သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေသနတ္နဲ႔ပစ္ခံခဲ့ရတဲ့ ဗဟိုဘဏ္ ဒုဥကၠ႒ ျပန္သက္သာလာၿပီလို႔ စစ္ေကာင္စီေျပာဆို 


စစ္အာဏာသိမ္းၿပီးေနာက္ ရန္ကုန္ၿမိဳ႕ဗဟိုဘဏ္အျပင္ဘက္မွာ သံခ်ပ္ကာတင့္ကားနဲ႔ စစ္သည္တဦးကိုေတြ႔ရစဥ္။ (ေဖေဖၚဝါရီ ၁၅၊ ၂၀၂၁)

[[Zawgyi/Unicode]]

ၿပီးခဲ့တဲ့သီတင္းပတ္က ေသနတ္နဲ႔ပစ္ခံခဲ့ရတဲ့ ဗဟိုဘဏ္ ဒုတိယဥကၠ႒ ေဒၚသန္းသန္္းေဆြ ျပန္သက္သာလာၿပီလို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကိုေျပာပါတယ္။

“ေကာင္းသြားပါၿပီဗ်ာ၊ ဟုတ္ကဲ့။ ေဆး႐ုံကဆင္းလို႔ရၿပီ-က်ေနာ္သိရသေလာက္။ ေဆး႐ုံကမဆင္းေသးတာပဲ ရွိတာ။ မဆင္းေသးတာက ေစာင့္ၾကည့္ေနတာေပါ့။ ေစာင့္ၾကည့္ၿပီး ဓာတ္မွန္႐ိုက္စရာရွိတာတို႔ ဘာတို႔ လုပ္ေနတုန္းပဲရွိေသးတယ္။”

ဒုဝန္ႀကီးအဆင့္ရွိတဲ့ ဗဟိုဘဏ္ ဒုဥကၠ႒ ေဒၚသန္းသန္းေဆြဟာ သၾကၤန္မတိုင္ခင္ ၿပီးခဲ့တဲ့အပတ္ ၾကာသပေတး ဧၿပီလ ၇ ရက္ေန႔ က ရန္ကုန္ေနအိမ္မွာ ေသနတ္နဲ႔ ပစ္ခံခဲ့ရၿပီး တပ္မေတာ္ေဆးရံုမွာ ကုသမူခံယူေနခဲ့တာပါ။

ေဒၚသန္းသန္းေဆြဟာ ဗဟိုဘဏ္ ဒုတိယဥကၠ႒တဦးျဖစ္တဲ့အျပင္ ေရႊနဲ႔ေဒၚလာေငြေၾကးဆိုင္ရာ ႀကီးၾကပ္ေရးအဖြဲ႔ကို ဦးေဆာင္ရသူလည္းျဖစ္ပါတယ္။

ေဒၚသန္းသန္းေဆြဟာ ဗဟန္းၿမိဳ႕နယ္၊ ေရႊေတာင္ၾကားရပ္ကြက္ ေနအိမ္ကေန ေရႊဂံုရိပ္မြန္အိမ္ယာမွာ လာေနတဲ့အခ်ိန္ ဘယ္သူဘယ္ဝါမွန္း မသိသူေတြက ေနအိမ္မွာ ေသနတ္နဲ႔ ပစ္သြားတာပါ။ ဒီပစ္ခတ္မႈကိုက်ဴးလြန္တာ ဘယ္သူ ဘယ္အဖြဲ႔ ဆိုတာကို စစ္ေကာင္စီက တရားဝင္ ထုတ္ျပန္ေၾကညာတာ မရွိေသးပါဘူး။

ဒါေပမယ့္ ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရ (NUG) ကာကြယ္ေရးဝန္ႀကီးဌာန၊ ရန္ကုန္တိုင္း စစ္ေဒသခြဲ ကြပ္ကြဲေရးအဖြဲ႔ ဆိုတဲ့ အမွတ္တံဆိပ္နဲ႔ ဧၿပီလ ၇ ရက္ေန႔ ထုတ္ျပန္ခ်က္မွာ ၇ လၾကာ ပ်ံလႊားေအာင္စစ္ဆင္ေရးရဲ႕ ေနာက္ဆံုး စစ္ဆင္ေရးအျဖစ္ ေဒၚသန္းသန္းေဆြကို ပစ္ခတ္ တိုက္ခိုက္ခဲ့တယ္လုိ႔ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

သေနတ်နဲ့ပစ်ခံခဲ့ရတဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ပြန်သက်သာလာပြီလို့ စစ်ကောင်စီပြောဆို

ပြီးခဲ့တဲ့သီတင်းပတ်က သေနတ်နဲ့ပစ်ခံခဲ့ရတဲ့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ပြန်သက်သာလာပြီလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“ကောင်းသွားပါပြီဗျာ၊ ဟုတ်ကဲ့။ ဆေးရုံကဆင်းလို့ရပြီ-ကျနော်သိရသလောက်။ ဆေးရုံကမဆင်းသေးတာပဲ ရှိတာ။ မဆင်းသေးတာက စောင့်ကြည့်နေတာပေါ့။ စောင့်ကြည့်ပြီး ဓာတ်မှန်ရိုက်စရာရှိတာတို့ ဘာတို့ လုပ်နေတုန်းပဲရှိသေးတယ်။”

ဒုဝန်ကြီးအဆင့်ရှိတဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဟာ သြင်္ကန်မတိုင်ခင် ပြီးခဲ့တဲ့အပတ် ကြာသပတေး ဧပြီလ ၇ ရက်နေ့ က ရန်ကုန်နေအိမ်မှာ သေနတ်နဲ့ ပစ်ခံခဲ့ရပြီး တပ်မတော်ဆေးရုံမှာ ကုသမူခံယူနေခဲ့တာပါ။

ဒေါ်သန်းသန်းဆွေဟာ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတဦးဖြစ်တဲ့အပြင် ရွှေနဲ့ဒေါ်လာငွေကြေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဦးဆောင်ရသူလည်းဖြစ်ပါတယ်။

ဒေါ်သန်းသန်းဆွေဟာ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားရပ်ကွက် နေအိမ်ကနေ ရွှေဂုံရိပ်မွန်အိမ်ယာမှာ လာနေတဲ့အချိန် ဘယ်သူဘယ်ဝါမှန်း မသိသူတွေက နေအိမ်မှာ သေနတ်နဲ့ ပစ်သွားတာပါ။ ဒီပစ်ခတ်မှုကိုကျူးလွန်တာ ဘယ်သူ ဘယ်အဖွဲ့ ဆိုတာကို စစ်ကောင်စီက တရားဝင် ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

ဒါပေမယ့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကွဲရေးအဖွဲ့ ဆိုတဲ့ အမှတ်တံဆိပ်နဲ့ ဧပြီလ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ၇ လကြာ ပျံလွှားအောင်စစ်ဆင်ရေးရဲ့ နောက်ဆုံး စစ်ဆင်ရေးအဖြစ် ဒေါ်သန်းသန်းဆွေကို ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

=============

XS
SM
MD
LG