သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းနယ္စပ္ လႈိင္ဂူတခုအတြင္း ျမန္မာ၂၅ ဦးနဲ႔ လူပြဲစားမ်ား ဖမ္းဆီးမိ


ထိုင္းႏုိင္ငံမွာ အလုပ္လုပ္ႏုိင္ဖို႔ လူပြဲစားေတြကတဆင့္ တရားမဝင္ ဝင္ေရာက္လာၾကတဲ့ ျမန္မာႏုိင္ငံသားေတြ ပုန္းခိုရာ လိႈဏ္ဂူ (ဓာတ္ပံု-Phe Jo/ May 24, 2022)

[[Zawgyi/Unicode]]


ထိုင္းျမန္မာနယ္စပ္ နယ္ျခားေသာင္ရင္းျမစ္ ထိုင္းဘက္ကမ္းအနီး တာ့ခ္ျပည္နယ္ ထာ့ေဆာင္ရမ္းၿမိဳ႕နယ္ မဲ့ဝလိုဝမ္တိုက္နယ္ထဲက လႈိင္ဂူတခုကို လူကုန္ကူးသူေတြက ခရီးတေထာက္နားစခန္းအျဖစ္ အသုံးျပဳေနတယ္လိုဆိုတာကို သတင္းရတာေၾကာင့္ ထိုင္းနယ္ျခားေစာင့္တပ္ေတြနဲ႔ ရဲေတြက ေမလ ၂၄ ရက္ေန႔မနက္က ဝင္ေရာက္စီးနင္းရာမွာ ျမန္မာႏိုင္ငံသား၂၅ ေယာက္နဲ႔အတူ လူပြဲစားေတြကိုပါ ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ နယ္ျခားေသာင္ရင္းျမစ္ကမ္းအနီး တာ့ခ္ျပည္နယ္ ထာ့ေဆာင္ရမ္းၿမိဳ ႔နယ္ မဲ့ဝလို ဝမ္ တိုက္နယ္ထဲက လိွဳင္ဂူတခုကုိ လူကုန္ကူးသူေတြကခရီးတေထာက္နားစခန္းအျဖစ္အသံုးျပဳေနတာကုိသတင္းရတဲ့အတြက္ ထုိင္းနယ္ျခားေစာင့္တပ္အပါအဝင္ ထုိင္းလံုၿခံုေရးတပ္ဖဲြ႔ေတြက ဝင္ေရာက္စီးနင္းရာမွာ ျမန္မာႏိုင္ငံသား ၂၅ ဦးနဲ့အတူ လူပဲြစားေတြကိုပါဖမ္းမိခဲ့ေၾကာင္း ျမန္မာျပည္သားမ်ားအေရး ပူးတဲြလွဳပ္ရွားမႈ ေကာ္မတီရဲ့ဥကၠ႒ဦးမိုးႀကိဳးက အခုလိုေျပာပါတယ္။

“လူကုန္ကူးမႈ ျဖစ္စဥ္တခုကေတာ့ တာ့ခ္ျပည္နယ္ ထာ့ေဆာင္ရမ္းျမိဳနယ္ ဘန့္မယ္ ေက်းရြာမွာျဖစ္ခဲ့ပါတယ္။ အဲဒီ ေက်းရြာက ထာ့ေဆာင္ရမ္းျမိဳ့နယ္ထဲမွာ ဂူတဂူရွိတယ္။ အဲဒီ ဂူတဂူထဲမွာ ပုန္းေအာင္းေနၾကတဲ့ တရားမဝင္ ျမန္မာ၂၅ ေယာက္။ ေယာက္က်ားေလး ၁၅ ေယာက္။ မိန္းကေလး ၁၀ ေယာက္ ပါတယ္။ သူတို့နဲ့အတူ ကား ၄ စီး၊ ဆိုင္ကယ္ ၁ စီးပါတယ္။ လူေမွာင္ခိုပဲြစား ၃ ဦးကို အဲဒီဂူထဲမွာပဲ ရပ္ရြာလူႀကီးေတြရဲ႕သတင္းေပးခ်က္အရ တာဝန္ရွိသူေတြက အကုန္လံုးဖမ္းမိခဲ့ပါတယ္။ အဲဒီဂူထဲမွာ အကုန္ဝင္ဖမ္းတာပါ။ ဝင္ဖမ္းေတာ့ အကုန္မိပါတယ္။ သူတို့စီးမယ့္ ကားေတြေကာ၊ ဆိုင္ကယ္တစီးေကာ၊ လူေမွာင္ခိုသမား ၃ ဦးကိုလည္း ဖမ္းမိတာပါ။”

ထိုင္းနိုင္ငံထဲမွာ ျမန္မာနိုင္ငံသားေတြ လူကုန္ကူးခံရတဲ့ျဖစ္စဥ္ေတြက ေန႔စဥ္လိုျဖစ္ေနတာပါ။ ျပီးခဲ့တဲ့ ေမလ ၁၉ ရက္ေန့ကေတာ့ ခ်ိဳင္နတ္ျပည္နယ္ထဲမွာ ေရႊ႕ေျပာင္းအလုပ္သမားေတြလို့ယူဆရတဲ့အမ်ိဳးသမီး၂ ေယာက္ ရုပ္အေလာင္းေတြကို ေတြ႔ရတယ္လို့ ထုိင္းအာဏာပုိင္ေတြက ထုတ္ေဖာ္ေျပာဆုိခဲ့ၿပီးတဲ့ေနာက္ အခုအခါမွာေတာ့ ေသဆံုးသူေတြဟာ လူကုန္ကူးခံရတဲ့ျမန္မာႏိုင္ငံသားေတြျဖစ္တယ္လို့ ထိုင္းအာဏာပုိင္ေတြက ဆုိပါတယ္။ မဲေဆာက္ကေန ခ်ိဳင္နတ္ျပည္နယ္ထဲကို ေျပာင္းေစ့ေတြသယ္ေဆာင္လာတဲ့ကားနဲ့ ျမန္မာ ၁၀ ေယာက္ကို လူပဲြစားေတြက ေခၚေဆာင္လာခဲ့ျပီးတဲ့ေနာက္ ခ်ိဳင္နတ္ျပည္နယ္အေရာက္ ကားေျပာင္းဖို့လုပ္ခ်ိန္မွာ အမ်ိဳးသမီး၂ ေယာက္ေသဆံုးေနတာေၾကာင့္ စြန့္ပစ္ခဲ့တာျဖစ္ပါတယ္။ ဒီျဖစ္စဥ္ကို ကားေမာင္းသမားေတြက ဝန္ခံထြက္ဆုိတယ္လို့ ထုိင္းအာဏာပုိင္က ေျပာေၾကာင္း ဦးမုိးႀကိဳးက ဆက္ျပီးေျပာပါတယ္။”

“က်ဴးလြန္သူ နိုင္က်တ္ႀကီးရဲ ့ထြက္ဆုိခ်က္အရ ျပီးခဲ့တဲ့ေမလ ၁၆ ရက္ေန့ ည ၉ နာရီေလာက္က မဲေဆာက္ ျမဝတီျမိဳ့လမ္းေႀကာင္းအတိုင္းပဲ မဲေဆာက္ျမိဳ႕ လမ္းေဘးတေနရာမွာ အမ်ိဳးသမီး ၂ ေယာက္ အပါအဝင္ ျမန္မာ ၁၀ ေယာက္ကို ကားေပၚတင္ျပိီးေခၚလာတယ္။ မဲေဆာက္ကေန ခိ်ဳင္နတ္အထိ ဦးတည္ျပီး ေမာင္းလာတယ္။ ေမလ ၁၇ ရက္ေန့မနက္ ၆ နာရီေလာက္ တာခလီကိုေရာက္ေတာ့ ကားအခ်ိန္းအေျပာင္းလုပ္ဖို့ ၾကည့္လိုက္တဲ့အခါမွာ အမ်ိဳးသမီး ၂ ေယာက္ေသဆံုးေနတာေတြ႔တယ္။ အဲဒါေၾကာင့္ သူမတို႔ ၂ ေယာက္ရုပ္အေလာင္းကုိ အျမန္ဆံုးစြန့္ပစ္ဖို့အတြက္ မိတ္ေဆြျဖစ္တဲ့ ႏိုင္ သူရီယကုိ ဖုန္းဆက္ေခၚျပီး သူတို့ႏွစ္ေယာက္က စြန့္ပစ္ခဲ့တာျဖစ္ေၾကာင္း ထုိင္းရဲတပ္ဖဲြ႔ကုိ သူတို့ ၂ ေယာက္က ဝန္ခံထြက္ဆုိခဲ့ပါတယ္။”

ျမန္မာႏို္င္ငံမွာ ႏိုင္ငံေရး မတည္ျငိမ္မႈနဲ႔အတူ အလုပ္အကုိင္အခြင့္အလန္းေတြခက္ခဲေနတာေၾကာင့္ အနီးဆံုးအိမ္နီးခ်င္းနိုင္ငံျဖစ္တဲ့ ထုိင္းႏိုင္ငံထဲကို ျမန္မာေတြအစုလိုက္အျပံဳလိုက္ ေန႔စဥ္ဝင္ေရာက္ေနတာပါ။ အခုဆိုရင္ ၂၀၂၂ ႏွစ္စကေန ေမလအထိ ျမန္မာနို္င္ငံသား တေသာင္းခဲြထက္မနည္း ဖမ္းဆီးခံထားရပါတယ္။ ဒီထဲမွာ လူကုန္ကူးသူပဲြစားေတြလည္း ဖမ္းဆီးခံရပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ ၂၀၂၁ ခုႏွစ္ထဲမွာေတာ့ ႏိုင္ငံျခားသားေရႊ႕ေျပာင္းအလုပ္သမား ေျခာက္ေသာင္းေက်ာ္ဖမ္းဆီးခံရျပီး အဲဒီထဲမွာ ျမန္မာႏိုင္ငံသားေတြက အမ်ားဆံုးပါဝင္ေၾကာင္း အလုပ္သမားေရးေဆာင္ရြက္ေနတဲ့အဖဲြ႔အစည္းေတြက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္ရွင္။
#MyanmarMigrants #MyanmarThailand #HumanTrafficking #VOABurmese #တာ့ခ္ခ႐ိုင္ #ထာ့ေဆာင္ရမ္းလိႈဏ္ဂူ #ေရႊ႕ေျပာင္းအလုပ္သမား #လူကုန္ကူးမႈ #ဗီြအိုေအ
============

[[Unicode]]

ထိုင်းနယ်စပ် လှိုင်ဂူတခုအတွင်း မြန်မာ၂၅ ဦးနဲ့ လူပွဲစားများ ဖမ်းဆီးမိ

ထိုင်းမြန်မာနယ်စပ် နယ်ခြားသောင်ရင်းမြစ် ထိုင်းဘက်ကမ်းအနီး တာ့ခ်ပြည်နယ် ထာ့ဆောင်ရမ်းမြို့နယ် မဲ့ဝလိုဝမ်တိုက်နယ်ထဲက လှိုင်ဂူတခုကို လူကုန်ကူးသူတွေက ခရီးတထောက်နားစခန်းအဖြစ် အသုံးပြုနေတယ်လိုဆိုတာကို သတင်းရတာကြောင့် ထိုင်းနယ်ခြားစောင့်တပ်တွေနဲ့ ရဲတွေက မေလ ၂၄ ရက်နေ့မနက်က ဝင်ရောက်စီးနင်းရာမှာ မြန်မာနိုင်ငံသား၂၅ ယောက်နဲ့အတူ လူပွဲစားတွေကိုပါ ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် နယ်ခြားသောင်ရင်းမြစ်ကမ်းအနီး တာ့ခ်ပြည်နယ် ထာ့ဆောင်ရမ်းမြို့နယ် မဲ့ဝလို ဝမ် တိုက်နယ်ထဲက လှိုင်ဂူတခုကို လူကုန်ကူးသူတွေကခရီးတထောက်နားစခန်းအဖြစ်အသုံးပြုနေတာကိုသတင်းရတဲ့အတွက် ထိုင်းနယ်ခြားစောင့်တပ်အပါအဝင် ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းရာမှာ မြန်မာနိုင်ငံသား ၂၅ ဦးနဲ့အတူ လူပွဲစားတွေကိုပါဖမ်းမိခဲ့ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ဥက္ကဋ္ဌဦးမိုးကြိုးက အခုလိုပြောပါတယ်။

“လူကုန်ကူးမှု ဖြစ်စဉ်တခုကတော့ တာ့ခ်ပြည်နယ် ထာ့ဆောင်ရမ်းမြိုနယ် ဘန့်မယ် ကျေးရွာမှာဖြစ်ခဲ့ပါတယ်။ အဲဒီ ကျေးရွာက ထာ့ဆောင်ရမ်းမြို့နယ်ထဲမှာ ဂူတဂူရှိတယ်။ အဲဒီ ဂူတဂူထဲမှာ ပုန်းအောင်းနေကြတဲ့ တရားမဝင် မြန်မာ၂၅ ယောက်။ ယောက်ကျားလေး ၁၅ ယောက်။ မိန်းကလေး ၁၀ ယောက် ပါတယ်။ သူတို့နဲ့အတူ ကား ၄ စီး၊ ဆိုင်ကယ် ၁ စီးပါတယ်။ လူမှောင်ခိုပွဲစား ၃ ဦးကို အဲဒီဂူထဲမှာပဲ ရပ်ရွာလူကြီးတွေရဲ့သတင်းပေးချက်အရ တာဝန်ရှိသူတွေက အကုန်လုံးဖမ်းမိခဲ့ပါတယ်။ အဲဒီဂူထဲမှာ အကုန်ဝင်ဖမ်းတာပါ။ ဝင်ဖမ်းတော့ အကုန်မိပါတယ်။ သူတို့စီးမယ့် ကားတွေကော၊ ဆိုင်ကယ်တစီးကော၊ လူမှောင်ခိုသမား ၃ ဦးကိုလည်း ဖမ်းမိတာပါ။”

ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံသားတွေ လူကုန်ကူးခံရတဲ့ဖြစ်စဉ်တွေက နေ့စဉ်လိုဖြစ်နေတာပါ။ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ကတော့ ချိုင်နတ်ပြည်နယ်ထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေလို့ယူဆရတဲ့အမျိုးသမီး၂ ယောက် ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပြီးတဲ့နောက် အခုအခါမှာတော့ သေဆုံးသူတွေဟာ လူကုန်ကူးခံရတဲ့မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ မဲဆောက်ကနေ ချိုင်နတ်ပြည်နယ်ထဲကို ပြောင်းစေ့တွေသယ်ဆောင်လာတဲ့ကားနဲ့ မြန်မာ ၁၀ ယောက်ကို လူပွဲစားတွေက ခေါ်ဆောင်လာခဲ့ပြီးတဲ့နောက် ချိုင်နတ်ပြည်နယ်အရောက် ကားပြောင်းဖို့လုပ်ချိန်မှာ အမျိုးသမီး၂ ယောက်သေဆုံးနေတာကြောင့် စွန့်ပစ်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို ကားမောင်းသမားတွေက ဝန်ခံထွက်ဆိုတယ်လို့ ထိုင်းအာဏာပိုင်က ပြောကြောင်း ဦးမိုးကြိုးက ဆက်ပြီးပြောပါတယ်။”

“ကျူးလွန်သူ နိုင်ကျတ်ကြီးရဲ့ထွက်ဆိုချက်အရ ပြီးခဲ့တဲ့မေလ ၁၆ ရက်နေ့ ည ၉ နာရီလောက်က မဲဆောက် မြဝတီမြို့လမ်းကြောင်းအတိုင်းပဲ မဲဆောက်မြို့ လမ်းဘေးတနေရာမှာ အမျိုးသမီး ၂ ယောက် အပါအဝင် မြန်မာ ၁၀ ယောက်ကို ကားပေါ်တင်ပြီးခေါ်လာတယ်။ မဲဆောက်ကနေ ချိုင်နတ်အထိ ဦးတည်ပြီး မောင်းလာတယ်။ မေလ ၁၇ ရက်နေ့မနက် ၆ နာရီလောက် တာခလီကိုရောက်တော့ ကားအချိန်းအပြောင်းလုပ်ဖို့ ကြည့်လိုက်တဲ့အခါမှာ အမျိုးသမီး ၂ ယောက်သေဆုံးနေတာတွေ့တယ်။ အဲဒါကြောင့် သူမတို့ ၂ ယောက်ရုပ်အလောင်းကို အမြန်ဆုံးစွန့်ပစ်ဖို့အတွက် မိတ်ဆွေဖြစ်တဲ့ နိုင် သူရီယကို ဖုန်းဆက်ခေါ်ပြီး သူတို့နှစ်ယောက်က စွန့်ပစ်ခဲ့တာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကို သူတို့ ၂ ယောက်က ဝန်ခံထွက်ဆိုခဲ့ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ အလုပ်အကိုင်အခွင့်အလန်းတွေခက်ခဲနေတာကြောင့် အနီးဆုံးအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံထဲကို မြန်မာတွေအစုလိုက်အပြုံလိုက် နေ့စဉ်ဝင်ရောက်နေတာပါ။ အခုဆိုရင် ၂၀၂၂ နှစ်စကနေ မေလအထိ မြန်မာနိုင်ငံသား တသောင်းခွဲထက်မနည်း ဖမ်းဆီးခံထားရပါတယ်။ ဒီထဲမှာ လူကုန်ကူးသူပွဲစားတွေလည်း ဖမ်းဆီးခံရပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀၂၁ ခုနှစ်ထဲမှာတော့ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား ခြောက်သောင်းကျော်ဖမ်းဆီးခံရပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေက အများဆုံးပါဝင်ကြောင်း အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်ရှင်။
#MyanmarMigrants #MyanmarThailand #HumanTrafficking #VOABurmese #တာ့ခ်ခရိုင် #ထာ့ဆောင်ရမ်းလှိုဏ်ဂူ #ရွှေ့ပြောင်းအလုပ်သမား #လူကုန်ကူးမှု #ဗွီအိုအေ
============

XS
SM
MD
LG