သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဇာနည္ေန႔အခမ္းအနားနဲ႔ ဆႏၵျပမႈမ်ား ႏိုင္ငံအဝွမ္းက်င္းပ


ဖားကန္႔ၿမိဳ႕နယ္မွာ အာဇာနည္ေန႔အထိမ္းအမွတ္ ခ်ီတက္ဆႏၵျပပြဲ (ဓာတ္ပံု-CJ)

[[Zawgyi/Unicode]]

အာဇာနည္ေန႔အခမ္းအနားနဲ႔ ဆႏၵျပမႈမ်ား ႏိုင္ငံအဝွမ္းက်င္းပ


ဒီကေန႔ က်ေရာက္တဲ့ ဇူလိုင္လ ၁၉ ရက္ အာဇာနည္ေန႔မွာ စစ္ေကာင္စီက ႏိုင္ငံေတာ္အခမ္းအနား ႀကီးမႉးက်င္းပခဲ့သလို ျမန္မာႏိုင္ငံေနရာအေတာ္မ်ားမ်ားမွာေတာ့ တက္ႂကြလႈပ္ရွားသူေတြက အာဇာနည္ေခါင္းေဆာင္ေတြနဲ႔ ေႏြဦးေတာ္လွန္ေရးမွာ က်ဆုံးခဲ့သူေတြအတြက္ အေလးျပဳတဲ့အစီအစဥ္ေတြ လုပ္ခဲ့ၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္က အေသးစိတ္ေပးပို႔တာကို အလိမၼာက တင္ျပေပးထားပါတယ္။

ဒီကေန႔ က်ေရာက္တဲ့ (၇၅) ႏွစ္ေျမာက္ အာဇာနည္ေန႔ အထိမ္းအမွတ္ ႏိုင္ငံေတာ္ အခမ္းအနားကိုေတာ့ ရန္ကုန္အာဇာနည္ဗိမာန္မွာ စစ္ေကာင္စီက ႀကီးမႉးက်င္းပခဲ့ၿပီး၊ စစ္ေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တက္ေရာက္တာမေတြ႕ရပါဘူး။ ဒါ့အျပင္ ထိန္းသိမ္းခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ တက္ရာက္တာလည္းမရွိပါဘူး။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ဦးဘဝင္း မိသားစုေတြကိုယ္စား အခမ္းအနားက်င္းပေရးေကာ္မတီဝင္ေတြက လြမ္းသူ႔ပန္းေခြခ်ခဲ့တယ္လို႔ သိရပါတယ္။ ဗိုလ္ ခ်ဳပ္ေအာင္ဆန္းရဲ႕ သားအႀကီးျဖစ္သူ ဦးေအာင္ဆန္းဦး ကိုယ္စားျပဳတဲ့ ပန္းေခြ ခ်ခဲ့တာပါ။

ရန္ကုန္ၿမိဳ႕မွာေတာ့ “လူမ်ိဳးႀကီးဝါဒတိုက္ဖ်က္ၾက၊ အာဇာနည္ဟာကိုးဦးမက” ဆိုတဲ့ စာတမ္းကိုင္ေဆာင္ၿပီး ေက်ာင္းသားမ်ားသမဂၢပူးေပါင္းအဖြဲ႕ေတြနဲ႔ စစ္အာဏာရွင္စနစ္ဆန႔္က်င္ေရးလႈပ္ရွားသူေတြက ရန္ကုန္ၿမိဳ႕မွာ လွ်ပ္တျပက္ဆႏၵျပခဲ့ၾကပါတယ္။ ရန္ကုန္အျပင္ တျခားနယ္ေျမေတြနဲ႔ PDF ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ရွိတဲ့ တိုင္းရင္းသားေဒသေတြမွာလည္း အာဇာနည္ေန႔အခမ္းအနားေတြ က်င္းပၾကပါတယ္။ အာဇာနည္ေခါင္းေဆာင္ႀကီးေတြကို မေမ့သလို တိုင္းရင္းသားလူမ်ိဳးအသီးသီးရဲ႕ အာဇာနည္ေခါင္းေဆာင္ေတြကိုပါ အသိအမွတ္ျပဳခ်င္လို႔ အခုလို ေဆာင္ပုဒ္နဲ႔ ဆႏၵျပမႈေတြ၊ အခမ္းအနားေတြ လုပ္ခဲ့ၾကတာလို႔ ရန္ကုန္ခ႐ိုင္ ေက်ာင္းသားမ်ားသမဂၢအဖြဲ႕ခ်ဳပ္ ဥကၠ႒ ကိုျမတ္မင္းခန႔္က VOA ကိုေျပာပါတယ္။

“အဓိကေတာ့ ဒီလူမ်ိဳးႀကီးဝါဒနဲ႔ အာဇာနည္ကိုးဦးနဲ႔ဆိုင္တဲ့ ကိစၥက တခ်ိဳ႕ျပည္သူေတြက မႀကိဳက္တာရွိတယ္ေပါ့ေနာ္။ ဒါေပမယ့္ က်ေနာ္တို႔ ဒီမွာေပးခ်င္တဲ့ message ကေတာ့ လူမ်ိဳးႀကီးဝါဒဖယ္ရွားေပးၾကတဲ့ အာဇာနည္ ကိုးဦးမက ဆိုတဲ့ဟာက က်ေနာ္တို႔ ဒီႏိုင္ငံမွာ အာဇာနည္လို႔ ေျပာလိုက္လို႔ရွိရင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတေယာက္ထဲကိုပဲ ျမင္ၾကတယ္။ ဒါေပမယ့္ တကယ့္လက္ေတြ႕မွာ ဒီအာဇာနည္ ၉ ဦးထဲမွာလည္း တျခားတိုင္းရင္းသားေတြလည္း ပါခဲ့တယ္။ ဘာသာျခားေတြလည္း ပါခဲ့တယ္ေပါ့ေနာ္။ အခုဒီကာလမွာဆိုလို႔ရွိရင္လည္း ဒီအာဇာနည္လို႔ ေျပာလာလို႔ရွိရင္ က်ေနာ္တို႔က လူမ်ိဳးစုတခုကို ေျပာတာမဟုတ္ဘဲနဲ႔ ေႏြဦးေတာ္လွန္ေရးကာလမွာဆိုရင္ တိုင္းရင္းသားေတြလည္း အမ်ားႀကီးပါတယ္ေပါ့ေနာ္။ ၿပီးေတာ့ အာဇာနည္နဲ႔ ပတ္သက္လာရင္ တိုင္းရင္းသားအမ်ားႀကီး ထပ္ေပၚေပါက္လာခဲ့တယ္ဆိုတဲ့ဟာကို အဓိက message ေပးခ်င္တာပါဗ်။”

ရန္ကုန္ၿမိဳ႕ လမ္းဆုံလမ္းခြေနရာ အေတာ္မ်ားမ်ားမွာ စစ္ေကာင္စီက လုံၿခဳံေရးတင္းၾကပ္ပိတ္ဆို႔ထားၿပီး စစ္ေဆးမႈတခ်ိဳ႕ ရွိေနေပမယ့္ တက္ႂကြလႈပ္ရွားသူေတြဘက္က ရသလို လွ်ပ္တျပတ္ဆႏၵျပခဲ့ၾကတာပါ။ မႏၲေလးၿမိဳ႕မွာလည္း ၿမိဳ႕တြင္းအသြားအလာမ်ားတဲ့ေနရာေတြမွာ စစ္ေကာင္စီဘက္က တားဆီးစစ္ေဆးတာေတြရွိေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

ေဒသခံကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္ေကာင္စီအၾကား တိုက္ပြဲေတြျဖစ္ေနတဲ့ စစ္ကိုင္းတိုင္းအတြင္း ၿမိဳ႕နယ္ေတြမွာလည္း ခ်ီတက္ဆႏၵျပမႈတခ်ိဳ႕ရွိပါတယ္။ အာဇာနည္ေခါင္းေဆာင္ႀကီးေတြနဲ႔အတူ စစ္အာဏာသိမ္းမႈဆန႔္က်င္ေရး တိုက္ပြဲဝင္ခဲ့ၾကၿပီး က်ဆုံးသြားတဲ့ ရဲေဘာ္ေတြအတြက္ကိုပါ ခ်ီတက္ဆႏၵျပ အေလးျပဳခဲ့ၾကတာလို႔ ဆားလင္းႀကီးၿမိဳ႕နယ္ စစ္အာဏာသိမ္းမႈဆန႔္က်င္ေရး ဆႏၵျပပြဲမွာ ပါဝင္သူတဦးက VOA ကိုေျပာပါတယ္။

“သပိတ္ေတြက ထြက္ၾကတယ္ဗ်၊ မနက္ခင္းပိုင္းလည္း ထြက္ၿပီးၿပီ။ ညေနထြက္ဖို႔လည္း ရွိၾကပါတယ္ဗ်။ က်ေနာ္တို႔က ဒီအာဇာနည္ေန႔ ၇၅ ႏွစ္ျပည့္ စိန္ရတုမွာ ဒီအာဇာနည္ ၉ ဦးတည္းမဟုတ္ဘဲနဲ႔ ေခတ္အဆက္ဆက္ သမိုင္းအဆက္ဆက္ ရွိခဲ့ၾကတဲ့ အာဇာနည္ေတြကို ဂုဏ္ျပဳတဲ့အားျဖင့္ အာဇာနည္မ်ိဳး ေသ႐ိုးမရွိဆိုတဲ့ ေႂကြးေၾကာ္သံေတြ၊ ဘန္နာေတြ။ ၿပီးရင္ အာဇာနည္တို႔အ႐ိုးျဖင့္ ဖက္ဒရယ္အလံေတာ္ကို လႊင့္ထူၾကဆိုတဲ့ ဒီစာသားေတြ ကိုင္ၿပီးေတာ့ ခ်ီတက္ၾကတယ္ေပါ့ေနာ္။ ၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔ ဒီလြမ္းသူပန္းေခြေတြ၊ ေဝၿမဲႏွင္းဆီေတြနဲ႔ အာဇာနည္ေတြကို ဂုဏ္ျပဳတဲ့ အစီအစဥ္ေတြ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ၾကတယ္ဗ်။ ၿပီးရင္ေတာ့ ၁၀ နာရီ ၃၇ မိနစ္မွာ ဟြန္းတီးတာတို႔ ေရာက္တဲ့ေနရာကေန အေလးျပဳတာတို႔ အဲ့တာေတြ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ၾကတယ္ဗ်။”

အာဇာနည္ေခါင္းေဆာင္ေတြ ႏိုင္ငံ့အတြက္ အသက္ေပးခဲ့ရတဲ့နည္းတူ ႏိုင္ငံအတြက္ ေနာက္ထပ္အသက္ေပးလႈရမႈေတြမရွိေတာ့တဲ့ ေကာင္းမြန္တဲ့ ႏိုင္ငံတခု ျဖစ္လာဖို႔ ေမွ်ာ္လင့္ၿပီး အာဇာနည္ေန႔က်င္းပခဲ့တယ္လို႔လည္း သပိတ္ေခါင္းေဆာင္တဦးက ေျပာပါတယ္။

“၇၅ ႏွစ္ျပည့္ အာဇာနည္ေန႔ေပါ့ေနာ္၊ ႀကဳံရတာက လက္ရွိအာဇာနည္ေန႔က အာဏာသိမ္းခံရတဲ့ အေျခအေနနဲ႔ ႀကဳံႀကိဳက္ေနရတဲ့ ကာလျဖစ္သလိုပဲ။ လက္ရွိေတာ္လွန္ေရးမွာလည္း အာဇာနည္ေတြ ထပ္ၿပီးေတာ့ မ်ားစြာရွိေနတယ္ေပါ့ေနာ္။ ၿပီးေတာ့ ေနာက္အနာဂတ္မွာ အခုလို အသစ္အသစ္ေသာ အာဇာနည္ေတြ ေျမာက္ျမားစြာမရွိေတာ့ဘဲနဲ႔ က်ေနာ္တို႔ ေမွ်ာ္ရည္တဲ့ ဖက္ဒရယ္ျပည္ေထာင္စု ရရွိဖို႔ေပါ့။ ဒါေတြအတြက္ က်ေနာ္တို႔ လူထုတရပ္လုံးအေနနဲ႔ ပူးေပါင္းပါဝင္ေစခ်င္တယ္ေပါ့ေလ။ ၿပီးရင္က်ဆုံးသြားတဲ့ အာဇာနည္ သူရဲေကာင္းေတြအားလုံးအတြက္ သူတို႔ ေမွ်ာ္ရည္တဲ့ တိုင္းျပည္အတြက္ သူတို႔ရဲ႕ စိတ္ဓာတ္ေတြအတိုင္း ဆက္လက္ တိုက္ ပြဲဝင္ၾကဖို႔ရယ္၊ အာဇာနည္သူရဲေကာင္းေတြက တမလြန္ကေန ေကာင္းမြန္တဲ့ ႏိုင္ငံေတာ္သစ္ႀကီးကို ျမင္ႏိုင္ဖို႔ေပါ့။ လက္ရွိပကတိေတာ္လွန္ေရးမွာလည္း ေန႔စဥ္ရက္ဆက္ဆိုသလိုပဲ တေဒသ မဟုတ္ တေဒသ ေပးဆပ္ေနရတဲ့ အာဇာနည္ေတြရွိေနေသးေတာ့ ဒီဥစၥာေတြ အျမန္ဆုံးမရွိေတာ့ဘဲ တကယ့္ကို က်ေနာ္တို႔ ေမွ်ာ္ရည္တဲ့ တိုင္းျပည္တခု ျဖစ္ခ်င္ပါတယ္။”

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕မွာလည္း က်ဆုံးအာဇာနည္ေတြကို အေလးျပဳတာနဲ႔ အတူ စစ္အာဏာသိမ္းမႈ ဆန႔္က်င္ေရး ဆႏၵျပပြဲ လုပ္ခဲ့ၾကပါတယ္။ ကေလးၿမိဳ႕ဟာ စစ္အာဏာသိမ္းစကတည္းက စစ္အာဏာသိမ္းမႈဆန႔္က်င္ေရးအတြက္ အပစ္အခတ္အဖမ္းအဆီးေတြၾကားက ရက္ေပါင္း ၅၂၇ ရက္တိုင္ ပ်က္ရက္မရွိ ခ်ီတက္ဆႏၵျပခဲ့တာပါ။ လုံၿခဳံေရးတင္းၾကပ္ေနတဲ့ အေျခအေနၾကားထဲက ရသလို လွ်ပ္တျပက္ ဆႏၵျပခဲ့ၾကရတာလို႔ ကေလးၿမိဳ႕ပင္မသပိတ္က အမ်ိဳးသမီး သပိတ္ေခါင္းေဆာင္တဦးက VOA ကိုေျပာျပပါတယ္။

“က်မတို႔ ဒီေန႔က ၿမိဳ႕ေပၚႀကီးမွာေတာ့ ထြက္ဖို႔က လုံးဝအဆင္မေျပဘူးေပါ့ေနာ္။ ၿမိဳ႕ေပၚမွာက ေနရာအႏွံ႔မွာ စကစေတြက ရွိထားတယ္ဆိုေတာ့ ၿမိဳ႕အျပင္ဘက္ေလာက္မွာ လြမ္းသူ႔ပန္းေခြ ၂ ေခြရယ္၊ ဖေယာင္းတိုင္ထြန္းတယ္။ ဇူလိုင္ ၁၉ မွာ က်သြားတဲ့ ေခါင္းေဆာင္ေတြနဲ႔ ေႏြဦးေတာ္လွန္ေရးမွာ က်သြားတဲ့ သူရဲေကာင္းေတြအတြက္ကို က်မတို႔ အေလးျပဳတယ္။ ဖေယာင္းတိုင္ထြန္းၿပီး ႏွင္းဆီပန္းေတြနဲ႔ လြမ္းသူပန္းေခြနဲ႔ေပါ့။ အဲ့ေလာက္ပဲ လုပ္ႏိုင္ခဲ့ပါတယ္။ လုံၿခဳံေရးအေျခအေနက ေတာ္ေတာ္ကိုတင္းၾကပ္တယ္။ ဘယ္လိုမွ ၿမိဳ႕ေပၚကို လုံးဝလႈပ္ရွားလို႔မရတဲ့ အေနအထားျဖစ္ေနတယ္။ ေနရာအႏွံ႔မွာ သူတို႔အကုန္လုံး ေစာင့္ေနၾကတယ္ေပါ့ မနက္ကတည္းကေလ။ အဲလို ၿမိဳ႕ေပၚေရာက္ဖို႔ကို က်မတို႔ ေတာလမ္းကေန ေတာ္ေတာ္ခက္ခက္ခဲခဲ သြားခဲ့ရတယ္ေပါ့ေနာ္။”

ထားဝယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ဝင္ေတြကလည္း “အာဇာနည္တိုင္း သမိုင္းမေသ” ဆိုၿပီး ေတာ္လွန္ေရးကာလမွာ က်ဆုံးခဲ့သူေတြနဲ႔ အာဇာနည္ေခါင္းေဆာင္ေတြကို အေလးျပဳတဲ့အစီအစဥ္ ျပဳလုပ္ခဲ့ပါတယ္။ ၇၅ ႏွစ္ေျမာက္ အာဇာနည္ေန႔အထိမ္းအမွတ္ကို ေနရာအေတာ္မ်ားမ်ားမွာ ျပဳလုပ္ခဲ့ၾကေပမယ့္ တခ်ိဳ႕ကေတာ့ အာဇာနည္ေန႔မွာ စစ္ေကာင္စီဘက္က စစ္ေၾကာင္းထိုးလာလို႔ ေဘးလြတ္ရာေျပးလႊားေနရပါတယ္။ ဇူလိုင္လ ၁၈ ရက္၊ မေန႔ညေနကတည္းက စစ္ေကာင္စီရဲ႕ စစ္ေရယာဥ္ အုပ္စုဟာ ခ်င္းတြင္းျမစ္ေၾကာင္းအတိုင္း ဆန္တက္လာလို႔ ျမစ္အနီးအနားမွာေနထိုင္တဲ့ ႐ြာသူ႐ြာသားေတြ ေဘးလြတ္ရာေျပးေနရတာ ၂,၀၀၀ ဝန္းက်င္ေလာက္ရွိေနၿပီလို႔ ကနီေဒသခံတဦးကေျပာပါတယ္။

“အာဇာနည္ေန႔နဲ႔ ပတ္သက္ၿပီးေတာ့ ေက်း႐ြာတခ်ိဳ႕မွာလည္း ဒီအာဇာနည္ေခါင္းေဆာင္ႀကီးေတြနဲ႔ ဖက္ဒရယ္ဒီမိုကေရစီ တိုက္ပြဲမွာက်ဆုံးသြားၾကတဲ့ ရဟန္းရွင္သူ ျပည္သူလူထုကို ဦးၫြတ္တဲ့အေနနဲ႔ ကားဟြန္းတီးတာ၊ ဆိုင္ကယ္ဟြန္းတီးတာ၊ ၿငိမ္သက္အေလးျပဳတာမ်ိဳးေတြ လုပ္ေဆာင္တာရွိတယ္။ အဲဒီလို လုပ္ေဆာင္မယ့္ အေနအထားမွာက သူတို႔စစ္ေၾကာင္းထိုးေနတဲ့ ခ်င္းတြင္းျမစ္ေၾကာင္းေဘးမွာရွိေနတဲ့ ေက်း႐ြာေတြကေတာ့ ေဘးလြတ္ရာကို ေရွာင္တိမ္းမႈေတြ လုပ္ေနၾကရတယ္။”

စစ္ေကာင္စီက ဦးစီးၿပီး ရန္ကုန္မွာလုပ္တဲ့ ႏိုင္ငံေတာ္အခမ္းအနားမွာေတာ့ စစ္ေကာင္စီဘက္က ဒုတိယအႀကီးအကဲ ဒုတိယဗိုလ္ခ်ဳပ္မးႀကီးစိုးဝင္း ဦးေဆာင္တတ္ေရာက္တာပါ။ ဒါ့အျပင္ ရန္ကုန္ၿမိဳ႕ေပၚမွာေတာ့ အာဇာနည္ေခါင္းေဆာင္ေတြ က်ဆုံးတဲ့ မနက္ပိုင္းအခ်ိန္မွာ ဥဩဆြဲတာ၊ သြားလာေနတဲ့ ယာဥ္တခ်ိဳ႕ ဟြန္းတီးတာ၊ ေနအိမ္တခ်ိဳ႕ အလံတိုင္ဝက္လႊင့္ထူတာေတြရွိခဲ့ပါတယ္။ အာဇာနည္ဗိမာန္နဲ႔ ရန္ကုန္မွာရွိတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္တို႔ကို အမ်ားျပည္သူအတြက္ ဖြင့္လွစ္ေပးခဲ့ေပမယ့္ လာေရာက္သူ နည္းပါးတယ္လို႔လည္း သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

အာဇာနည်နေ့အခမ်းအနားနဲ့ ဆန္ဒပြမှုများ နိုင်ငံအဝှမ်းကျင်းပ


ဒီကနေ့ ကျရောက်တဲ့ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မှာ စစ်ကောင်စီက နိုင်ငံတော်အခမ်းအနား ကြီးမှူးကျင်းပခဲ့သလို မြန်မာနိုင်ငံနေရာအတော်များများမှာတော့ တက်ကြွလှုပ်ရှားသူတွေက အာဇာနည်ခေါင်းဆောင်တွေနဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့သူတွေအတွက် အလေးပြုတဲ့အစီအစဉ်တွေ လုပ်ခဲ့ကြပါတယ်။ ဒီအကြောင်း ရန်ကုန်က အသေးစိတ်ပေးပို့တာကို အလိမ္မာက တင်ပြပေးထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကိုတော့ ရန်ကုန်အာဇာနည်ဗိမာန်မှာ စစ်ကောင်စီက ကြီးမှူးကျင်းပခဲ့ပြီး၊ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်တာမတွေ့ရပါဘူး။ ဒါ့အပြင် ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရာက်တာလည်းမရှိပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးဘဝင်း မိသားစုတွေကိုယ်စား အခမ်းအနားကျင်းပရေးကော်မတီဝင်တွေက လွမ်းသူ့ပန်းခွေချခဲ့တယ်လို့ သိရပါတယ်။ ဗိုလ် ချုပ်အောင်ဆန်းရဲ့ သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦး ကိုယ်စားပြုတဲ့ ပန်းခွေ ချခဲ့တာပါ။

ရန်ကုန်မြို့မှာတော့ “လူမျိုးကြီးဝါဒတိုက်ဖျက်ကြ၊ အာဇာနည်ဟာကိုးဦးမက” ဆိုတဲ့ စာတမ်းကိုင်ဆောင်ပြီး ကျောင်းသားများသမဂ္ဂပူးပေါင်းအဖွဲ့တွေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေက ရန်ကုန်မြို့မှာ လျှပ်တပြက်ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်အပြင် တခြားနယ်မြေတွေနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရှိတဲ့ တိုင်းရင်းသားဒေသတွေမှာလည်း အာဇာနည်နေ့အခမ်းအနားတွေ ကျင်းပကြပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေကို မမေ့သလို တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ အာဇာနည်ခေါင်းဆောင်တွေကိုပါ အသိအမှတ်ပြုချင်လို့ အခုလို ဆောင်ပုဒ်နဲ့ ဆန္ဒပြမှုတွေ၊ အခမ်းအနားတွေ လုပ်ခဲ့ကြတာလို့ ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုမြတ်မင်းခန့်က VOA ကိုပြောပါတယ်။

“အဓိကတော့ ဒီလူမျိုးကြီးဝါဒနဲ့ အာဇာနည်ကိုးဦးနဲ့ဆိုင်တဲ့ ကိစ္စက တချို့ပြည်သူတွေက မကြိုက်တာရှိတယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ဒီမှာပေးချင်တဲ့ message ကတော့ လူမျိုးကြီးဝါဒဖယ်ရှားပေးကြတဲ့ အာဇာနည် ကိုးဦးမက ဆိုတဲ့ဟာက ကျနော်တို့ ဒီနိုင်ငံမှာ အာဇာနည်လို့ ပြောလိုက်လို့ရှိရင် ဗိုလ်ချုပ်အောင်ဆန်းတယောက်ထဲကိုပဲ မြင်ကြတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ဒီအာဇာနည် ၉ ဦးထဲမှာလည်း တခြားတိုင်းရင်းသားတွေလည်း ပါခဲ့တယ်။ ဘာသာခြားတွေလည်း ပါခဲ့တယ်ပေါ့နော်။ အခုဒီကာလမှာဆိုလို့ရှိရင်လည်း ဒီအာဇာနည်လို့ ပြောလာလို့ရှိရင် ကျနော်တို့က လူမျိုးစုတခုကို ပြောတာမဟုတ်ဘဲနဲ့ နွေဦးတော်လှန်ရေးကာလမှာဆိုရင် တိုင်းရင်းသားတွေလည်း အများကြီးပါတယ်ပေါ့နော်။ ပြီးတော့ အာဇာနည်နဲ့ ပတ်သက်လာရင် တိုင်းရင်းသားအများကြီး ထပ်ပေါ်ပေါက်လာခဲ့တယ်ဆိုတဲ့ဟာကို အဓိက message ပေးချင်တာပါဗျ။”

ရန်ကုန်မြို့ လမ်းဆုံလမ်းခွနေရာ အတော်များများမှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပိတ်ဆို့ထားပြီး စစ်ဆေးမှုတချို့ ရှိနေပေမယ့် တက်ကြွလှုပ်ရှားသူတွေဘက်က ရသလို လျှပ်တပြတ်ဆန္ဒပြခဲ့ကြတာပါ။ မန္တလေးမြို့မှာလည်း မြို့တွင်းအသွားအလာများတဲ့နေရာတွေမှာ စစ်ကောင်စီဘက်က တားဆီးစစ်ဆေးတာတွေရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တွေမှာလည်း ချီတက်ဆန္ဒပြမှုတချို့ရှိပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့အတူ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး တိုက်ပွဲဝင်ခဲ့ကြပြီး ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက်ကိုပါ ချီတက်ဆန္ဒပြ အလေးပြုခဲ့ကြတာလို့ ဆားလင်းကြီးမြို့နယ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက VOA ကိုပြောပါတယ်။

“သပိတ်တွေက ထွက်ကြတယ်ဗျ၊ မနက်ခင်းပိုင်းလည်း ထွက်ပြီးပြီ။ ညနေထွက်ဖို့လည်း ရှိကြပါတယ်ဗျ။ ကျနော်တို့က ဒီအာဇာနည်နေ့ ၇၅ နှစ်ပြည့် စိန်ရတုမှာ ဒီအာဇာနည် ၉ ဦးတည်းမဟုတ်ဘဲနဲ့ ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက် ရှိခဲ့ကြတဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့အားဖြင့် အာဇာနည်မျိုး သေရိုးမရှိဆိုတဲ့ ကြွေးကြော်သံတွေ၊ ဘန်နာတွေ။ ပြီးရင် အာဇာနည်တို့အရိုးဖြင့် ဖက်ဒရယ်အလံတော်ကို လွှင့်ထူကြဆိုတဲ့ ဒီစာသားတွေ ကိုင်ပြီးတော့ ချီတက်ကြတယ်ပေါ့နော်။ ပြီးရင်တော့ ကျွန်တော်တို့ ဒီလွမ်းသူပန်းခွေတွေ၊ ဝေမြဲနှင်းဆီတွေနဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့ အစီအစဉ်တွေ ကျွန်တော်တို့ ဆောင်ရွက်ကြတယ်ဗျ။ ပြီးရင်တော့ ၁၀ နာရီ ၃၇ မိနစ်မှာ ဟွန်းတီးတာတို့ ရောက်တဲ့နေရာကနေ အလေးပြုတာတို့ အဲ့တာတွေ ကျွန်တော်တို့ ဆောင်ရွက်ကြတယ်ဗျ။”

အာဇာနည်ခေါင်းဆောင်တွေ နိုင်ငံ့အတွက် အသက်ပေးခဲ့ရတဲ့နည်းတူ နိုင်ငံအတွက် နောက်ထပ်အသက်ပေးလှုရမှုတွေမရှိတော့တဲ့ ကောင်းမွန်တဲ့ နိုင်ငံတခု ဖြစ်လာဖို့ မျှော်လင့်ပြီး အာဇာနည်နေ့ကျင်းပခဲ့တယ်လို့လည်း သပိတ်ခေါင်းဆောင်တဦးက ပြောပါတယ်။

“၇၅ နှစ်ပြည့် အာဇာနည်နေ့ပေါ့နော်၊ ကြုံရတာက လက်ရှိအာဇာနည်နေ့က အာဏာသိမ်းခံရတဲ့ အခြေအနေနဲ့ ကြုံကြိုက်နေရတဲ့ ကာလဖြစ်သလိုပဲ။ လက်ရှိတော်လှန်ရေးမှာလည်း အာဇာနည်တွေ ထပ်ပြီးတော့ များစွာရှိနေတယ်ပေါ့နော်။ ပြီးတော့ နောက်အနာဂတ်မှာ အခုလို အသစ်အသစ်သော အာဇာနည်တွေ မြောက်မြားစွာမရှိတော့ဘဲနဲ့ ကျနော်တို့ မျှော်ရည်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ရရှိဖို့ပေါ့။ ဒါတွေအတွက် ကျနော်တို့ လူထုတရပ်လုံးအနေနဲ့ ပူးပေါင်းပါဝင်စေချင်တယ်ပေါ့လေ။ ပြီးရင်ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းတွေအားလုံးအတွက် သူတို့ မျှော်ရည်တဲ့ တိုင်းပြည်အတွက် သူတို့ရဲ့ စိတ်ဓာတ်တွေအတိုင်း ဆက်လက် တိုက် ပွဲဝင်ကြဖို့ရယ်၊ အာဇာနည်သူရဲကောင်းတွေက တမလွန်ကနေ ကောင်းမွန်တဲ့ နိုင်ငံတော်သစ်ကြီးကို မြင်နိုင်ဖို့ပေါ့။ လက်ရှိပကတိတော်လှန်ရေးမှာလည်း နေ့စဉ်ရက်ဆက်ဆိုသလိုပဲ တဒေသ မဟုတ် တဒေသ ပေးဆပ်နေရတဲ့ အာဇာနည်တွေရှိနေသေးတော့ ဒီဥစ္စာတွေ အမြန်ဆုံးမရှိတော့ဘဲ တကယ့်ကို ကျနော်တို့ မျှော်ရည်တဲ့ တိုင်းပြည်တခု ဖြစ်ချင်ပါတယ်။”

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း ကျဆုံးအာဇာနည်တွေကို အလေးပြုတာနဲ့ အတူ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ လုပ်ခဲ့ကြပါတယ်။ ကလေးမြို့ဟာ စစ်အာဏာသိမ်းစကတည်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအတွက် အပစ်အခတ်အဖမ်းအဆီးတွေကြားက ရက်ပေါင်း ၅၂၇ ရက်တိုင် ပျက်ရက်မရှိ ချီတက်ဆန္ဒပြခဲ့တာပါ။ လုံခြုံရေးတင်းကြပ်နေတဲ့ အခြေအနေကြားထဲက ရသလို လျှပ်တပြက် ဆန္ဒပြခဲ့ကြရတာလို့ ကလေးမြို့ပင်မသပိတ်က အမျိုးသမီး သပိတ်ခေါင်းဆောင်တဦးက VOA ကိုပြောပြပါတယ်။

“ကျမတို့ ဒီနေ့က မြို့ပေါ်ကြီးမှာတော့ ထွက်ဖို့က လုံးဝအဆင်မပြေဘူးပေါ့နော်။ မြို့ပေါ်မှာက နေရာအနှံ့မှာ စကစတွေက ရှိထားတယ်ဆိုတော့ မြို့အပြင်ဘက်လောက်မှာ လွမ်းသူ့ပန်းခွေ ၂ ခွေရယ်၊ ဖယောင်းတိုင်ထွန်းတယ်။ ဇူလိုင် ၁၉ မှာ ကျသွားတဲ့ ခေါင်းဆောင်တွေနဲ့ နွေဦးတော်လှန်ရေးမှာ ကျသွားတဲ့ သူရဲကောင်းတွေအတွက်ကို ကျမတို့ အလေးပြုတယ်။ ဖယောင်းတိုင်ထွန်းပြီး နှင်းဆီပန်းတွေနဲ့ လွမ်းသူပန်းခွေနဲ့ပေါ့။ အဲ့လောက်ပဲ လုပ်နိုင်ခဲ့ပါတယ်။ လုံခြုံရေးအခြေအနေက တော်တော်ကိုတင်းကြပ်တယ်။ ဘယ်လိုမှ မြို့ပေါ်ကို လုံးဝလှုပ်ရှားလို့မရတဲ့ အနေအထားဖြစ်နေတယ်။ နေရာအနှံ့မှာ သူတို့အကုန်လုံး စောင့်နေကြတယ်ပေါ့ မနက်ကတည်းကလေ။ အဲလို မြို့ပေါ်ရောက်ဖို့ကို ကျမတို့ တောလမ်းကနေ တော်တော်ခက်ခက်ခဲခဲ သွားခဲ့ရတယ်ပေါ့နော်။”

ထားဝယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေကလည်း “အာဇာနည်တိုင်း သမိုင်းမသေ” ဆိုပြီး တော်လှန်ရေးကာလမှာ ကျဆုံးခဲ့သူတွေနဲ့ အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုတဲ့အစီအစဉ် ပြုလုပ်ခဲ့ပါတယ်။ ၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ကို နေရာအတော်များများမှာ ပြုလုပ်ခဲ့ကြပေမယ့် တချို့ကတော့ အာဇာနည်နေ့မှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာလို့ ဘေးလွတ်ရာပြေးလွှားနေရပါတယ်။ ဇူလိုင်လ ၁၈ ရက်၊ မနေ့ညနေကတည်းက စစ်ကောင်စီရဲ့ စစ်ရေယာဉ် အုပ်စုဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာလို့ မြစ်အနီးအနားမှာနေထိုင်တဲ့ ရွာသူရွာသားတွေ ဘေးလွတ်ရာပြေးနေရတာ ၂,၀၀၀ ဝန်းကျင်လောက်ရှိနေပြီလို့ ကနီဒေသခံတဦးကပြောပါတယ်။

“အာဇာနည်နေ့နဲ့ ပတ်သက်ပြီးတော့ ကျေးရွာတချို့မှာလည်း ဒီအာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲမှာကျဆုံးသွားကြတဲ့ ရဟန်းရှင်သူ ပြည်သူလူထုကို ဦးညွတ်တဲ့အနေနဲ့ ကားဟွန်းတီးတာ၊ ဆိုင်ကယ်ဟွန်းတီးတာ၊ ငြိမ်သက်အလေးပြုတာမျိုးတွေ လုပ်ဆောင်တာရှိတယ်။ အဲဒီလို လုပ်ဆောင်မယ့် အနေအထားမှာက သူတို့စစ်ကြောင်းထိုးနေတဲ့ ချင်းတွင်းမြစ်ကြောင်းဘေးမှာရှိနေတဲ့ ကျေးရွာတွေကတော့ ဘေးလွတ်ရာကို ရှောင်တိမ်းမှုတွေ လုပ်နေကြရတယ်။”

စစ်ကောင်စီက ဦးစီးပြီး ရန်ကုန်မှာလုပ်တဲ့ နိုင်ငံတော်အခမ်းအနားမှာတော့ စစ်ကောင်စီဘက်က ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မးကြီးစိုးဝင်း ဦးဆောင်တတ်ရောက်တာပါ။ ဒါ့အပြင် ရန်ကုန်မြို့ပေါ်မှာတော့ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးတဲ့ မနက်ပိုင်းအချိန်မှာ ဥဩဆွဲတာ၊ သွားလာနေတဲ့ ယာဉ်တချို့ ဟွန်းတီးတာ၊ နေအိမ်တချို့ အလံတိုင်ဝက်လွှင့်ထူတာတွေရှိခဲ့ပါတယ်။ အာဇာနည်ဗိမာန်နဲ့ ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့ကို အများပြည်သူအတွက် ဖွင့်လှစ်ပေးခဲ့ပေမယ့် လာရောက်သူ နည်းပါးတယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG