သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံအထူးကိုယ္စားလွယ္ မတ္လ ၂၀ ရက္ေန႔ ျမန္မာႏိုင္ငံလာမည္ 


ကေမၻာဒီးယားႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ Prak Sokhonn


[[Zawgyi/Unicode]]

ျမန္မာႏုိင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn ဟာ မတ္လ ၂၀ ရက္ေန႔ ကေန ၂၃ ရက္ေန႔အထိ ျမန္မာႏုိင္ငံကို လာေရာက္မယ္လို႔ ကေမာၻဒီးယားႏုိင္ငံျခားေရးဌာနက ဒီကေန႔ေျပာတဲ့အေၾကာင္း ေအပီ သတင္းတပုဒ္မွာ ေရးထားပါတယ္။

အထူးကိုယ္စားလွယ္ Prak Sokhonn ရဲ႕ ျမန္မာခရီးစဥ္နဲ႔ပတ္သက္လို႔ ကေမာၻဒီးယားႏိုင္ငံျခားေရးဌာန ေျပာခြင့္ရတဦးက အတည္ျပဳေျပာဆိုေပမယ့္ အေသးစိတ္ေတြကေတာ့ အၿပီးမသတ္ရေသးဘူးလို႔ ေအပီသတင္းမွာ ေရးထားပါတယ္။

အာဆီယံ အထူးကိုယ္စားလွယ္အေနနဲ႔ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီဝင္ေတြနဲ႔ေတြ႔ဆံုဖို႔ မၾကာေသးခင္ကပဲ စစ္ေကာင္စီက ခြင့္ျပဳခ်က္ေပးခဲ့တယ္လုိ႔ ကေမာၻဒီးယား တာဝန္ရွိသူေတြကေျပာပါတယ္။

ဒါေပမယ့္လည္း ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ထိပ္တန္းေခါင္းေဆာင္ေတြအားလံုးအျပင္ ပါတီဝင္အေတာ္မ်ားမ်ား ဖမ္းဆီးခံထားရၿပီး ပါတီ ဗဟိုအလုပ္အမႈေဆာင္ အမ်ားအျပားဟာလည္း ျပည္တြင္းမွာ ထြက္ေျပး တိမ္းေရွာင္ေနရတာ၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြ ထိန္းခ်ဳပ္ထားတဲ့ ေဒသေတြဆီ တိမ္းေရွာင္သြားရတာေၾကာင့္ ဘယ္လို NLD ပါတီဝင္ေတြနဲ႔ အာဆီယံအထူးကိုယ္စားလွယ္ ေတြ႔ခြင့္ရမလဲဆုိတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

ဒီခရီးစဥ္နဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တရားဝင္ သတင္းထုတ္ျပန္တာလည္း မရွိေသးပါဘူး။

အရင္ အာဆီယံ အလွည့္က်ဥကၠ႒ ဘရူူႏိုင္းႏိုင္ငံရဲ့ ျမန္မာဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္တံုးကေတာ့ ထိန္းသိမ္းခံေနရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆံုခြင့္ေတာင္းတာမရလို႔ ျမန္မာႏိုင္ငံကိုမသြားႏိုင္ခဲ့ဘူးလို႔ အာဆီယံနဲ႔ နီးစပ္သူေတြက ဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============
[[Zawgyi/Unicode]]

အာဆီယံအထူးကိုယ်စားလှယ် မတ်လ ၂၀ ရက်နေ့ မြန်မာနိုင်ငံလာမည်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ မတ်လ ၂၀ ရက်နေ့ ကနေ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက ဒီကနေ့ပြောတဲ့အကြောင်း အေပီ သတင်းတပုဒ်မှာ ရေးထားပါတယ်။

အထူးကိုယ်စားလှယ် Prak Sokhonn ရဲ့ မြန်မာခရီးစဉ်နဲ့ပတ်သက်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရတဦးက အတည်ပြုပြောဆိုပေမယ့် အသေးစိတ်တွေကတော့ အပြီးမသတ်ရသေးဘူးလို့ အေပီသတင်းမှာ ရေးထားပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေနဲ့တွေ့ဆုံဖို့ မကြာသေးခင်ကပဲ စစ်ကောင်စီက ခွင့်ပြုချက်ပေးခဲ့တယ်လို့ ကမ္ဘောဒီးယား တာဝန်ရှိသူတွေကပြောပါတယ်။

ဒါပေမယ့်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေအားလုံးအပြင် ပါတီဝင်အတော်များများ ဖမ်းဆီးခံထားရပြီး ပါတီ ဗဟိုအလုပ်အမှုဆောင် အများအပြားဟာလည်း ပြည်တွင်းမှာ ထွက်ပြေး တိမ်းရှောင်နေရတာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဆီ တိမ်းရှောင်သွားရတာကြောင့် ဘယ်လို NLD ပါတီဝင်တွေနဲ့ အာဆီယံအထူးကိုယ်စားလှယ် တွေ့ခွင့်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီခရီးစဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။

အရင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူူနိုင်းနိုင်ငံရဲ့ မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တုံးကတော့ ထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းတာမရလို့ မြန်မာနိုင်ငံကိုမသွားနိုင်ခဲ့ဘူးလို့ အာဆီယံနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။
=============

XS
SM
MD
LG