဘူး။ ဒါကေတာ့ သူတို႔စြပ္စြဲေနက်ျဖစ္တဲ့ အတိုင္း သူတို႔ အစီအစဥ္အတိုင္း စြပ္စြဲေနတာျဖစ္တယ္။ က်ေနာ္တို႔က ဒီမွာလည္း သက္ေသျပခဲ့ၿပီး ျဖစ္တယ္။ က်ေနာ္တို႔အေနနဲ႔ ဒါ ျပစ္မႈ က်ဴးလြန္ခဲ့တဲ့ စစ္သည္ေတြရွိတယ္။ ျပစ္မႈက်ဴးလြန္ခဲ့တဲ့ စစ္သည္ေတြလည္း အနည္းစုပါပဲ။ တပ္မေတာ္ တရပ္လုံးအေနနဲ႔ေရာ၊ အစိုးရအေနနဲ႔ေရာ လုပ္ေဆာင္ခဲ့တာမရွိဘူး။ အဲဒါနဲ႔ ပတ္သက္ၿပီးလည္း က်ေနာ္တို႔ ထိုက္သင့္တဲ့ အေရးယူမႈေတြ ျပစ္မႈနဲ႔ဆိုင္တဲ့ ျပစ္ဒဏ္နဲ႔ဆိုင္တဲ့ အေရးယူမႈေတြလည္း ဒါေဆာင္႐ြက္ခဲ့ၿပီး ျဖစ္ပါတယ္။”

ျမန္မာစစ္တပ္က ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံပါဘူး။ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလတုန္းက ရခိုင္ျပည္နယ္ ေျမာက္ပိုင္း အင္းဒင္ေက်း႐ြာမွာ မူဆလင္ ၁၀ ဦးကို သတ္ျဖတ္မႈနဲ႔ ပတ္သက္ၿပီး စစ္သား ၇ ဦးကို တပ္မေတာ္က အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၁၀ ႏွစ္စီခ်ခဲ့တယ္လို႔ ၂၀၁၈ ဧၿပီလမွာ စစ္တပ္က ထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမဲ့ ေထာင္ဒဏ္ေတြကို ၁ ႏွစ္အထိ ေလ်ာ့ခ်ေပးခဲ့ၿပီးတဲ့ေနာက္ ၂၀၁၈ ႏိုဝင္ဘာလမွာပဲ ကာကြယ္ေရးဦးစီးခ်ဳပ္အမိန႔္နဲ႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့ပါတယ္။

ရခိုင္ျပည္နယ္ထဲက ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြအေပၚ စစ္တပ္က လူမ်ိဳးတုန္းသတ္ျဖတ္မႈက်ဴးလြန္ခဲ့တယ္လို႔ အေမရိကန္အစိုးရက သတ္မွတ္ခဲ့တာကို ရခိုင္ျပည္နယ္ က ႐ိုဟင္ဂ်ာေတြကေတာ့ ႀကိဳဆိုလိုက္ပါတယ္။ တရားမွ်တမႈ ရရွိတဲ့အထိ ေဆာင္ ႐ြက္ေပးေစခ်င္တယ္လို႔လည္း ႐ိုဟင္ဂ်ာ လြတ္ေျမာက္ေရးၫြန႔္ေပါင္းအဖြဲ႔ ပူးတြဲတည္ေထာင္သူ တဦးျဖစ္တဲ့ ဦးေနဆန္းလြင္က ေျပာပါတယ္။

“ရာဇဝတ္မႈေတြကို ႏိုင္ငံတကာသိလာခဲ့တာ ၂၀၁၆ ၊ ၂၀၁၇ ဆိုေပမယ့္ တကယ္တမ္း က်ေနာ္တို႔ ခံစားေနရတာ ၁၉၇၈ ကတည္းက။ ဒါႏွစ္ေပါင္း ၄၀ ေက်ာ္ၿပီေပါ့ေနာ္၊ အခုလို အေမရိကန္အစိုးရက သတ္မွတ္ေၾကညာလိုက္တာကို က်ေနာ္တို႔ အားလုံးႀကိဳဆိုတယ္။ ဒါနဲ႔ ပတ္သက္ၿပီး ေၾကညာ႐ုံတင္မဟုတ္ဘူး၊ ေနာက္ပိုင္းမွာ တရားမွ်တမႈရရွိလာေရးအတြက္ အေမရိကန္အစိုးရကေနၿပီးေတာ့ သီးသန႔္ဘာေတြ လုပ္ေပးမလဲ။ ဒါေတြကိုေတာ့ က်ေနာ္တို႔ ဆက္လက္ေတာင္းဆိုသြားမယ္။ သီးသန႔္ အေမရိကန္အစိုးရကို တိုက္တြန္းသြားပါမယ္။”

႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္မႈဟာ လူမ်ိဳးတုန္းသတ္ျဖတ္မႈျဖစ္တယ္လို႔့ အေမရိကန္အစိုးရက အခုလို သတ္မွတ္ေၾကညာခဲ့တဲအ့ေပၚ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရကေတာ့ ႀကိဳဆိုလက္ခံခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ ၂၀၁၇ ခုႏွစ္က လူမ်ိဳးေရး၊ ဘာသာေရးအေျခခံတဲ့ ပဋိပကၡေတြ ျဖစ္ခဲ့ၿပီးေနာက္ စစ္တပ္က နယ္ေျမရွင္းလင္းမႈေတြအတြင္း ဆိုးဝါးတဲ့လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ က်ဴးလြန္ခဲ့တယ္လို႔ ကုလသမဂၢနဲ႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက မွတ္တမ္းျပဳစု အစီရင္ခံစာေတြ ထုတ္ျပန္ထားပါတယ္။ အဲဒီနယ္ေျမရွင္းလင္းမႈအတြင္း ႐ိုဟင္ဂ်ာ ၇ သိန္းထက္မနည္း အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးခဲ့ၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

လူမျိုးတုန်းသတ်ဖြတ်မှု သတ်မှတ်ကြေညာချက် မြန်မာစစ်တပ်ပယ်ချ

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့လုပ်ရပ်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ အမေရိကန်အစိုးရက မတ်လ ၂၁ ရက်က တရားဝင် သတ်မှတ်ကြေညာတဲ့အပေါ် စစ်ကောင်စီက ပယ်ချပါတယ်။ အစိုးရအနေနဲ့ရော တပ်မတော်အနေနဲ့ပါ လုပ်ဆောင်ခဲ့တာမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။ ဒါပေမယ့် ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်သားတချို့တော့ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။ ရိုဟင်ဂျာတွေကတော့ အမေရိကန်အစိုးရရဲ့ ကြေညာချက်ကို ကြိုဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေတုန်းက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ ဆောင်ရွက်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ် လို့ အမေရိကန်အစိုးရက တရားဝင်သတ်မှတ် ကြေညာခဲ့ပါတယ်။ အမေရိကန်အစိုးရ မှတ်တမ်းတင်ထားတဲ့ အထောက်အထားတွေအရ မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က တနင်္လာနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို ရှင်းလင်း သတ်ဖြတ်တဲ့လုပ်ရပ်တွေကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ စနစ်တကျဆောင်ရွက်ခဲ့တယ်ဆိုတာကိုသူက ခုလို ဥပမာတချို့ပေးပြီးပြောကြားခဲ့ပါတယ်။

“စစ်ဆင်ရေးတွေကိုကွပ်ကဲခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ကိုယ်တိုင် လူသိရှင်ကြားပြောကြားခဲ့ချက်အရ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တယ် ဆိုတဲ့ သက်သေပြနိုင်ပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ မြန်မာစစ် တပ်က ရွာတွေကိုဝင်ရောက်တိုက်ခိုက်ပြီး အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်တွေကို သတ်ဖြတ် နှိပ်စက် မုဒိမ်းကျင့်နေချိန်မှာ သူက ဘင်္ဂလီပြဿနာဟာ ရေရှည်ပြဿနာဖြစ်တယ်။ မပြီးစီးနိုင်တဲ့ပြဿနာဖြစ်လာတယ်။ ဒီပြဿနာကို အစိုးရနဲ့ တပ်မတော်က အသေအချာကိုင်တွယ် ဖြေရှင်းနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ထားတဲ့ အစိုးရကို ၂၀၂၁ ခုနှစ်မှာ ဖယ်ရှားတဲ့ စစ်အာဏာသိမ်းမှုကို သူပဲ ဦးဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ဖိနှိပ်တဲ့စစ်အစိုးရ အကြီးအကဲဖြစ်နေပါတယ်။”

အခုလို အမေရိကန်အစိုးရက သတ်မှတ်ကြေညာတဲ့အပေါ် စစ်ကောင်စီက ပယ်ချ ပါတယ်။ စစ်သားတချို့ပြစ်မှုတွေ ကျူးလွန်ခဲ့ပေမယ့် စစ်တပ်တခုလုံးအနေနဲ့ ခုလိုပြစ်မှုတွေ ကျုးလွန်ခဲ့တာ မရှိဘူးလို့ တုံ့ပြန်ပါတယ်။

“ကျနော်တို့အနေနဲ့တော့ ယခင်ပေါ့နော်၊ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက အစိုးရ အဆက်ဆက်ကလည်း ရှင်းလင်းပြီး ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ ဖွဲ့ပြီးလည်း လုပ်ဆောင်နေတာတွေ ရှိတယ်၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သီးခြားတော့ ပြောစရာမရှိပါဘူး။ ဒါကတော့ သူတို့စွပ်စွဲနေကျဖြစ်တဲ့ အတိုင်း သူတို့ အစီအစဉ်အတိုင်း စွပ်စွဲနေတာဖြစ်တယ်။ ကျနော်တို့က ဒီမှာလည်း သက်သေပြခဲ့ပြီး ဖြစ်တယ်။ ကျနော်တို့အနေနဲ့ ဒါ ပြစ်မှု ကျူးလွန်ခဲ့တဲ့ စစ်သည်တွေရှိတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်သည်တွေလည်း အနည်းစုပါပဲ။ တပ်မတော် တရပ်လုံးအနေနဲ့ရော၊ အစိုးရအနေနဲ့ရော လုပ်ဆောင်ခဲ့တာမရှိဘူး။ အဲဒါနဲ့ ပတ်သက်ပြီးလည်း ကျနော်တို့ ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြစ်မှုနဲ့ဆိုင်တဲ့ ပြစ်ဒဏ်နဲ့ဆိုင်တဲ့ အရေးယူမှုတွေလည်း ဒါဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။”

မြန်မာစစ်တပ်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ၂၀၁၇ ခုနှစ် စက်တင်ဘာလတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ကျေးရွာမှာ မူဆလင် ၁၀ ဦးကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်သား ၇ ဦးကို တပ်မတော်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီချခဲ့တယ်လို့ ၂၀၁၈ ဧပြီလမှာ စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ထောင်ဒဏ်တွေကို ၁ နှစ်အထိ လျော့ချပေးခဲ့ပြီးတဲ့နောက် ၂၀၁၈ နိုဝင်ဘာလမှာပဲ ကာကွယ်ရေးဦးစီးချုပ်အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ အမေရိကန်အစိုးရက သတ်မှတ်ခဲ့တာကို ရခိုင်ပြည်နယ် က ရိုဟင်ဂျာတွေကတော့ ကြိုဆိုလိုက်ပါတယ်။ တရားမျှတမှု ရရှိတဲ့အထိ ဆောင် ရွက်ပေးစေချင်တယ်လို့လည်း ရိုဟင်ဂျာ လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ တဦးဖြစ်တဲ့ ဦးနေဆန်းလွင်က ပြောပါတယ်။

“ရာဇဝတ်မှုတွေကို နိုင်ငံတကာသိလာခဲ့တာ ၂၀၁၆ ၊ ၂၀၁၇ ဆိုပေမယ့် တကယ်တမ်း ကျနော်တို့ ခံစားနေရတာ ၁၉၇၈ ကတည်းက။ ဒါနှစ်ပေါင်း ၄၀ ကျော်ပြီပေါ့နော်၊ အခုလို အမေရိကန်အစိုးရက သတ်မှတ်ကြေညာလိုက်တာကို ကျနော်တို့ အားလုံးကြိုဆိုတယ်။ ဒါနဲ့ ပတ်သက်ပြီး ကြေညာရုံတင်မဟုတ်ဘူး၊ နောက်ပိုင်းမှာ တရားမျှတမှုရရှိလာရေးအတွက် အမေရိကန်အစိုးရကနေပြီးတော့ သီးသန့်ဘာတွေ လုပ်ပေးမလဲ။ ဒါတွေကိုတော့ ကျနော်တို့ ဆက်လက်တောင်းဆိုသွားမယ်။ သီးသန့် အမေရိကန်အစိုးရကို တိုက်တွန်းသွားပါမယ်။”

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ အမေရိကန်အစိုးရက အခုလို သတ်မှတ်ကြေညာခဲ့တဲအ့ပေါ် NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကတော့ ကြိုဆိုလက်ခံခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးနောက် စစ်တပ်က နယ်မြေရှင်းလင်းမှုတွေအတွင်း ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မှတ်တမ်းပြုစု အစီရင်ခံစာတွေ ထုတ်ပြန်ထားပါတယ်။ အဲဒီနယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာ ၇ သိန်းထက်မနည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။
===========

XS
SM
MD
LG