သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာမွာ ေသဒဏ္ကြပ္မ်က္မႈေတြ ျဖစ္လာႏိုင္တယ္လို႔ ကုလအထူးကိုယ္စားလွယ္ေတြ သတိေပး 


ေသဒဏ္ခ်မွတ္ခံထားရသူ NLD အစိုးရလက္ထက္ လႊတ္ေတာ္ကိုယ္စားလွယ္ ကိုၿဖိဳးေဇယ်ာေသာ္နဲ႔ ၈၈ မ်ဳိးဆက္ေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီ

[[Zawgyi/Unicode]]

ျမန္မာစစ္ေကာင္စီအေပၚ ႏိုင္ငံတကာက ဖိအားတိုးမေပးဘူးဆိုရင္ ေသဒဏ္စီရင္မႈေတြ တသီႀကီးဆက္ေတြ႕လာရလိမ့္မယ္လို႔ လူ႔အခြင့္ေရးဆိုင္ရာ ကုလသမဂၢ ကြၽမ္းက်င္သူေတြက သတိေပးလိုက္ပါတယ္။

၈၈ မ်ိဳးဆက္ေခါင္းေဆာင္ ကိုဂ်င္မီနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ကိုၿဖိဳးေဇယ်ာေသာ္အပါအဝင္ ၄ ေယာက္ကို ေသဒဏ္ခ်မွတ္ေၾကာင္း စစ္ေကာင္စီက အတည္ျပဳေၾကညာခဲ့တာဟာ အာဏာသိမ္းစစ္ေကာင္စီက လူ႔အခြင့္အေရးကို ဂ႐ုမစိုက္ဘူးဆိုတာ သက္ေသျပလိုက္တာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးဆိုင္ရာ အထူးကိုယ္စားလွယ္ Thomas Andrews နဲ႔ ဥပေဒမဲ့ သတ္ျဖတ္အဆုံးစီရင္ျခင္းဆိုင္ရာ အထူးကိုယ္စားလွယ္ Morris Tidball-Binz တို႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

တရားမဝင္တဲ့ စစ္ခုံ႐ုံးကေန ေသဒဏ္ခ်မွတ္ခဲ့တာဟာ ျမန္မာျပည္သူေတြကို ေၾကာက္႐ြံထိတ္လန႔္စိတ္ဝင္သြားေအာင္ ႀကိဳးစားမႈျဖစ္တယ္လို႔ သူတို႔ကေျပာပါတယ္။ ႏိုင္ငံတကာအသိုင္းအဝိုင္း၊ အထူးသျဖင့္ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ လုံၿခဳံေရးေကာင္စီအေနနဲ႔ ဒီလုပ္ရပ္ေတြကို မေရးမယူဘဲ မေနဘူးဆိုတာ ျပသရမွာျဖစ္ၿပီး စစ္တပ္အေပၚ ပစ္မွတ္ထားအေရးယူရမယ္လို႔ လူ႔အခြင့္အေရးကြၽမ္းက်င္သူ ၂ ေယာက္က တိုက္တြန္းထားပါတယ္။ ခုလိုေသဒဏ္ေတြ ခ်မွတ္ေနတာအျပင္ စစ္တပ္က အရပ္သားေတြကို ဥပေဒမဲ့ သတ္ျဖတ္ေနတာ ၂၀၀၀ နီးပါးရွိေနၿပီလို႔လည္း ကုလသမဂၢလူ႔အခြင့္အေရး ကြၽမ္းက်င္သူေတြရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

၈၈ မ်ိဳးဆက္ေခါင္းေဆာင္ ကိုဂ်င္မီနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ကိုၿဖိဳးေဇယ်ာေသာ္တို႔ကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မေတြနဲ႔ ေသဒဏ္ေတြ ခ်မွတ္ထားတာျဖစ္ပါတယ္။ သူတို႔ကို ေသဒဏ္ခ်တဲ့အေပၚ အေမရိကန္အပါအဝင္ ႏိုင္ငံတခ်ိဳ႕နဲ႔ လူ႔အခြင့္ အေရးေဆာင္႐ြက္ေနတဲ့ အဖြဲ႔ေတြက ေဝဖန္ေနၿပီး ႀကိဳးမိန႔္အတိုင္း လက္ေတြ႔ မကြက္မ်က္ လိုက္ဖို႔ တိုက္တြန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မြန်မာမှာ သေဒဏ်ကွပ်မျက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကုလအထူးကိုယ်စားလှယ်တွေ သတိပေး

မြန်မာစစ်ကောင်စီအပေါ် နိုင်ငံတကာက ဖိအားတိုးမပေးဘူးဆိုရင် သေဒဏ်စီရင်မှုတွေ တသီကြီးဆက်တွေ့လာရလိမ့်မယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ယောက်ကို သေဒဏ်ချမှတ်ကြောင်း စစ်ကောင်စီက အတည်ပြုကြေညာခဲ့တာဟာ အာဏာသိမ်းစစ်ကောင်စီက လူ့အခွင့်အရေးကို ဂရုမစိုက်ဘူးဆိုတာ သက်သေပြလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Thomas Andrews နဲ့ ဥပဒေမဲ့ သတ်ဖြတ်အဆုံးစီရင်ခြင်းဆိုင်ရာ အထူးကိုယ်စားလှယ် Morris Tidball-Binz တို့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တရားမဝင်တဲ့ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခဲ့တာဟာ မြန်မာပြည်သူတွေကို ကြောက်ရွံထိတ်လန့်စိတ်ဝင်သွားအောင် ကြိုးစားမှုဖြစ်တယ်လို့ သူတို့ကပြောပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီအနေနဲ့ ဒီလုပ်ရပ်တွေကို မရေးမယူဘဲ မနေဘူးဆိုတာ ပြသရမှာဖြစ်ပြီး စစ်တပ်အပေါ် ပစ်မှတ်ထားအရေးယူရမယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူ ၂ ယောက်က တိုက်တွန်းထားပါတယ်။ ခုလိုသေဒဏ်တွေ ချမှတ်နေတာအပြင် စစ်တပ်က အရပ်သားတွေကို ဥပဒေမဲ့ သတ်ဖြတ်နေတာ ၂၀၀၀ နီးပါးရှိနေပြီလို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ သေဒဏ်တွေ ချမှတ်ထားတာဖြစ်ပါတယ်။ သူတို့ကို သေဒဏ်ချတဲ့အပေါ် အမေရိကန်အပါအဝင် နိုင်ငံတချို့နဲ့ လူ့အခွင့် အရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေက ဝေဖန်နေပြီး ကြိုးမိန့်အတိုင်း လက်တွေ့ မကွက်မျက် လိုက်ဖို့ တိုက်တွန်းနေကြပါတယ်။
===============

XS
SM
MD
LG