သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမဝတီခ႐ိုင္ဘက္တိုက္ပြဲအတြင္း လက္နက္ႀကီးက်ည္ေၾကာင့္ ေဒသခံေတြ ေသဆံုး ဒဏ္ရာရ 


ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ (MIMU)


[[Zawgyi/Unicode]]

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA အပါအဝင္ ပူးေပါင္းတပ္ေတြ ၾကား ဒီေန႔ တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ ျမဝတီၿမိဳ႕နယ္၊ ႏို႔ဖိုး-ထီးမူးထာ ေက်း႐ြာဘက္မွာလည္း ဒီေန႔မနက္အေစာပိုင္းက လက္နက္ ႀကီးက်ည္က်လို႔ ေဒသခံ ဆယ္ေက်ာ္သက္ အမ်ိဳးသမီးငယ္တဦး ေသဆုံးၿပီး ေဒသခံ သံုးဦး ဒဏ္ရာအျပင္းအထန္ရရွိခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ့ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA အပါအဝင္ ပူးေပါင္းတပ္ ေတြၾကား ဒီေန႔ မတ္လ ၂၄ ရက္ေန႔မွာလည္း တိုက္ပဲြေတြ ဆက္ျဖစ္ေနပါတယ္။ ဒီေန႔မနက္ပိုင္းကတည္းက တိုက္ပြဲ ၄ ႀကိမ္ ေလာက္ျဖစ္ခဲ့တယ္လို႔ KNU ဘက္ကေျပာပါတယ္။

တိုက္ပဲြေတြျဖစ္ေနတဲ့ေနရာနဲ႔ သိပ္မေဝးလွတဲ့ ျမဝတီၿမိဳ႕နယ္၊ ႏို႔ဖိုး-ထီးမူးထာ ေက်း႐ြာမွာလည္း ဒီေန႔မနက္အေစာပိုင္းက စစ္ ေကာင္စီဘက္ကပစ္တဲ့ လက္နက္ႀကီးက်ည္က်လို႔ အသက္ ၁၇ ႏွစ္အရြယ္ အမ်ိဳးသမီးတဦးေသဆံုးျပီး ၃ ဦး ဒဏ္ရာအျပင္း အထန္ ရခဲ့တယ္လို႔ ကရင္ၿငိမ္းခ်မ္းေရးအေထာက္အကူျပဳကြန္ယက္ (KPSN) က ေျပာေရးဆိုခြင့္ရွိသူ ေနာ္ဝါးခူရွီးက ေျပာပါ တယ္။

“အရပ္သားတေယာက္ေသတယ္။ ျပီးေတာ့ဒဏ္ရာျပင္းတာ ၃ ေယာက္။ အျခားေနရာမွာဒဏ္ရာရတဲ့သူေတြလည္းရိွတယ္။ သူတို့က လက္နက္ႀကီးနဲ့ပစ္တဲ့အခ်ိန္မွာ ရြာသားေတြကို သူတို့က မေရွာင္ဘူးေလ။ တုိက္ပဲြကေတာ့ ဆက္ရိွေနတယ္။ စစ္ေကာင္စီရဲ႕ ေမာခီး စခန္းက်ျပီးတဲ့ေနာက္ သူတို့စစ္တပ္က အင္အားနဲ့ဝင္လာတယ္။ ျပီးေတာ့လက္နက္ႀကီးနဲ႔ လာခ်ၾကတယ္ေလ။”

ရြာသားေတြ အိပ္ေနခ်ိန္မွာ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ တာေတြ အမ်ားဆံုးလုပ္တယ္လို႔လည္း ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ ယက္ (KPSN) က ေျပာေရးဆိုခြင့္ရွိသူ ေနာ္ဝါးခူရွီးကေျပာပါတယ္။

“အခုေလယာဥ္နဲ့ဗံုးလာႀကဲတာတို႔၊ လက္နက္ႀကီးတို့ပစ္တာတို့ကလည္း အိပ္တဲ့အခ်ိန္မွာ လာလုပ္တာ။ ရြာသားေတြေနရာမွာ ရြာထဲမွာပစ္တာေတြရွိတယ္။ ဒီဘက္မွာပဲျဖစ္ျဖစ္ တပ္မဟာ (၅) မွာျဖစ္ျဖစ္ ပစ္ခတ္တာရွိတယ္။ သူတို့က ရြာသားေတြကို ပစ္မွတ္ထားတာေပါ့။ အဲဒီေတာ့ဒဏ္ရာရသူေတြ ေသဆံုးတာေတြက ရြာသူရြာသားေတြပိုမ်ားတာေပါ့။”

ကရင္ျပည္နယ္ ဖာပြန္ခရိုင္အတြင္းက ကေလာ္ေဒးေက်းရြာကို စစ္ေကာင္စီတပ္ေတြက မတ္လ ၅ ရက္ေန့ညက လက္နက္ႀကီး နဲ့ပစ္ခတ္တာေႀကာင့္ ကေလးငယ္ တဦးအပါအဝင္ အရပ္သား ၇ ဦး ေသဆံုးခဲ့ပါတယ္။ ေဖေဖာ္ဝါရီလတုန္းကလည္း စစ္ေကာင္စီဘက္က ညဘက္အခ်ိန္ ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တာတာေၾကာင့္ ဖာပြန္ခရိုင္ ဒြယ္လိုးျမိဳနယ္ထဲက တဒြံခို႔‌ေက်း႐ြာ ရြာသား ၂ ဦးေသဆံုးျပီး ၆ ဦး ဒဏ္ရာရခဲ့ပါတယ္။ ဇန္န၀ါရီလထဲမွာလည္း အရပ္သား ျပည္သူ ၂ ဦးေသဆံုးျပီး ၅ ဦး ျပင္းထန္တဲ့ဒဏ္ရာရခဲ့ပါတယ္။ အခုတႀကိမ္ကေတာ့ ျမ၀တီခရိုင္ထဲမွာ တဦးေသဆံုးခဲ့တာ ျဖစ္ပါတယ္။

ဒီေန႔ ျမဝတီခရိိုင္ထဲမွာ တိုက္ပြဲ ၄ ႀကိမ္ေလာက္ျဖစ္ခဲ့တဲ့အတြက္ ေသ့ေဘာဘိုး၊ ေဝၚေလ၊ ဥကရစ္ထာ့ ေက်း႐ြာေတြက ေထာင္နဲ့ခ်ီတဲ့ ေဒသခံေတြ စစ္ေဘးလြတ္ ရာကို ေရွာင္ေျပးေနရပါတယ္။

#MyanmarMilitaryCoup #KNU #Karen #AyeAyeMar #voaburmese #ကရင္ #ေအးေအးမာ #ဗီြအိုေအျမန္မာပို္င္း

============

[[Unicode]]

မြဝတီခရိုင်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကြောင့် ဒေသခံတွေ သေဆုံး ဒဏ်ရာရ

ကရင်ပြည်နယ် မြဝတီခရိုင်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA အပါအဝင် ပူးပေါင်းတပ်တွေ ကြား ဒီနေ့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ မြဝတီမြို့နယ်၊ နို့ဖိုး-ထီးမူးထာ ကျေးရွာဘက်မှာလည်း ဒီနေ့မနက်အစောပိုင်းက လက်နက် ကြီးကျည်ကျလို့ ဒေသခံ ဆယ်ကျော်သက် အမျိုးသမီးငယ်တဦး သေဆုံးပြီး ဒေသခံ သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA အပါအဝင် ပူးပေါင်းတပ် တွေကြား ဒီနေ့ မတ်လ ၂၄ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဒီနေ့မနက်ပိုင်းကတည်းက တိုက်ပွဲ ၄ ကြိမ် လောက်ဖြစ်ခဲ့တယ်လို့ KNU ဘက်ကပြောပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့နေရာနဲ့ သိပ်မဝေးလှတဲ့ မြဝတီမြို့နယ်၊ နို့ဖိုး-ထီးမူးထာ ကျေးရွာမှာလည်း ဒီနေ့မနက်အစောပိုင်းက စစ် ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ကျလို့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာအပြင်း အထန် ရခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) က ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက ပြောပါ တယ်။

“အရပ်သားတယောက်သေတယ်။ ပြီးတော့ဒဏ်ရာပြင်းတာ ၃ ယောက်။ အခြားနေရာမှာဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ သူတို့က လက်နက်ကြီးနဲ့ပစ်တဲ့အချိန်မှာ ရွာသားတွေကို သူတို့က မရှောင်ဘူးလေ။ တိုက်ပွဲကတော့ ဆက်ရှိနေတယ်။ စစ်ကောင်စီရဲ့ မောခီး စခန်းကျပြီးတဲ့နောက် သူတို့စစ်တပ်က အင်အားနဲ့ဝင်လာတယ်။ ပြီးတော့လက်နက်ကြီးနဲ့ လာချကြတယ်လေ။”

ရွာသားတွေ အိပ်နေချိန်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာတွေ အများဆုံးလုပ်တယ်လို့လည်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန် ယက် (KPSN) က ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးကပြောပါတယ်။

“အခုလေယာဉ်နဲ့ဗုံးလာကြဲတာတို့၊ လက်နက်ကြီးတို့ပစ်တာတို့ကလည်း အိပ်တဲ့အချိန်မှာ လာလုပ်တာ။ ရွာသားတွေနေရာမှာ ရွာထဲမှာပစ်တာတွေရှိတယ်။ ဒီဘက်မှာပဲဖြစ်ဖြစ် တပ်မဟာ (၅) မှာဖြစ်ဖြစ် ပစ်ခတ်တာရှိတယ်။ သူတို့က ရွာသားတွေကို ပစ်မှတ်ထားတာပေါ့။ အဲဒီတော့ဒဏ်ရာရသူတွေ သေဆုံးတာတွေက ရွာသူရွာသားတွေပိုများတာပေါ့။”

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက ကလော်ဒေးကျေးရွာကို စစ်ကောင်စီတပ်တွေက မတ်လ ၅ ရက်နေ့ညက လက်နက်ကြီး နဲ့ပစ်ခတ်တာကြောင့် ကလေးငယ် တဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီလတုန်းကလည်း စစ်ကောင်စီဘက်က ညဘက်အချိန် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာတာကြောင့် ဖာပွန်ခရိုင် ဒွယ်လိုးမြိုနယ်ထဲက တဒွံခို့‌ကျေးရွာ ရွာသား ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဇန်နဝါရီလထဲမှာလည်း အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်တဲ့ဒဏ်ရာရခဲ့ပါတယ်။ အခုတကြိမ်ကတော့ မြဝတီခရိုင်ထဲမှာ တဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ မြဝတီခရိုင်ထဲမှာ တိုက်ပွဲ ၄ ကြိမ်လောက်ဖြစ်ခဲ့တဲ့အတွက် သေ့ဘောဘိုး၊ ဝေါ်လေ၊ ဥကရစ်ထာ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးလွတ် ရာကို ရှောင်ပြေးနေရပါတယ်။

#MyanmarMilitaryCoup #KNU #Karen #AyeAyeMar #voaburmese #ကရင် #အေးအေးမာ #ဗွီအိုအေမြန်မာပိုင်း

XS
SM
MD
LG