သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း အင္တာနက္ထိန္းခ်ဳပ္မႈ ကုလအထူးကိုယ္စားလွယ္မ်ား ေဝဖန္


လက္ဖက္ရည္ေသာက္ရင္း အင္တာနက္သံုးေနသူမ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ အင္တာနက္သုံးစြဲမႈကို ကန႔္သတ္တာ၊ ျဖတ္ေတာက္တာ၊ အြန္လိုင္းဆင္ဆာလုပ္တာ၊ ေထာက္လွမ္းတာေတြလုပ္ေနတဲ့အေပၚ ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာ အထူးကိုယ္စားလွယ္ေတြက ေဝဖန္အျပစ္တင္လိုက္ၾကပါတယ္။

လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္၊ သတင္းအခ်က္အလက္ရယူႏိုင္ခြင့္နဲ႔ လူတဦးခ်င္းစီရဲ႕ကိုယ္ပိုင္လြတ္လပ္ခြင့္ေတြ စနစ္တက် ျငင္းပယ္ခံေနရတာကို ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ တိတ္တိတ္မေနသင့္ဘူးလို႔ အထူးကိုယ္စားလွယ္ေတြက ဒီေန႔ ဇြန္လ ၇ ရက္ေန႔ ေန႔စြဲနဲ႔ ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ စစ္တပ္ရဲ႕ အဆက္မျပတ္တိုက္ခိုက္မႈၾကားမွာ လုံၿခဳံတဲ့ေနရာ ပုန္းခိုဖို႔လိုသူေတြ၊ အေျခအေနဆိုးေနတဲ့ စီးပြားေရးနဲ႔ လူသားခ်င္းစာနာစရာျပႆနာေတြၾကားက ႐ုန္းထြက္ႏိုင္ေအာင္ ႀကိဳးစားေနသူေတြအပါအဝင္ ျမန္မာျပည္သူအေျမာက္အမ်ားအတြက္ Online ေပၚကအခ်က္အလက္ေတြရႏိုင္ဖို႔ဟာ ေသေရး ရွင္ေရးတမွ် အေရးႀကီးေနတယ္လို႔ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ပါဝင္တဲ့ အထူးကိုယ္စားလွယ္ေတြက ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

စစ္ေခါင္းေဆာင္ေတြဟာ ဒစ္ဂ်စ္တယ္နည္းနဲ႔ပါ အာဏာရွင္ျဖစ္ေအာင္ႀကိဳးစားေနတယ္လို႔ သူတို႔က စြပ္စြဲပါတယ္။ စစ္တပ္ဟာ သူတို႔ရဲ႕ ၾကမ္းၾကဳတ္ရက္စက္တဲ့ လုပ္ရပ္ေတြကိုဖုံးကြယ္ဖို႔ အင္တာနက္ ကန႔္သတ္ခ်က္ေတြလုပ္ေနတာလို႔လည္း သူတို႔ရဲ႕ထုတ္ျပန္ခ်က္မွာ ေရးထားပါတယ္။ ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း အင္တာနက္ ဆက္သြယ္ မႈေတြကို ကန႔္သတ္ခဲ့ပါတယ္။ ျမန္မာျပည္သူအသုံးမ်ားတဲ့ Facebook လူမႈကြန္ရက္ကို မဝင္ႏိုင္ေအာင္ ပိတ္ခဲ့တာေၾကာင့္ VPN ကြန္ယက္ေတြ တဆင္ခံသုံးေနၾကရပါတယ္။ စစ္တပ္က နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ ကယားျပည္နယ္၊ ခ်င္းျပည္နယ္ဘက္ေတြမွာလည္း ေနရာေတာ္ေတာ္မ်ားမ်ားမွာ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားပါတယ္။ စစ္တပ္အာဏာသိမ္းၿပီးမၾကာခင္မွာပဲ အီလက္ထေရာနစ္ ဆက္သြယ္ေဆာင္႐ြက္ေရးဥပေဒကို ျပင္ဆင္ခဲ့သလို ဆိုင္ဘာဥပေဒကိုလည္း ျပဌာန္းႏိုင္ဖို႔ ျပင္ဆင္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============


[[Unicode]]

မြန်မာနိုင်ငံတွင်း အင်တာနက်ထိန်းချုပ်မှု ကုလအထူးကိုယ်စားလှယ်များ ဝေဖန်

မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲမှုကို ကန့်သတ်တာ၊ ဖြတ်တောက်တာ၊ အွန်လိုင်းဆင်ဆာလုပ်တာ၊ ထောက်လှမ်းတာတွေလုပ်နေတဲ့အပေါ် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေက ဝေဖန်အပြစ်တင်လိုက်ကြပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက်ရယူနိုင်ခွင့်နဲ့ လူတဦးချင်းစီရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ စနစ်တကျ ငြင်းပယ်ခံနေရတာကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တိတ်တိတ်မနေသင့်ဘူးလို့ အထူးကိုယ်စားလှယ်တွေက ဒီနေ့ ဇွန်လ ၇ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့ အဆက်မပြတ်တိုက်ခိုက်မှုကြားမှာ လုံခြုံတဲ့နေရာ ပုန်းခိုဖို့လိုသူတွေ၊ အခြေအနေဆိုးနေတဲ့ စီးပွားရေးနဲ့ လူသားချင်းစာနာစရာပြဿနာတွေကြားက ရုန်းထွက်နိုင်အောင် ကြိုးစားနေသူတွေအပါအဝင် မြန်မာပြည်သူအမြောက်အများအတွက် Online ပေါ်ကအချက်အလက်တွေရနိုင်ဖို့ဟာ သေရေး ရှင်ရေးတမျှ အရေးကြီးနေတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ပါဝင်တဲ့ အထူးကိုယ်စားလှယ်တွေက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စစ်ခေါင်းဆောင်တွေဟာ ဒစ်ဂျစ်တယ်နည်းနဲ့ပါ အာဏာရှင်ဖြစ်အောင်ကြိုးစားနေတယ်လို့ သူတို့က စွပ်စွဲပါတယ်။ စစ်တပ်ဟာ သူတို့ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေကိုဖုံးကွယ်ဖို့ အင်တာနက် ကန့်သတ်ချက်တွေလုပ်နေတာလို့လည်း သူတို့ရဲ့ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက် ဆက်သွယ် မှုတွေကို ကန့်သတ်ခဲ့ပါတယ်။ မြန်မာပြည်သူအသုံးများတဲ့ Facebook လူမှုကွန်ရက်ကို မဝင်နိုင်အောင် ပိတ်ခဲ့တာကြောင့် VPN ကွန်ယက်တွေ တဆင်ခံသုံးနေကြရပါတယ်။ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်ဘက်တွေမှာလည်း နေရာတော်တော်များများမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးမကြာခင်မှာပဲ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်ခဲ့သလို ဆိုင်ဘာဥပဒေကိုလည်း ပြဌာန်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။

===============

XS
SM
MD
LG