သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုးရာႏွစ္ကူး အတာသၾကၤန္ကာလ အစဥ္အလာေပ်ာ္ရႊင္ပြဲမ်ား ေလ်ာ့နည္း


၂၀၂၂ ခု၊ ဧၿပီလ ၁၅ ရက္၊ သႀကၤန္တတိယေျမာက္ေန႔ျမင္ကြင္း။ (ဓာတ္ပံု-Asia Heritage & History)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ လူမ်ိဳး ဘာသာမေ႐ြး ေပ်ာ္ၾကေလ့႐ွိတဲ့ ျမန္မာ့႐ိုးရာ အတာသၾကၤန္ပြဲေတာ္မွာ ဒီႏွစ္ ေတာ္ေတာ္ မ်ားမ်ား မေပ်ာ္ႏိုင္ဘူးျဖစ္ေနၾကပါတယ္။ လက္နက္ကိုင္ပဋိပကၡေၾကာင့္ ေဘးဒုကၡေရာက္ေနၾကတဲ့ အေျခအေနနဲ႔ ႏိုင္ငံတြင္း မတည္ၿငိမ္တဲ့ အေျခအေနေတြေၾကာင့္ အမ်ားစုအတြက္ ေပ်ာ္႐ႊင္မႈေတြ ဆိတ္သုဥ္းေနတယ္လို႔ ကိုယ္တုိင္ခံစားေနၾကသူေတြက ေျပာပါတယ္။ စိတ္လြတ္ ကိုယ္လြတ္ေပ်ာ္ၾကေလ့႐ွိတဲ့ သႀကၤန္ပြဲေတာ္ ရဲ႕ အႏွစ္သာရ ေပ်ာက္ဆံုးသလိုျဖစ္ေနတဲ့အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္ က တင္ျပေပးထားပါတယ္။

ျမန္မာသကၠရာဇ္ ႏွစ္ေဟာင္းကေန ႏွစ္သစ္ေျပာင္းခ်ိန္ ဆင္ႏြဲၾကေလ့႐ွိတဲ့ သႀကၤန္ပြဲမွာ တႏိုင္ငံလံုး ေပ်ာ္ေပ်ာ္ပါးပါး စည္စည္ကားကား မပါဝင္ၾကတာ ၃ ႏွစ္႐ွိသြားပါၿပီ။ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ပထမလႈိင္းျဖစ္တဲ့ ၂၀၂၀ ခုႏွစ္၊ စစ္တပ္အာဏာသိမ္းတဲ့ ၂၀၂၁ ခုႏွစ္နဲ႔ စစ္ေကာင္စီအုပ္ခ်ဳပ္ေနတဲ့ အခု ၂၀၂၂၊ ၃ ႏွစ္ဆက္တုိက္ သႀကၤန္ဟာ တိတ္ဆိတ္ ေျခာက္ကပ္ေနပါတယ္။ အထူးသျဖင့္ ကိုဗစ္ကပ္ေဘး စိုးရိမ္စရာမ႐ွိေတာ့တဲ့ ဒီႏွစ္မွာ ႏိုင္ငံအႏွံ႔က ၿမိဳ႕ေတြမွာ သိသိသာသာကို လမ္းေပၚ ေရထြက္ကစားသူ မ႐ွိသေလာက္နည္းလွပါတယ္။ စစ္အာဏာသိမ္း အုပ္ခ်ဳပ္ေနတာ ဒုတိယေျမာက္ႏွစ္မွာ ျပည္သူေတြအေနနဲ႔ စိတ္ဒုကၡေရာက္စရာေတြသာ ပိုမ်ားေနတာမို႔ ေပ်ာ္ရမယ့္ ပြဲေတာ္ကာလမွာေတာင္ ေပ်ာ္ခ်င္စိတ္ မ႐ွိၾကေတာ့ဘူးလို႔ ရန္ကုန္ေဒသခံတဦးက ေျပာပါတယ္။

၂၀၂၂ ခု၊ ဧၿပီလ ၁၅ ရက္၊ သႀကၤန္တတိယေျမာက္ေန႔ျမင္ကြင္း။ (ဓာတ္ပံု-Asia Heritage & History)
၂၀၂၂ ခု၊ ဧၿပီလ ၁၅ ရက္၊ သႀကၤန္တတိယေျမာက္ေန႔ျမင္ကြင္း။ (ဓာတ္ပံု-Asia Heritage & History)

"ငယ္ငယ္တုန္းကေတာ့ ေပ်ာ္တာေပါ့။ တႏွစ္ တႏွစ္ ေရပတ္ခံထြက္ၾကတယ္။ ႐ုံးမွာလည္း ေရပတ္ၾကတာေပါ့။ လည္ၾကတယ္။ မ႑ပ္ေတြသြားၾကည့္ၾကတာေပါ့ေနာ္။ အခု ကေလးေတြဆိုရင္ အိမ္မွာအန္တီ့သမီး ရွိတယ္ေလ။ အန္တီ့သမီးဆို အျပင္မသြားဘူး။ အန္တီ့သားေတြဆိုလည္း တေယာက္က ကိုရင္ဝတ္တယ္။ တေယာက္ကက်ေတာ့ ရိပ္သာဝင္တယ္ေပါ့ေနာ္။ ဟိုး ကိုဗစ္ပထမ တႏွစ္ကတည္းကနဲ႔ မႏွစ္ကအာဏာသိမ္းေတာ့ အဲႏွစ္မွာလည္း ေတာ္ေတာ္ေလးေျခာက္ကပ္တယ္ေပါ့ေနာ္။ ဒီႏွစ္ကေတာ့ အန္တီတို႔ေတြ လုံးဝကိုအျပင္မထြက္သေလာက္ပဲေပါ့။"

ျမန္မာ့႐ိုးရာ အစဥ္အလာအရ သႀကၤန္အခ်ိန္မွာ ႏွစ္ေဟာင္းက အညစ္အေၾကးေတြကို ေရနဲ႔ ေဆးေၾကာ ဖယ္႐ွားသန္႔စင္ၾကတာျဖစ္ပါတယ္။ သႀကၤန္ကာလမွာ အလွဴအတန္း၊ ေကာင္းမႈကုိသိုလ္ေတြကိုလည္း လုပ္ၾကပါတယ္။ ဒီႏွစ္မွာေတာ့ ကိုယ္ေနထိုင္တဲ့ ပတ္ဝန္းက်င္ အသိုင္းအဝိုင္းၾကားမွာပါ စုေဝး စတုဒီသာ ေကၽြးေမြး ေပးေဝမႈမ်ဳိးေတာင္ မလုပ္ျဖစ္ေတာ့တာ မ်ားတယ္လို႔လည္း ေျပာျပပါတယ္။

"အနည္းနဲ႔အမ်ားေတာ့ ဒီအ႐ြယ္ေရာက္လာေပမယ့္လည္း ရပ္ကြက္ထဲမွာ အလႉလုပ္တာေတြ၊ ေပ်ာ္ေပ်ာ္ပါးပါးေပါ့ေနာ္။ မုန႔္လုံးေရေပၚလုံးတာေတြ ရွိတာေပါ့ေနာ္။ အခု အသက္ႀကီးေတာ့ မ႑ပ္ေတြဘာေတြ မလည္ သည့္တိုင္ေအာင္ မုန႔္လုံးေရေပၚလုပ္တာေလးေတြ၊ တေယာက္နဲ႔တေယာက္ ေဝတာေလးေတြ၊ ေရေလာင္းေရပက္တယ္။ ဒါေပမယ့္လည္း အခုခ်ိန္မွာေတာ့ အဲဒါမ်ိဳးေတြလည္း ရွိတာမေတြ႕ရဘူးေပါ့ေနာ္။ မ်ားသာအားျဖင့္ကေတာ့ ကိုယ့္အိမ္မွာ ကိုယ္ေနၾကတာပဲမ်ားတယ္။ အဓိကေတာ့ လူငယ္ေတြေပါ့၊ အန္တီတို႔ငယ္ငယ္တုန္းက ၂၀၊ ၂၁၊ ၂၄၊ ၂၅ ထိေတာ့ အန္တီတို႔အ႐ြယ္နဲ႔ဆိုရင္ ေပ်ာ္ခဲ့ရတဲ့အခ်ိန္ေတြေပါ့ေနာ္။ တကယ္ဆိုလို႔ရွိရင္ အခုေခတ္ကေလးေတြဆိုရင္ ပိုၿပီးေတာ့ေတာင္ ေပ်ာ္စရာမ်ားေသးတယ္။ ဒါေပမယ့္လည္း အခုေတာ္ေတာ္မ်ားမ်ားက မ႑ပ္ေတြ အျပင္ေတြ မသြားၾကဘူးေပါ့ေနာ္။"

တခ်ဳိ႕ေနရာေတြမွာေတာ့ ကေလးငယ္ေတြ ေရေဆာ့ကစားတာ ရွိေပမယ့္ ပုံမွန္လို အေျခအေနေတာ့ မဟုတ္ဘူးလို႔ ေျပာၾကပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာ႐ွင္ဆန္႔က်င္သူေတြနဲ႔ စစ္ေကာင္စီၾကား တုိက္ပြဲေတြျဖစ္ေနသလို၊ စစ္ေကာင္စီရဲ႕ နယ္ေျမ႐ွင္းမႈေတြအတြင္း ေနအိမ္ေတြ မီးေလာင္ဆံုး႐ႈံးကုန္ပါတယ္။ အဲဒီလိုဒုကၡေရာက္ေနၾကသူေတြကို စာနာတဲ့အေနနဲ႔ သႀကၤန္မွာ ေပ်ာ္ပြဲ ႐ႊင္ပြဲေတြထဲ မပါၾကဖုိ႔ စစ္အုပ္ခ်ဳပ္ေရးဆန္႔က်င္ေနသူေတြကလည္း တိုက္တြန္းထားပါတယ္။ စစ္ေကာင္စီရဲ႕ သႀကၤန္မ႑ပ္ေတြကို တိုက္ခုိက္မယ္လို႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔တခ်ဳိ႕ကလည္း ၿခိမ္းေျခာက္ထားပါတယ္။ ျပည္သူအမ်ားစုကေတာ့ ပံုမွန္လို ေပ်ာ္စရာေတြ ဆိတ္သုဥ္းေနတာမို႔ သႀကၤန္ပြဲကို မဆင္ႏြဲၾကတာလို႔ ေျပာၾကပါတယ္။ ႏွစ္ေပါင္း အစဥ္အဆက္လက္ဆင့္ကမ္းလာတဲ့ ျမန္မာ့႐ိုးရာပဲြေတာ္ကို ပံုမွန္လို မက်င္းပ မဆင္ႏဲြၾကေတာ့တဲ့အတြက္ ေနာင္မ်ဳိးဆက္ေတြအတြက္ သက္ေရာက္မႈေတြ ႐ွိႏိုင္တယ္လို႔ မႏၱေလးၿမိဳ႕ခံတေယာက္ကလည္း ေျပာပါတယ္။

"သၾကၤန္ပြဲက မိသားစုအေမြေပးလို႔ ရတာမဟုတ္ဘူး။ အေမြေပးခဲ့တာလည္း မဟုတ္ဘူး။ အဲေတာ့ ကေလးငယ္ေတြေပါ့ေနာ္၊ ကိုဗစ္အခ်ိန္မွာေတာင္မွ သူတို႔သေဘာနဲ႔သူတို႔ နည္းနည္းပါးပါးပက္ၾကတာေလး ေတြ႔မိတာ ေပါ့ေနာ္။ ဒီအခ်ိန္မွာက်ေတာ့ သူတို႔မေတာင္းဆိုဘူးဗ်။ သူတို႔ကို မကစားရဘူးလို႔ ဘယ္သူမွလည္း မပိတ္ပင္ဘူး။ ေရကစားတဲ့ကေလး နည္းနည္းပါးပါးေတာ့ ရွိတာေပါ့ေနာ္။ ဒါေပမယ့္ အလြန္အင္မတန္ အနည္းစုေလး။ က်ေနာ္တို႔ ၿမိဳ႕သူၿမိဳ႕သားတေယာက္အေနနဲ႔၊ ျမန္မာႏိုင္ငံသား တေယာက္အေနနဲ႔ ငယ္စဥ္ဘဝကေန ႀကီးလာတဲ့အခ်ိန္အထိ အေနအထားနဲ႔ လက္ရွိအေပၚမွာ က်ေနာ္တို႔ ခံစားၾကည့္တာေပါ့ေနာ္။ ဘယ္လိုစိတ္ဒဏ္ရာေတြ၊ ဘယ္လိုခံစားခ်က္ေတြ၊ သူတို႔အေပၚမွာ ပါသြားၿပီလဲ။ တကယ္တမ္းေျပာရရင္ေတာ့ အမ်ားႀကီးေတြးစရာျဖစ္တယ္။ ေပ်ာ္ရမယ့္အခ်ိန္မွာ မေပ်ာ္ရတာ၊ ေပ်ာ္ခြင့္မရတာ ဒဏ္ရာဒဏ္ခ်က္ပါေနာ္။"

တႏွစ္ပတ္လံုး ေသာက အေမာေတြေျပေအာင္ သႀကၤန္ေရနဲ႔ ေဆးေၾကာေပးတယ္လို႔ တင္စားေျပာၾကေလ့႐ွိ တဲ့ သႀကၤန္ပြဲကို မႏၱေလးၿမိဳ႕မွာ ဘယ္လိုအေျခအေနေရာက္ေရာက္ ဆင္ႏဲြခဲ့ၾကေပမယ့္ အခုေတာ့ အေျခအေနေျပာင္းသြားၿပီလို႔လည္း ခုလိုေျပာပါတယ္။

"က်ေနာ္တို႔ မႏၲေလးက ၁၉၈၄ ေဖေဖာ္ဝါရီ လကုန္ပိုင္းေလာက္မွာ မီးေလာင္တယ္။ အဲဒီေခတ္က အေနအထားနဲ႔ဆိုရင္ သုံးပုံ ပုံ တပုံ ၿမိဳ႕လည္ေခါင္ - တကယ္ကို သၾကၤန္စည္ကားတဲ့ေနရာႀကီးေတြ ေလာင္သြားတယ္။ ေလာင္သြားေတာ့ က်ေနာ္တို႔ လူငယ္ဘဝ တကၠသိုလ္ေက်ာင္းသားေတြက တို႔သၾကၤန္ေတာ့ ပ်က္ၿပီလို႔ထင္တာေပါ့။ အႀကိဳေန႔ တရက္ေလာက္ပဲ။ ေနာက္ရက္ေတြမွာ မီးေလာင္ျပင္ငုတ္တိုေဘးေတြမွာ ပုံးေတြခ် ေရပက္ေနေတာ့တာ။ ေနာက္တခါ ၿမိဳ႕ေပၚလမ္းမေတြေပၚမွာ ပက္ေနတာ။ အမေလး စည္ကားလိုက္တာမွ တကယ္ကိုစည္ကားတာ။ ေျပာရရင္ တဘက္မွာျဖစ္သြားခဲ့တဲ့ တကယ္ကို ႀကီးႀကီးမားမားႀကီးရွိတယ္။ သို႔ေသာ္လည္း ဒီအခ်ိန္မွာ သူတို႔ရဲ႕႐ိုးရာ ေပ်ာ္႐ႊင္ခ်ိန္မွာ သူတို႔ရဲ႕ စိတ္ထြက္ေပါက္၊ ခံစားခြင့္၊ လုပ္ေဆာင္ခြင့္၊ ေပ်ာ္႐ႊင္ခြင့္၊ လြတ္လပ္စြာ ဖန္တီးခြင့္ အဲဒီအေပၚေတြမွာ သူတို႔ေအးေအးေဆးေဆးပဲ လုပ္ေနၾကတာ။ ကေန႔ပုံစံက်ေတာ့ တျခားစီလို႔ က်ေနာ္တို႔ ခံစားမိတာေပါ့ေနာ္။"

သူကေတာ့ ျပည္သူအမ်ား မလုိလားတဲ့ စစ္အုပ္ခ်ဳပ္ေရးစနစ္ရဲ႕ ဆိုးက်ဳိး ဂယက္ေတြျဖစ္တယ္လို႔ သူ႔အျမင္ကို ခုလိုေျပာပါတယ္။

"သၾကၤန္ဟာႀကီးမားတဲ့ ေစ်းကြက္တခုပါဗ်။ ဒီအေပၚမွာ မွီတြယ္ၿပီးေတာ့ လက္လုပ္လက္စား ေခါင္း႐ြက္ ဗ်တ္ထိုး ေစ်းသည္ကအစ လုပ္ငန္းႀကီးတဲ့အထိ ဖက္တြယ္ၿပီးရွင္သန္ရတဲ့ စီးပြားေရးစက္ဝန္းေပါ့ေနာ္။ ဒါက စီးပြားေရးသေဘာ။ ယဥ္ေက်းမႈသေဘာဆိုရင္ ဒါက ေထာင္စုႏွစ္နဲ႔ခ်ီတဲ့ ယဥ္ေက်းမႈသေဘာရွိတယ္၊ အစဥ္ အဆက္ေပါ့။ ေနာက္တခါ လူေတြရဲ႕ တႏွစ္တာပင္ပန္းခဲ့ရတဲ့အခ်ိန္၊ ရာသီအရလည္း ပူျပင္းတဲ့အခ်ိန္မွာ သူတို႔ေျဖေလွ်ာ့ခြင့္ေတြရတယ္။ ဒါဟာ အလြန္အင္မတန္ မက္ေမာစရာေကာင္းတဲ့ အခင္းအက်င္းတခု။ ဒီအခင္းအက်င္းတခု ပ်က္စီးသြားႏိုင္ေလာက္တဲ့ ပုံစံမ်ိဳးႀကီးျဖစ္ရတာ အလြန္အင္မတန္ ဝမ္းနည္းတယ္။ က်ေနာ္တို႔ျဖစ္တည္ေနရတဲ့ လူသားေတြဘဝမွာ ဒီအေပၚ မွာ ေမးခြန္းေတြ - ဘာသာေရးအေပၚမွာေရာ၊ လူမႈေရးအေပၚမွာေရာ၊ စီးပြားေရးအေပၚမွာေရာ၊ လက္ရွိႏိုင္ငံေရးကေတာ့ ေျပာမေနနဲ႔ေတာ့ေပါ့ဗ်ာ အမ်ားဆုံးေပါ့။ အမ်ားႀကီးေမးခြန္း ထုတ္မိၾကတယ္။ ထုတ္မိတဲ့အခါမွာလည္း အတူ တသမတ္တည္း နားလည္ၾကတယ္။ လက္ရွိ ျပည္သူေတြမႀကိဳက္တဲ့ အုပ္ခ်ဳပ္ပုံစနစ္ကေန ေနာက္ဆက္တြဲအက်ိဳး သက္ေရာက္မႈေတြက ဒီလို ဆင့္ကဲျဖစ္ကုန္တာ သူတို႔အားလုံး ေတြးမိၾကလိမ့္မယ္လို႔ ထင္တယ္ဗ်။"

စစ္ေကာင္စီကေတာ့ သူတို႔လက္ထက္မွာ သႀကၤန္ပြဲေတာ္ကို စည္စည္ကားကားက်င္းပတယ္ဆုိတာ ျပသႏုိင္ဖုိ႔ ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္ စတဲ့ၿမိဳ႕ႀကီးေတြမွာ မ႑ပ္ႀကီးေတြထိုးၿပီး ေဖ်ာ္ေျဖ ေရကစားပြဲေတြလုပ္ေနပါတယ္။ ဒါေပမဲ့လည္း အဲဒီပဲြေတြမွာ ပါဝင္သူ သိသိသာသာနည္းပါးလွပါတယ္။ အဲဒီလို ေရကစားမ႑ပ္ႀကီးေတြနားမွာလည္း ေပါက္ကြဲမႈေတြ ႐ွိပါတယ္။ ဒီေန႔ သႀကၤန္အၾကတ္ေန႔မွာပဲ ဧရာဝတီတိုင္း မအူပင္ၿမိဳ႕က စစ္ေကာင္စီရဲ႕ ေရကစားမ႑ပ္မွာ ေပါက္ကြဲမႈျဖစ္ခဲ့သလို၊ မႏၲေလးၿမိဳ႕မွာ သၾကၤန္ပြဲေတာ္က်င္းပေနတဲ့ ဘားတခုမွာလည္း ေပါက္ကြဲမႈတခု ျဖစ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ရိုးရာနှစ်ကူး အတာသြင်္ကန်ကာလ အစဉ်အလာပျော်ရွှင်ပွဲများ လျော့နည်း

မြန်မာနိုင်ငံမှာ လူမျိုး ဘာသာမရွေး ပျော်ကြလေ့ရှိတဲ့ မြန်မာ့ရိုးရာ အတာသြင်္ကန်ပွဲတော်မှာ ဒီနှစ် တော်တော် များများ မပျော်နိုင်ဘူးဖြစ်နေကြပါတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် ဘေးဒုက္ခရောက်နေကြတဲ့ အခြေအနေနဲ့ နိုင်ငံတွင်း မတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် အများစုအတွက် ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေတယ်လို့ ကိုယ်တိုင်ခံစားနေကြသူတွေက ပြောပါတယ်။ စိတ်လွတ် ကိုယ်လွတ်ပျော်ကြလေ့ရှိတဲ့ သြင်္ကန်ပွဲတော် ရဲ့ အနှစ်သာရ ပျောက်ဆုံးသလိုဖြစ်နေတဲ့အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန် က တင်ပြပေးထားပါတယ်။

မြန်မာသက္ကရာဇ် နှစ်ဟောင်းကနေ နှစ်သစ်ပြောင်းချိန် ဆင်နွဲကြလေ့ရှိတဲ့ သြင်္ကန်ပွဲမှာ တနိုင်ငံလုံး ပျော်ပျော်ပါးပါး စည်စည်ကားကား မပါဝင်ကြတာ ၃ နှစ်ရှိသွားပါပြီ။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ပထမလှိုင်းဖြစ်တဲ့ ၂၀၂၀ ခုနှစ်၊ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နဲ့ စစ်ကောင်စီအုပ်ချုပ်နေတဲ့ အခု ၂၀၂၂၊ ၃ နှစ်ဆက်တိုက် သြင်္ကန်ဟာ တိတ်ဆိတ် ခြောက်ကပ်နေပါတယ်။ အထူးသဖြင့် ကိုဗစ်ကပ်ဘေး စိုးရိမ်စရာမရှိတော့တဲ့ ဒီနှစ်မှာ နိုင်ငံအနှံ့က မြို့တွေမှာ သိသိသာသာကို လမ်းပေါ် ရေထွက်ကစားသူ မရှိသလောက်နည်းလှပါတယ်။ စစ်အာဏာသိမ်း အုပ်ချုပ်နေတာ ဒုတိယမြောက်နှစ်မှာ ပြည်သူတွေအနေနဲ့ စိတ်ဒုက္ခရောက်စရာတွေသာ ပိုများနေတာမို့ ပျော်ရမယ့် ပွဲတော်ကာလမှာတောင် ပျော်ချင်စိတ် မရှိကြတော့ဘူးလို့ ရန်ကုန်ဒေသခံတဦးက ပြောပါတယ်။

"ငယ်ငယ်တုန်းကတော့ ပျော်တာပေါ့။ တနှစ် တနှစ် ရေပတ်ခံထွက်ကြတယ်။ ရုံးမှာလည်း ရေပတ်ကြတာပေါ့။ လည်ကြတယ်။ မဏ္ဍပ်တွေသွားကြည့်ကြတာပေါ့နော်။ အခု ကလေးတွေဆိုရင် အိမ်မှာအန်တီ့သမီး ရှိတယ်လေ။ အန်တီ့သမီးဆို အပြင်မသွားဘူး။ အန်တီ့သားတွေဆိုလည်း တယောက်က ကိုရင်ဝတ်တယ်။ တယောက်ကကျတော့ ရိပ်သာဝင်တယ်ပေါ့နော်။ ဟိုး ကိုဗစ်ပထမ တနှစ်ကတည်းကနဲ့ မနှစ်ကအာဏာသိမ်းတော့ အဲနှစ်မှာလည်း တော်တော်လေးခြောက်ကပ်တယ်ပေါ့နော်။ ဒီနှစ်ကတော့ အန်တီတို့တွေ လုံးဝကိုအပြင်မထွက်သလောက်ပဲပေါ့။"

မြန်မာ့ရိုးရာ အစဉ်အလာအရ သြင်္ကန်အချိန်မှာ နှစ်ဟောင်းက အညစ်အကြေးတွေကို ရေနဲ့ ဆေးကြော ဖယ်ရှားသန့်စင်ကြတာဖြစ်ပါတယ်။ သြင်္ကန်ကာလမှာ အလှူအတန်း၊ ကောင်းမှုကိုသိုလ်တွေကိုလည်း လုပ်ကြပါတယ်။ ဒီနှစ်မှာတော့ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြားမှာပါ စုဝေး စတုဒီသာ ကျွေးမွေး ပေးဝေမှုမျိုးတောင် မလုပ်ဖြစ်တော့တာ များတယ်လို့လည်း ပြောပြပါတယ်။

"အနည်းနဲ့အများတော့ ဒီအရွယ်ရောက်လာပေမယ့်လည်း ရပ်ကွက်ထဲမှာ အလှူလုပ်တာတွေ၊ ပျော်ပျော်ပါးပါးပေါ့နော်။ မုန့်လုံးရေပေါ်လုံးတာတွေ ရှိတာပေါ့နော်။ အခု အသက်ကြီးတော့ မဏ္ဍပ်တွေဘာတွေ မလည် သည့်တိုင်အောင် မုန့်လုံးရေပေါ်လုပ်တာလေးတွေ၊ တယောက်နဲ့တယောက် ဝေတာလေးတွေ၊ ရေလောင်းရေပက်တယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ အဲဒါမျိုးတွေလည်း ရှိတာမတွေ့ရဘူးပေါ့နော်။ များသာအားဖြင့်ကတော့ ကိုယ့်အိမ်မှာ ကိုယ်နေကြတာပဲများတယ်။ အဓိကတော့ လူငယ်တွေပေါ့၊ အန်တီတို့ငယ်ငယ်တုန်းက ၂၀၊ ၂၁၊ ၂၄၊ ၂၅ ထိတော့ အန်တီတို့အရွယ်နဲ့ဆိုရင် ပျော်ခဲ့ရတဲ့အချိန်တွေပေါ့နော်။ တကယ်ဆိုလို့ရှိရင် အခုခေတ်ကလေးတွေဆိုရင် ပိုပြီးတော့တောင် ပျော်စရာများသေးတယ်။ ဒါပေမယ့်လည်း အခုတော်တော်များများက မဏ္ဍပ်တွေ အပြင်တွေ မသွားကြဘူးပေါ့နော်။"

တချို့နေရာတွေမှာတော့ ကလေးငယ်တွေ ရေဆော့ကစားတာ ရှိပေမယ့် ပုံမှန်လို အခြေအနေတော့ မဟုတ်ဘူးလို့ ပြောကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်သူတွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဖြစ်နေသလို၊ စစ်ကောင်စီရဲ့ နယ်မြေရှင်းမှုတွေအတွင်း နေအိမ်တွေ မီးလောင်ဆုံးရှုံးကုန်ပါတယ်။ အဲဒီလိုဒုက္ခရောက်နေကြသူတွေကို စာနာတဲ့အနေနဲ့ သြင်္ကန်မှာ ပျော်ပွဲ ရွှင်ပွဲတွေထဲ မပါကြဖို့ စစ်အုပ်ချုပ်ရေးဆန့်ကျင်နေသူတွေကလည်း တိုက်တွန်းထားပါတယ်။ စစ်ကောင်စီရဲ့ သြင်္ကန်မဏ္ဍပ်တွေကို တိုက်ခိုက်မယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တချို့ကလည်း ခြိမ်းခြောက်ထားပါတယ်။ ပြည်သူအများစုကတော့ ပုံမှန်လို ပျော်စရာတွေ ဆိတ်သုဉ်းနေတာမို့ သြင်္ကန်ပွဲကို မဆင်နွဲကြတာလို့ ပြောကြပါတယ်။ နှစ်ပေါင်း အစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့ မြန်မာ့ရိုးရာပွဲတော်ကို ပုံမှန်လို မကျင်းပ မဆင်နွဲကြတော့တဲ့အတွက် နောင်မျိုးဆက်တွေအတွက် သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ မန္တလေးမြို့ခံတယောက်ကလည်း ပြောပါတယ်။

"သြင်္ကန်ပွဲက မိသားစုအမွေပေးလို့ ရတာမဟုတ်ဘူး။ အမွေပေးခဲ့တာလည်း မဟုတ်ဘူး။ အဲတော့ ကလေးငယ်တွေပေါ့နော်၊ ကိုဗစ်အချိန်မှာတောင်မှ သူတို့သဘောနဲ့သူတို့ နည်းနည်းပါးပါးပက်ကြတာလေး တွေ့မိတာ ပေါ့နော်။ ဒီအချိန်မှာကျတော့ သူတို့မတောင်းဆိုဘူးဗျ။ သူတို့ကို မကစားရဘူးလို့ ဘယ်သူမှလည်း မပိတ်ပင်ဘူး။ ရေကစားတဲ့ကလေး နည်းနည်းပါးပါးတော့ ရှိတာပေါ့နော်။ ဒါပေမယ့် အလွန်အင်မတန် အနည်းစုလေး။ ကျနော်တို့ မြို့သူမြို့သားတယောက်အနေနဲ့၊ မြန်မာနိုင်ငံသား တယောက်အနေနဲ့ ငယ်စဉ်ဘဝကနေ ကြီးလာတဲ့အချိန်အထိ အနေအထားနဲ့ လက်ရှိအပေါ်မှာ ကျနော်တို့ ခံစားကြည့်တာပေါ့နော်။ ဘယ်လိုစိတ်ဒဏ်ရာတွေ၊ ဘယ်လိုခံစားချက်တွေ၊ သူတို့အပေါ်မှာ ပါသွားပြီလဲ။ တကယ်တမ်းပြောရရင်တော့ အများကြီးတွေးစရာဖြစ်တယ်။ ပျော်ရမယ့်အချိန်မှာ မပျော်ရတာ၊ ပျော်ခွင့်မရတာ ဒဏ်ရာဒဏ်ချက်ပါနော်။"

တနှစ်ပတ်လုံး သောက အမောတွေပြေအောင် သြင်္ကန်ရေနဲ့ ဆေးကြောပေးတယ်လို့ တင်စားပြောကြလေ့ရှိ တဲ့ သြင်္ကန်ပွဲကို မန္တလေးမြို့မှာ ဘယ်လိုအခြေအနေရောက်ရောက် ဆင်နွဲခဲ့ကြပေမယ့် အခုတော့ အခြေအနေပြောင်းသွားပြီလို့လည်း ခုလိုပြောပါတယ်။

"ကျနော်တို့ မန္တလေးက ၁၉၈၄ ဖေဖော်ဝါရီ လကုန်ပိုင်းလောက်မှာ မီးလောင်တယ်။ အဲဒီခေတ်က အနေအထားနဲ့ဆိုရင် သုံးပုံ ပုံ တပုံ မြို့လည်ခေါင် - တကယ်ကို သြင်္ကန်စည်ကားတဲ့နေရာကြီးတွေ လောင်သွားတယ်။ လောင်သွားတော့ ကျနော်တို့ လူငယ်ဘဝ တက္ကသိုလ်ကျောင်းသားတွေက တို့သြင်္ကန်တော့ ပျက်ပြီလို့ထင်တာပေါ့။ အကြိုနေ့ တရက်လောက်ပဲ။ နောက်ရက်တွေမှာ မီးလောင်ပြင်ငုတ်တိုဘေးတွေမှာ ပုံးတွေချ ရေပက်နေတော့တာ။ နောက်တခါ မြို့ပေါ်လမ်းမတွေပေါ်မှာ ပက်နေတာ။ အမလေး စည်ကားလိုက်တာမှ တကယ်ကိုစည်ကားတာ။ ပြောရရင် တဘက်မှာဖြစ်သွားခဲ့တဲ့ တကယ်ကို ကြီးကြီးမားမားကြီးရှိတယ်။ သို့သော်လည်း ဒီအချိန်မှာ သူတို့ရဲ့ရိုးရာ ပျော်ရွှင်ချိန်မှာ သူတို့ရဲ့ စိတ်ထွက်ပေါက်၊ ခံစားခွင့်၊ လုပ်ဆောင်ခွင့်၊ ပျော်ရွှင်ခွင့်၊ လွတ်လပ်စွာ ဖန်တီးခွင့် အဲဒီအပေါ်တွေမှာ သူတို့အေးအေးဆေးဆေးပဲ လုပ်နေကြတာ။ ကနေ့ပုံစံကျတော့ တခြားစီလို့ ကျနော်တို့ ခံစားမိတာပေါ့နော်။"

သူကတော့ ပြည်သူအများ မလိုလားတဲ့ စစ်အုပ်ချုပ်ရေးစနစ်ရဲ့ ဆိုးကျိုး ဂယက်တွေဖြစ်တယ်လို့ သူ့အမြင်ကို ခုလိုပြောပါတယ်။

"သြင်္ကန်ဟာကြီးမားတဲ့ ဈေးကွက်တခုပါဗျ။ ဒီအပေါ်မှာ မှီတွယ်ပြီးတော့ လက်လုပ်လက်စား ခေါင်းရွက် ဗျတ်ထိုး ဈေးသည်ကအစ လုပ်ငန်းကြီးတဲ့အထိ ဖက်တွယ်ပြီးရှင်သန်ရတဲ့ စီးပွားရေးစက်ဝန်းပေါ့နော်။ ဒါက စီးပွားရေးသဘော။ ယဉ်ကျေးမှုသဘောဆိုရင် ဒါက ထောင်စုနှစ်နဲ့ချီတဲ့ ယဉ်ကျေးမှုသဘောရှိတယ်၊ အစဉ် အဆက်ပေါ့။ နောက်တခါ လူတွေရဲ့ တနှစ်တာပင်ပန်းခဲ့ရတဲ့အချိန်၊ ရာသီအရလည်း ပူပြင်းတဲ့အချိန်မှာ သူတို့ဖြေလျှော့ခွင့်တွေရတယ်။ ဒါဟာ အလွန်အင်မတန် မက်မောစရာကောင်းတဲ့ အခင်းအကျင်းတခု။ ဒီအခင်းအကျင်းတခု ပျက်စီးသွားနိုင်လောက်တဲ့ ပုံစံမျိုးကြီးဖြစ်ရတာ အလွန်အင်မတန် ဝမ်းနည်းတယ်။ ကျနော်တို့ဖြစ်တည်နေရတဲ့ လူသားတွေဘဝမှာ ဒီအပေါ် မှာ မေးခွန်းတွေ - ဘာသာရေးအပေါ်မှာရော၊ လူမှုရေးအပေါ်မှာရော၊ စီးပွားရေးအပေါ်မှာရော၊ လက်ရှိနိုင်ငံရေးကတော့ ပြောမနေနဲ့တော့ပေါ့ဗျာ အများဆုံးပေါ့။ အများကြီးမေးခွန်း ထုတ်မိကြတယ်။ ထုတ်မိတဲ့အခါမှာလည်း အတူ တသမတ်တည်း နားလည်ကြတယ်။ လက်ရှိ ပြည်သူတွေမကြိုက်တဲ့ အုပ်ချုပ်ပုံစနစ်ကနေ နောက်ဆက်တွဲအကျိုး သက်ရောက်မှုတွေက ဒီလို ဆင့်ကဲဖြစ်ကုန်တာ သူတို့အားလုံး တွေးမိကြလိမ့်မယ်လို့ ထင်တယ်ဗျ။"

စစ်ကောင်စီကတော့ သူတို့လက်ထက်မှာ သြင်္ကန်ပွဲတော်ကို စည်စည်ကားကားကျင်းပတယ်ဆိုတာ ပြသနိုင်ဖို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးတွေမှာ မဏ္ဍပ်ကြီးတွေထိုးပြီး ဖျော်ဖြေ ရေကစားပွဲတွေလုပ်နေပါတယ်။ ဒါပေမဲ့လည်း အဲဒီပွဲတွေမှာ ပါဝင်သူ သိသိသာသာနည်းပါးလှပါတယ်။ အဲဒီလို ရေကစားမဏ္ဍပ်ကြီးတွေနားမှာလည်း ပေါက်ကွဲမှုတွေ ရှိပါတယ်။ ဒီနေ့ သြင်္ကန်အကြတ်နေ့မှာပဲ ဧရာဝတီတိုင်း မအူပင်မြို့က စစ်ကောင်စီရဲ့ ရေကစားမဏ္ဍပ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့သလို၊ မန္တလေးမြို့မှာ သြင်္ကန်ပွဲတော်ကျင်းပနေတဲ့ ဘားတခုမှာလည်း ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါတယ်။

============

XS
SM
MD
LG