သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းအစိုးရ လူမႈေရးဝန္ႀကီးေဟာင္း ဦးႏိုင္ငံလင္းကို ေထာင္ဒဏ္ ၁၅ ႏွစ္ခ်မွတ္


NLD ကုိယ္စားလွယ္ ဦးႏုိင္ငံလင္း (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

NLD အစိုးရလက္ထက္ ရန္ကုန္တိုင္းအစိုးရ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းေပၚ စြဲဆိုထားတဲ့ အဂတိမႈ ၅ မႈအတြက္ တမႈကို ေထာင္ဒဏ္ သုံးႏွစ္စီနဲ႔ စုစုေပါင္း ေထာင္ဒဏ္ ၁၅ ႏွစ္ခ်မွတ္လိုက္တယ္။

ဒီေန႔ ဧၿပီ ၂၈ ရက္ မနက္ပိုင္းက ရန္ကုန္ အင္းစိန္ေထာင္တြင္း အထူးတရား႐ုံးကေန ခုလို ေထာင္ဒဏ္ေတြ ခ်လိုက္တာျဖစ္ပါ တယ္။ ဒီစီရင္ခ်က္အတြက္ အယူခံတင္မယ္လို႔ သိရပါတယ္။

ဦးႏိုင္ငံလင္းဟာ ရန္ကုန္တိုင္း အစိုးရအဖြဲ႔ အသုံးစရိတ္နဲ႔ ပညာေရးဆိုင္ရာ အေဆာက္အဦးေတြ ေဆာက္လုပ္ေရးအတြက္ တင္ဒါေကာ္မတီဥကၠ႒ တာဝန္ယူစဥ္ လုပ္ပိုင္ခြင့္ရတဲ့လုပ္ငန္းေတြကေန ေငြေၾကးနဲ႔လက္ေဆာင္ရယူခဲ့တယ္လို႔ စြပ္စြဲခံရၿပီး တရားစြဲခံရတာျဖစ္ပါတယ္။

ဦးႏိုင္ငံလင္းဟာ ဖမ္းဆီးခံထားရစဥ္ ကိုဗစ္ေရာဂါျဖစ္ခဲ့ဖူးၿပီး လက္ရွိမွာက်န္းမာေရးအေျခအေနေကာင္းမြန္တယ္လို႔ ေျပာပါတယ္။

#MyanmarMilitaryCoup #NLD #voaburmese #စစ္အာဏာသိမ္းမႈ #ႏုိင္ငံလင္း #ဗီြအိုေအျမန္မာပိုုင္း
==================

[[Unicode]]


ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်

NLD အစိုးရလက်ထက် ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းပေါ် စွဲဆိုထားတဲ့ အဂတိမှု ၅ မှုအတွက် တမှုကို ထောင်ဒဏ် သုံးနှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တယ်။

ဒီနေ့ ဧပြီ ၂၈ ရက် မနက်ပိုင်းက ရန်ကုန် အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ခုလို ထောင်ဒဏ်တွေ ချလိုက်တာဖြစ်ပါ တယ်။ ဒီစီရင်ချက်အတွက် အယူခံတင်မယ်လို့ သိရပါတယ်။

ဦးနိုင်ငံလင်းဟာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ အသုံးစရိတ်နဲ့ ပညာရေးဆိုင်ရာ အဆောက်အဦးတွေ ဆောက်လုပ်ရေးအတွက် တင်ဒါကော်မတီဥက္ကဋ္ဌ တာဝန်ယူစဉ် လုပ်ပိုင်ခွင့်ရတဲ့လုပ်ငန်းတွေကနေ ငွေကြေးနဲ့လက်ဆောင်ရယူခဲ့တယ်လို့ စွပ်စွဲခံရပြီး တရားစွဲခံရတာဖြစ်ပါတယ်။

ဦးနိုင်ငံလင်းဟာ ဖမ်းဆီးခံထားရစဉ် ကိုဗစ်ရောဂါဖြစ်ခဲ့ဖူးပြီး လက်ရှိမှာကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ ပြောပါတယ်။

#MyanmarMilitaryCoup #NLD #voaburmese #စစ်အာဏာသိမ်းမှု #နိုင်ငံလင်း #ဗွီအိုအေမြန်မာပိုင်း
==================

XS
SM
MD
LG