သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ မာန္ေအာင္ကြၽန္းမွာ မေပါက္ကြဲေသးတဲ့ ေတာ္ပီဒိုက်ည္ ေတြ႕ရွိ


ရခုိင္ျပည္နယ္၊ မာန္ေအာင္ကၽြန္း မိမႂကြယ္ကမ္းေျခမွာ မေပါက္ကြဲေသးဘဲေတြ႔ရတဲ့ LWT-XT D&P Torpedo စာတန္းပါ ေတာ္ပီဒို (ဓာတ္ပံု-ေဒသခံ/ ဇူလိုင္ ၁၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဒီကေန႔ မနက္ပိုင္းက ရခိုင္ျပည္နယ္ မာန္ေအာင္ကြၽန္း မိမႂကြယ္ကမ္းေျခမွာ မေပါက္ကြဲေသးတဲ့ ေတာ္ပီဒိုလက္နက္ႀကီးက်ည္တလုံးကို ေတြ႕ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အမ္းၿမိဳ႕နယ္မွာလည္း ဇူလိုင္လ ၉ ရက္ေန႔က မိုင္းေပါက္ကြဲမႈေၾကာင့္ ၈ တန္းေက်ာင္းသားတဦး ေသဆုံးပါတယ္။ ရခိုင္ျပည္နယ္အတြင္း စစ္ေကာင္စီတပ္စခန္းခ်ခဲ့ရာ ေနရာေတြနဲ႔ လႈပ္ရွားမႈရွိခဲ့တဲ့ေနရာေတြမွာ ေျမျမႇဳပ္မိုင္းေတြ ရွိေနတာေၾကာင့္ ရခိုင္ေဒသခံေတြအေနနဲ႔ အႏၲရာယ္ကို အၿမဲစိုးရိမ္ေနၾကရတယ္ လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့ သတင္းကို မအိသန႔္စင္က တင္ျပေပးထားပါတယ္။

စစ္ေကာင္စီရဲ႕ ရခိုင္ကမ္း႐ိုးတန္းတလွ်ာက္ စစ္ေရးေလ့က်င့္မႈၿပီးတဲ့ေနာက္ မေပါက္ကြဲဘဲ က်န္ေနခဲ့တဲ့ ေတာ္ပီဒို လက္နက္ႀကီးက်ည္တခုကို ဒီကေန႔ ဇူလိုင္လ ၁၃ ရက္ မနက္ ၉ နာရီဝန္းက်င္ေလာက္က မာန္ေအာင္ၿမိဳ႕ မိမႂကြယ္ေက်း႐ြာ ကမ္းေျခမွာ ေတြ႕ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“မနက္ ၉ နာရီေလာက္ကေတြ႕တယ္။ အဲ့ဒါက ကမ္းစပ္မွာပါးေနတာေပါ့ေႏွာ္။ ဘယ္လိုျဖစ္ၿပီး ဒီဘက္ကို ေရာက္လာမွန္းေတာ့ က်ေနာ္လည္း အတိအက်ေတာ့မသိဘူး။ စာေတာ့ပါတာေပါ့ေႏွာ္၊ ေတာ္ပီဒိုလို႔ပါတယ္၊ အဲ့မွာေရးထားတာ။ ခန႔္မွန္းၾကည့္ရသေလာက္ေတာ့ မေပါက္ကြဲေသးဘူးလို႔ ထင္တယ္။ သက္ဆိုင္ရာ ဌာနေတြ ကေတာ့ ေရာက္ေနၾကၿပီ အဲ့ဒီမွာ။ ေရတပ္က လူႀကီးေတြေရာ၊ ၾကည္းတပ္က လူႀကီးေတြေရာ ေရာက္ေနၾကၿပီ အဲ့ဒီမွာ။ အဲ့ဒါကို အခု တင္ယူသြားဖို႔ လုပ္ေနၿပီ။ ဒီလိုအေျခအေနက ေျပာရမယ္ဆိုရင္ ဒီလိုသာ ခဏခဏျဖစ္ေနမယ္ဆိုရင္ေတာ့ ျပည္သူေတြအတြက္ စိုးရိမ္ရတာေပါ့။ အႏၲရာယ္ျဖစ္ႏိုင္တာေပါ့။”

ခန႔္မွန္း အရွည္ ၉ ေပ၊ လုံးပတ္ ၃ ေပပတ္လည္ ရွိၿပီး LWT-XT D&P Torpedo လို႔ ေရးသားထားတဲ့ မေပါက္ကြဲေသးတဲ့ အဲ့ဒီလက္နက္ႀကီးကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက စစ္ေဆးေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ အခုလို တိုပီဒိုလက္နက္ႀကီးေတြ႕ရတာနဲ႔ပတ္သက္လို႔ ျမန္မာစစ္ေကာင္စီ ေျပာခြင့္ရသူကို ဆက္သြယ္ေမးျမန္းလို႔မရခဲ့ပါဘူး။

ႏိုင္ငံေတာ္ရဲ႕ လုံၿခဳံေရးနဲ႔ ကာကြယ္ေရး စြမ္းရည္ျမင့္မားဖို႔အတြက္ဆိုၿပီး ရခိုင္ကမ္း ႐ိုးတန္းမွာ စစ္ေကာင္စီကေရငုတ္သေဘၤာေတြ၊ ရဟတ္ယာဥ္ေတြ အသုံးျပဳၿပီး ဇူလိုင္လ ၁ ရက္ေန႔ကစၿပီး ၅ ရက္ေန႔အထိ စစ္ေရးေလ့က်င့္မႈေတြ လုပ္ခဲ့ပါတယ္။ ဒီစစ္ေရးေလ့က်င့္မႈေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ခုလိုေျပာခဲ့ဖူးပါတယ္။

“ရခိုင္ေဒသမွာ မည္သည့္စစ္အင္အားမွ တိုးျမႇင့္ထားတာမရွိဘူး။ ရခိုင္ေဒသမွာေရာ ရခိုင္၊ ဧရာဝတီတိုင္းေဒသ၊ ဘဂၤလားပင္လယ္ေအာ္ေဒသေတြမွာေတာ့ က်ေနာ္တို႔ ေရတပ္ စစ္ေရးေလ့က်င့္မႈ လုပ္ခဲ့တယ္။ ဒီ ေရတပ္ စစ္ေရးေလ့က်င္မႈဟာ ဘာကို ရည္႐ြယ္ၿပီး လုပ္တယ္ဆိုတာ အားလုံး သိတယ္။ က်ေနာ္ေျပာခ်င္တာက ဒီမွာလုပ္တဲ့ စစ္ေရးေလ့က်င့္မႈသည္ ေဒသစစ္ေရးေလ့က်င့္ခန္းသည္ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡနဲ႔ ဘာမွမဆိုင္ဘူးလို႔ပဲေျပာခ်င္ပါတယ္ဗ်ာ။ ဒီမွာ လုပ္သြားတဲ့ စစ္ေရးေလ့က်င့္မႈေတြ နည္းစနစ္ေတြသည္ က်ေနာ္တို႔အေနနဲ႔ တိုင္းျပည္ရဲ႕ ျပည္ပရန္ကာကြယ္ေရး၊ ျပည္တြင္းေဒသ အက်ိဳးစီးပြားလုံၿခဳံေရး၊ ေရျပင္ပိုင္နက္ လုံၿခဳံေရးအတြက္ ေဆာင္႐ြက္တာျဖစ္တယ္ဆိုတာကိုေတာ့ ေလ့လာသူေတြအားလုံး သိႏိုင္တယ္လို႔ပဲ ေျပာခ်င္ပါတယ္။”

အမ္းၿမိဳ႕နယ္မွာလည္း ဇူလိုင္လ ၉ ရက္ေန႔က မိုင္းေပါက္ကြဲမႈေၾကာင့္ ၈ တန္းေက်ာင္းသားတဦး ေသဆုံးခဲ့ပါတယ္။ စစ္ေကာင္စီရဲ႕ တပ္စခန္းအနီးမွာ မွ်စ္ခ်ိဳးသြားရာကေန မိုင္းေပါက္ကြဲမႈေၾကာင့္ ေသဆုံးခဲ့တာျဖစ္တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။ မိုင္းအႏၲရာယ္ေတြေၾကာင့္ ေသဆုံးသူကို ဇူလိုင္ ၁၀ ရက္ေန႔မွ သြားေရာက္ ရွာေဖြၿပီး သၿဂိဳဟ္ႏိုင္ခဲ့တယ္လို႔ ေဒသခံတဦးက ခုလိုေျပာပါတယ္။

“ေျမျမႇဳပ္မိုင္းနင္းမိတာက တပ္မေတာ္က တပ္စခန္းခ်ထားတဲ့ေနရာမွာ မွ်စ္ခ်ိဳးဖို႔ သြားတာေပါ့။ မိုင္းထိတာက ၉ နာရီဝန္းက်င္၊ ၉ ရက္ေန႔ေပါ့ေႏွာ္။ ဇူလိုင္လ ၉ ရက္ေန႔ ၉ နာရီဝန္းက်င္မွည ေပါက္တာ။ ေနာက္တရက္မွ အဲ့ဒီမိုင္းေပါက္တဲ့ေနရာမွာ ႐ြာသားေတြက သြားရွာလို႔ ေတြ႕တယ္ေပါ့။ အမွန္ကဆို အဲ့ဒီေန႔က သြားရွာဖို႔ က အဲ့ဒီ တပ္စခန္းခ်ထားတဲ့ေနရာမွာက ေျမျမႇဳပ္မိုင္းေတြက ေတာက္ေလွ်ာက္ရွိေနတဲ့ ႐ြာသားေတြကလည္း သြားဖို႔အတြက္ အခြင့္မသာ၊ ေနာက္ၿပီး တပ္ကလည္း သြားလာခြင့္ ကန႔္သတ္ထားတဲ့ ေနရာျဖစ္တယ္ေပါ့။ တပ္မေတာ္က စခန္းခ်ထားတဲ့ ေနရာဆိုေတာ့ တပ္မေတာ္က ျမႇဳပ္ထားတဲ့ မိုင္းကို နင္းမိတာေပါ့။ သူ႔ကိုေတာ့ ၁၀ ရက္ေန႔မွ သၿဂိဳဟ္ရတယ္၊ ၁၀ ရက္ေန႔မွ ေတြ႕တာကိုး။ ၉ ရက္ေန႔က မိုင္းေပါက္တဲ့အခါ ႐ြာသားေတြကလည္း မိုင္းအႏၲရာယ္ေၾကာင့္ သြားလို႔မရသလို တပ္ကလည္း သြားခြင့္မေပးဘူးေပါ့။ ၁၀ ရက္ေန႔မွ တပ္ကလည္း ခြင့္ျပဳတယ္။ ရွာတဲ့အခါမွာေတာ့ တပ္စခန္းအနီးမွာ ေတြ႕တယ္ေပါ့။”

ရခိုင္မွာ ရခိုင္တပ္ေတာ္ AA နဲ႔ ျမန္မာစစ္တပ္တို႔ ထိေတြ႕တိုက္ပြဲေတြ လက္ရွိအခ်ိန္မွာ ရွိမေနေပမယ့္ ရခိုင္ျပည္အတြင္းက စစ္တပ္စခန္းခ်ခဲ့ရာေနရာေတြနဲ႔ သူတို႔ေတြလႈပ္ရွားမႈရွိခဲ့တဲ့ ေနရာေတြမွာ ေျမျမႇဳပ္မိုင္းေတြထားခဲ့တာေၾကာင့္ ေဒသခံေတြရဲ႕ အႏၲရာယ္အတြက္ စိုးရိမ္ဖြယ္ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“စစ္ပြဲကာလၿပီးေနာက္ပိုင္းမွာ အခုအခ်ိန္ထိ အဲ့ဒီေျမျမႇဳပ္မိုင္း အႏၲရာယ္ကေတာ့ ရွိေနတယ္ေပါ့ေႏွာ္။ အဓိကကေတာ့ ေက်း႐ြာနဲ႔ နီးတဲ့ ေနရာေတြ အဲ့ဒီေဒသမွာရွိတဲ့ ေတာင္သူေတြရဲ႕ ဥယ်ာဥ္ေတြထဲမွာ အဲ့လိုေနရာေတြမွာ မိုင္းကြဲလို႔ ေတာင္သူေတြ ေသဆုံးတာေတြ၊ ထိခိုက္ဒဏ္ရာ ရတာေတြ၊ ေက်း႐ြာသားေတြ ထိခိုက္ေသဆုံးတာေတြ အဲ့တာေတြကေတာ့ ဆက္တိုက္ရွိေနတယ္ေပါ့ေႏွာ္။ အထူးသျဖင့္ အဲ့လိုေပါက္ကြဲတဲ့ေနရာေတြကို ၾကည့္လိုက္တဲ့အခါမွာ တပ္မေတာ္ကေနၿပီး စခန္းခ်ခဲ့တဲ့ ေနရာေတြ၊ တပ္မေတာ္က လႈပ္ရွားခဲ့တဲ့ ေနရာေတြ။ အဓိကကေတာ့ ျမန္မာစစ္တပ္က လႈပ္ရွားစခန္းခ်ခဲ့တဲ့ ေနရာေတြမ်ားတယ္ေပါ့။ ျပည္သူေတြ ထိခိုက္ေသဆုံးရတဲ့ ေျမျမႇဳပ္မိုင္းေၾကာင့္ ထိခိုက္ေသဆုံးရတဲ့ အသက္ဆုံးရႈံးရတဲ့အမ်ားစုကေတာ့ တပ္မေတာ္ စခန္းခ်ခဲ့တဲ့ေနရာေတြ အဲ့ဒီေနရာေတြမွာေတာ့ အျဖစ္မ်ားတယ္ေပါ့။”

လက္ရွိ ရခိုင္ျပည္နယ္မွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ စစ္ေကာင္စီၾကား စစ္ေရးတင္းမာေနသလို စစ္ေကာင္စီဘက္ကလည္း အင္းအားတိုးခ်ဲ႕တာေတြနဲ႔ ေရတပ္ စစ္ေရးေလ့က်င့္တာေတြ ရွိေနပါတယ္။ ဒါအျပင့္ ရခိုင္ျပည္အႏွံ႔က ၿမိဳ႕ဝင္ၿမိဳ႕ ထြက္ေတြမွာ စစ္ေကာင္စီဘက္က လုံၿခဳံေရး တင္းၾကပ္ စစ္ေဆးေနတာေတြရွိသလို ခရီးသည္တင္ယာဥ္ေတြနဲ႔ ေရယာဥ္ေတြကိုလည္း စစ္ေဆးေနတာေတြလည္းရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ရခိုင် မာန်အောင်ကျွန်းမှာ မပေါက်ကွဲသေးတဲ့ တော်ပီဒိုကျည် တွေ့ရှိ

ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် မာန်အောင်ကျွန်း မိမကြွယ်ကမ်းခြေမှာ မပေါက်ကွဲသေးတဲ့ တော်ပီဒိုလက်နက်ကြီးကျည်တလုံးကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမ်းမြို့နယ်မှာလည်း ဇူလိုင်လ ၉ ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် ၈ တန်းကျောင်းသားတဦး သေဆုံးပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းချခဲ့ရာ နေရာတွေနဲ့ လှုပ်ရှားမှုရှိခဲ့တဲ့နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ရှိနေတာကြောင့် ရခိုင်ဒေသခံတွေအနေနဲ့ အန္တရာယ်ကို အမြဲစိုးရိမ်နေကြရတယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီရဲ့ ရခိုင်ကမ်းရိုးတန်းတလျှာက် စစ်ရေးလေ့ကျင့်မှုပြီးတဲ့နောက် မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ တော်ပီဒို လက်နက်ကြီးကျည်တခုကို ဒီကနေ့ ဇူလိုင်လ ၁၃ ရက် မနက် ၉ နာရီဝန်းကျင်လောက်က မာန်အောင်မြို့ မိမကြွယ်ကျေးရွာ ကမ်းခြေမှာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက် ၉ နာရီလောက်ကတွေ့တယ်။ အဲ့ဒါက ကမ်းစပ်မှာပါးနေတာပေါ့နှော်။ ဘယ်လိုဖြစ်ပြီး ဒီဘက်ကို ရောက်လာမှန်းတော့ ကျနော်လည်း အတိအကျတော့မသိဘူး။ စာတော့ပါတာပေါ့နှော်၊ တော်ပီဒိုလို့ပါတယ်၊ အဲ့မှာရေးထားတာ။ ခန့်မှန်းကြည့်ရသလောက်တော့ မပေါက်ကွဲသေးဘူးလို့ ထင်တယ်။ သက်ဆိုင်ရာ ဌာနတွေ ကတော့ ရောက်နေကြပြီ အဲ့ဒီမှာ။ ရေတပ်က လူကြီးတွေရော၊ ကြည်းတပ်က လူကြီးတွေရော ရောက်နေကြပြီ အဲ့ဒီမှာ။ အဲ့ဒါကို အခု တင်ယူသွားဖို့ လုပ်နေပြီ။ ဒီလိုအခြေအနေက ပြောရမယ်ဆိုရင် ဒီလိုသာ ခဏခဏဖြစ်နေမယ်ဆိုရင်တော့ ပြည်သူတွေအတွက် စိုးရိမ်ရတာပေါ့။ အန္တရာယ်ဖြစ်နိုင်တာပေါ့။”

ခန့်မှန်း အရှည် ၉ ပေ၊ လုံးပတ် ၃ ပေပတ်လည် ရှိပြီး LWT-XT D&P Torpedo လို့ ရေးသားထားတဲ့ မပေါက်ကွဲသေးတဲ့ အဲ့ဒီလက်နက်ကြီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလို တိုပီဒိုလက်နက်ကြီးတွေ့ရတာနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီ ပြောခွင့်ရသူကို ဆက်သွယ်မေးမြန်းလို့မရခဲ့ပါဘူး။

နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး စွမ်းရည်မြင့်မားဖို့အတွက်ဆိုပြီး ရခိုင်ကမ်း ရိုးတန်းမှာ စစ်ကောင်စီကရေငုတ်သင်္ဘောတွေ၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ဇူလိုင်လ ၁ ရက်နေ့ကစပြီး ၅ ရက်နေ့အထိ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ခုလိုပြောခဲ့ဖူးပါတယ်။

“ရခိုင်ဒေသမှာ မည်သည့်စစ်အင်အားမှ တိုးမြှင့်ထားတာမရှိဘူး။ ရခိုင်ဒေသမှာရော ရခိုင်၊ ဧရာဝတီတိုင်းဒေသ၊ ဘင်္ဂလားပင်လယ်အော်ဒေသတွေမှာတော့ ကျနော်တို့ ရေတပ် စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့တယ်။ ဒီ ရေတပ် စစ်ရေးလေ့ကျင်မှုဟာ ဘာကို ရည်ရွယ်ပြီး လုပ်တယ်ဆိုတာ အားလုံး သိတယ်။ ကျနော်ပြောချင်တာက ဒီမှာလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုသည် ဒေသစစ်ရေးလေ့ကျင့်ခန်းသည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနဲ့ ဘာမှမဆိုင်ဘူးလို့ပဲပြောချင်ပါတယ်ဗျာ။ ဒီမှာ လုပ်သွားတဲ့ စစ်ရေးလေ့ကျင့်မှုတွေ နည်းစနစ်တွေသည် ကျနော်တို့အနေနဲ့ တိုင်းပြည်ရဲ့ ပြည်ပရန်ကာကွယ်ရေး၊ ပြည်တွင်းဒေသ အကျိုးစီးပွားလုံခြုံရေး၊ ရေပြင်ပိုင်နက် လုံခြုံရေးအတွက် ဆောင်ရွက်တာဖြစ်တယ်ဆိုတာကိုတော့ လေ့လာသူတွေအားလုံး သိနိုင်တယ်လို့ပဲ ပြောချင်ပါတယ်။”

အမ်းမြို့နယ်မှာလည်း ဇူလိုင်လ ၉ ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် ၈ တန်းကျောင်းသားတဦး သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီရဲ့ တပ်စခန်းအနီးမှာ မျှစ်ချိုးသွားရာကနေ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မိုင်းအန္တရာယ်တွေကြောင့် သေဆုံးသူကို ဇူလိုင် ၁၀ ရက်နေ့မှ သွားရောက် ရှာဖွေပြီး သဂြိုဟ်နိုင်ခဲ့တယ်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“မြေမြှုပ်မိုင်းနင်းမိတာက တပ်မတော်က တပ်စခန်းချထားတဲ့နေရာမှာ မျှစ်ချိုးဖို့ သွားတာပေါ့။ မိုင်းထိတာက ၉ နာရီဝန်းကျင်၊ ၉ ရက်နေ့ပေါ့နှော်။ ဇူလိုင်လ ၉ ရက်နေ့ ၉ နာရီဝန်းကျင်မှည ပေါက်တာ။ နောက်တရက်မှ အဲ့ဒီမိုင်းပေါက်တဲ့နေရာမှာ ရွာသားတွေက သွားရှာလို့ တွေ့တယ်ပေါ့။ အမှန်ကဆို အဲ့ဒီနေ့က သွားရှာဖို့ က အဲ့ဒီ တပ်စခန်းချထားတဲ့နေရာမှာက မြေမြှုပ်မိုင်းတွေက တောက်လျှောက်ရှိနေတဲ့ ရွာသားတွေကလည်း သွားဖို့အတွက် အခွင့်မသာ၊ နောက်ပြီး တပ်ကလည်း သွားလာခွင့် ကန့်သတ်ထားတဲ့ နေရာဖြစ်တယ်ပေါ့။ တပ်မတော်က စခန်းချထားတဲ့ နေရာဆိုတော့ တပ်မတော်က မြှုပ်ထားတဲ့ မိုင်းကို နင်းမိတာပေါ့။ သူ့ကိုတော့ ၁၀ ရက်နေ့မှ သဂြိုဟ်ရတယ်၊ ၁၀ ရက်နေ့မှ တွေ့တာကိုး။ ၉ ရက်နေ့က မိုင်းပေါက်တဲ့အခါ ရွာသားတွေကလည်း မိုင်းအန္တရာယ်ကြောင့် သွားလို့မရသလို တပ်ကလည်း သွားခွင့်မပေးဘူးပေါ့။ ၁၀ ရက်နေ့မှ တပ်ကလည်း ခွင့်ပြုတယ်။ ရှာတဲ့အခါမှာတော့ တပ်စခန်းအနီးမှာ တွေ့တယ်ပေါ့။”

ရခိုင်မှာ ရခိုင်တပ်တော် AA နဲ့ မြန်မာစစ်တပ်တို့ ထိတွေ့တိုက်ပွဲတွေ လက်ရှိအချိန်မှာ ရှိမနေပေမယ့် ရခိုင်ပြည်အတွင်းက စစ်တပ်စခန်းချခဲ့ရာနေရာတွေနဲ့ သူတို့တွေလှုပ်ရှားမှုရှိခဲ့တဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေထားခဲ့တာကြောင့် ဒေသခံတွေရဲ့ အန္တရာယ်အတွက် စိုးရိမ်ဖွယ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ပွဲကာလပြီးနောက်ပိုင်းမှာ အခုအချိန်ထိ အဲ့ဒီမြေမြှုပ်မိုင်း အန္တရာယ်ကတော့ ရှိနေတယ်ပေါ့နှော်။ အဓိကကတော့ ကျေးရွာနဲ့ နီးတဲ့ နေရာတွေ အဲ့ဒီဒေသမှာရှိတဲ့ တောင်သူတွေရဲ့ ဥယျာဉ်တွေထဲမှာ အဲ့လိုနေရာတွေမှာ မိုင်းကွဲလို့ တောင်သူတွေ သေဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာ ရတာတွေ၊ ကျေးရွာသားတွေ ထိခိုက်သေဆုံးတာတွေ အဲ့တာတွေကတော့ ဆက်တိုက်ရှိနေတယ်ပေါ့နှော်။ အထူးသဖြင့် အဲ့လိုပေါက်ကွဲတဲ့နေရာတွေကို ကြည့်လိုက်တဲ့အခါမှာ တပ်မတော်ကနေပြီး စခန်းချခဲ့တဲ့ နေရာတွေ၊ တပ်မတော်က လှုပ်ရှားခဲ့တဲ့ နေရာတွေ။ အဓိကကတော့ မြန်မာစစ်တပ်က လှုပ်ရှားစခန်းချခဲ့တဲ့ နေရာတွေများတယ်ပေါ့။ ပြည်သူတွေ ထိခိုက်သေဆုံးရတဲ့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရတဲ့ အသက်ဆုံးရှုံးရတဲ့အများစုကတော့ တပ်မတော် စခန်းချခဲ့တဲ့နေရာတွေ အဲ့ဒီနေရာတွေမှာတော့ အဖြစ်များတယ်ပေါ့။”

လက်ရှိ ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေသလို စစ်ကောင်စီဘက်ကလည်း အင်းအားတိုးချဲ့တာတွေနဲ့ ရေတပ် စစ်ရေးလေ့ကျင့်တာတွေ ရှိနေပါတယ်။ ဒါအပြင့် ရခိုင်ပြည်အနှံ့က မြို့ဝင်မြို့ ထွက်တွေမှာ စစ်ကောင်စီဘက်က လုံခြုံရေး တင်းကြပ် စစ်ဆေးနေတာတွေရှိသလို ခရီးသည်တင်ယာဉ်တွေနဲ့ ရေယာဉ်တွေကိုလည်း စစ်ဆေးနေတာတွေလည်းရှိနေပါတယ်။

XS
SM
MD
LG