သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာလူသားခ်င္းစာနာမႈအကူအညီ အာဆီယံညႇိႏႈိင္းေဆြးေႏြးပြဲ ျမန္မာစစ္ေကာင္စီ တက္ေရာက္မည္


ဒီးေမာ့ဆိုၿမိဳ႕က စစ္ေဘးဒုကၡသည္မ်ား (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

[[Zawgyi/Unicode]]

ကေမာၻဒီးယားႏိုင္ငံမွာ မနက္ျဖန္က်င္းပမယ့္ ျမန္မာႏိုင္ငံအတြက္ လူသားခ်င္းစာနာမႈအကူအညီေပးေရး အာဆီယံညႇိႏိႈင္းေဆြးေႏြးပြဲတက္ဖို႔ ျမန္မာစစ္ေကာင္စီရဲ႕ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္နဲ႔အဖြဲ႔ ကေမာၻဒီးယားႏိုင္ငံကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။

အာဆီယံအလွည့္က်ဥကၠ႒ရဲ႕ အထူးကိုယ္စားလွယ္ Prak Sokhonn ရဲ႕ ဖိတ္ၾကားခ်က္အရ သြားေရာက္တာျဖစ္တယ္လို႔ ျမန္မာ့အသံက ေၾကညာပါတယ္။ ျမန္မာႏိုင္ငံအတြက္ အာဆီယံ လူသားခ်င္းစာနာမႈအကူအညီေပးေရးလုပ္ငန္းအတြက္ ဒုတိယအဆင့္ ညႇိႏိႈင္းမႈျဖစ္တယ္လို႔ ျမန္မာစစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္က ေဖာ္ျပပါတယ္။ ဒီအစည္းအေဝးဟာ အကူအညီ လိုအပ္ေနသူအားလုံးကို တေျပးညီ ေထာက္ပံ့ႏိုင္ေရး သေဘာတူညီႏိုင္တာေတြကို ေဆြးေႏြးမယ့္အေၾကာင္း အာဆီယံအလွည့္က်ဥကၠ႒ ကေမာၻဒီးယားႏိုင္ငံက ဒီေန႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ျမန္မာႏိုင္ငံအေရး အာဆီယံဘုံသေဘာတူညီခ်က္ကို ျမန္မာဘက္က အေကာင္အထည္ေဖာ္လိုက္နာဖို႔ ပ်က္ကြက္တာေၾကာင့္ အာဆီယံအဆင့္ျမင့္အစည္းအေဝးေတြမွာ ျမန္မာဘက္က ႏိုင္ငံေရးအရ တာဝန္မရွိသူကိုဘဲ ဖိတ္ၾကားဖို႔ အာဆီယံက ဆုံးျဖတ္ထားတာပါ။ ဒီလိုညႇိႏိႈင္းမႈမ်ိဳးမွာ NUG ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရကိုပါ ထိစပ္ဆက္ဆံဖို႔ အဆိုျပဳမယ္လို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာဆိုထားေပမယ့္ မနက္ျဖန္ညႇိႏိႈင္းေဆြးေႏြးပြဲအတြက္ NUG ကို ဖိတ္ၾကားတယ္ဆိုတာ မၾကားရေသးပါဘူး။

အစည္းအေဝးကို ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအလွည့္က် ဥကၠ႒ရဲ႕ အထူးကိုယ္စားလွယ္ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn နဲ႔ အာဆီယံအတြင္းေရးမႉးခ်ဳပ္ Dato Lim Jock Hoi တို႔က ဦးေဆာင္ ကမကထလုပ္က်င္းပမွာျဖစ္ၿပီး အာဆီယံအဖြဲ႔ဝင္ႏိုင္ငံေတြက အရာရွိေတြနဲ႔ ကုလသမဂၢအဖြဲ႕အစည္းေတြက တာဝန္ရွိသူေတြ အြန္လိုင္းကေရာ၊ လူကိုယ္တိုင္ပါ တက္ေရာက္မွာပါ။

ကိုဗစ္ 19 ကာကြယ္ေဆးျဖန႔္ေဝေရးအပါအဝင္ ျမန္မာႏိုင္ငံအတြက္ လူသားခ်င္းစာနာမႈ အကူအညီေပးေရးမွာ ပကတိရင္ဆိုင္ေနရတဲ့အခက္အခဲေတြကို ေဆြးေႏြးမယ့္အေၾကာင္း ကေမာၻဒီးယားႏိုင္ငံျခားေရးဌာန ေၾကညာခ်က္မွာ ေဖၚျပပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Noeleen Heyzer ကေတာ့ ျမန္မာႏိုင္ငံအတြင္း စာနာေထာက္ ထားမႈ အကူအညီေပးေရး ပါဝင္ေဆာင္႐ြက္ေနသူအားလုံး လုံၿခဳံစိတ္ခ်ၿပီး အဟန႔္အတားမရွိ ေဆာင္႐ြက္ႏိုင္ဖို႔ အေရးႀကီးတဲ့အေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ႏိုင္ငံတကာ လူသားခ်င္း စာနာေထာက္ထားမႈ ဥပေဒနဲ႔မူေတြကို ေလးစားလိုက္နာဖို႔လိုတယ္လို႔လည္း ေျပာဆိုထားပါတယ္။ ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္မႈနဲ႔ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြၾကား အတိဒုကၡေရာက္ေနသူေတြ သိန္းနဲ႔ခ်ီ တိုးလာေနၿပီး အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ပါ အခ်က္တခုျဖစ္တဲ့ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေပးေရးကိစၥေတြ ေရွ႕တိုးလုပ္ေဆာင္ႏိုင္ေအာင္ အာဆီယံတာဝန္ရွိသူေတြ ညႇိႏိုင္းေဆြးေႏြးပြဲ က်င္းပတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

မြန်မာလူသားချင်းစာနာမှုအကူအညီ အာဆီယံညှိနှိုင်းဆွေးနွေးပွဲ မြန်မာစစ်ကောင်စီ တက်ရောက်မည်


ကမ္ဘောဒီးယားနိုင်ငံမှာ မနက်ဖြန်ကျင်းပမယ့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီပေးရေး အာဆီယံညှိနှိုင်းဆွေးနွေးပွဲတက်ဖို့ မြန်မာစစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် Prak Sokhonn ရဲ့ ဖိတ်ကြားချက်အရ သွားရောက်တာဖြစ်တယ်လို့ မြန်မာ့အသံက ကြေညာပါတယ်။ မြန်မာနိုင်ငံအတွက် အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းအတွက် ဒုတိယအဆင့် ညှိနှိုင်းမှုဖြစ်တယ်လို့ မြန်မာစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ ဒီအစည်းအဝေးဟာ အကူအညီ လိုအပ်နေသူအားလုံးကို တပြေးညီ ထောက်ပံ့နိုင်ရေး သဘောတူညီနိုင်တာတွေကို ဆွေးနွေးမယ့်အကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအရေး အာဆီယံဘုံသဘောတူညီချက်ကို မြန်မာဘက်က အကောင်အထည်ဖော်လိုက်နာဖို့ ပျက်ကွက်တာကြောင့် အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာဘက်က နိုင်ငံရေးအရ တာဝန်မရှိသူကိုဘဲ ဖိတ်ကြားဖို့ အာဆီယံက ဆုံးဖြတ်ထားတာပါ။ ဒီလိုညှိနှိုင်းမှုမျိုးမှာ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရကိုပါ ထိစပ်ဆက်ဆံဖို့ အဆိုပြုမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပေမယ့် မနက်ဖြန်ညှိနှိုင်းဆွေးနွေးပွဲအတွက် NUG ကို ဖိတ်ကြားတယ်ဆိုတာ မကြားရသေးပါဘူး။

အစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့က ဦးဆောင် ကမကထလုပ်ကျင်းပမှာဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အရာရှိတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ အွန်လိုင်းကရော၊ လူကိုယ်တိုင်ပါ တက်ရောက်မှာပါ။

ကိုဗစ် 19 ကာကွယ်ဆေးဖြန့်ဝေရေးအပါအဝင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးမှာ ပကတိရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ဆွေးနွေးမယ့်အကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖေါ်ပြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer ကတော့ မြန်မာနိုင်ငံအတွင်း စာနာထောက် ထားမှု အကူအညီပေးရေး ပါဝင်ဆောင်ရွက်နေသူအားလုံး လုံခြုံစိတ်ချပြီး အဟန့်အတားမရှိ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေနဲ့မူတွေကို လေးစားလိုက်နာဖို့လိုတယ်လို့လည်း ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြား အတိဒုက္ခရောက်နေသူတွေ သိန်းနဲ့ချီ တိုးလာနေပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက်ပါ အချက်တခုဖြစ်တဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတွေ ရှေ့တိုးလုပ်ဆောင်နိုင်အောင် အာဆီယံတာဝန်ရှိသူတွေ ညှိနိုင်းဆွေးနွေးပွဲ ကျင်းပတာဖြစ်ပါတယ်။

===========

XS
SM
MD
LG