သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာေငြစကၠဴအတု ပ်ံ႕ႏွံ႔မႈသတင္း မမွန္ေၾကာင္း ဗဟိုဘဏ္ျငင္းဆန္


(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ သန္းေပါင္းမ်ားစြာရွိတဲ့ ေငြစကၠဴ အတုေတြကို မထိန္းႏိုင္တဲ့အေၾကာင္း မီဒီယာ တခ်ဳိ႕ရဲ႕ ေဖာ္ျပခ်က္ေတြဟာ မမွန္ေၾကာင္း ဗဟိုဘဏ္ အဆင့္ျမင့္တာ၀န္ရွိသူတဦးက ျငင္းဆန္လိုက္ပါတယ္။ မမွန္မကန္ ေရးသားေဖာ္ျပတဲ့ သူေတြကို အေရးယူမယ္လို႔လည္း ဗဟိုဘဏ္ ဒုတိယ ဥကၠဌ ဦးဝင္းေသာ္ က ေျပာပါတယ္။

"ဗဟိုဘဏ္ပုံကိုလည္း အသုံျပဳထားၿပီး ဗဟိုဘဏ္က ေၾကညာတယ္ဆိုတဲ့ သေဘာျဖစ္လို႔ Website ကေန page က ေၾကညာေနတဲ့သူကို သက္ဆုိင္ရာ ျပည္ထဲေရးဝန္ႀကီးဌာန ကေန တဆင့္ က်ေနာ္တို႔ ရွာေဖြေဖာ္ထုတ္အေရးယူမွာျဖစ္ပါတယ္။ မဟုတ္တမ္းတရမ္း ေတြေၾကညာတဲ့ မီဒီယာကို ေဖာ္ထုတ္အေရးယူသြားမွာလည္းျဖစ္ပါတယ္။ ဒီ Page ေတြကို ဟုတ္တယ္ထင္ၿပီး Share တဲ့သူေတြကုိလည္း ေဖာ္ထုတ္အေရးယူမွာျဖစ္ပါတယ္"

စစ္ေကာင္စီ အေနနဲ႔ မည္သည့္ေငြစကၠဴကိုမွ ျပန္လည္ၿပီး သိမ္းမွာ မဟုတ္ဘူးဆိုတာ ေၾကညာခဲ့ၿပီးေၾကာင္းနဲ႔ အဲဒီလို သတင္းေတြဟာလည္း မဟုတ္မွန္ပါေၾကာင္း ဗဟိုဘဏ္ ဒုဥကၠဌ ဦးဝင္းေသာ္ က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း ႏိုင္ငံေရး၊ လုံျခံဳေရး မတည္မၿငိမ္ အေျခအေနေတြေၾကာင့္ စီးပြားေရး၊ ဘ႑ာေရးနဲ႔ ေငြေၾကးလုပ္ငန္းေတြမွာ ႐ိုက္ခတ္မႈေတြ ၾကံဳေနရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)
မြန်မာငွေစက္ကူအတု ပျံ့နှံ့မှုသတင်း မမှန်ကြောင်း ဗဟိုဘဏ်ငြင်းဆန်

မြန်မာနိုင်ငံမှာ သန်းပေါင်းများစွာရှိတဲ့ ငွေစက္ကူ အတုတွေကို မထိန်းနိုင်တဲ့အကြောင်း မီဒီယာ တချို့ရဲ့ ဖော်ပြချက်တွေဟာ မမှန်ကြောင်း ဗဟိုဘဏ် အဆင့်မြင့်တာဝန်ရှိသူတဦးက ငြင်းဆန်လိုက်ပါတယ်။ မမှန်မကန် ရေးသားဖော်ပြတဲ့ သူတွေကို အရေးယူမယ်လို့လည်း ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဝင်းသော် က ပြောပါတယ်။

"ဗဟိုဘဏ်ပုံကိုလည်း အသုံပြုထားပြီး ဗဟိုဘဏ်က ကြေညာတယ်ဆိုတဲ့ သဘောဖြစ်လို့ Website ကနေ page က ကြေညာနေတဲ့သူကို သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန ကနေ တဆင့် ကျနော်တို့ ရှာဖွေဖော်ထုတ်အရေးယူမှာဖြစ်ပါတယ်။ မဟုတ်တမ်းတရမ်း တွေကြေညာတဲ့ မီဒီယာကို ဖော်ထုတ်အရေးယူသွားမှာလည်းဖြစ်ပါတယ်။ ဒီ Page တွေကို ဟုတ်တယ်ထင်ပြီး Share တဲ့သူတွေကိုလည်း ဖော်ထုတ်အရေးယူမှာဖြစ်ပါတယ်"

စစ်ကောင်စီ အနေနဲ့ မည်သည့်ငွေစက္ကူကိုမှ ပြန်လည်ပြီး သိမ်းမှာ မဟုတ်ဘူးဆိုတာ ကြေညာခဲ့ပြီးကြောင်းနဲ့ အဲဒီလို သတင်းတွေဟာလည်း မဟုတ်မှန်ပါကြောင်း ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံရေး၊ လုံခြုံရေး မတည်မငြိမ် အခြေအနေတွေကြောင့် စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ငွေကြေးလုပ်ငန်းတွေမှာ ရိုက်ခတ်မှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG