သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NLD နဲ႔ SNLD ပါတီေတြကို အေရးယူမယ္လို႔ ေရြးေကာက္ပြဲေကာ္မရွင္ေျပာဆို 


ေနျပည္ေတာ္မွာရွိတဲ့ ေရြးေကာက္ပြဲေကာ္မရွင္႐ံုးခ်ဳပ္


[[Zawgyi/Unicode]]


NLD ပါတီနဲ႔ SNLD ပါတီေတြကို အေရးယူေရးဖုိ႔ ေဆာင္႐ြက္သြားမယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မ႐ွင္ တာဝန္ရွိသူကေျပာပါတယ္။ ေ႐ြးေကာက္ပြဲေကာ္မ႐ွင္ရဲ႕ စစ္ေဆးမႈကိုမခံတဲ့အတြက္ ဥပေဒအတိုင္း အေရးယူသြားမယ္လို႔ ဒီေန႔သတင္းစာ႐ွင္းပြဲမွာ ေျပာခဲ့တာပါ။ စစ္ေကာင္စီေျပာခြင့္ရကလည္း ႏိုင္ငံေရးအၾကပ္အတည္းကုိ ေျဖ႐ွင္းႏိုင္ ဖုိ႔ ေဆာင္႐ြက္ေနတ့ဲအေၾကာင္း ေနျပည္ေတာ္မွာလုပ္တဲ့ သတင္းစာ႐ွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို မစုျမတ္မြန္က တင္ျပေပးထားပါတယ္။

ေနျပည္ေတာ္မွာ ဒီေန႔ မတ္လ ၂၄ ရက္ေန႔လုပ္ခဲ့တဲ့ သတင္းစာ႐ွင္းပြဲမွာ ေ႐ြးေကာက္ပြဲက်င္းပဖုိ႔ ျပင္ဆင္ထားတဲ့ ကိစၥေတြကို အဓိက ေျပာခဲ့ပါတယ္။ လာမယ့္ႏွစ္ ေ႐ြးေကာက္ပြဲက်င္းပတဲ့အခါ အခ်ိဳးက် ကိုယ္စားျပဳစနစ္ေတြထဲက စာရင္းပိတ္ အခ်ိဳးက် ကိုယ္စားျပဳစနစ္ကို ေျပာင္းလဲက်င့္သုံးသြားမယ္လို႔ ေကာ္မရွင္က ဆိုပါတယ္။ ပါတီနာမည္ကို မူတည္တဲ့ အခ်ဳိးက် ကုိယ္စားျပဳ စနစ္ထဲက စာရင္းပိတ္စနစ္နဲ႔ လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြကို လုပ္သြားမယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖဲြ႔ဝင္ ဦးခင္ေမာင္ဦးကေျပာပါတယ္။

ႏိုင္ငံေရးပါတီစာရင္းေတြ စစ္ေဆးမႈနဲ႔ပတ္သက္လုိ႔လည္း ပါတီ ၈၃ ခုကို စစ္ေဆးခဲ့ၿပီးျဖစ္တယ္လို႔ ေျပာပါတယ္။ ေ႐ြးေကာက္ပြဲ ေကာ္မ႐ွင္ရဲ႕စစ္ေဆးမႈမခံခဲ့တဲ့ NLD ပါတီနဲ႔ SNLD ပါတီတို႔အေပၚ အေရးယူသြားမယ္လို႔လည္း ေကာ္မ႐ွင္အဖဲြ႔ဝင္ ဦးခင္ေမာင္ဦးက ေျပာပါတယ္။

“၂၄ (ဂ/ဃ/င) အရဆိုရင္ ပါတီကို သတ္မွတ္ရက္အတြင္းမွာ ညႊန္ၾကားခ်က္အတုိင္း ေဆာင္ရြက္တာမရွိရင္ ႏိုင္ငံေရးပါတီကို သံုးႏွစ္အထိ ယာယီရပ္ဆုိင္းတာ၊ ယာယီရပ္ဆုိင္းတဲ့ကာလအတြင္းမွာ (ဃ)အရဆိုရင္ သတ္မွတ္ထားတဲ့လုပ္ငန္းေတြကလြဲရင္ က်န္တဲ့လုပ္ငန္းေတြ ေဆာင္ရြက္ျခင္းမျပဳရဘူး။ ေနာက္ (င) အရဆိုလုိ႔ရွိရင္ တကယ္လို႔ သတ္မွတ္ကာလအတြင္းမွာ ေဆာင္ရြက္ျခင္းမျပဳရင္ေတာ့ ပါတီကို ဖ်က္သိမ္းတဲ့အထိ အေရးယူႏိုင္တာရွိပါတယ္။ ဒါ့ေၾကာင့္ က်ေနာ္တို႔အေနနဲ႔ေတာ့ ဒီပ်က္ကြက္မႈနဲ႔ပတ္သက္လို႔ ရွိရင္ ကိုယ္စားလွယ္ေတြေပါ့- ဒီ က်ေနာ္တို႔ ေကာ္မရွင္အဖြဲ႔ဝင္ေတြေပါ့- ေကာ္မရွင္အဖြဲ႔ဝင္ေတြကလည္း အခု က်ေနာ္ တင္ျပတဲ့အတုိင္းပါပဲ။ ခရီးသြားေနၾကတဲ့သူေတြ-မစံုေသးပါဘူးခင္ဗ်။ ခရီးလွည့္ၿပီးေတာ့ ....ပေရာဂ်က္ေတြ လုပ္ေနပါတယ္။ သူတို႔ ျပန္ေရာက္ၿပီ၊ စံုၿပီဆိုရင္ေတာ့ က်ေနာ္တို႔မွန္းတာေတာ့ တပ္မေတာ္ေန႔ေနာက္ပိုင္းေပါ့- က်ေနာ္တို႔ရဲ႕ စီမံခန္႔ခြဲေရးေကာ္မတီအစည္းအေဝး - စံုညီအစည္းအေဝးထုိင္ၿပီးရင္ေတာ့ ဥပေတြနဲ႔အညီ လိုအပ္သလို ဆံုးျဖတ္ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။”

ဒီေန႔သတင္းစာ႐ွင္းပြဲအတြင္းမွာ ျမန္မာႏိုင္ငံမွာ လက္႐ွိျဖစ္ေနတဲ့ ႏိုင္ငံေရးအၾကပ္အတည္း ျပႆနာေတြကို ေျဖ႐ွင္းႏိုင္ဖုိ႔ စစ္ေကာင္စီက ဘယ္လိုနည္းေတြနဲ႔ ေဆာင္႐ြက္ေနတယ္ဆိုတာကိုလည္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ခုလိုေျဖၾကားသြားပါတယ္။

“ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡမ်ား ေလွ်ာ့ခ်ႏိုင္ေရးအတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြ ေဆာင္ရြက္လွ်က္ရွိတယ္။ ပါတီစံုဒီမုိကေရစီ အေထြေထြေရြးေကာက္ပြဲမွာ အၾကားအလပ္မရွိ က်င္းပႏုိင္ေရးအတြက္ ႀကိဳးစားေဆာင္ရြက္လွ်က္ရွိတယ္လို႔ပဲ က်ေနာ္တို႔ ေျပာခ်င္ပါတယ္။”

ျမန္မာႏိုင္ငံမွာ လက္႐ွိျဖစ္ေနတဲ့ လက္နက္ကိုင္ပဋိပကၡေတြရဲ႕ အေျခခံနဲ႔ပတ္သက္လုိ႔ စစ္ေကာင္စီရဲ႕ ႐ႈျမင္ပံုကုိလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ခုလို ေျပာပါတယ္။

“လူထုရဲ႕စိတ္ထဲမွာပဲျဖစ္ျဖစ္၊ တုိင္းရင္းသားေတြရဲ႕စိတ္ထဲမွာပဲျဖစ္ျဖစ္ ျဖစ္ေပၚေနတဲ့ မေက်နပ္ႏိုင္မႈေတြကို ပိုၿပီးေတာ့က် ႏႈိးဆြၿပီးေတာ့က် လက္နက္ကိုင္ျဖစ္လာေအာင္ တုိက္တြန္းေနတဲ့၊ လက္နက္ကိုင္ျဖစ္လာေအာင္ လမ္းေၾကာင္းေပးေနတဲ့ကိစၥေတြကို က်ေနာ္တို႔က ေျဖရွင္းမွာျဖစ္တယ္။ လက္နက္ကိုင္ၿပီးေတာ့က် ေဆာင္ရြက္ေနတဲ့အဖြဲ႔ေတြနဲ႔ပတ္သက္ၿပီး လက္နက္ကိုင္ပဋိပကၡေတြနဲ႔ပတ္သက္ေနတဲ့ အဖြဲ႔ေတြနဲ႔ ပတ္သက္ၿပီးေတာ့က် မေက်နပ္မႈမ်ားေပါ့ေနာ္- သူတို႔ရဲ႕စိတ္ထဲမွာရွိတဲ့ မေက်နပ္မႈမ်ားကို အနည္းဆံုးအဆင့္ ေလွ်ာ့ခ်ႏိုင္တဲ့အထိ က်ေနာ္တို႔က ႀကိဳးပမ္းေဆာင္ရြက္မွာျဖစ္တယ္။”

ျမန္မာႏိုင္ငံထဲက စစ္ကိုင္းတုိင္း၊ မေကြးတုိင္း၊ တနသၤာရီတိုင္း၊ ကရင္ျပည္နယ္၊ ကယားျပည္နယ္၊ ခ်င္းျပည္နယ္၊ ႐ွမ္းျပည္နယ္နဲ႔ ကခ်င္ျပည္နယ္ေတြဘက္မွာ လက္နက္ကိုင္ပဋိပကၡေတြ ဆက္ျဖစ္ေနပါတယ္။ စစ္အာဏာသိမ္းမႈနဲ႔ စစ္ေကာင္စီတပ္ဖဲြ႔ဝင္ေတြရဲ႕ အင္အားသံုးေဆာင္႐ြက္မႈကို လက္မခံႏိုင္တဲ့ ေဒသခံျပည္သူေတြက လက္နက္စဲြကိုင္ၿပီး ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြအျဖစ္ စစ္ေကာင္စီတပ္ေတြကို တုိက္ခိုက္ေနၾကတာပါ။ စစ္ေကာင္စီကေတာ့ ဒီအဖဲြ႔ေတြဟာ အၾကမ္းဖက္လုပ္ရပ္ေတြ လုပ္ေနတယ္ဆုိၿပီး အဲဒီအဖဲြ႔ေတြနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ အစီအစဥ္မ႐ွိဘူးလို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

NLD နဲ့ SNLD ပါတီတွေကို အရေးယူမယ်လို့ ရွေးကောက်ပွဲကော်မရှင်ပြောဆို

NLD ပါတီနဲ့ SNLD ပါတီတွေကို အရေးယူရေးဖို့ ဆောင်ရွက်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူကပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ စစ်ဆေးမှုကိုမခံတဲ့အတွက် ဥပဒေအတိုင်း အရေးယူသွားမယ်လို့ ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောခဲ့တာပါ။ စစ်ကောင်စီပြောခွင့်ရကလည်း နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင် ဖို့ ဆောင်ရွက်နေတဲ့အကြောင်း နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

နေပြည်တော်မှာ ဒီနေ့ မတ်လ ၂၄ ရက်နေ့လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ထားတဲ့ ကိစ္စတွေကို အဓိက ပြောခဲ့ပါတယ်။ လာမယ့်နှစ် ရွေးကောက်ပွဲကျင်းပတဲ့အခါ အချိုးကျ ကိုယ်စားပြုစနစ်တွေထဲက စာရင်းပိတ် အချိုးကျ ကိုယ်စားပြုစနစ်ကို ပြောင်းလဲကျင့်သုံးသွားမယ်လို့ ကော်မရှင်က ဆိုပါတယ်။ ပါတီနာမည်ကို မူတည်တဲ့ အချိုးကျ ကိုယ်စားပြု စနစ်ထဲက စာရင်းပိတ်စနစ်နဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကို လုပ်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကပြောပါတယ်။

နိုင်ငံရေးပါတီစာရင်းတွေ စစ်ဆေးမှုနဲ့ပတ်သက်လို့လည်း ပါတီ ၈၃ ခုကို စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့စစ်ဆေးမှုမခံခဲ့တဲ့ NLD ပါတီနဲ့ SNLD ပါတီတို့အပေါ် အရေးယူသွားမယ်လို့လည်း ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။

“၂၄ (ဂ/ဃ/င) အရဆိုရင် ပါတီကို သတ်မှတ်ရက်အတွင်းမှာ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာမရှိရင် နိုင်ငံရေးပါတီကို သုံးနှစ်အထိ ယာယီရပ်ဆိုင်းတာ၊ ယာယီရပ်ဆိုင်းတဲ့ကာလအတွင်းမှာ (ဃ)အရဆိုရင် သတ်မှတ်ထားတဲ့လုပ်ငန်းတွေကလွဲရင် ကျန်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ခြင်းမပြုရဘူး။ နောက် (င) အရဆိုလို့ရှိရင် တကယ်လို့ သတ်မှတ်ကာလအတွင်းမှာ ဆောင်ရွက်ခြင်းမပြုရင်တော့ ပါတီကို ဖျက်သိမ်းတဲ့အထိ အရေးယူနိုင်တာရှိပါတယ်။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့တော့ ဒီပျက်ကွက်မှုနဲ့ပတ်သက်လို့ ရှိရင် ကိုယ်စားလှယ်တွေပေါ့- ဒီ ကျနော်တို့ ကော်မရှင်အဖွဲ့ဝင်တွေပေါ့- ကော်မရှင်အဖွဲ့ဝင်တွေကလည်း အခု ကျနော် တင်ပြတဲ့အတိုင်းပါပဲ။ ခရီးသွားနေကြတဲ့သူတွေ-မစုံသေးပါဘူးခင်ဗျ။ ခရီးလှည့်ပြီးတော့ ....ပရောဂျက်တွေ လုပ်နေပါတယ်။ သူတို့ ပြန်ရောက်ပြီ၊ စုံပြီဆိုရင်တော့ ကျနော်တို့မှန်းတာတော့ တပ်မတော်နေ့နောက်ပိုင်းပေါ့- ကျနော်တို့ရဲ့ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး - စုံညီအစည်းအဝေးထိုင်ပြီးရင်တော့ ဥပတွေနဲ့အညီ လိုအပ်သလို ဆုံးဖြတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

ဒီနေ့သတင်းစာရှင်းပွဲအတွင်းမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်း ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ စစ်ကောင်စီက ဘယ်လိုနည်းတွေနဲ့ ဆောင်ရွက်နေတယ်ဆိုတာကိုလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုဖြေကြားသွားပါတယ်။

“ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ လျှော့ချနိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်လျှက်ရှိတယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အကြားအလပ်မရှိ ကျင်းပနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျှက်ရှိတယ်လို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ အခြေခံနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှုမြင်ပုံကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလို ပြောပါတယ်။

“လူထုရဲ့စိတ်ထဲမှာပဲဖြစ်ဖြစ်၊ တိုင်းရင်းသားတွေရဲ့စိတ်ထဲမှာပဲဖြစ်ဖြစ် ဖြစ်ပေါ်နေတဲ့ မကျေနပ်နိုင်မှုတွေကို ပိုပြီးတော့ကျ နှိုးဆွပြီးတော့ကျ လက်နက်ကိုင်ဖြစ်လာအောင် တိုက်တွန်းနေတဲ့၊ လက်နက်ကိုင်ဖြစ်လာအောင် လမ်းကြောင်းပေးနေတဲ့ကိစ္စတွေကို ကျနော်တို့က ဖြေရှင်းမှာဖြစ်တယ်။ လက်နက်ကိုင်ပြီးတော့ကျ ဆောင်ရွက်နေတဲ့အဖွဲ့တွေနဲ့ပတ်သက်ပြီး လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်နေတဲ့ အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ကျ မကျေနပ်မှုများပေါ့နော်- သူတို့ရဲ့စိတ်ထဲမှာရှိတဲ့ မကျေနပ်မှုများကို အနည်းဆုံးအဆင့် လျှော့ချနိုင်တဲ့အထိ ကျနော်တို့က ကြိုးပမ်းဆောင်ရွက်မှာဖြစ်တယ်။”

မြန်မာနိုင်ငံထဲက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေဘက်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ဖြစ်နေပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံးဆောင်ရွက်မှုကို လက်မခံနိုင်တဲ့ ဒေသခံပြည်သူတွေက လက်နက်စွဲကိုင်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအဖြစ် စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေကြတာပါ။ စစ်ကောင်စီကတော့ ဒီအဖွဲ့တွေဟာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတယ်ဆိုပြီး အဲဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစီအစဉ်မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

================

XS
SM
MD
LG