သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အကူအညီမ်ား ခ်မွတ္ထားတဲ့မူေဘာင္အတိုင္းလိုက္နာဖို႔လို- စစ္ေကာင္စီေျပာခြင့္ရသူ


ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္က စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံတြင္း လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရးဆိုင္ရာ ကိစၥေတြနဲ႔ ပတ္သက္လို႔ အစိုးရခ်မွတ္ထားတဲ့မူေဘာင္ေတြအတိုင္း လိုက္နာမယ္ဆိုမွသာ လက္ခံေဆာင္ ႐ြက္ခြင့္ေပးမယ္လို႔ စစ္ေကာင္စီေျပာေရးဆိုခြင့္ရွိသူကေျပာပါတယ္။ လက္ရွိမွာ အာဆီယံဘက္က လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေတြ ေပးႏိုင္ဖို႔ စစ္ေကာင္စီနဲ႔ ညႇိႏႈိင္းေနတာရွိေပမယ့္ လက္ေတြ႔မွာေတာ့ ၾကန႔္ၾကာေနတယ္လို႔ စစ္ေကာင္စီဘက္ကေျပာပါတယ္။ ရန္ကုန္ ေရးသားေပးပို႔တဲ့သတင္း ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံတြင္း ေနရာတခ်ိဳ႕ အထူးသျဖင့္ စစ္ကိုင္းတိုင္း ခ်င္းျပည္နယ္နဲ႔ ကယားျပည္နယ္ေဒသေတြမွာ စစ္ပြဲပဋိပကၡေတြေၾကာင့္ ေနရပ္တိမ္းေရွာင္ထြက္ေျပးသူေတြ အမ်ားအျပားရွိေနသလို လာမယ့္ မိုးရာသီအေျခအေနေၾကာင့္လည္း ဒုကၡသည္ေတြ ပိုၿပီး အက်ပ္အတည္းေတြ႔လာဖြယ္ရွိေနပါတယ္။ ဒါေၾကာင့္ ဒီ ဒုကၡသည္ေတြအတြက္ လူသားခ်င္းစာနာမႈ အကူအညီေတြေပးေရး ကုလသမဂၢမွာေရာ အာဆီယံအသင္းထဲမွာပါ ေဆြးေႏြးညႇိႏႈိင္းေနတာပါ။ စစ္ေကာင္စီေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက အကူအညီေပးမႈေတြမွာ အစိုးရ ခ်မွတ္ထားတဲ့ မူေဘာင္ေတြအတိုင္းလိုက္နာဖို႔ လိုမယ္လို႔ ေျပာပါတယ္။

“အစိုးရရဲ႕မူေဘာင္ထဲကအတုိင္း ဦးကိုကိုလိႈင္တို႔နဲ႔ သေဘာတူညီခဲ့တယ္။ အဲဒီမွာ SOP ေတြ သေဘာတူညီခဲ့တယ္။ အဲဒီမွာ SOP ေတြက မူေဘာင္ထဲကအတုိင္းလုပ္မယ္ဆိုရင္ က်ေနာ္တို႔အေနနဲ႔က လုပ္ႏိုင္တဲ့အဖြဲ႔အစည္းေတြ ရွိၿပီးျဖစ္တယ္။ ျမန္မာႏုိင္ငံမွာ အမ်ားအားျဖင့္ ေဆာင္ရြက္ေနတာက ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္းက ေဆာင္ရြက္ေနတာျဖစ္တယ္။ ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္းဆိုတာကလည္း သီးျခားလြတ္လပ္တဲ့အဖြဲ႔အစည္းပဲျဖစ္တယ္။ အဲလိုအဖြဲ႔အစည္းမ်ဳိးနဲ႔လာမယ္ဆိုရင္ မူေဘာင္နဲ႔ကိုက္ညီတယ္ဆိုရင္ က်ေနာ္တို႔ လက္ခံဖို႔အသင့္ပဲျဖစ္တယ္။”

စစ္မက္ပဋိပကၡႀကဳံေနတဲ့ ျမန္မာႏိုင္ငံကို လူသားခ်င္းစာနာမႈ အကူအညီေတြေပးႏိုင္ေရး အာဆီယံႏိုင္ငံေတြရဲ႕ ေဆြးေႏြးပြဲတခုကိုၿပီးခဲ့တဲ့ ရက္သတၱပတ္က ကေမာၻဒီးယား ႏိုင္ငံမွာ ေဆြးေႏြးခဲ့တာရွိခဲ့သလို ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလ အာဆီယံေခါင္းေဆာင္ေတြၾကား ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး သေဘာတူညီခဲ့ၾကတဲ့ အခ်က္ငါးခ်က္မွာ ဒီအခ်က္တခ်က္အေနနဲ႔လည္း ပါဝင္ခဲ့တာပါ။ ဒီအကူအညီေပးေရးနဲ႔ပတ္သက္လို႔ အာဆီယံႏိုင္ငံေတြၾကား ဝိဝါဒကြဲလြဲမႈေတြလည္းရွိေနပါတယ္။ တခ်ိဳ႕အာဆီယံႏိုင္ငံေတြက စစ္ေကာင္စီနဲ႔ တြဲဖက္လုပ္ဖို႔လိုလားသလို တခ်ိဳ႕ႏိုင္ငံေတြဘက္ကလည္း ထိထိေရာက္ေရာက္ျဖစ္ႏိုင္ေအာင္ NUG နဲ႔ပါ ထိစပ္လုပ္ေဆာင္ဖို႔လိုလားေနပါတယ္။

အာဆီယံက အကူအညီေပးေရးကိစၥေတြကို ေဆြးေႏြးေနဆဲျဖစ္ၿပီး လက္ေတြ႕မွာ ျပႆနာတခ်ိဳ႕ေၾကာင့္ ၾကန႔္ၾကာေနတယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“သူတို႔အေနနဲ႔ကေတာ့ တျခားလမ္းေၾကာင္းကေန သြားခ်င္တဲ့အေနအထားမ်ဳိးရွိတယ္။ တျခား လမ္းေၾကာင္းကေနသြားရင္ေတာ့ ဘယ္ႏုိင္ငံမွလည္း လက္ခံတာမရွိဘူး။ က်ေနာ္တို႔ႏုိင္ငံအေနနဲ႔ကလည္း တျခားလမ္းေၾကာင္းကေနသြားဖို႔အတြက္ကေတာ့ မျဖစ္ႏုိင္ဘူး။ တျခားလမ္းေၾကာင္းကေနသြားဖို႔ မျဖစ္ႏုိင္ဘူးဆိုတာ တခ်ဳိ႕ဟာေတြသည္ ဒီဟာကိုေခါင္းစဥ္ျပၿပီး အၾကမ္းဖက္ေတြလက္ထဲ ေရာက္ရွိသြားႏုိင္တာမ်ဳိး ရွိတယ္။ ဒါေတြနဲ႔ပတ္သက္ၿပီး လက္ေတြ႔ တိတိက်က် ထိထိေရာက္ေရာက္ေဆာင္ရြက္ေပးေနတာကလည္း ဒီ အစိုးရအဖြဲ႔အစည္းေတြရယ္၊ တရားဝင္ဖြဲ႔စည္းထားတဲ့ လူမႈျပန္လည္ကူညီကယ္ဆယ္ေရးအသင္းေတြကပဲ လုပ္ေနတာ။ ဒီလူမႈကူညီကယ္ဆယ္ေရးအသင္းေတြကလည္း ေဒသအလိုက္ ဖြဲ႔စည္းထားတာပဲျဖစ္တယ္။ သူတို႔အေနနဲ႔ကေတာ့ အစိုးရဘက္ကိုပဲျဖစ္ျဖစ္၊ ဟုိဘက္ကုိပဲျဖစ္ျဖစ္ ၾကည့္တာမဟုတ္ဘူး။ သူတို႔အေနနဲ႔ကေတာ့ ဘာပဲေျပာေျပာ တကယ့္ကူညီရမယ့္သူေတြကိုပဲ ၾကည့္တာျဖစ္တယ္။ သို႔ေသာ္ ၾကန္႔ၾကာေနတဲ့သေဘာသည္ မူေဘာင္အရေတာ့ သေဘာတူထားေပမယ့္ လက္ေတြ႔မွာေတာ့ ေရာက္ရွိတာေတာ့ မရွိေသးပါဘူး။”

အာဆီယံရဲ႕ လူသားခ်င္းကူညီမႈ ဆိုင္ရာကိစၥေတြအတြက္ ပူးတြဲလုပ္ေဆာင္ဖို႔ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ပါဝင္တဲ့ အဖြဲ႔ တဖြဲ႔ကို ဖြဲ႔စည္းကာ ပူးေပါင္းေဆာင္႐ြက္သြားဖို႔ ျပင္ဆင္ထားတာပါ။ ဒီအဖြဲ႔ထဲမွာ လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ က်န္းမာေရးဝန္ႀကီးဌာန စတဲ့ ဝန္ႀကီးဌာနက အဆင့္ျမင့္အရာရွိေတြလည္းပါဝင္တယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

ၿပီးခဲ့တဲ့အပတ္ ေမ ၁၂ ရက္ေန႔က စစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီးဌာနထုတ္ျပန္ခ်က္အရ အာဆီယံရဲ႕လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးေရးအစီအစဥ္ေတြ ရလာရင္ စစ္ကိုင္း၊ မေကြး၊ ကရင္၊ ရခိုင္၊ ကယား၊ ရွမ္း၊ ပဲခူးအစရွိတဲ့ ေဒသမ်ားကို အကူအညီ ေပးဖို႔ျပင္ဆင္ထားတယ္လို႔ ထုတ္ျပန္ထားပါတယ္။ လက္ရွိမွာေတာ့ အဲဒီေဒသမွာရွိတဲ့ စစ္ေျပးဒုကၡသည္ေတြအဖို႔ ေနထိုင္စားေသာက္ေရးခက္ခဲေနသလို မိုးရာသီဝင္လာမယ္ဆိုရင္ ပိုအက်ပ္အတည္းႀကီးလာမယ္လို႔ ေဒသခံအကူအညီေပးေနသူေတြက ေျပာပါတယ္။ ဒါေပမယ့္ အကူအညီေတြကို စစ္ေကာင္စီမူဝါဒအတိုင္းပဲလုပ္ေဆာင္ရမယ္ဆိုရင္ ထိေရာက္မႈအားနည္းႏိုင္တယ္လို႔ သူတို႔က ယူဆပါတယ္။

“စစ္ေကာင္စီရဲ႕လူသားခ်င္းစာနာေထာက္ထားမႈအကူအညီက သူတို႔ခ်မွတ္ထားတဲ့၊ သူတို႔ေရြးခ်ယ္တဲ့ေနရာပဲ သူတို႔ေပးတယ္။ ထိထိေရာက္ေရာက္မေပးႏုိင္ဘူး။ စစ္ေကာင္စီရဲ႕လူသားခ်င္းစာနာေထာက္ထားမႈအကူအညီက လက္ေတြ႔မွာ တကယ္တန္း မထိေရာက္တဲ့အေနအထားမ်ဳိး၊ စိုးရိမ္မိတယ္ဆိုတာကေတာ့ အခု လတ္တေလာျဖစ္ေပၚေနတဲ့ႏုိင္ငံေရးအေနအထားမ်ဳိးကေတာ့ သူတို႔က အျပစ္မရွိဘဲနဲ႔အျပစ္ရွိတယ္လို႔ စြပ္စြဲၿပီးေတာ့မွ ႏုိင္ထက္စီးနင္းလုပ္ၿပီးေတာ့မွ၊ မဟုတ္တာကို ဟုတ္တယ္ေျပာၿပီးေတာ့မွ ဒါကေတာ့ အားလံုး အေျဖသိေနၾကတာပဲေလ။”

ကရင္နီေဒသက စစ္ေဘးေရွာင္ေတြကိုကူညီေနသူတဦးက ခုလိုေထာက္ျပလာတာပါ။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းကစရင္ အခုအခ်ိန္အထိ ျမန္မာႏိုင္ငံတြင္း ေနရပ္စြန႔္ခြာထြက္ေျပးရသူေပါင္း တသန္းနီးပါးထိ ရွိလာေနတယ္ လို႔ ကုလသမဂၢ လူသားခ်င္းစာနာကူညီမႈညႇိဳႏႈိင္းေရး႐ုံး OCHA က ခန႔္မွန္းတြက္ခ်က္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

အကူအညီများ ချမှတ်ထားတဲ့မူဘောင်အတိုင်းလိုက်နာဖို့လို- စစ်ကောင်စီပြောခွင့်ရသူ

မြန်မာနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရချမှတ်ထားတဲ့မူဘောင်တွေအတိုင်း လိုက်နာမယ်ဆိုမှသာ လက်ခံဆောင် ရွက်ခွင့်ပေးမယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ လက်ရှိမှာ အာဆီယံဘက်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ဖို့ စစ်ကောင်စီနဲ့ ညှိနှိုင်းနေတာရှိပေမယ့် လက်တွေ့မှာတော့ ကြန့်ကြာနေတယ်လို့ စစ်ကောင်စီဘက်ကပြောပါတယ်။ ရန်ကုန် ရေးသားပေးပို့တဲ့သတင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း နေရာတချို့ အထူးသဖြင့် စစ်ကိုင်းတိုင်း ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ဒေသတွေမှာ စစ်ပွဲပဋိပက္ခတွေကြောင့် နေရပ်တိမ်းရှောင်ထွက်ပြေးသူတွေ အများအပြားရှိနေသလို လာမယ့် မိုးရာသီအခြေအနေကြောင့်လည်း ဒုက္ခသည်တွေ ပိုပြီး အကျပ်အတည်းတွေ့လာဖွယ်ရှိနေပါတယ်။ ဒါကြောင့် ဒီ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးရေး ကုလသမဂ္ဂမှာရော အာဆီယံအသင်းထဲမှာပါ ဆွေးနွေးညှိနှိုင်းနေတာပါ။ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အကူအညီပေးမှုတွေမှာ အစိုးရ ချမှတ်ထားတဲ့ မူဘောင်တွေအတိုင်းလိုက်နာဖို့ လိုမယ်လို့ ပြောပါတယ်။

“အစိုးရရဲ့မူဘောင်ထဲကအတိုင်း ဦးကိုကိုလှိုင်တို့နဲ့ သဘောတူညီခဲ့တယ်။ အဲဒီမှာ SOP တွေ သဘောတူညီခဲ့တယ်။ အဲဒီမှာ SOP တွေက မူဘောင်ထဲကအတိုင်းလုပ်မယ်ဆိုရင် ကျနော်တို့အနေနဲ့က လုပ်နိုင်တဲ့အဖွဲ့အစည်းတွေ ရှိပြီးဖြစ်တယ်။ မြန်မာနိုင်ငံမှာ အများအားဖြင့် ဆောင်ရွက်နေတာက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဆောင်ရွက်နေတာဖြစ်တယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဆိုတာကလည်း သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းပဲဖြစ်တယ်။ အဲလိုအဖွဲ့အစည်းမျိုးနဲ့လာမယ်ဆိုရင် မူဘောင်နဲ့ကိုက်ညီတယ်ဆိုရင် ကျနော်တို့ လက်ခံဖို့အသင့်ပဲဖြစ်တယ်။”

စစ်မက်ပဋိပက္ခကြုံနေတဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ရေး အာဆီယံနိုင်ငံတွေရဲ့ ဆွေးနွေးပွဲတခုကိုပြီးခဲ့တဲ့ ရက်သတ္တပတ်က ကမ္ဘောဒီးယား နိုင်ငံမှာ ဆွေးနွေးခဲ့တာရှိခဲ့သလို ပြီးခဲ့တဲ့နှစ် ဧပြီလ အာဆီယံခေါင်းဆောင်တွေကြား မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သဘောတူညီခဲ့ကြတဲ့ အချက်ငါးချက်မှာ ဒီအချက်တချက်အနေနဲ့လည်း ပါဝင်ခဲ့တာပါ။ ဒီအကူအညီပေးရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေကြား ဝိဝါဒကွဲလွဲမှုတွေလည်းရှိနေပါတယ်။ တချို့အာဆီယံနိုင်ငံတွေက စစ်ကောင်စီနဲ့ တွဲဖက်လုပ်ဖို့လိုလားသလို တချို့နိုင်ငံတွေဘက်ကလည်း ထိထိရောက်ရောက်ဖြစ်နိုင်အောင် NUG နဲ့ပါ ထိစပ်လုပ်ဆောင်ဖို့လိုလားနေပါတယ်။

အာဆီယံက အကူအညီပေးရေးကိစ္စတွေကို ဆွေးနွေးနေဆဲဖြစ်ပြီး လက်တွေ့မှာ ပြဿနာတချို့ကြောင့် ကြန့်ကြာနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“သူတို့အနေနဲ့ကတော့ တခြားလမ်းကြောင်းကနေ သွားချင်တဲ့အနေအထားမျိုးရှိတယ်။ တခြား လမ်းကြောင်းကနေသွားရင်တော့ ဘယ်နိုင်ငံမှလည်း လက်ခံတာမရှိဘူး။ ကျနော်တို့နိုင်ငံအနေနဲ့ကလည်း တခြားလမ်းကြောင်းကနေသွားဖို့အတွက်ကတော့ မဖြစ်နိုင်ဘူး။ တခြားလမ်းကြောင်းကနေသွားဖို့ မဖြစ်နိုင်ဘူးဆိုတာ တချို့ဟာတွေသည် ဒီဟာကိုခေါင်းစဉ်ပြပြီး အကြမ်းဖက်တွေလက်ထဲ ရောက်ရှိသွားနိုင်တာမျိုး ရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လက်တွေ့ တိတိကျကျ ထိထိရောက်ရောက်ဆောင်ရွက်ပေးနေတာကလည်း ဒီ အစိုးရအဖွဲ့အစည်းတွေရယ်၊ တရားဝင်ဖွဲ့စည်းထားတဲ့ လူမှုပြန်လည်ကူညီကယ်ဆယ်ရေးအသင်းတွေကပဲ လုပ်နေတာ။ ဒီလူမှုကူညီကယ်ဆယ်ရေးအသင်းတွေကလည်း ဒေသအလိုက် ဖွဲ့စည်းထားတာပဲဖြစ်တယ်။ သူတို့အနေနဲ့ကတော့ အစိုးရဘက်ကိုပဲဖြစ်ဖြစ်၊ ဟိုဘက်ကိုပဲဖြစ်ဖြစ် ကြည့်တာမဟုတ်ဘူး။ သူတို့အနေနဲ့ကတော့ ဘာပဲပြောပြော တကယ့်ကူညီရမယ့်သူတွေကိုပဲ ကြည့်တာဖြစ်တယ်။ သို့သော် ကြန့်ကြာနေတဲ့သဘောသည် မူဘောင်အရတော့ သဘောတူထားပေမယ့် လက်တွေ့မှာတော့ ရောက်ရှိတာတော့ မရှိသေးပါဘူး။”

အာဆီယံရဲ့ လူသားချင်းကူညီမှု ဆိုင်ရာကိစ္စတွေအတွက် ပူးတွဲလုပ်ဆောင်ဖို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ပါဝင်တဲ့ အဖွဲ့ တဖွဲ့ကို ဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်သွားဖို့ ပြင်ဆင်ထားတာပါ။ ဒီအဖွဲ့ထဲမှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတွေလည်းပါဝင်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ပြီးခဲ့တဲ့အပတ် မေ ၁၂ ရက်နေ့က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ အာဆီယံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအစီအစဉ်တွေ ရလာရင် စစ်ကိုင်း၊ မကွေး၊ ကရင်၊ ရခိုင်၊ ကယား၊ ရှမ်း၊ ပဲခူးအစရှိတဲ့ ဒေသများကို အကူအညီ ပေးဖို့ပြင်ဆင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ အဲဒီဒေသမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေအဖို့ နေထိုင်စားသောက်ရေးခက်ခဲနေသလို မိုးရာသီဝင်လာမယ်ဆိုရင် ပိုအကျပ်အတည်းကြီးလာမယ်လို့ ဒေသခံအကူအညီပေးနေသူတွေက ပြောပါတယ်။ ဒါပေမယ့် အကူအညီတွေကို စစ်ကောင်စီမူဝါဒအတိုင်းပဲလုပ်ဆောင်ရမယ်ဆိုရင် ထိရောက်မှုအားနည်းနိုင်တယ်လို့ သူတို့က ယူဆပါတယ်။

“စစ်ကောင်စီရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီက သူတို့ချမှတ်ထားတဲ့၊ သူတို့ရွေးချယ်တဲ့နေရာပဲ သူတို့ပေးတယ်။ ထိထိရောက်ရောက်မပေးနိုင်ဘူး။ စစ်ကောင်စီရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီက လက်တွေ့မှာ တကယ်တန်း မထိရောက်တဲ့အနေအထားမျိုး၊ စိုးရိမ်မိတယ်ဆိုတာကတော့ အခု လတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအနေအထားမျိုးကတော့ သူတို့က အပြစ်မရှိဘဲနဲ့အပြစ်ရှိတယ်လို့ စွပ်စွဲပြီးတော့မှ နိုင်ထက်စီးနင်းလုပ်ပြီးတော့မှ၊ မဟုတ်တာကို ဟုတ်တယ်ပြောပြီးတော့မှ ဒါကတော့ အားလုံး အဖြေသိနေကြတာပဲလေ။”

ကရင်နီဒေသက စစ်ဘေးရှောင်တွေကိုကူညီနေသူတဦးက ခုလိုထောက်ပြလာတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစရင် အခုအချိန်အထိ မြန်မာနိုင်ငံတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း တသန်းနီးပါးထိ ရှိလာနေတယ် လို့ ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုညှိုနှိုင်းရေးရုံး OCHA က ခန့်မှန်းတွက်ချက်ထားပါတယ်။

===============

XS
SM
MD
LG