သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘားအံ ေတာင္ကေလးေထာင္တြင္း ႏိုင္က်ဥ္းဆႏၵျပသတင္းထြက္၊ အက်ဥ္းဦးစီးျငင္းဆို


ဘားအံအက်ဥ္းေထာင္ ယခင္မွတ္တမ္းဓာတ္ပံု ( တင္ထူးေ၀)

[[Zawgyi/Unicode]]

ဘားအံ ေတာင္ကေလးေထာင္တြင္း ႏိုင္က်ဥ္းဆႏၵျပသတင္းထြက္၊ အက်ဥ္းဦးစီးျငင္းဆို

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၊ ေတာင္ကေလးအက်ဥ္းေထာင္မွာ ဧၿပီလ ၂၇ ရက္ ဗုဒၶဟူးေန႔ညေနပိုင္းက ဆႏၵျပမႈ ျဖစ္ခဲ့ပါတယ္။ ႏိုင္ငံေရးအက်ဥ္းသားေတြ ႏိုင့္ထက္စီးနင္းလုပ္ခံရတာကို မေက်နပ္ရာက ဆႏၵျပၿပီး ေထာင္ဆူပူမႈျဖစ္ခဲ့တာပါ။ ဒီေန႔မနက္ပိုင္းမွာေတာ့ ေထာင္တြင္း ျပန္လည္ၿငိမ္သက္သြားတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

ႏိုင္ငံေရးပုဒ္မေတြနဲ႔ ဖမ္းဆီးခံထားရတဲ့အက်ဥ္းသား ၃၀၀ ဝန္းက်င္႐ွိတဲ့ ကရင္ျပည္နယ္ ဘားအံၿမိဳ႕က ေတာင္ကေလး အက်ဥ္းေထာင္မွာ ဗုဒၶဟူးေန႔ညေနက ဆႏၵျပဆူပူမႈျဖစ္ခဲ့တာပါ။ ႏိုင္ငံေရးအက်ဥ္းသားေတြကို တျခား ရာဇဝတ္အက်ဥ္းသားေတြက ႐ုိက္ႏွက္ရာကေန ဆူပူဆႏၵျပမႈျဖစ္ခဲ့တာလို႔ ေထာင္နဲ႔နီးစပ္တဲ့ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းတဦးက ဗီြအိုေအကို ေျပာပါတယ္။

“တေဆာင္နဲ႔တေဆာင္ အက်ဥ္းသားေတြကူးတယ္၊ ကူးတဲ့ဟာကို တျခားအမႈနဲ႔ က်ေနတဲ့ အက်ဥ္းသားေတြကေနၿပီးေတာ့ ႐ိုက္တယ္လို႔ေတာ့ သိရတယ္။ ႐ုိက္တယ္ေပါ့ေနာ္၊ ႐ိုက္တာကန္တယ္ေပါ့၊ အဲ့လိုမ်ဳိးေတာ့ သိရပါတယ္။ ကန္တာကို မေက်နပ္လို႔ ေပါ့ေနာ္ ဆႏၵျပၾကတာေပါ့။”

အက်ဥ္းသားအခ်င္းခ်င္း ႏိုင့္ထက္စီးနင္းလုပ္မႈကို ေျဖ႐ွင္းေပးဖုိ႔ ႏိုင္ငံေရးအက်ဥ္းသားေတြက ေတာင္းဆိုဆႏၵျပခဲ့ၾကတာျဖစ္ၿပီး ႏိုင္ငံေရးေတးသီးခ်င္းေတြနဲ႔ သံၿပိဳင္ေအာ္ဟစ္ ဆႏၵျပခဲ့တာပါ။ ရာဇဝတ္မႈ၊ မူးယစ္ေဆးဝါးမႈ၊ တျခားအမႈေတြနဲ႔ အက်ဥ္းက်ေနတဲ့ ရာဇဝတ္အက်ဥ္းသားေတြက ႏိုင္ငံေရးအက်ဥ္းသားေတြကို မၾကာခနဆိုသလို အႏိုင္က်င့္တာေတြ၊ ႏိုင့္ထက္စီးနင္းလုပ္တာေတြ ရွိတယ္လို႔ ေတာင္ကေလးအက်ဥ္းေထာင္ကေန မၾကာခင္ကမွ ျပန္လြတ္လာတဲ့ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းက ေျပာပါတယ္။ ႏိုင္ငံေရးအက်ဥ္းသားေတြ ဆႏၵျပေတာင္းဆိုေနခ်ိန္ ေထာင္ထဲကို စစ္တပ္နဲ႔ရဲအျပင္ အက်ဥ္းဦးစီးတာဝန္႐ွိသူေတြ ေရာက္လာၿပီး အေျခအေန ထိန္းခဲ့ပါတယ္။

“ဒီတိုင္းပဲ ၿပီးသြားတယ္လု႔ိေျပာတယ္။ အထဲက ခါတိုင္းက ဒီလိုေပါ့ကြာ သီခ်င္းေတြေအာ္ဆို… အျပင္ကေနေတာ့ သူတို႔လာၿပီး ေတာ့ တာဝန္ရွိတဲ့လူေတြ ေရာက္လာၿပီးေတာ့ ညိွဳႏႈိုင္းလို႔ ၿပီးသြားတယ္လို႔ေျပာတယ္။”

ဒါေပမယ့္ ဘယ္လိုညိွဳႏႈိင္းေျဖရွင္းခဲ့သလဲဆိုတဲ့ အေသးစိတ္ကိုေတာ့ အခုခ်ိန္ထိ ေသေသခ်ာခ်ာ မသိရေသးပါဘူး။

ျမန္မာႏိုင္ငံ အက်ဥ္းဦးစီးဌာနက တာဝန္ရွိသူတဦးကေတာ့ ဘားအံၿမိဳ႕ ေတာင္ကေလးအက်ဥ္းေထာင္မွာ ေထာင္ဆူပူမႈ ျဖစ္ခဲ့တာ မရွိဘူးလို႔ ျငင္းပါတယ္။

“မရွိပါဘူးခင္ဗ်။ ဆႏၵျပတာမရွိပါဘူး။ သူ႔ဟာသူ သတ္မွတ္တဲ့ လံုၿခံဳေရး အုပ္ခ်ဳပ္ေရး စည္းကမ္းထိန္းသိမ္းကိစၥ ေဆာင္ရြက္တာပဲ ရွိပါတယ္ခင္ဗ်ေနာ္။ ဆႏၵျပတာတို႔ ဆူပူတာတို႔ အက်ဥ္းဌာနက တာဝန္ရွိသူဝင္ၿပီးေတာ့ ေျဖရွင္းေပးရတာတို႔ မရွိပါဘူးခင္ဗ်ေနာ္။”

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဆန္႔က်င္သူ၊ ဆႏၵျပသူ ေထာင္နဲ႔ခ်ီ ျမန္မာႏိုင္ငံတဝန္းက အက်ဥ္းေထာင္ေတြမွာ ဖမ္းဆီး ခ်ဳပ္ေႏွာင္ခံထားရပါတယ္။ ရန္ကုန္ အင္းစိန္ေထာင္၊ မႏၱေလး အိုးဘုိေထာင္အပါအဝင္ အက်ဥ္းေထာင္ေတြထဲမွာ ႏိုင္ငံေရး အက်ဥ္းသားေတြေပၚ ဖိႏွိပ္မႈကို မေက်နပ္လို႔ ဆႏၵျပမႈေတြ႐ွိခဲ့ပါတယ္။ ဧၿပီလ ၃ ရက္ေန႔ကပဲ မံု႐ြာအက်ဥ္းေထာင္ထဲမွာ ႏိုင္ငံေရး အက်ဥ္းသားေတြ ဆႏၵျပတာကို ပစ္ခတ္လို႔ စစ္တပ္က ပစ္ခတ္ၿဖိဳခြဲမႈအတြင္း ၁ ဦးေသဆံုးၿပီး ၅ ဦး ဒဏ္ရာရခဲ့ပါတယ္။

အက်ဥ္းေထာင္ေတြထဲက ဆႏၵျပမႈမွာပါဝင္တဲ့ အက်ဥ္းသားေတြကို ေထာင္အာဏာပိုင္ေတြက ႐ုိက္ႏွက္တာ၊ ေဆးကုသခြင့္ မေပးဘဲ တိုက္ပိတ္တာေတြလည္း လုပ္တယ္လို႔ ေရွ႕ေနေတြ၊ အရပ္ဘက္အဖြဲ႔အစည္းေတြက ဗီြအိုေအကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ဘားအံ တောင်ကလေးထောင်တွင်း နိုင်ကျဉ်းဆန္ဒပြသတင်းထွက်၊ အကျဉ်းဦးစီးငြင်းဆို

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးအကျဉ်းထောင်မှာ ဧပြီလ ၂၇ ရက် ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဆန္ဒပြမှု ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ နိုင့်ထက်စီးနင်းလုပ်ခံရတာကို မကျေနပ်ရာက ဆန္ဒပြပြီး ထောင်ဆူပူမှုဖြစ်ခဲ့တာပါ။ ဒီနေ့မနက်ပိုင်းမှာတော့ ထောင်တွင်း ပြန်လည်ငြိမ်သက်သွားတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့အကျဉ်းသား ၃၀၀ ဝန်းကျင်ရှိတဲ့ ကရင်ပြည်နယ် ဘားအံမြို့က တောင်ကလေး အကျဉ်းထောင်မှာ ဗုဒ္ဓဟူးနေ့ညနေက ဆန္ဒပြဆူပူမှုဖြစ်ခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသားတွေကို တခြား ရာဇဝတ်အကျဉ်းသားတွေက ရိုက်နှက်ရာကနေ ဆူပူဆန္ဒပြမှုဖြစ်ခဲ့တာလို့ ထောင်နဲ့နီးစပ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ဗွီအိုအေကို ပြောပါတယ်။

“တဆောင်နဲ့တဆောင် အကျဉ်းသားတွေကူးတယ်၊ ကူးတဲ့ဟာကို တခြားအမှုနဲ့ ကျနေတဲ့ အကျဉ်းသားတွေကနေပြီးတော့ ရိုက်တယ်လို့တော့ သိရတယ်။ ရိုက်တယ်ပေါ့နော်၊ ရိုက်တာကန်တယ်ပေါ့၊ အဲ့လိုမျိုးတော့ သိရပါတယ်။ ကန်တာကို မကျေနပ်လို့ ပေါ့နော် ဆန္ဒပြကြတာပေါ့။”

အကျဉ်းသားအချင်းချင်း နိုင့်ထက်စီးနင်းလုပ်မှုကို ဖြေရှင်းပေးဖို့ နိုင်ငံရေးအကျဉ်းသားတွေက တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပြီး နိုင်ငံရေးတေးသီးချင်းတွေနဲ့ သံပြိုင်အော်ဟစ် ဆန္ဒပြခဲ့တာပါ။ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးမှု၊ တခြားအမှုတွေနဲ့ အကျဉ်းကျနေတဲ့ ရာဇဝတ်အကျဉ်းသားတွေက နိုင်ငံရေးအကျဉ်းသားတွေကို မကြာခနဆိုသလို အနိုင်ကျင့်တာတွေ၊ နိုင့်ထက်စီးနင်းလုပ်တာတွေ ရှိတယ်လို့ တောင်ကလေးအကျဉ်းထောင်ကနေ မကြာခင်ကမှ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြတောင်းဆိုနေချိန် ထောင်ထဲကို စစ်တပ်နဲ့ရဲအပြင် အကျဉ်းဦးစီးတာဝန်ရှိသူတွေ ရောက်လာပြီး အခြေအနေ ထိန်းခဲ့ပါတယ်။

“ဒီတိုင်းပဲ ပြီးသွားတယ်လု့ိပြောတယ်။ အထဲက ခါတိုင်းက ဒီလိုပေါ့ကွာ သီချင်းတွေအော်ဆို… အပြင်ကနေတော့ သူတို့လာပြီး တော့ တာဝန်ရှိတဲ့လူတွေ ရောက်လာပြီးတော့ ညှိုနှိုင်းလို့ ပြီးသွားတယ်လို့ပြောတယ်။”

ဒါပေမယ့် ဘယ်လိုညှိုနှိုင်းဖြေရှင်းခဲ့သလဲဆိုတဲ့ အသေးစိတ်ကိုတော့ အခုချိန်ထိ သေသေချာချာ မသိရသေးပါဘူး။

မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတဦးကတော့ ဘားအံမြို့ တောင်ကလေးအကျဉ်းထောင်မှာ ထောင်ဆူပူမှု ဖြစ်ခဲ့တာ မရှိဘူးလို့ ငြင်းပါတယ်။

“မရှိပါဘူးခင်ဗျ။ ဆန္ဒပြတာမရှိပါဘူး။ သူ့ဟာသူ သတ်မှတ်တဲ့ လုံခြုံရေး အုပ်ချုပ်ရေး စည်းကမ်းထိန်းသိမ်းကိစ္စ ဆောင်ရွက်တာပဲ ရှိပါတယ်ခင်ဗျနော်။ ဆန္ဒပြတာတို့ ဆူပူတာတို့ အကျဉ်းဌာနက တာဝန်ရှိသူဝင်ပြီးတော့ ဖြေရှင်းပေးရတာတို့ မရှိပါဘူးခင်ဗျနော်။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်သူ၊ ဆန္ဒပြသူ ထောင်နဲ့ချီ မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီး ချုပ်နှောင်ခံထားရပါတယ်။ ရန်ကုန် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်အပါအဝင် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေပေါ် ဖိနှိပ်မှုကို မကျေနပ်လို့ ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။ ဧပြီလ ၃ ရက်နေ့ကပဲ မုံရွာအကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ဆန္ဒပြတာကို ပစ်ခတ်လို့ စစ်တပ်က ပစ်ခတ်ဖြိုခွဲမှုအတွင်း ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

အကျဉ်းထောင်တွေထဲက ဆန္ဒပြမှုမှာပါဝင်တဲ့ အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တာ၊ ဆေးကုသခွင့် မပေးဘဲ တိုက်ပိတ်တာတွေလည်း လုပ်တယ်လို့ ရှေ့နေတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ဗွီအိုအေကို ပြောပါတယ်။

==================

XS
SM
MD
LG