သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်


NLD ကိုယ်စားလှယ် ဦးနိုင်ငံလင်း (ယခင်မှတ်တမ်းဓာတ်ပုံ)
NLD ကိုယ်စားလှယ် ဦးနိုင်ငံလင်း (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

NLD အစိုးရလက်ထက် ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းပေါ် စွဲဆိုထားတဲ့ အဂတိမှု ၅ မှုအတွက် တမှုကို ထောင်ဒဏ် သုံးနှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တယ်။

ဒီနေ့ ဧပြီ ၂၈ ရက် မနက်ပိုင်းက ရန်ကုန် အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ခုလို ထောင်ဒဏ်တွေ ချလိုက်တာဖြစ်ပါ တယ်။ ဒီစီရင်ချက်အတွက် အယူခံတင်မယ်လို့ သိရပါတယ်။

ဦးနိုင်ငံလင်းဟာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ အသုံးစရိတ်နဲ့ ပညာရေးဆိုင်ရာ အဆောက်အဦးတွေ ဆောက်လုပ်ရေးအတွက် တင်ဒါကော်မတီဥက္ကဋ္ဌ တာဝန်ယူစဉ် လုပ်ပိုင်ခွင့်ရတဲ့လုပ်ငန်းတွေကနေ ငွေကြေးနဲ့လက်ဆောင်ရယူခဲ့တယ်လို့ စွပ်စွဲခံရပြီး တရားစွဲခံရတာဖြစ်ပါတယ်။

ဦးနိုင်ငံလင်းဟာ ဖမ်းဆီးခံထားရစဉ် ကိုဗစ်ရောဂါဖြစ်ခဲ့ဖူးပြီး လက်ရှိမှာကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ ပြောပါတယ်။

#MyanmarMilitaryCoup #NLD #voaburmese #စစ်အာဏာသိမ်းမှု #နိုင်ငံလင်း #ဗွီအိုအေမြန်မာပိုင်း
==================

[[Unicode]]







==================

XS
SM
MD
LG