သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ သေနတ်နဲ့ ပစ်ခံရ 


စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ဗဟိုဘဏ်အပြင်ဘက်မှာ သံချပ်ကာတင့်ကားနဲ့ စစ်သည်တဦးကိုတွေ့ရစဉ်။ (ဖေဖေါ်ဝါရီ ၁၅၊ ၂၀၂၁)
စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ဗဟိုဘဏ်အပြင်ဘက်မှာ သံချပ်ကာတင့်ကားနဲ့ စစ်သည်တဦးကိုတွေ့ရစဉ်။ (ဖေဖေါ်ဝါရီ ၁၅၊ ၂၀၂၁)


[[Zawgyi/Unicode]]

မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌတဦးဖြစ်တဲ့ ဒေါ်သန်းသန်းဆွေ ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး အရေးပေါ် ဆေးကုသမှု ခံယူနေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးတာဝန်ရှိသူက ဗွီအိုအေကိုပြောပါတယ်။ ဗဟန်းမြို့ နယ်၊ ရွှေဂုံ ရိပ်မွန်အိမ်ယာ တိုက်ခန်းတခုမှာ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ သတင်းအပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌတာဝန် ယူထားသူတယောက်ဖြစ်တဲ့ ဒေါ်သန်းသန်းဆွေဟာ သူ့ရဲ့နေအိမ်မှာ ဒီနေ့ ဧပြီလ ၇ ရက် မနက်ပိုင်းက ပစ်ခတ်ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ တပ်မတော်စစ်ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ စစ်ကောင် စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးသက်ဆွေက ဗွီအိုအေ ကိုပြောပါတယ်။

"ဟုတ်ကဲ့။ သေနတ်နဲ့လာပစ်သွားတဲ့ဖြစ်စဉ်ဟာ မှန်ပါတယ်။ ပြည်ထဲရေးဘက်က ဖြေထားတာကတော့ မနက်က အဲလိုဖြစ်သွားတာ မှန်ပါတယ်တဲ့။ အများဆုံးဖြစ်နိုင်တာက တပ်မတော်ဆေးရုံမှာပါ။ အဲဒါကိုလည်း ကျနော်တို့က မေးတုန်းပဲ။ နောက်ပြီး နောက်ဆုံးအခြေအနေရောပေါ့။ ဘယ်လောက်အထိ ထိခိုက်ဒဏ်ရာရလဲ ပြန်ကောင်းနိုင်လားဆိုတာ။ တပ်မတော်ဆေးရုံလို့ကြားပါတယ်။"

ဒေါ်သန်းသန်းဆွေဟာ ပစ်ခတ်မှုဖြစ်တဲ့ ဗဟန်း ရွှေဂုံရိပ်မွန်တိုက်ကို ဗုဒ္ဓဟူးနေ့ ညကမှ ပြောင်းရွှေ့လာတာလို့ မျက်မြင် ရပ်ကွက်ဒေသခံတချို့က ဗွီအိုအေကိုပြောပါတယ်။ အရင်က ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်မှာ နေထိုင်တာဖြစ်ပါ တယ်။

"ပစ်ခတ်မှုတခုကတော့ ကျနော်တို့ ဒီတိုက်တွေကလည်း ပြင်သံဆိုတော့ normal ပဲ ထင်ကြတာပေါ့နော်၊ တခုခုပြုတ်ကျတဲ့ အသံလောက်ပဲကြားတာပါ၊ အကျယ်ကြီးတော့ မဟုတ်ဘူးဗျ။ ၉ နာရီကျော်လောက် ရုံးမတက်ခင်မှာ ဖြစ်သွားတဲ့အနေအထားဗျ။ ရွှေတောင်ကြားမှာ တကယ်တော့ သူတို့ကနေတာ၊ ဒီမှာ သူ့ညီမအခန်းတွေ သူ့အခန်းတွေတော့ လာနေလိမ့်မယ်။ သူတို့ညကမှ အားချင်းရွှေ့လာတဲ့အနေအထား ရှိတယ်ဗျ။ ညကမှ ရောက်ရောက်ချင်းပဲ ဒီနေ့မနက် ဖြစ်သွားတာဗျ ရုံးမတက်ခင်မှာ။ ၉ နာရီ နောက်ပိုင်းမှ သူတို့ ဆိုင်ရာလူကြီးတွေ လာကြတာ မီးတန်းတွေ ဘာတွေနဲ့။"

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ပစ်ခတ်ခံရမှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာ အသေအချာ မသိရသေးပါဘူး။ နိုင်ငံခြားဝင်ငွေနဲ့ပတ်သက်လို့ ဗဟိုဘဏ်ကထိန်းချုပ်တဲ့ မူဝါဒတချို့ အခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ ရှိနေချိန်မှာ ခုလို ပစ်ခတ်မှုဖြစ်ခဲ့တာပါ။

ဒေါ်သန်းသန်းဆွေဟာ ရွှေ၊ ဒေါ်လာကြီးကြပ်ရေးအဖွဲ့မှာ ဦးဆောင်သူတဦးဖြစ်သလို မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းမှာ အတွေ့အကြုံရင့်တဲ့ အရာရှိတဦးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===============
[[Unicode]]

ဗဟိုဘဏျ ဒုတိယဥက်ကဋ်ဌ ဒေါျသနျးသနျးဆှေ သနေတျနဲ့ပဈခံရ








===============

XS
SM
MD
LG