သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“NUG နဲ႔ ထိေတြ႕ဆက္ဆံမႈအေရးႀကီး” မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး


မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah 


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံက ၾကားကာလ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG ကို ေ႐ြးခ်ယ္တင္ေျမွာကက္ခံထားရတဲ့ အစိုးရအဖြဲ႔အျဖစ္ ထိေတြ႕ဆက္ဆံဖို႔ အေရးႀကီးတဲ့အေၾကာင္း မေလးရွားႏိုင္ငံျခားေရး ဝန္ႀကီး Saifuddin Abdullah က မေန႔က BenarNews ဌာနနဲ႔ သီးသန႔္ ေတြ႕ဆုံေမးျမန္းခန္းမွာ ေျပာဆိုတာကို RFA လြတ္လပ္တဲ့ အာရွအသံက ျပန္လည္ ထုတ္လႊင့္သြားပါတယ္။

ျမန္မာစစ္ေကာင္စီကို အသိအမွတ္မျပဳတဲ့အေၾကာင္းနဲ႔ အတိုက္အခံ ၾကားကလအမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကို ေ႐ြးေကာက္ခံအစိုးရအျဖစ္ အသိအမွတ္ျပဳဖို႔လိုတဲ့အေၾကာင္း မေလးရွားႏိုင္ငံ ျခားေရးဝန္ႀကီး Saifuddin Abdullah က ေျပာဆိုသြားတာပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္း Malay Mail မွာ ဒီ အဆိုျပဳခ်က္အေၾကာင္း ေဖာ္ျပခဲ့ကတည္းက ဒါဟာ အဆင္အျခင္မဲ့၊ တာဝန္မဲ့ ေျပာဆိုခ်က္ျဖစ္တယ္ဆိုၿပီး ျမန္မာစစ္ေကာင္စီဘက္က ကန႔္ကြက္တဲ့ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။ ဒါက အၾကမ္းဖက္မႈေတြကို အားေပးရာေရာက္ႏိုင္တဲ့ အဆိုျပဳခ်က္ဆိုၿပီး ကန႔္ကြက္ထားပါတယ္။

မေလးရွားႏိုင္ငံျခားေရး ဝန္ႀကီး Saifuddin Abdullah ကေတာ့ အခက္အခဲအမ်ိဳးမ်ိဳးၾကား ရပ္တည္ေနတဲ့ ျမန္မာျပည္သူေတြကို အားေပးဖို႔လိုတယ္လို႔ BenarNews ဌာနနဲ႔ ေမးျမန္းခန္းမွာ ေျပာဆိုသြားပါတယ္။ အေမရိကန္သမၼတ Joe Biden ရဲ႕ ဖိတ္ၾကားခ်က္အရ အာဆီယံ ေခါင္းေဆာင္ေတြနဲ႔ ထိပ္သီးအစည္းအေဝး မက်င္းပခင္ တရက္အလို အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြ မေန႔က ဝါရွင္တန္ၿမိဳ႕ေတာ္မွာ အလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကပါတယ္။ ဒီအစည္းအေဝးမွာလည္း NUG၊ NUCC စတဲ့ အဖြဲ႕အစည္းေတြအပါအဝင္ သက္ဆိုင္ရာအဖြဲ႔အစည္းအားလုံးနဲ႔ ထိေတြ႔ဆက္ဆံဖို႔နဲ႔ ျမန္မာႏိုင္ငံအတြက္ အကူအညီေပးေရးကိစၥေတြမွာ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြနဲ႔ လက္တြဲ ေဆာင္႐ြက္ဖို႔ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============
[[Unicode]]

“NUG နဲ့ ထိတွေ့ဆက်ဆံမှုအရေးကြီး” မလေးရှားနိုင်ငံခြားရေးဝန်ကြီး

မြန်မာနိုင်ငံက ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ရွေးချယ်တင်မြှောကက်ခံထားရတဲ့ အစိုးရအဖွဲ့အဖြစ် ထိတွေ့ဆက်ဆံဖို့ အရေးကြီးတဲ့အကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah က မနေ့က BenarNews ဌာနနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုတာကို RFA လွတ်လပ်တဲ့ အာရှအသံက ပြန်လည် ထုတ်လွှင့်သွားပါတယ်။

မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုတဲ့အကြောင်းနဲ့ အတိုက်အခံ ကြားကလအမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ရွေးကောက်ခံအစိုးရအဖြစ် အသိအမှတ်ပြုဖို့လိုတဲ့အကြောင်း မလေးရှားနိုင်ငံ ခြားရေးဝန်ကြီး Saifuddin Abdullah က ပြောဆိုသွားတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်း Malay Mail မှာ ဒီ အဆိုပြုချက်အကြောင်း ဖော်ပြခဲ့ကတည်းက ဒါဟာ အဆင်အခြင်မဲ့၊ တာဝန်မဲ့ ပြောဆိုချက်ဖြစ်တယ်ဆိုပြီး မြန်မာစစ်ကောင်စီဘက်က ကန့်ကွက်တဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒါက အကြမ်းဖက်မှုတွေကို အားပေးရာရောက်နိုင်တဲ့ အဆိုပြုချက်ဆိုပြီး ကန့်ကွက်ထားပါတယ်။

မလေးရှားနိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah ကတော့ အခက်အခဲအမျိုးမျိုးကြား ရပ်တည်နေတဲ့ မြန်မာပြည်သူတွေကို အားပေးဖို့လိုတယ်လို့ BenarNews ဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။ အမေရိကန်သမ္မတ Joe Biden ရဲ့ ဖိတ်ကြားချက်အရ အာဆီယံ ခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေး မကျင်းပခင် တရက်အလို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မနေ့က ဝါရှင်တန်မြို့တော်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီအစည်းအဝေးမှာလည်း NUG၊ NUCC စတဲ့ အဖွဲ့အစည်းတွေအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ မြန်မာနိုင်ငံအတွက် အကူအညီပေးရေးကိစ္စတွေမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်ဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

=============

XS
SM
MD
LG