သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အလံမလိပ္ အသံမတိတ္တဲ့ ကေလးၿမိဳ႕ ပင္မသပိတ္ရဲ႕ ရက္ ၅၀၀ ေက်ာ္ခရီး


အလံမလိပ္၊ အသံမတိတ္တဲ့ ကေလးၿမိဳ႕က ဆႏၵျပပြဲ။ (ဧၿပီ ၂၇၊ ၂၀၂၁)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕မွာ စစ္အာဏာသိမ္းမႈကိုဆန႔္က်င္ ခ်ီတက္ဆႏၵျပတဲ့ ပင္မသပိတ္ဟာ ရက္ေပါင္း ၅၀၀ ေက်ာ္တဲ့အထိ ထူးထူးျခားျခား ေန႔စဥ္မျပတ္ ပုံစံမ်ိဳးစုံနဲ႔ ဆႏၵျပေနတုန္းပါ။ နယ္ၿမိဳ႕ေတြနဲ႔ ျမန္မာႏိုင္ငံေနရာတခ်ိဳ႕မွာ စစ္အာဏာသိမ္းမႈကို လက္နက္ကိုင္ခုခံမႈေတြ ရွိလာေပမယ့္လည္း ကေလးၿမိဳ႕ရဲ႕ ပင္မသပိတ္ ဆႏၵျပမႈဟာ ရပ္မသြားခဲ့ပါဘူး။ ဒီကေန႔အထိ ဆႏၵျပမႈေတြကို ဘာေၾကာင့္လုပ္ေနသလဲဆိုတာနဲ႔ သပိတ္မွာပါဝင္သူေတြရဲ႕ အခက္အခဲေတြကို ဆက္သြယ္ေမးျမန္းထားပါတယ္။ ရန္ကုန္က ေပးပို႔တဲ့ ဒီသတင္း အလိမၼာက တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္းနဲ႔ ခ်င္းျပည္နယ္အစပ္က နယ္ၿမိဳ႕ေလးတၿမိဳ႕ျဖစ္တဲ့ ကေလးၿမိဳ႕မွာ စစ္တပ္က အာဏာသိမ္းၿပီး တပတ္အၾကာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၇ ရက္မွာေတာ့ ၿမိဳ႕အေနာက္ဘက္မွာရွိတဲ့ တာဟန္းရပ္ကြက္ကေန စတင္ၿပီး အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပခဲ့ၾကပါတယ္။

အာဏာသိမ္းမႈကို ေန႔စဥ္မျပတ္ ဆႏၵျပခဲ့တာဟာ အခုဆိုရင္ ရက္ေပါင္း ၅၀၀ ေက်ာ္ရွိသြားပါၿပီ။ ေဖေဖာ္ဝါရီနဲ႔မတ္လတို႔မွာ လူေပါင္းေသာင္းခ်ီပါဝင္ဆႏၵျပခဲ့ၿပီး စစ္ေကာင္စီက အၾကမ္းဖက္ၿဖိဳခြင္းလာတဲ့ေနာက္ပိုင္းမွာ အခ်ိဳ႕က လက္နက္ကိုင္ေတာ္လွန္မႈထဲ ေရာက္သြားပါတယ္။ ဒါေပမယ့္လည္း က်န္တဲ့တက္ႂကြသူေတြကေတာ့ အခုလို ရက္ေပါင္း ၅၀၀ ေက်ာ္လာတဲ့အထိ ဆက္လက္ ဆႏၵျပေနတာၾကတုန္းပါ။

ဘာေၾကာင့္ အခုလို ရက္ေပါင္း ၅၀၀ ေက်ာ္လာတဲ့အထိ ဆႏၵထုတ္ေဖာ္ေနရလည္းဆိုတာကို သပိတ္ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုဗိုက္ပူက အခုလိုေျပာပါတယ္။

“ဒီကေန႔ ဒီအခ်ိန္ထိ အလံမလိပ္ အသံမတိတ္ဘဲ ဆႏၵျပ တိုက္ပြဲဝင္ေနရတာဟာ က်ေနာ္တို႔ ကေလးၿမိဳ႕အေနနဲ႔ စစ္ဖိနပ္ေအာက္ ဒူးမေထာက္ေၾကာင္း ျပသဖို႔အတြက္ရယ္၊ က်ေနာ္တို႔ လူထုတရပ္လုံးအေနနဲ႔ ဒီေတာ္လွန္ေရးအေပၚ မမွိတ္မသုန္ ပါဝင္ေပးၾကဖို႔အတြက္ ရတဲ့အင္အား၊ ရွိတဲ့ေနရာ၊ အဆင္ေျပတဲ့ေနရာကေန က်ေနာ္တို႔ မျဖစ္ျဖစ္ေအာင္ ဒီကေန႔ ဒီအခ်ိန္ထိ ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။”

စစ္တပ္က အာဏာမသိမ္းမီ မစႏၵာလို႔ အမည္လႊဲထားသူက ကေလးၿမိဳ႕တေနရာမွာ ကိုယ္ပိုင္လုပ္ငန္း ေသးေသးေလးတခုကို ပိုင္ဆိုင္ၿပီး ေပ်ာ္႐ႊင္တဲ့ မိသားစုဘဝနဲ႔ ေနထိုင္ခဲ့သူပါ။ စစ္တပ္က အာဏာသိမ္းစသိမ္းတဲ့ ေဖေဖာ္ဝါရီ ၁ လလုံး ဆႏၵျပပြဲေတြမွာ မစႏၵာ မပါဝင္ခဲ့ပါဘူး။ သူ႔အမ်ိဳးသားက အာဏာသိမ္းမႈကို ဆန႔္က်င္ဖို႔ တြန္းအားေပးခဲ့ေပမယ့္ ကိုယ္တိုင္က ႏိုင္ငံေရး မလုပ္ဖူးခဲ့သလို ထဲထဲဝင္ဝင္ မသိရွိတဲ့အတြက္ ေစာင့္ၾကည့္ေနခဲ့ပါတယ္။

အဲ့ဒီေနာက္ပိုင္း စစ္ေကာင္စီက အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ လူေသဆုံးတဲ့အထိ အၾကမ္းဖက္ပစ္ခတ္ၿဖိဳခြင္းလာတဲ့အတြက္ မတရားမႈကို ဆန႔္က်င္ေတာ္လွန္မယ္ဆိုတဲ့ စိတ္နဲ႔ မတ္လ အလယ္ေလာက္ကစၿပီး စစ္ေကာင္စီဆႏၵျပပြဲေတြမွာ ယေန႔ထက္တိုင္ ပါဝင္လာခဲ့ပါတယ္။

မစႏၵဟာ အခုလို ဆႏၵျပပြဲေတြမွာ ပါဝင္လာတဲ့အခါမွာ ဖမ္းဆီးခံရမွာေတြကိုသိေပမယ့္ အရာအားလုံးကို ရင္ဆိုင္ဖို႔ ဆုံးျဖတ္ထားသလို သူ ဆႏၵျပပြဲေတြမွာ ပါဝင္ျဖစ္ခဲ့ပုံကို မစႏၵာကအခုလို ေျပာပါတယ္။

“ဒီလုပ္ေနတဲ့လူေတြဟာလည္း သူတို႔ကိုယ္က်ိဳးအတြက္ လုပ္ေနတာ မဟုတ္ဘူးေပါ့။ ဒါအကုန္လုံးအတြက္ လုပ္ေနတယ္။ အဲ့ဒါဆိုရင္ ငါကိုယ္ႏႈိက္ကေကာ အိမ္ထဲမွာေနၿပီး ဒီအတိုင္းပဲေနမွာလား။ ဒီအတိုင္းေတာ့ေကာ လိပ္ျပာလုံရဲ႕လား။ အဲ့လိုစိတ္ အေတြးေတြ ဝင္လာခဲ့တာေပါ့။ ငါလုပ္ေနတာ ငါဒီလို မလိုက္ဘဲ (ဆႏၵျပပြဲ) ေနတာ မွန္ရဲ႕လား သူတို႔ေတာင္ သူတို႔ ကိုယ္က်ိဳးအတြက္ မဟုတ္ဘဲနဲ႔ လမ္းေပၚထြက္ေနတာေပါ့ေနာ္။ ဒီလိုအပစ္အခတ္ေတြ အဖမ္းအဆီးေတြ ၾကားကေနၿပီး။ အဲ့ကတည္းက က်မက ဝင္လိုက္ဖို႔ ဆုံးျဖတ္ခ်က္ ခ်လိုက္တာေပါ့။ အစကေတာ့ အမ်ားႀကီးမေတြးခဲ့ဘူး။ မခံခ်င္တဲ့စိတ္ေလာက္နဲ႔ပဲလုပ္ခဲ့တာ။ လုပ္ရင္းလုပ္ရင္းနဲ႔ပဲ လြယ္လြယ္နဲ႔ ျပန္ထြက္လို႔မရေတာ့ဘူး။ ကိုယ္ကိုယ္ႏႈိက္ကလည္း ေနာက္ဆုတ္ ခ်င္တဲ့စိတ္က လုံးဝမရွိခဲ့တာေပါ့ေနာ္။ အဲ့ဒါဆိုေတာ့ ဘာပဲျဖစ္လာျဖစ္လာ ရင္ဆိုင္မယ္။ ဘာပဲေပးဆပ္ရ ေပးဆပ္ရ ေပးဆပ္လိုက္ေတာ့မယ္ဆိုၿပီး ဝင္ျဖစ္ခဲ့တာေပါ့။ စစခ်င္းေတာ့ က်မ ဘာမွ သိပ္မေတြးခဲ့ဘူး။ လုပ္မယ္၊ ဒါကို မခံႏိုင္ဘူး။ ကိုယ့္အာဏာကိုယ္ျပန္ရေအာင္လုပ္မယ္ဆိုၿပီး အဲ့လိုလြယ္လြယ္နဲ႔ပဲ စလုပ္ခဲ့တယ္။”

အရင္က အမ်ိဳးသားက တြန္းအားေပးတာေတာင္ ဆႏၵျပပြဲေတြမွာ မပါဝင္ခဲ့တဲ့မစႏၵာတေယာက္ဟာ အခုဆိုရင္ သူက ေရွ႕ဆုံးကေန ဦးေဆာင္ၿပီး ဆႏၵျပပြဲေတြမွာ ပါဝင္ေနပါၿပီ။ သူအခုလို သပိတ္မွာ ပါဝင္ေနတာကို စစ္ေကာင္စီဘက္က သိတဲ့အတြက္ ေနအိမ္ကို ဝင္ေရာက္ရွာေဖြတာေတြ လုပ္သလို စုေဆာင္းရင္းႏွီးထားတဲ့ အိမ္တြင္းပစၥည္းေတြကိုလည္း ဖ်က္ဆီးၿပီး ယူေဆာင္သြားတယ္လို႔ ေျပာပါတယ္။

ဒီလို ဆႏၵျပပြဲေတြ လုပ္ေဆာင္တဲ့အခါမွာ အမ်ိဳးသမီးလည္း ျဖစ္တဲ့အတြက္ အခက္အခဲေတြရွိတယ္လို႔ဆိုပါတယ္။ ဆႏၵျပပြဲ ပါဝင္သူတခ်ိဳ႕ အဖမ္းခံရစဥ္က ခံျပင္းဝမ္းနည္းခဲ့ရၿပီး ထြက္ေျပးခ်ိန္မွာလည္း ေၾကာက္႐ြံ႕ထိတ္လန႔္ စိတ္ေတြရွိေပမယ့္ ေနာက္ရက္မွာေတာ့ ပုံမွန္အတိုင္းပဲ ေၾကာက္႐ြံ႕ထိတ္လန႔္တာမရွိဘူးလို႔ မစႏၵာက ေျပာျပပါတယ္။

“အမ်ိဳးသမီးေတြပါတဲ့အတြက္ နည္းနည္းေတာ့ အခက္အခဲရွိတာေပါ့ေနာ္။ အခုခ်ိန္ ထိလည္း က်မတို႔က တိမ္းေရွာင္ေနရတုန္းပဲ။ ေန႔တိုင္းပဲ က်မတို႔က အႏၲရာယ္ထဲမွာ က်ေရာက္ေနသလိုေပါ့။ မွတ္မွတ္ရရ အေနနဲ႔ဆိုရင္ က်မတို႔ေတြ (၂၀၂၁) ၾသဂုတ္လေလာက္ကေပါ့။ ေလးဘက္ေလးတန္က ပိတ္ၿပီးၿဖိဳခြဲခံရတဲ့ေန႔ေပါ့။ အဲ့ေန႔မွာဆိုရင္ သပိတ္မွာပါဝင္သူ ၁၃ ေယာက္ေလာက္ အဖမ္းခံခဲ့ရတယ္။ အဲ့အခ်ိန္ တုန္းကေတာ့ ကိုယ့္အဖြဲ႕ဝင္ေတြပါသြားေတာ့ ေတာ္ေတာ့ကို ဝမ္းနည္းခံျပင္းျဖစ္ခဲ့ရတာေပ့ါေနာ္။ ဒါလည္း အမွတ္တရတခုေပါ့။ အဲ့ေၾကာက္တဲ့စိတ္လည္း သိပ္မရွိေတာ့ဘူး။ က်မတို႔ ထြက္ေျပးခဲ့တဲ့ေန႔ဆိုရင္လည္း ထြက္ေျပးခဲ့တဲ့ေန႔ တရက္ပဲ ေနာက္ေန႔ဆို ပုံမွန္ပဲျဖစ္သြားေတာ့ အကုန္လုံးပဲ။ က်မတို႔ တဖြဲ႕လုံးကေလ စိတ္တူကိုယ္တူနဲ႔ေလ၊ ေၾကာက္တဲ့စိတ္ရွိရင္လည္း ခဏပဲ။ စိတ္တူတယ္ေျပာရမလား၊ မိုက္႐ူးရဲဆန္တယ္ပဲေျပာရမလား၊ ေၾကာက္တဲ့စိတ္ေတာ့မရွိဘူး။”

မစႏၵဟာ ကိုဗစ္ေရာဂါကူးစက္ၿပီး ေနမေကာင္းခ်ိန္မွာေတာင္ အျခားလူေတြကို မကူးစက္ေအာင္ ျပင္ဆင္ကာကြယ္ၿပီး ဆႏၵထုတ္ေဖာ္ပြဲေတြ လိုက္ပါခဲ့ပါတယ္။ ဖမ္းဆီးခ်ိန္မွာလည္း ပုံစံအမ်ိဳးမ်ိဳးဖ်က္ၿပီး စစ္ေကာင္စီရဲ႕ ဖမ္းဆီးမႈေတြကို တိမ္းေရွာင္ခဲ့ပါေသးတယ္။

ဒီရက္ေပါင္း ၅၀၀ ေက်ာ္ ဆႏၵျပတဲ့အဖြဲ႕ထဲက အသက္ ၃၀ အ႐ြယ္ ကိုေအာင္ျမတ္ (အမည္လႊဲ) ဟာလည္း လုပ္သက္ ၁၂ ႏွစ္နီးပါးရွိတဲ့ အစိုးရဝန္ထမ္းတဦး ျဖစ္ပါတယ္။ စစ္တပ္က အာဏာသိမ္းခ်ိန္မွာ စစ္ေကာင္စီကို အၾကမ္းမဖက္ အာဏာဖီဆန္တဲ့ (CDM) လုပ္ခဲ့ၿပီးေနာက္ ဆႏၵျပပြဲေတြမွာ ပါဝင္လာခဲ့သူတဦးပါ။

စစ္အာဏာသိမ္းကို ဆႏၵျပတာေတြ အၾကမ္းဖက္ၿဖိဳခြင္းလို႔ လူေသဆုံးတာေတြရွိလာတဲ့ေနာက္မွာ အခ်ိဳ႕က လက္နက္ကိုင္ခုခံေတာ္လွန္ဖို႔ ဆုံးျဖတ္ၾကသလို အခ်ိဳ႕ကလည္း ဆႏၵျပရင္းဆန႔္က်င္ေတာ္လွန္မယ္ဆိုတဲ့ နည္းလမ္းေတြကို ေ႐ြးခ်ယ္ ဆုံးျဖတ္ၾကပါတယ္။

ကိုေအာင္ျမတ္တို႔အဖြဲ႕ထဲမွာဆိုရင္လည္း ဆႏၵျပရင္းကေန လက္နက္ကိုင္ခုခံေတာ္လွန္ဖို႔အတြက္ ဆုံးျဖတ္ၿပီး ထြက္ခြါသြားသူေတြလည္းရွိပါတယ္။ လက္နက္ကိုင္ခုခံေတာ္လွန္ဖို႔ဆိုရင္ ႐ုပ္ပိုင္းနဲ႔ စိတ္ပိုင္းဆိုင္ရာမွာ ႀကံ့ခိုင္မႈရွိဖို႔ လိုအပ္ၿပီး ဒီအရာေတြမွာ အဆင္သင့္မျဖစ္ေသးဘူးလို႔ ယူဆတဲ့အတြက္ ဆႏၵထုတ္ေဖာ္ရင္း ဆန႔္က်င္ေတာ္လွန္ဖို႔အတြက္ကိုပဲ ကိုေအာင္ျမတ္တေယာက္ ဆုံးျဖတ္ခဲ့ပါတယ္။

ကိုေအာင္ျမတ္ဟာ သူယုံၾကည္ရာကိုပဲ ဆက္ေလွ်ာက္လွမ္းေနၿပီး တေန႔ ေအာင္ျမင္မႈရမယ္လို႔ သူကယုံၾကည္ပါတယ္။

“က်ေနာ္ဆို CDM လုပ္ထားတာေလာက္နဲ႔ လိပ္ျပာမလုံႏိုင္ေတာ့ဘူး။ CDM ေလးလုပ္ၿပီး လိပ္ျပာလုံစြာ မရပ္တည္ႏိုင္ဘူး။ လူထုတိုက္ပြဲေတြမွာ ကိုယ္တိုင္ကိုယ္ က်ပါဝင္မယ္။ ၿပီးေတာ့ ခုခံတြန္းလွန္စစ္မွာ လုံးဝ ပါဝင္ႏိုင္တဲ့အေနအထား မရွိတဲ့အတြက္ လူထုတိုက္ပြဲမွာ ပါဝင္ဖို႔ ဆုံးျဖတ္ခ်က္ ခ်ခဲ့တာပါ။ လက္နက္ကိုင္ဖို႔ လမ္းစဥ္ကို စိတ္ကူးကိုမရွိခဲ့တာ။ လုံးဝကို စိတ္လည္း မကူးဖူးေပါ့။ ဘာလို႔လဲဆိုေတာ့ အၾကမ္းဖက္တဲ့သူကို အၾကမ္းဖက္တဲ့နည္းနဲ႔ေျဖရွင္းရမွာဟုတ္ေပမယ့္ ကိုယ့္ရဲ႕ အေနအထားေပါ့ဗ်ာ။ ကိုယ့္ရဲ႕ႀကံ့ခိုင္မႈ၊ စိတ္ဓာတ္ႀကံ့ခိုင္မႈ ခႏၶာကိုယ္ႀကံ့ခိုင္မႈအားေတြလည္း လိုေသးတာဆိုေတာ့ အရာရာကို ခ်င့္ခ်ိန္ရေသးတာေပါ့။ ကိုယ္က ဘာလုပ္ႏိုင္လဲ၊ ကိုယ္ဘယ္ေလာက္ထိ လုပ္ႏိုင္လဲ လက္နက္ကိုင္ၿပီးမွ ဘာမွ မလုပ္ႏိုင္ဘူးဆိုရင္လည္း အလကားပဲေလ။ အဲ့ဒါေၾကာင့္ လက္နက္ကိုင္ဖို႔ စိတ္မကူးခဲ့ဖူးေပါ့။ ကိုယ္ေ႐ြးခ်ယ္ရာလမ္းေၾကာင္း ကိုယ္ရပ္တည္ရာလမ္းေၾကာင္း ကိုယ့္ရဲ႕ ဆုံးျဖတ္တဲ့လမ္းေၾကာင္း မွန္ကန္တဲ့အေပၚကို ယုံယုံၾကည္ၾကည္နဲ႔ ေလွ်ာက္တယ္။ အဲ့ဒါၿပီးေတာ့ ဒီယုံၾကည္မႈကိုလည္း ၿပီးဆုံးတိုင္ေအာင္ေပါ့။ ၿပီးဆုံးတိုင္ေအာင္ထိ လုပ္မယ္။ ဒီေလာက္ထိပဲ ဆုံးျဖတ္ခဲ့တာပါ။ ေအာင္ျမင္မႈ ရမယ့္တေန႔ေလးနဲ႔ပဲ သြားေနတာေပါ့။ တေန႔ေတာ့ ေအာင္ျမင္မႈရမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ ဒါေလးနဲ႔ပဲ ေရွ႕ဆက္ၿပီး တိုက္ပြဲဝင္ေနတာေပါ့။”

အာဏာသိမ္းတာ ၁ ႏွစ္ေက်ာ္လာၿပီး ဆႏၵထုတ္ေဖာ္တာဟာ ရက္ေပါင္း ၅၀၀ ေက်ာ္လာတဲ့အခါမွာေတာ့ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္ ဖမ္းဆီးတာေတြရွိတဲ့အတြက္ လူထုရဲ႕ ထဲထဲဝင္ဝင္ ပါဝင္လာမႈဟာလည္း အားနည္းလာခဲ့ပါတယ္။ စစ္ေကာင္စီရဲ႕ ဖမ္းဆီးတာေတြေၾကာင့္ လူထုဟာ ကိုယ္တိုင္ထဲထဲဝင္ဝင္ မပါဝင္ေပမယ့္ ေဘးနားကေန အားေပး ကူညီတာမ်ိဳးေတာ့ရွိ ဆက္ရွိေနပါတယ္။

ဒါေပမယ့္ သပိတ္အဖြဲ႕ဝင္ေတြ တိမ္းေရွာင္ဖို႔ေနရာနဲ႔ စားေသာက္ဖို႔အခက္အခဲေတြကလည္း ရွိေနပါတယ္။ တခ်ိဳ႕အခ်ိန္ေတြမွာဆိုရင္လည္း လုံၿခဳံေရးတင္းၾကပ္တဲ့အတြက္ လူထု အာ႐ုံစိုက္မႈမ်ားတဲ့ ၿမိဳ႕ေပၚ အဓိက ေနရာေတြမွာ ဆႏၵျပခြင့္ မရတဲ့ေန႔ေတြလည္း ရွိပါတယ္။ ဒီလိုအခက္အခဲေပါင္း မ်ားစြာရွိေနေပမယ့္ စစ္တပ္ရဲ႕ အာဏာသိမ္းမႈကို ရတဲ့ေနရာ ရတဲ့နည္းလမ္းနဲ႔ ဆက္လက္ဆႏၵျပေနသလို ဖမ္းဆီးမႈေတြရွိလည္း က်န္ရွိတဲ့ လူေတြကဆက္ၿပီး ဆႏၵျပသြားဦးမယ္လို႔ ကေလးပင္မသပိတ္အဖြဲ႕ဝင္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

အလံမလိပ် အသံမတိတ်တဲ့ ကလေးမြို့ ပင်မသပိတ်ရဲ့ ရက် ၅၀၀ ကျော်ခရီး


စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင် ချီတက်ဆန္ဒပြတဲ့ ပင်မသပိတ်ဟာ ရက်ပေါင်း ၅၀၀ ကျော်တဲ့အထိ ထူးထူးခြားခြား နေ့စဉ်မပြတ် ပုံစံမျိုးစုံနဲ့ ဆန္ဒပြနေတုန်းပါ။ နယ်မြို့တွေနဲ့ မြန်မာနိုင်ငံနေရာတချို့မှာ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံမှုတွေ ရှိလာပေမယ့်လည်း ကလေးမြို့ရဲ့ ပင်မသပိတ် ဆန္ဒပြမှုဟာ ရပ်မသွားခဲ့ပါဘူး။ ဒီကနေ့အထိ ဆန္ဒပြမှုတွေကို ဘာကြောင့်လုပ်နေသလဲဆိုတာနဲ့ သပိတ်မှာပါဝင်သူတွေရဲ့ အခက်အခဲတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်း အလိမ္မာက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ်က နယ်မြို့လေးတမြို့ဖြစ်တဲ့ ကလေးမြို့မှာ စစ်တပ်က အာဏာသိမ်းပြီး တပတ်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှာတော့ မြို့အနောက်ဘက်မှာရှိတဲ့ တာဟန်းရပ်ကွက်ကနေ စတင်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

အာဏာသိမ်းမှုကို နေ့စဉ်မပြတ် ဆန္ဒပြခဲ့တာဟာ အခုဆိုရင် ရက်ပေါင်း ၅၀၀ ကျော်ရှိသွားပါပြီ။ ဖေဖော်ဝါရီနဲ့မတ်လတို့မှာ လူပေါင်းသောင်းချီပါဝင်ဆန္ဒပြခဲ့ပြီး စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းလာတဲ့နောက်ပိုင်းမှာ အချို့က လက်နက်ကိုင်တော်လှန်မှုထဲ ရောက်သွားပါတယ်။ ဒါပေမယ့်လည်း ကျန်တဲ့တက်ကြွသူတွေကတော့ အခုလို ရက်ပေါင်း ၅၀၀ ကျော်လာတဲ့အထိ ဆက်လက် ဆန္ဒပြနေတာကြတုန်းပါ။

ဘာကြောင့် အခုလို ရက်ပေါင်း ၅၀၀ ကျော်လာတဲ့အထိ ဆန္ဒထုတ်ဖော်နေရလည်းဆိုတာကို သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဗိုက်ပူက အခုလိုပြောပါတယ်။

“ဒီကနေ့ ဒီအချိန်ထိ အလံမလိပ် အသံမတိတ်ဘဲ ဆန္ဒပြ တိုက်ပွဲဝင်နေရတာဟာ ကျနော်တို့ ကလေးမြို့အနေနဲ့ စစ်ဖိနပ်အောက် ဒူးမထောက်ကြောင်း ပြသဖို့အတွက်ရယ်၊ ကျနော်တို့ လူထုတရပ်လုံးအနေနဲ့ ဒီတော်လှန်ရေးအပေါ် မမှိတ်မသုန် ပါဝင်ပေးကြဖို့အတွက် ရတဲ့အင်အား၊ ရှိတဲ့နေရာ၊ အဆင်ပြေတဲ့နေရာကနေ ကျနော်တို့ မဖြစ်ဖြစ်အောင် ဒီကနေ့ ဒီအချိန်ထိ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။”

စစ်တပ်က အာဏာမသိမ်းမီ မစန္ဒာလို့ အမည်လွှဲထားသူက ကလေးမြို့တနေရာမှာ ကိုယ်ပိုင်လုပ်ငန်း သေးသေးလေးတခုကို ပိုင်ဆိုင်ပြီး ပျော်ရွှင်တဲ့ မိသားစုဘဝနဲ့ နေထိုင်ခဲ့သူပါ။ စစ်တပ်က အာဏာသိမ်းစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ လလုံး ဆန္ဒပြပွဲတွေမှာ မစန္ဒာ မပါဝင်ခဲ့ပါဘူး။ သူ့အမျိုးသားက အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ တွန်းအားပေးခဲ့ပေမယ့် ကိုယ်တိုင်က နိုင်ငံရေး မလုပ်ဖူးခဲ့သလို ထဲထဲဝင်ဝင် မသိရှိတဲ့အတွက် စောင့်ကြည့်နေခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးတဲ့နောက် လူသေဆုံးတဲ့အထိ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းလာတဲ့အတွက် မတရားမှုကို ဆန့်ကျင်တော်လှန်မယ်ဆိုတဲ့ စိတ်နဲ့ မတ်လ အလယ်လောက်ကစပြီး စစ်ကောင်စီဆန္ဒပြပွဲတွေမှာ ယနေ့ထက်တိုင် ပါဝင်လာခဲ့ပါတယ်။

မစန္ဒဟာ အခုလို ဆန္ဒပြပွဲတွေမှာ ပါဝင်လာတဲ့အခါမှာ ဖမ်းဆီးခံရမှာတွေကိုသိပေမယ့် အရာအားလုံးကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားသလို သူ ဆန္ဒပြပွဲတွေမှာ ပါဝင်ဖြစ်ခဲ့ပုံကို မစန္ဒာကအခုလို ပြောပါတယ်။

“ဒီလုပ်နေတဲ့လူတွေဟာလည်း သူတို့ကိုယ်ကျိုးအတွက် လုပ်နေတာ မဟုတ်ဘူးပေါ့။ ဒါအကုန်လုံးအတွက် လုပ်နေတယ်။ အဲ့ဒါဆိုရင် ငါကိုယ်နှိုက်ကကော အိမ်ထဲမှာနေပြီး ဒီအတိုင်းပဲနေမှာလား။ ဒီအတိုင်းတော့ကော လိပ်ပြာလုံရဲ့လား။ အဲ့လိုစိတ် အတွေးတွေ ဝင်လာခဲ့တာပေါ့။ ငါလုပ်နေတာ ငါဒီလို မလိုက်ဘဲ (ဆန္ဒပြပွဲ) နေတာ မှန်ရဲ့လား သူတို့တောင် သူတို့ ကိုယ်ကျိုးအတွက် မဟုတ်ဘဲနဲ့ လမ်းပေါ်ထွက်နေတာပေါ့နော်။ ဒီလိုအပစ်အခတ်တွေ အဖမ်းအဆီးတွေ ကြားကနေပြီး။ အဲ့ကတည်းက ကျမက ဝင်လိုက်ဖို့ ဆုံးဖြတ်ချက် ချလိုက်တာပေါ့။ အစကတော့ အများကြီးမတွေးခဲ့ဘူး။ မခံချင်တဲ့စိတ်လောက်နဲ့ပဲလုပ်ခဲ့တာ။ လုပ်ရင်းလုပ်ရင်းနဲ့ပဲ လွယ်လွယ်နဲ့ ပြန်ထွက်လို့မရတော့ဘူး။ ကိုယ်ကိုယ်နှိုက်ကလည်း နောက်ဆုတ် ချင်တဲ့စိတ်က လုံးဝမရှိခဲ့တာပေါ့နော်။ အဲ့ဒါဆိုတော့ ဘာပဲဖြစ်လာဖြစ်လာ ရင်ဆိုင်မယ်။ ဘာပဲပေးဆပ်ရ ပေးဆပ်ရ ပေးဆပ်လိုက်တော့မယ်ဆိုပြီး ဝင်ဖြစ်ခဲ့တာပေါ့။ စစချင်းတော့ ကျမ ဘာမှ သိပ်မတွေးခဲ့ဘူး။ လုပ်မယ်၊ ဒါကို မခံနိုင်ဘူး။ ကိုယ့်အာဏာကိုယ်ပြန်ရအောင်လုပ်မယ်ဆိုပြီး အဲ့လိုလွယ်လွယ်နဲ့ပဲ စလုပ်ခဲ့တယ်။”

အရင်က အမျိုးသားက တွန်းအားပေးတာတောင် ဆန္ဒပြပွဲတွေမှာ မပါဝင်ခဲ့တဲ့မစန္ဒာတယောက်ဟာ အခုဆိုရင် သူက ရှေ့ဆုံးကနေ ဦးဆောင်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်နေပါပြီ။ သူအခုလို သပိတ်မှာ ပါဝင်နေတာကို စစ်ကောင်စီဘက်က သိတဲ့အတွက် နေအိမ်ကို ဝင်ရောက်ရှာဖွေတာတွေ လုပ်သလို စုဆောင်းရင်းနှီးထားတဲ့ အိမ်တွင်းပစ္စည်းတွေကိုလည်း ဖျက်ဆီးပြီး ယူဆောင်သွားတယ်လို့ ပြောပါတယ်။

ဒီလို ဆန္ဒပြပွဲတွေ လုပ်ဆောင်တဲ့အခါမှာ အမျိုးသမီးလည်း ဖြစ်တဲ့အတွက် အခက်အခဲတွေရှိတယ်လို့ဆိုပါတယ်။ ဆန္ဒပြပွဲ ပါဝင်သူတချို့ အဖမ်းခံရစဉ်က ခံပြင်းဝမ်းနည်းခဲ့ရပြီး ထွက်ပြေးချိန်မှာလည်း ကြောက်ရွံ့ထိတ်လန့် စိတ်တွေရှိပေမယ့် နောက်ရက်မှာတော့ ပုံမှန်အတိုင်းပဲ ကြောက်ရွံ့ထိတ်လန့်တာမရှိဘူးလို့ မစန္ဒာက ပြောပြပါတယ်။

“အမျိုးသမီးတွေပါတဲ့အတွက် နည်းနည်းတော့ အခက်အခဲရှိတာပေါ့နော်။ အခုချိန် ထိလည်း ကျမတို့က တိမ်းရှောင်နေရတုန်းပဲ။ နေ့တိုင်းပဲ ကျမတို့က အန္တရာယ်ထဲမှာ ကျရောက်နေသလိုပေါ့။ မှတ်မှတ်ရရ အနေနဲ့ဆိုရင် ကျမတို့တွေ (၂၀၂၁) သြဂုတ်လလောက်ကပေါ့။ လေးဘက်လေးတန်က ပိတ်ပြီးဖြိုခွဲခံရတဲ့နေ့ပေါ့။ အဲ့နေ့မှာဆိုရင် သပိတ်မှာပါဝင်သူ ၁၃ ယောက်လောက် အဖမ်းခံခဲ့ရတယ်။ အဲ့အချိန် တုန်းကတော့ ကိုယ့်အဖွဲ့ဝင်တွေပါသွားတော့ တော်တော့ကို ဝမ်းနည်းခံပြင်းဖြစ်ခဲ့ရတာပေ့ါနော်။ ဒါလည်း အမှတ်တရတခုပေါ့။ အဲ့ကြောက်တဲ့စိတ်လည်း သိပ်မရှိတော့ဘူး။ ကျမတို့ ထွက်ပြေးခဲ့တဲ့နေ့ဆိုရင်လည်း ထွက်ပြေးခဲ့တဲ့နေ့ တရက်ပဲ နောက်နေ့ဆို ပုံမှန်ပဲဖြစ်သွားတော့ အကုန်လုံးပဲ။ ကျမတို့ တဖွဲ့လုံးကလေ စိတ်တူကိုယ်တူနဲ့လေ၊ ကြောက်တဲ့စိတ်ရှိရင်လည်း ခဏပဲ။ စိတ်တူတယ်ပြောရမလား၊ မိုက်ရူးရဲဆန်တယ်ပဲပြောရမလား၊ ကြောက်တဲ့စိတ်တော့မရှိဘူး။”

မစန္ဒဟာ ကိုဗစ်ရောဂါကူးစက်ပြီး နေမကောင်းချိန်မှာတောင် အခြားလူတွေကို မကူးစက်အောင် ပြင်ဆင်ကာကွယ်ပြီး ဆန္ဒထုတ်ဖော်ပွဲတွေ လိုက်ပါခဲ့ပါတယ်။ ဖမ်းဆီးချိန်မှာလည်း ပုံစံအမျိုးမျိုးဖျက်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကို တိမ်းရှောင်ခဲ့ပါသေးတယ်။

ဒီရက်ပေါင်း ၅၀၀ ကျော် ဆန္ဒပြတဲ့အဖွဲ့ထဲက အသက် ၃၀ အရွယ် ကိုအောင်မြတ် (အမည်လွှဲ) ဟာလည်း လုပ်သက် ၁၂ နှစ်နီးပါးရှိတဲ့ အစိုးရဝန်ထမ်းတဦး ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းချိန်မှာ စစ်ကောင်စီကို အကြမ်းမဖက် အာဏာဖီဆန်တဲ့ (CDM) လုပ်ခဲ့ပြီးနောက် ဆန္ဒပြပွဲတွေမှာ ပါဝင်လာခဲ့သူတဦးပါ။

စစ်အာဏာသိမ်းကို ဆန္ဒပြတာတွေ အကြမ်းဖက်ဖြိုခွင်းလို့ လူသေဆုံးတာတွေရှိလာတဲ့နောက်မှာ အချို့က လက်နက်ကိုင်ခုခံတော်လှန်ဖို့ ဆုံးဖြတ်ကြသလို အချို့ကလည်း ဆန္ဒပြရင်းဆန့်ကျင်တော်လှန်မယ်ဆိုတဲ့ နည်းလမ်းတွေကို ရွေးချယ် ဆုံးဖြတ်ကြပါတယ်။

ကိုအောင်မြတ်တို့အဖွဲ့ထဲမှာဆိုရင်လည်း ဆန္ဒပြရင်းကနေ လက်နက်ကိုင်ခုခံတော်လှန်ဖို့အတွက် ဆုံးဖြတ်ပြီး ထွက်ခွါသွားသူတွေလည်းရှိပါတယ်။ လက်နက်ကိုင်ခုခံတော်လှန်ဖို့ဆိုရင် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ကြံ့ခိုင်မှုရှိဖို့ လိုအပ်ပြီး ဒီအရာတွေမှာ အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆတဲ့အတွက် ဆန္ဒထုတ်ဖော်ရင်း ဆန့်ကျင်တော်လှန်ဖို့အတွက်ကိုပဲ ကိုအောင်မြတ်တယောက် ဆုံးဖြတ်ခဲ့ပါတယ်။

ကိုအောင်မြတ်ဟာ သူယုံကြည်ရာကိုပဲ ဆက်လျှောက်လှမ်းနေပြီး တနေ့ အောင်မြင်မှုရမယ်လို့ သူကယုံကြည်ပါတယ်။

“ကျနော်ဆို CDM လုပ်ထားတာလောက်နဲ့ လိပ်ပြာမလုံနိုင်တော့ဘူး။ CDM လေးလုပ်ပြီး လိပ်ပြာလုံစွာ မရပ်တည်နိုင်ဘူး။ လူထုတိုက်ပွဲတွေမှာ ကိုယ်တိုင်ကိုယ် ကျပါဝင်မယ်။ ပြီးတော့ ခုခံတွန်းလှန်စစ်မှာ လုံးဝ ပါဝင်နိုင်တဲ့အနေအထား မရှိတဲ့အတွက် လူထုတိုက်ပွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာပါ။ လက်နက်ကိုင်ဖို့ လမ်းစဉ်ကို စိတ်ကူးကိုမရှိခဲ့တာ။ လုံးဝကို စိတ်လည်း မကူးဖူးပေါ့။ ဘာလို့လဲဆိုတော့ အကြမ်းဖက်တဲ့သူကို အကြမ်းဖက်တဲ့နည်းနဲ့ဖြေရှင်းရမှာဟုတ်ပေမယ့် ကိုယ့်ရဲ့ အနေအထားပေါ့ဗျာ။ ကိုယ့်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု ခန္ဓာကိုယ်ကြံ့ခိုင်မှုအားတွေလည်း လိုသေးတာဆိုတော့ အရာရာကို ချင့်ချိန်ရသေးတာပေါ့။ ကိုယ်က ဘာလုပ်နိုင်လဲ၊ ကိုယ်ဘယ်လောက်ထိ လုပ်နိုင်လဲ လက်နက်ကိုင်ပြီးမှ ဘာမှ မလုပ်နိုင်ဘူးဆိုရင်လည်း အလကားပဲလေ။ အဲ့ဒါကြောင့် လက်နက်ကိုင်ဖို့ စိတ်မကူးခဲ့ဖူးပေါ့။ ကိုယ်ရွေးချယ်ရာလမ်းကြောင်း ကိုယ်ရပ်တည်ရာလမ်းကြောင်း ကိုယ့်ရဲ့ ဆုံးဖြတ်တဲ့လမ်းကြောင်း မှန်ကန်တဲ့အပေါ်ကို ယုံယုံကြည်ကြည်နဲ့ လျှောက်တယ်။ အဲ့ဒါပြီးတော့ ဒီယုံကြည်မှုကိုလည်း ပြီးဆုံးတိုင်အောင်ပေါ့။ ပြီးဆုံးတိုင်အောင်ထိ လုပ်မယ်။ ဒီလောက်ထိပဲ ဆုံးဖြတ်ခဲ့တာပါ။ အောင်မြင်မှု ရမယ့်တနေ့လေးနဲ့ပဲ သွားနေတာပေါ့။ တနေ့တော့ အောင်မြင်မှုရမယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဒါလေးနဲ့ပဲ ရှေ့ဆက်ပြီး တိုက်ပွဲဝင်နေတာပေါ့။”

အာဏာသိမ်းတာ ၁ နှစ်ကျော်လာပြီး ဆန္ဒထုတ်ဖော်တာဟာ ရက်ပေါင်း ၅၀၀ ကျော်လာတဲ့အခါမှာတော့ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီးတာတွေရှိတဲ့အတွက် လူထုရဲ့ ထဲထဲဝင်ဝင် ပါဝင်လာမှုဟာလည်း အားနည်းလာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးတာတွေကြောင့် လူထုဟာ ကိုယ်တိုင်ထဲထဲဝင်ဝင် မပါဝင်ပေမယ့် ဘေးနားကနေ အားပေး ကူညီတာမျိုးတော့ရှိ ဆက်ရှိနေပါတယ်။

ဒါပေမယ့် သပိတ်အဖွဲ့ဝင်တွေ တိမ်းရှောင်ဖို့နေရာနဲ့ စားသောက်ဖို့အခက်အခဲတွေကလည်း ရှိနေပါတယ်။ တချို့အချိန်တွေမှာဆိုရင်လည်း လုံခြုံရေးတင်းကြပ်တဲ့အတွက် လူထု အာရုံစိုက်မှုများတဲ့ မြို့ပေါ် အဓိက နေရာတွေမှာ ဆန္ဒပြခွင့် မရတဲ့နေ့တွေလည်း ရှိပါတယ်။ ဒီလိုအခက်အခဲပေါင်း များစွာရှိနေပေမယ့် စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ရတဲ့နေရာ ရတဲ့နည်းလမ်းနဲ့ ဆက်လက်ဆန္ဒပြနေသလို ဖမ်းဆီးမှုတွေရှိလည်း ကျန်ရှိတဲ့ လူတွေကဆက်ပြီး ဆန္ဒပြသွားဦးမယ်လို့ ကလေးပင်မသပိတ်အဖွဲ့ဝင်တွေက ပြောပါတယ်။

XS
SM
MD
LG