သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံ၊ ခ်င္း႐ိုင္မွာ အေထာက္အထားမဲ့ျမန္မာေတြ တင္လာတဲ့ကား တိမ္းေမွာက္ၿပီး ၆ ဦး ဒဏ္ရာရ 


ခ်င္းရိုင္ျပည္နယ္မွာ ဧျပီလ ၂၁ ရက္ေန့က ဖမ္းမိတဲ့ျမန္မာနိုင္ငံသားမ်ား။ (ဓာတ္ပံု-ထိုင္းရဲတပ္ဖြဲ႔)


[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံ ခ်င္း႐ိုင္ျပည္နယ္ထဲက မူးယစ္ေဆးဝါးစစ္ေဆးေရးဂိတ္မွာ အေထာက္အထားမဲ့ ျမန္မာ ေရႊ႕ေျပာင္းအလုပ္သမားေတြ သယ္ေဆာင္လာတဲ့ကားတစီး စစ္ေဆးမခံဘဲ ထြက္ေျပးရင္း တိမ္း ေမွာက္ခဲ့ပါတယ္။ တိမ္းေမွာက္တဲ့ကားထဲကေန ေတာ္ေတာ္မ်ားမ်ား ထြက္ေျပးသြားၾကေပမယ့္ ဒဏ္ရာေတြနဲ႔ ၆ ဦးကို ထုိင္းလံုၿခံဳေရးေတြက ဖမ္းမိခဲ့ပါတယ္။ ထိုင္းအေျခစိုက္ ဗီြအိုေအ သတင္း ေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံ၊ ခ်င္း႐ိုင္ျပည္နယ္၊ မယ္ဆိုင္ၿမိဳ႕၊ အုပ္စု ၇၊ ပုံဖမ္ေက်း႐ြာ၊ ဘန႔္စန္ပါစပ္႐ြာနားမွာရွိတဲ့ မူးယစ္ ေဆးဝါး စစ္ေဆးေရးဂိတ္နားမွာ ဧၿပီလ ၂၁ ရက္ေန႔၊ မနက္ေစာႀကီးမွာ အေထာက္အထားမဲ့ ျမန္မာ ေတြကို သယ္ေဆာင္လာတဲ့ကားတစီး တိမ္းေမွာက္ခဲ့တာပါ။ စစ္ေဆးေရးဂိတ္က စစ္ေဆးတာကို မခံဘဲ ေမာင္းေျပးရာကေန ကားတိမ္းေမွာက္ခဲ့တာျဖစ္ပါတယ္။ ကားတိမ္းေမွာက္ခဲ့ေပမယ့္ ေတာ္ေတာ္ မ်ားမ်ား ထြက္ေျပးလြတ္ေျမာက္သြားၾကၿပီး ထိခုိက္ဒဏ္ရာရသူ ၆ ဦးကိုေတာ့ ထိုင္းလံုၿခံဳေရးေတြ ဖမ္းမိခဲ့တယ္လို႔ ျမန္မာျပည္သားမ်ားအေရး ပူးတဲြလွဳပ္ရွားမႈေကာ္မတီဥကၠ႒ ဦးမုိးႀကိဳးကေျပာပါတယ္။

“ဧၿပီလ၂၁ ရက္ေန႔မွာ ခ်င္း႐ိုင္ျပည္နယ္ မဲဆိုင္ၿမိဳ႕က မူးယစ္ေဆး၀ါးစစ္ေဆးတဲ့ဂိတ္မွာ မသကၤာဖြယ္ ကားတစီးကုိ စစ္ေဆးဖို႔ ရပ္တန္႔ေစရာမွာ စစ္ေဆးမခံဘဲ ထြက္ေျပးတယ္။ အဲဒီေတာ့ ယဥ္တိမ္းေမွာက္မႈ ျဖစ္တယ္။ ဒဏ္ရာရတဲ့ အမ်ိဳးသမီးတေယာက္ကိုေတာ့ မဲဆုိင္ၿမိဳ႕က ေဆး႐ံုႀကီးမွာပို႔ၿပီး ကုသေနရတယ္။”

ထြက္ေျပးလြတ္ေျမာက္သြားသူေတြထဲမွာလည္း ဒဏ္ရာရသူေတြပါတယ္လို႔ ေျပာပါတယ္။ ကားေပၚမွာ တရားမဝင္ ဝင္ေရာက္လာသူ ဆယ္ဂဏန္းေလာက္ပါပါတယ္။ ခ်င္း႐ိုင္ျပည္နယ္ မယ့္ဖာလြမ္ၿမိဳ ့ မွာ လည္း ဧၿပီလ ၂၀ ရက္ ေန႔က အေထာက္အထားမဲ့ျမန္မာေတြ သယ္ေဆာင္လာတဲ့ကားတစီး ဖမ္းဆီး ခံရျပီး အဲဒီမွာေတာ့ ျမန္မာ ၃၂ ေယာက္ ဖမ္းမိခဲ့ပါတယ္။

“အလားတူျဖစ္ရပ္ကေတာ့ ခ်င္း႐ိုင္ျပည္နယ္ မဲဖာလြန္ၿမိဳ႕မွာ စစ္ေဆးေရးဂိတ္မွာ ျဖစ္တယ္။ မသကၤာ ဖြယ္ ကားတစီးကုိစစ္ေဆးေတာ့ အဲဒီမွာ တရားမ၀င္ျမန္မာ ၃၂ ေယာက္ကုိဖမ္းမိတယ္။ ထုိင္း ကားသမား ၂ ဦးကိုလည္း ဖမ္းမိတယ္။”

အခုလိုမ်ိဳး စစ္ေဆးေရးဂိတ္ေတြက စစ္ေဆးတာကိုမခံဘဲ ေမာင္းေျပးတာေၾကာင့္ ထုိင္းႏိုင္ငံထဲမွာ မေတာ္တဆတိ္မ္းေမွာက္မႈေတြ မၾကာခနျဖစ္ေနတာပါ။ မတ္လထဲမွာလည္း အေထာက္အထားမဲ့ ျမန္မာေတြ သယ္ေဆာင္လာတဲ့ကားတိမ္းေမွာက္မႈ ၄ ႀကိမ္ ျဖစ္ခဲ့ပါတယ္။ မတ္လ ၁၆ ရက္ေန႔ကေတာ့ ထိုင္းႏိုင္ငံေတာင္ပိုင္း ပရာကြၽတ္ခီရီခန္ျပည္နယ္အတြင္း တရားမဝင္ျမန္မာ ၁၈ ေယာက္ကို တင္လာတဲ့ေမာ္ေတာ္ယာဥ္ တိမ္းေမွာက္ခဲ့ရာ ၆ ဦးေသဆုံးၿပီး ၇ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။ အခုဆိုရင္ ဧၿပီလဆန္းကေန ဧၿပီလ ၂၁ ရက္ေန႔အထိ ထိုင္းႏိုင္ငံထဲမွာ ဖမ္းဆီးခံထားရတဲ့ အေထာက္အထားမဲ့ ျမန္မာ ၈၀၀ ေက်ာ္ ႐ွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ထိုင်းနိုင်ငံ၊ ချင်းရိုင်မှာ အထောက်အထားမဲ့မြန်မာတွေ တင်လာတဲ့ကား တိမ်းမှောက်ပြီး ၆ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်ထဲက မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်မှာ အထောက်အထားမဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ သယ်ဆောင်လာတဲ့ကားတစီး စစ်ဆေးမခံဘဲ ထွက်ပြေးရင်း တိမ်း မှောက်ခဲ့ပါတယ်။ တိမ်းမှောက်တဲ့ကားထဲကနေ တော်တော်များများ ထွက်ပြေးသွားကြပေမယ့် ဒဏ်ရာတွေနဲ့ ၆ ဦးကို ထိုင်းလုံခြုံရေးတွေက ဖမ်းမိခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်း ထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်မြို့၊ အုပ်စု ၇၊ ပုံဖမ်ကျေးရွာ၊ ဘန့်စန်ပါစပ်ရွာနားမှာရှိတဲ့ မူးယစ် ဆေးဝါး စစ်ဆေးရေးဂိတ်နားမှာ ဧပြီလ ၂၁ ရက်နေ့၊ မနက်စောကြီးမှာ အထောက်အထားမဲ့ မြန်မာ တွေကို သယ်ဆောင်လာတဲ့ကားတစီး တိမ်းမှောက်ခဲ့တာပါ။ စစ်ဆေးရေးဂိတ်က စစ်ဆေးတာကို မခံဘဲ မောင်းပြေးရာကနေ ကားတိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ ကားတိမ်းမှောက်ခဲ့ပေမယ့် တော်တော် များများ ထွက်ပြေးလွတ်မြောက်သွားကြပြီး ထိခိုက်ဒဏ်ရာရသူ ၆ ဦးကိုတော့ ထိုင်းလုံခြုံရေးတွေ ဖမ်းမိခဲ့တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။

“ဧပြီလ၂၁ ရက်နေ့မှာ ချင်းရိုင်ပြည်နယ် မဲဆိုင်မြို့က မူးယစ်ဆေးဝါးစစ်ဆေးတဲ့ဂိတ်မှာ မသင်္ကာဖွယ် ကားတစီးကို စစ်ဆေးဖို့ ရပ်တန့်စေရာမှာ စစ်ဆေးမခံဘဲ ထွက်ပြေးတယ်။ အဲဒီတော့ ယဉ်တိမ်းမှောက်မှု ဖြစ်တယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးတယောက်ကိုတော့ မဲဆိုင်မြို့က ဆေးရုံကြီးမှာပို့ပြီး ကုသနေရတယ်။”

ထွက်ပြေးလွတ်မြောက်သွားသူတွေထဲမှာလည်း ဒဏ်ရာရသူတွေပါတယ်လို့ ပြောပါတယ်။ ကားပေါ်မှာ တရားမဝင် ဝင်ရောက်လာသူ ဆယ်ဂဏန်းလောက်ပါပါတယ်။ ချင်းရိုင်ပြည်နယ် မယ့်ဖာလွမ်မြို့ မှာ လည်း ဧပြီလ ၂၀ ရက် နေ့က အထောက်အထားမဲ့မြန်မာတွေ သယ်ဆောင်လာတဲ့ကားတစီး ဖမ်းဆီး ခံရပြီး အဲဒီမှာတော့ မြန်မာ ၃၂ ယောက် ဖမ်းမိခဲ့ပါတယ်။

“အလားတူဖြစ်ရပ်ကတော့ ချင်းရိုင်ပြည်နယ် မဲဖာလွန်မြို့မှာ စစ်ဆေးရေးဂိတ်မှာ ဖြစ်တယ်။ မသင်္ကာ ဖွယ် ကားတစီးကိုစစ်ဆေးတော့ အဲဒီမှာ တရားမဝင်မြန်မာ ၃၂ ယောက်ကိုဖမ်းမိတယ်။ ထိုင်း ကားသမား ၂ ဦးကိုလည်း ဖမ်းမိတယ်။”

အခုလိုမျိုး စစ်ဆေးရေးဂိတ်တွေက စစ်ဆေးတာကိုမခံဘဲ မောင်းပြေးတာကြောင့် ထိုင်းနိုင်ငံထဲမှာ မတော်တဆတိမ်းမှောက်မှုတွေ မကြာခနဖြစ်နေတာပါ။ မတ်လထဲမှာလည်း အထောက်အထားမဲ့ မြန်မာတွေ သယ်ဆောင်လာတဲ့ကားတိမ်းမှောက်မှု ၄ ကြိမ် ဖြစ်ခဲ့ပါတယ်။ မတ်လ ၁၆ ရက်နေ့ကတော့ ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ပြည်နယ်အတွင်း တရားမဝင်မြန်မာ ၁၈ ယောက်ကို တင်လာတဲ့မော်တော်ယာဉ် တိမ်းမှောက်ခဲ့ရာ ၆ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အခုဆိုရင် ဧပြီလဆန်းကနေ ဧပြီလ ၂၁ ရက်နေ့အထိ ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးခံထားရတဲ့ အထောက်အထားမဲ့ မြန်မာ ၈၀၀ ကျော် ရှိနေပါတယ်။

==========

XS
SM
MD
LG