သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“ဂ်ပန္ႏိုင္ငံသားတဦးကိုဖမ္းဆီးစစ္ေဆးေန” စစ္ေကာင္စီအတည္ျပဳ


အဖမ္းခံထားရသည့္ Toru Kubota ရဲ႕ဓာတ္ပံုပါပိုစတာကိုင္ၿပီး သူ လြတ္ေျမာက္ေရး ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေရွ႕ ဆႏၵျပေနသူမ်ား ( AFP; 31 JULY 2022 )

[[Zawgyi/Unicode]]

ရန္ကုန္ၿမိဳ႕မွာ ဇူလိုင္ ၃၀ ရက္က ဆႏၵျပပြဲသတင္းယူေနစဥ္ ဖမ္းဆီးခံခဲ့ရတဲ့ ဂ်ပန္ႏိုင္ငံသား မွတ္တမ္း႐ုပ္ရွင္႐ိုက္ကူးသူ Toru Kubota ကို စစ္ေဆးေမးေနဆဲျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက ေျပာပါတယ္။

Toru Kubota ကို ဆႏၵျပတဲ့ေနရာမွာ ေတြ႔တာမို႔ ေခၚယူေမးျမန္းေနတာျဖစ္တယ္ လို႔ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ သူဟာ ဆႏၵျပသူေတြနဲ႔ ဆက္သြယ္ခဲ့လို႔ ဘယ္ေနရာမွာ ဆႏၵျပမယ္ဆိုတာသိၿပီး ႐ိုက္ကူးဖို႔ အဲဒီေနရာ ေရာက္ေနတာျဖစ္ေၾကာင္း သူကိုယ္တိုင္ေျပာတယ္လို႔ ဆိုပါတယ္။

စစ္ေဆးေမးျမန္းမႈေတြ လုပ္ၿပီးသြားရင္ ဥပေဒအရ ဆက္လက္ေဆာင္ရြက္သြားမယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ အသက္ ၂၆ ႏွစ္အ႐ြယ္ မွတ္တမ္း ႐ုပ္ရွင္႐ိုက္ကူးသူ Toru Kubota ကို ျပန္လႊတ္ေပးဖို႔ ဂ်ပန္အစိုးရက ေတာင္းဆိုထားပါတယ္။ သူဟာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ခုႏွစ္ေနာက္ပိုင္း ဖမ္းဆီးခံရတဲ့ ဒုတိယေျမာက္ ဂ်ပန္ႏိုင္ငံသားျဖစ္ပါတယ္။

၂၀၂၁ ေဖေဖာ္ဝါရီလက ဂ်ပန္သတင္းေထာက္ Yuki Kitazumi ကို စစ္ေကာင္စီက ဖမ္းဆီးခဲ့ၿပီး ၄ လၾကာ ထိန္းသိမ္းခဲ့ၿပီးမွ ျပန္လႊတ္ေပးခဲ့တာပါ။ သူအင္းစိန္ေထာင္ တြင္းမွာ ဖမ္းဆီးခံထားရစဥ္ အာဏာသိမ္းမႈဆန္႔က်င္တဲ့ ဆႏၵျပသူေတြအေပၚ အာဏာပိုင္ေတြက ႏွိပ္စက္ညႇင္းပမ္းမႈေတြကို Yuki Kitazumi ကထုတ္ေဖာ္ေျပာခဲ့ပါတယ္။ ၂၀၀၇ ခုႏွစ္ကေတာ့ ေ႐ႊဝါေရာင္ သံဃာ့လႈပ္ရွားမႈေတြတုန္းကလည္း ဂ်ပန္သတင္းေထာက္ Kenji Nagai သတင္းယူေနစဥ္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြရဲ႕ ပစ္ခတ္မႈေၾကာင္း ေသနတ္ထိမွန္ ေသဆံုးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

“ဂျပန်နိုင်ငံသားတဦးကိုဖမ်းဆီးစစ်ဆေးနေ” စစ်ကောင်စီအတည်ပြု

ရန်ကုန်မြို့မှာ ဇူလိုင် ၃၀ ရက်က ဆန္ဒပြပွဲသတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota ကို စစ်ဆေးမေးနေဆဲဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။

Toru Kubota ကို ဆန္ဒပြတဲ့နေရာမှာ တွေ့တာမို့ ခေါ်ယူမေးမြန်းနေတာဖြစ်တယ် လို့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ သူဟာ ဆန္ဒပြသူတွေနဲ့ ဆက်သွယ်ခဲ့လို့ ဘယ်နေရာမှာ ဆန္ဒပြမယ်ဆိုတာသိပြီး ရိုက်ကူးဖို့ အဲဒီနေရာ ရောက်နေတာဖြစ်ကြောင်း သူကိုယ်တိုင်ပြောတယ်လို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းမှုတွေ လုပ်ပြီးသွားရင် ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ အသက် ၂၆ နှစ်အရွယ် မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Toru Kubota ကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုထားပါတယ်။ သူဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖမ်းဆီးခံရတဲ့ ဒုတိယမြောက် ဂျပန်နိုင်ငံသားဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလက ဂျပန်သတင်းထောက် Yuki Kitazumi ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၄ လကြာ ထိန်းသိမ်းခဲ့ပြီးမှ ပြန်လွှတ်ပေးခဲ့တာပါ။ သူအင်းစိန်ထောင် တွင်းမှာ ဖမ်းဆီးခံထားရစဉ် အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြသူတွေအပေါ် အာဏာပိုင်တွေက နှိပ်စက်ညှင်းပမ်းမှုတွေကို Yuki Kitazumi ကထုတ်ဖော်ပြောခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်ကတော့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွေတုန်းကလည်း ဂျပန်သတင်းထောက် Kenji Nagai သတင်းယူနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင်း သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG