သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဆာၿမိဳ႕နယ္တြင္း စစ္ေျပးဒုကၡသည္မ်ား ေနထိုင္က်န္းမာေရး အခက္ႀကဳံ


ေဆာၿမိဳ႕ (ဓာတ္ပံု-ဝီကီပီဒီးယား)

[[Zawgyi/Unicode]]

ေဒသတြင္းတိုက္ပြဲေတြေၾကာင့္ မေကြးတိုင္း ေဆာၿမိဳ႕နယ္ဘက္ကို ခိုလႈံလာတဲ့ စစ္ေျပးဒုကၡသည္ အနည္းဆုံး ၂,၀၀၀ ေလာက္ရွိေနၿပီး အဲ့ဒီထဲက ဆိပ္ျဖဴၿမိဳ႕နယ္က ေဒသခံ ၇၀၀ ေလာက္ ပါဝင္ေနတယ္လို႔ အကူအညီေပးေနသူေတြက ေျပာပါတယ္။ ဆိပ္ျဖဴၿမိဳ႕နယ္က ေဒသခံေတြဟာ ၿပီးခဲ့တဲ့ ဇူလိုင္ပထမအပတ္ က ေျပးေရွာင္လာၾကၿပီး စစ္ေကာင္စီ စစ္ေၾကာင္းေတြ ေဒသတြင္းရွိေနတာေၾကာင့္ လက္ရွိအခ်ိန္ထိ ေနရပ္ မျပန္ႏိုင္ၾကေသးပါဘူး။ ေဆာၿမိဳ႕နယ္ထဲက စစ္ေျပးဒုကၡသည္ေတြအေျခအေန ရန္ကုန္ သတင္းေပးပို႔ထားတာ အလိမၼာက တင္ျပေပးထားပါတယ္။

မေကြးတိုင္း ဆိပ္ျဖဴၿမိဳ႕နယ္ ဖလမ္းမေက်း႐ြာအနီးတဝိုက္မွာ ၿပီးခဲ့တဲ့ ဇူလိုင္လ ပထမအပတ္က တိုက္ပြဲေၾကာင့္ ေဒသခံ ၇၀၀ ေလာက္ဟာ ေဆာၿမိဳ႕နယ္ဘက္ ကို ခိုလႈံလာၾကပါတယ္။ လက္ရွိမွာ တိုက္ပြဲမရွိေပမယ့္ စစ္ေကာင္စီရဲ႕ စစ္ေၾကာင္းဆင္ သြားလာလႈပ္ရွားမႈေၾကာင့္ ေနရပ္မျပန္ႏိုင္ၾကဘဲ တိမ္းေရွာင္ေနရတာလို႔ စစ္ေရွာင္လာတဲ့ ဖလမ္းမ႐ြာခံတဦးက ေျပာပါတယ္။

“ဆိပ္ျဖဴၿမိဳ႕နယ္က က်ေနာ္တို႔ ဖလမ္းမ အိုင္ႀကီး ေနာက္ၿပီးလို႔ရွိရင္ ဆိပ္ျဖဴစိုက္ခင္းေပါ့ အဲ့ဒီကေန ေျပးခဲ့ၾကတာဗ်။ မျပန္ႏိုင္ေသးဘူး။ အဲ့ဒီမွာ စစ္ေၾကာင္းက ေတာက္ေလွ်ာက္ျပန္ထိုးေနၾကတာဆိုေတာ့ ေနာက္ေၾကာင္းျပန္မဆုတ္ေသးတာလို႔ အခုထိ ကိုယ့္မျပန္ႏိုင္ေသးတာ။ တခ်ိဳ႕ေနရာေတြမွာ ေတာေတြထဲမွာ ပုန္းေနရေသးတာ။”

ဒီအေျခအေနေၾကာင့္ ေက်း႐ြာေဒသခံေတြ ေဆာၿမိဳ႕နယ္ဘက္ကို ခိုလႈံလာတဲ့သူေတြရွိသလို တခ်ိဳ႕က ေတာေတာင္ထဲေတြမွာ ျဖစ္သလိုေနထိုင္စားေသာက္ ၿပီး ပုန္းခိုေနၾကရတာပါ။ လက္ရွိ ေဆာၿမိဳ႕နယ္မွာ ခိုလႈံေနၾကတဲ့ စစ္ေျပးဒုကၡသည္ေတြၾကား ရာသီတုပ္ေကြးေရာဂါနဲ႔ ဝမ္းေရာဂါေတြျဖစ္ေနၾကသလို ကေလးသူငယ္အမ်ားစုကလည္း ဖ်ားနာေနၾကတာလို႔ ေနာက္ထပ္စစ္ေရွာင္တဦးက အခုလို ေျပာပါတယ္။

“ကေလးေတြက ဝမ္းေလွ်ာဝမ္းပ်က္ျဖစ္တာေတြ၊ ျခင္ကိုက္တာေတြ၊ ဖ်ားနာတာေတြ အမ်ားႀကီးရွိပါတယ္။ က်န္းမာေရးအခက္အခဲေတြ စားဝတ္ေနေရးအခက္အခဲေရာ အမ်ားႀကီးရွိပါတယ္ရွင့္။ အကူအညီမရပါဘူးရွင့္။ နည္းနည္းပါးပါး စားဝတ္ေနေရးေတာ့ အဆင္ေျပပါတယ္။ ေဆးဝါးက်ေတာ့ အခက္အခဲေတြရွိေနပါတယ္။”

တိုက္ပြဲေၾကာင့္ မေကြးတိုင္း ေဆာၿမိဳ႕နယ္ဘက္ကို ခိုလႈံလာၾကတဲ့ စစ္ေျပးဒုကၡသည္ အနည္းဆုံး ၂,၀၀၀ ေလာက္ရွိေနၿပီလို႔ စစ္ေရွာင္ကူညီေပးသူတဦးက VOA ကို ေျပာပါတယ္။ တိုက္ပြဲေတြျဖစ္ခဲ့တဲ့ ခ်င္းျပည္နယ္ ကန္ပတ္လက္ၿမိဳ႕နယ္၊ မေကြးတိုင္း ဆိပ္ျဖဴၿမိဳ႕နယ္နဲ႔ စလင္းၿမိဳ႕နယ္ဘက္က ေဒသခံေတြ ေနရပ္စြန႔္ခြာၿပီး ေဆာၿမိဳ႕နယ္ဘက္ကို ခိုလႈံလာၾကတာလို႔ ဆိုပါတယ္။

“ဒီမွာေရွာင္ေနတဲ့ဟာက်ေတာ့ ဒီလိုပဲ ကိုယ့္ဟာနဲ႔ကိုယ္ပဲစားေနၾကတာ ေဘးက ပံ့ပိုးမႈမရွိပါဘူးခင္ဗ်။ ေနာက္ပိုင္းက်ေတာ့ ေတာ္ေတာ္ေရရွည္အတြက္က ကိုယ္တည္း ေန႔တိုင္းေတာ့ စားေရးေသာက္ေရးတို႔ ဒုကၡေတြေတာ့ ႀကဳံလာမွာ။ ဆိပ္ျဖဴၿမိဳ႕နယ္ အပါအဝင္ဆိုလို႔ရွိရင္ လူဦးေရ ခန႔္မွန္းေျခကေတာ့ ၂,၀၀၀ ေလာက္ေတာ့ အနည္းဆုံးရွိမယ္၊ ဟုတ္ကဲ့ (စားနပ္ရိကၡာ) ေရရွည္အေျခအေနဆိုရင္ေတာ့ ျပတ္ေတာက္ႏိုင္တဲ့ အေျခအေနရွိပါတယ္ခင္ဗ်။ အဓိက လိုအပ္ခ်က္ကေတာ့ ေျပာရရင္ေတာ့ စားဝတ္ေနေရးနဲ႔ ေဆးဝါးကအဓိက လိုတယ္ဗ်။”

စစ္ေျပးေရွာင္အမ်ားစုက အဝတ္တထည္ ကိုယ္တခုနဲ႔ အသက္ေဘးလြတ္ေအာင္ ေျပးလႊားလာၾကတာေၾကာင့္ အခ်င္းခ်င္း မွ်ေဝစားေသာက္ေနၾကရတာလို႔ ေဆာၿမိဳ႕နယ္မွာ ခိုလႈံေနတဲ့ ကန္ပက္လက္ စစ္ေရွာင္တဦးက ေျပာပါတယ္။ စစ္ေျပးဒုကၡသည္ေတြအတြက္ အကူအညီေတြ နည္းပါးလာတဲ့အျပင္ ေဆာၿမိဳ႕နယ္မွာ ခိုလႈံလာတဲ့ စစ္ေျပးဒုကၡသည္ လူဦးေရတိုးလာေနၿပီး ေရရွည္အတြက္ စားနပ္ရိကၡာျပတ္လတ္မယ့္အေျခအေနနဲ႔ ႀကဳံရင္မွာကို စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ဆောမြို့နယ်တွင်း စစ်ပြေးဒုက္ခသည်များ နေထိုင်ကျန်းမာရေး အခက်ကြုံ

ဒေသတွင်းတိုက်ပွဲတွေကြောင့် မကွေးတိုင်း ဆောမြို့နယ်ဘက်ကို ခိုလှုံလာတဲ့ စစ်ပြေးဒုက္ခသည် အနည်းဆုံး ၂,၀၀၀ လောက်ရှိနေပြီး အဲ့ဒီထဲက ဆိပ်ဖြူမြို့နယ်က ဒေသခံ ၇၀၀ လောက် ပါဝင်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ဆိပ်ဖြူမြို့နယ်က ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်ပထမအပတ် က ပြေးရှောင်လာကြပြီး စစ်ကောင်စီ စစ်ကြောင်းတွေ ဒေသတွင်းရှိနေတာကြောင့် လက်ရှိအချိန်ထိ နေရပ် မပြန်နိုင်ကြသေးပါဘူး။ ဆောမြို့နယ်ထဲက စစ်ပြေးဒုက္ခသည်တွေအခြေအနေ ရန်ကုန် သတင်းပေးပို့ထားတာ အလိမ္မာက တင်ပြပေးထားပါတယ်။

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဖလမ်းမကျေးရွာအနီးတဝိုက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်က တိုက်ပွဲကြောင့် ဒေသခံ ၇၀၀ လောက်ဟာ ဆောမြို့နယ်ဘက် ကို ခိုလှုံလာကြပါတယ်။ လက်ရှိမှာ တိုက်ပွဲမရှိပေမယ့် စစ်ကောင်စီရဲ့ စစ်ကြောင်းဆင် သွားလာလှုပ်ရှားမှုကြောင့် နေရပ်မပြန်နိုင်ကြဘဲ တိမ်းရှောင်နေရတာလို့ စစ်ရှောင်လာတဲ့ ဖလမ်းမရွာခံတဦးက ပြောပါတယ်။

“ဆိပ်ဖြူမြို့နယ်က ကျနော်တို့ ဖလမ်းမ အိုင်ကြီး နောက်ပြီးလို့ရှိရင် ဆိပ်ဖြူစိုက်ခင်းပေါ့ အဲ့ဒီကနေ ပြေးခဲ့ကြတာဗျ။ မပြန်နိုင်သေးဘူး။ အဲ့ဒီမှာ စစ်ကြောင်းက တောက်လျှောက်ပြန်ထိုးနေကြတာဆိုတော့ နောက်ကြောင်းပြန်မဆုတ်သေးတာလို့ အခုထိ ကိုယ့်မပြန်နိုင်သေးတာ။ တချို့နေရာတွေမှာ တောတွေထဲမှာ ပုန်းနေရသေးတာ။”

ဒီအခြေအနေကြောင့် ကျေးရွာဒေသခံတွေ ဆောမြို့နယ်ဘက်ကို ခိုလှုံလာတဲ့သူတွေရှိသလို တချို့က တောတောင်ထဲတွေမှာ ဖြစ်သလိုနေထိုင်စားသောက် ပြီး ပုန်းခိုနေကြရတာပါ။ လက်ရှိ ဆောမြို့နယ်မှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေကြား ရာသီတုပ်ကွေးရောဂါနဲ့ ဝမ်းရောဂါတွေဖြစ်နေကြသလို ကလေးသူငယ်အများစုကလည်း ဖျားနာနေကြတာလို့ နောက်ထပ်စစ်ရှောင်တဦးက အခုလို ပြောပါတယ်။

“ကလေးတွေက ဝမ်းလျှောဝမ်းပျက်ဖြစ်တာတွေ၊ ခြင်ကိုက်တာတွေ၊ ဖျားနာတာတွေ အများကြီးရှိပါတယ်။ ကျန်းမာရေးအခက်အခဲတွေ စားဝတ်နေရေးအခက်အခဲရော အများကြီးရှိပါတယ်ရှင့်။ အကူအညီမရပါဘူးရှင့်။ နည်းနည်းပါးပါး စားဝတ်နေရေးတော့ အဆင်ပြေပါတယ်။ ဆေးဝါးကျတော့ အခက်အခဲတွေရှိနေပါတယ်။”

တိုက်ပွဲကြောင့် မကွေးတိုင်း ဆောမြို့နယ်ဘက်ကို ခိုလှုံလာကြတဲ့ စစ်ပြေးဒုက္ခသည် အနည်းဆုံး ၂,၀၀၀ လောက်ရှိနေပြီလို့ စစ်ရှောင်ကူညီပေးသူတဦးက VOA ကို ပြောပါတယ်။ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ချင်းပြည်နယ် ကန်ပတ်လက်မြို့နယ်၊ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်နဲ့ စလင်းမြို့နယ်ဘက်က ဒေသခံတွေ နေရပ်စွန့်ခွာပြီး ဆောမြို့နယ်ဘက်ကို ခိုလှုံလာကြတာလို့ ဆိုပါတယ်။

“ဒီမှာရှောင်နေတဲ့ဟာကျတော့ ဒီလိုပဲ ကိုယ့်ဟာနဲ့ကိုယ်ပဲစားနေကြတာ ဘေးက ပံ့ပိုးမှုမရှိပါဘူးခင်ဗျ။ နောက်ပိုင်းကျတော့ တော်တော်ရေရှည်အတွက်က ကိုယ်တည်း နေ့တိုင်းတော့ စားရေးသောက်ရေးတို့ ဒုက္ခတွေတော့ ကြုံလာမှာ။ ဆိပ်ဖြူမြို့နယ် အပါအဝင်ဆိုလို့ရှိရင် လူဦးရေ ခန့်မှန်းခြေကတော့ ၂,၀၀၀ လောက်တော့ အနည်းဆုံးရှိမယ်၊ ဟုတ်ကဲ့ (စားနပ်ရိက္ခာ) ရေရှည်အခြေအနေဆိုရင်တော့ ပြတ်တောက်နိုင်တဲ့ အခြေအနေရှိပါတယ်ခင်ဗျ။ အဓိက လိုအပ်ချက်ကတော့ ပြောရရင်တော့ စားဝတ်နေရေးနဲ့ ဆေးဝါးကအဓိက လိုတယ်ဗျ။”

စစ်ပြေးရှောင်အများစုက အဝတ်တထည် ကိုယ်တခုနဲ့ အသက်ဘေးလွတ်အောင် ပြေးလွှားလာကြတာကြောင့် အချင်းချင်း မျှဝေစားသောက်နေကြရတာလို့ ဆောမြို့နယ်မှာ ခိုလှုံနေတဲ့ ကန်ပက်လက် စစ်ရှောင်တဦးက ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီတွေ နည်းပါးလာတဲ့အပြင် ဆောမြို့နယ်မှာ ခိုလှုံလာတဲ့ စစ်ပြေးဒုက္ခသည် လူဦးရေတိုးလာနေပြီး ရေရှည်အတွက် စားနပ်ရိက္ခာပြတ်လတ်မယ့်အခြေအနေနဲ့ ကြုံရင်မှာကို စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG