သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရေနသတၱဝါမ်ား မ်ိဳးတုန္းမႈကာကြယ္ဖို႔ ပင္လယ္သမုဒၵရာ ေစာင့္ေရွာက္မႈ လို


FILES-SRI LANKA-ENVIRONMENT-PLASTIC-OCEANS-POLLUTION

[[Zawgyi/Unicode]]

ႏွစ္စဥ္ ဇြန္လ ၈ ရက္ေန႔ဟာ ကမာၻသမုဒၵရာမ်ားေန႔ ျဖစ္ပါတယ္။ ပင္လယ္ေရျပင္ ပိုမို ျမင့္တက္လာမႈနဲ႔ ပိုမိုပူေႏြးလာမႈေတြကို ေလ်ာ့ခ်ဖို႔နဲ႔ ပလပ္စတစ္ညစ္ညမ္းမႈေတြေၾကာင့္ ေရေနသတၱဝါေတြကို မထိခိုက္ေစရေအာင္ ႏိုင္ငံတကာမွာ ႀကိဳးပမ္းေနၾကသလို ျမန္မာမွာလည္း ေရေနသတၱဝါေတြမ်ိဳးတုန္း ေပ်ာက္ကြယ္မႈေတြကေန ကာကြယ္ႏိုင္ဖို႔နဲ႔ ပင္လယ္ျပင္ ထိခိုက္မႈေတြ ေလ်ာ့နည္းေစဖို႔ တတ္ႏိုင္သေလာက္ လုပ္ေဆာင္ေနၾကတာေတြ ရွိပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေမးျမန္းေပးပို႔တဲ့သတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

ဇြန္လ ၈ ရက္ေန႔ ကမာၻ႔သမုဒၵရာမ်ားေန႔မွာ Myanmar Ocean Project က “ဒို႔ပင္လယ္ ဒို႔အိမ္” ဆိုတဲ့ ေခါင္းစဥ္နဲ႔ ပညာေပးကာတြန္းတခုကိုထုတ္ပါတယ္။ ဒီကာတြန္းက အဏၰဝါပယ္လယ္ျပင္ကာကြယ္ျခင္းရဲ႕တန္ဖိုးကို နားလည္ေစဖို႔ ရည္႐ြယ္တယ္လို႔ Myanmar Ocean Project က မသႏၲာကိုႀကီးက ေျပာပါတယ္။

“ဒါကေတာ့ အမတို႔ awareness အတြက္ လုပ္ေနတာေပါ့ေႏွာ္။ အမရဲ႕အျမင္ကေတာ့ ျမန္မာျပည္မွာက ဒီပင္လယ္ ကိုေရာ၊ ပင္လယ္ထဲကအေကာင္ေတြကိုေရာ ဘယ္ေလာက္ ပ်က္စီးဆုံးရႈံးတယ္၊ ဘယ္ေလာက္ရွားပါးတယ္ဆိုတာကိုပဲ ဖိေျပာေနလို႔ မရဘူးေပါ့။ ဘာလို႔ဆို လူေတြက ဒီအေကာင္ေတြရဲ႕အေၾကာင္းေတြကို Knowledge အရမ္းနည္းတယ္။ သတၱဝါေတြကို ခ်စ္တာနည္းတယ္ေပါ့ေႏွာ္။ နည္းေတာ့ ဒီဟာအတြက္ သိပ္ၿပီးေတာ့ ဂ႐ုမစိုက္ၾကဘူးေပါ့ေနာ္။ ဆိုေတာ့ ဒီဟာက ဆရာအေနနဲ႔ သင္တာမဟုတ္ဘဲနဲ႔ ကေလးေလးနဲ႔ ခရီးသြားရင္းနဲ႔ ကေလးေလးနဲ႔ အတူတူ ဒီဟာေတြကို Learn ျဖစ္သြားတဲ့ အေျခအေနဆိုရင္ လူေတြ လူေတြအတြက္က ပိုၿပီးေတာ့ လက္ခံႏိုင္ေျခ ျဖစ္မယ္လို႔ အမထင္လို႔ ဒီလို ကာတြန္းေလးနဲ႔ ေရးလိုက္တာေပါ့ေနာ္။”

လက္ရွိမွာ Myanmar Ocean Project အေနနဲ႔ ငါးဖမ္းသမားေတြနဲ႔ ပတ္သက္တဲ့ စစ္တမ္းေကာက္တာမ်ိဳးေတြ လုပ္ေနတယ္လို႔ ေျပာပါတယ္။ ငါးဖမ္းသမားေတြအတြက္ ပင္လယ္ျပင္မွာ ငါးဖမ္းပိုက္ေတြ ေပ်ာက္တာမ်ိဳးမျဖစ္ေအာင္နဲ႔ အမႈိက္စြန႔္ပစ္မႈေတြနဲ႔ ပတ္သက္တဲ့ ပညာေပးမႈေတြကိုလည္း လုပ္ေနတယ္လို႔ မသႏၲာကိုႀကီးက VOA ကို ေျပာပါတယ္။

“အမ အခုေလာေလာဆယ္လုပ္ေနတာက Survey ေတြေတာ့ လုပ္ေနတယ္။ ငါးဖမ္းသမားေတြကို လိုက္ၿပီးေတာ့ အင္တာဗ်ဴးလုပ္တယ္။ ဒီ ပိုက္ေတြက ဘယ္နားမွာ ေပ်ာက္တတ္တယ္။ ဘာေၾကာင့္ ေပ်ာက္တယ္။ ဒီဟာေတြကို ပိုနားလည္ဖို႔။ ဘာလို႔ဆို နားလည္မွလည္း ထိထိေရာက္ေရာက္ကာကြယ္ဖို႔ လုပ္လို႔ ရမွာေပါ့ေႏွာ္။ ကိုယ္က အမႈိက္ မပစ္နဲ႔ဆိုၿပီး ဆိုင္းဘုတ္တပ္လိုက္လို႔ လူေတြ အမႈိက္ပစ္တာ တန႔္သြားမွာမဟုတ္ဘူး။ ပင္လယ္ထဲမွာ ဘာလို႔ အမႈိက္ေတြ ရွိတာလဲ၊ ပင္လယ္ထဲမွာ အမႈိက္ရွိတယ္ဆိုတာ ပင္လယ္ထဲမွာ ပစ္စရာ ေနရာမရွိဘူး။ ေလွေတြ တခါတခါသြားရင္ ၂ လ ၃ လ သူတို႔ ဘယ္နားမွာမွ အမႈိက္ပစ္စရာ ေနရာမရွိဘူး။ ဆိုေတာ့ ဒါမ်ိဳးေတြကို နားလည္မွ ေထာက္ပံ့လို႔ လြယ္မွာေပါ့။ ခုဆို အမတို႔ ဘယ္နားမွာ ေစာင့္ၿပီးေတာ့ ပိုက္ေတြကို ေကာက္လို႔ရမလဲ။ ဘယ္နားမွာ ေစာင့္ၿပီးေတာ့ ပစၥည္းေတြသိမ္းေပးရင္ ေကာင္းမလဲ အဲ့ဒါမ်ိဳးေတြ နားလည္ေတာ့ ပိုထိေရာက္တာေပါ့ ေနာ္။”

ျမန္မာျပည္သူေတြက ပင္လယ္နဲ႔ ပင္လယ္သတၱဝါေတြရဲ႕ အေၾကာင္းေတြကို သိရွိနားလည္မႈ နည္းပါးေသးတာေၾကာင့္ ဒါေတြနဲ႔ ပတ္သက္ၿပီး ပိုဗဟုသုတ ရွိလာဖို႔ လိုအပ္တယ္လို႔ မသႏၲာကိုႀကီးက ေျပာပါတယ္။ တကယ္ေတာ့ ျမန္မာႏိုင္ငံမွာ ပင္လယ္ကမ္း႐ိုးတန္းကိုမွီၿပီး ေနၾကတဲ့ လူမႈအသိုင္းအဝိုင္းႀကီးႀကီးမားမားရွိတာေၾကာင့္ ပင္လယ္သမုဒၵရာေစာင့္ေရွာက္ေရးနဲ႔ပတ္သက္လို႔ အသိပိုလိုတယ္လို႔ မသႏၲာကိုႀကီးက ေျပာပါတယ္။

“ျမန္မာႏိုင္ငံမွာက ပင္လယ္ကမ္း႐ိုးတန္းကို မွီခိုၿပီးေတာ့ ေနေနတဲ့ community က သိန္းသန္းခ်ီ ရွိတယ္။ အဲ့ေတာ့ ျမန္မာျပည္ ပင္လယ္ပ်က္သြားရင္ အရင္ဆုံးထိမွာက သူတို႔ေတြရဲ႕ စားဝတ္ေနေရးထိခိုက္မွာေပါ့။ သူတို႔ သူေဌးေတြက ပိုက္ဆံထုတ္ပိုက္ၿပီး တျခားအလုပ္လုပ္လို႔ ရတယ္။ ဒါေပမယ့္ ဒါကို မွီခိုၿပီး လုပ္ေနတဲ့သူေတြက တနသၤာရီဆို ယိုးဒယားေျပးလို႔ရတယ္။ ရခိုင္ကလူေတြဆို ဘယ္ေျပးလို႔ ေျပးရမွန္းမသိ၊ အဲ့လို ဆင္းရဲမြဲေတၿပီးေတာ့ က်န္သြားမွာေပ့ါေနာ္။ ဆိုေတာ့ အဲ့လိုမျဖစ္ေစခ်င္ဘူး။ ဒီဟာကို ကာကြယ္ေစခ်င္တယ္ေပါ့။ ပင္လယ္သတၱဝါေတြက တေကာင္နဲ႔ တေကာင္မွီခိုၿပီး အက်ိဳးျပဳေနတာေပါ့ေႏွာ္။ ဆိုေတာ့ တေကာင္းျပဳန္းတီးသြားလို႔ ဘာမွ မျဖစ္ဘူးဆိုေပမယ့္ စည္းကမ္းတက် လုပ္တာမဟုတ္လို႔ အကုန္လုံးျပဳန္းတီးသြားရင္ ပင္လယ္ပ်က္စီးသြားမယ္။ ပင္လယ္ပ်က္စီးသြားလို႔ရွိရင္ စားဝတ္ေနေရး အားကိုးေနရတဲ့ ငါးေတြပါ ေပ်ာက္ဆုံးသြားမွာေပါ့။ အဲ့က်လို႔ရွိရင္ ဟို manta (ငါးလိပ္ေက်ာက္၊ ငါးလိပ္စြန္) ေသတာဘာျဖစ္လဲ၊ ငါနဲ႔မဆိုင္ဘူး ဆိုၿပီး လုပ္ေနလို႔ မရဘူးေပါ့ေႏွာ္။ ပင္လယ္ဆိုတာတခုနဲ႔တခု အကုန္လုံး မွီခိုေနတာဆိုေတာ့ တခုပ်က္စီးသြားရင္ ေနာက္တခုပါ ဘယ္လိုျဖစ္လာမလဲ ဆိုတာမေျပာႏိုင္ဘူးဆိုေတာ့ အကုန္လုံးကို ထိန္းသိမ္းၾကပါလို႔။”

၂၀၂၂ ခုႏွစ္ ကမာၻ႔သမုဒၵရာမ်ားေန႔ ေဆာင္ပုဒ္က ‘Revitalization: Collective Action for the Ocean ျပန္လည္ရွင္သန္ျခင္း : သမုဒၵရာအတြက္ စုေပါင္းလုပ္ေဆာင္ျခင္းျဖစ္ပါတယ္။

ပလပ္စတစ္ညစ္ညမ္းမႈေတြေၾကာင့္ေရာ ခြင့္ျပဳမႈ၊ စည္းၾကပ္မႈမရွိဘဲ တရားမဝင္ ငါးဖမ္းမႈေတြေၾကာင့္ပါ အဏၰဝါဇီဝမ်ိဳးစုံမ်ိဳးကြဲေတြဟာ တကမာၻလုံးမွာ မ်ိဳးသုဥ္းမႈအႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာပါ။ ဒီလို သမုဒၵရာရဲ႕ အခက္အခဲ အက်ပ္အတည္းေတြေၾကာင့္ ကမာၻႀကီးဟာ ရာသီဥတုျပႆနာကိုပါ ရင္ဆိုင္ေနရတာျဖစ္တယ္လို႔ အေမရိကန္ နိင္ငံျခားေရးဌာနရဲ႕ ကမာၻသမုဒၵရာမ်ားေန႔ အထိမ္းအမွတ္ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ႏွစ္စဥ္ သမုဒၵရာထဲကို ပလတ္စတစ္အမႈိက္တန္ခ်ိန္ ၈ သန္းကေန ၁၁ သန္းခန႔္ စီးဆင္းေနၿပီး ဒီစီးဆင္းမႈကို တိုက္ ဖ်က္ႏိုင္ဖို႔ ၂၀၂၂ ခုႏွစ္ မတ္လက ႏိုင္႐ိုဘီၿမိဳ႕မွာ က်င္းပတဲ့ ပၪၥမအႀကိမ္ ကုလသမဂၢပတ္ဝန္းက်င္ညီလာခံမွာ ပလပ္စတစ္ညစ္ညမ္းမႈဆိုင္ရာ သေဘာတူညီခ်က္တရပ္ကို ခ်မွတ္ႏိုင္ခဲ့တယ္လို႔ အေမရိကန္ နိင္ငံျခားေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ကမာၻသမုဒၵရာမ်ားေန႔ကို ၁၉၉၂ ခုႏွစ္မွာ Rio de Janeiro မွာက်င္းပတဲ့ ကမာၻေျမထိပ္သီး အစည္းအေဝးမွာ ကုလသမဂၢက ပထမဆုံး အဆိုျပဳခဲ့တာျဖစ္ပါတယ္။ ၂၀၀၂ ခုႏွစ္ကစတင္ၿပီး World Ocean Network ကို UNESCO ရဲ႕ ေထာက္ပံ့မႈနဲ႔ ဇြန္လ ၈ ရက္ေန႔တိုင္းမွာ သမုဒၵရာဆိုင္ရာ အသိပညာေပးပြဲေတြ လုပ္ခဲ့ၾကပါတယ္။ ၂၀၀၈ ခုႏွစ္ ဒီဇင္ဘာလ ၅ ရက္ေန႔မွာေတာ့ ကုလသမဂၢအေထြေထြ ညီလာခံက ဇြန္လ ၈ ရက္ေန႔ကို ကမာၻ႔သမုဒၵရာမ်ားေန႔အျဖစ္ တရားဝင္ သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]


ရေနေသတ္တဝါများ မျိုးတုန်းမှုကာကွယ်ဖို့ ပင်လယ်သမုဒ္ဒရာစောင့်ရှောက်မှု လို

နှစ်စဉ် ဇွန်လ ၈ ရက်နေ့ဟာ ကမ္ဘာသမုဒ္ဒရာများနေ့ ဖြစ်ပါတယ်။ ပင်လယ်ရေပြင် ပိုမို မြင့်တက်လာမှုနဲ့ ပိုမိုပူနွေးလာမှုတွေကို လျော့ချဖို့နဲ့ ပလပ်စတစ်ညစ်ညမ်းမှုတွေကြောင့် ရေနေသတ္တဝါတွေကို မထိခိုက်စေရအောင် နိုင်ငံတကာမှာ ကြိုးပမ်းနေကြသလို မြန်မာမှာလည်း ရေနေသတ္တဝါတွေမျိုးတုန်း ပျောက်ကွယ်မှုတွေကနေ ကာကွယ်နိုင်ဖို့နဲ့ ပင်လယ်ပြင် ထိခိုက်မှုတွေ လျော့နည်းစေဖို့ တတ်နိုင်သလောက် လုပ်ဆောင်နေကြတာတွေ ရှိပါတယ်။ ဒီအကြောင်း ရန်ကုန်က မေးမြန်းပေးပို့တဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ဇွန်လ ၈ ရက်နေ့ ကမ္ဘာ့သမုဒ္ဒရာများနေ့မှာ Myanmar Ocean Project က “ဒို့ပင်လယ် ဒို့အိမ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပညာပေးကာတွန်းတခုကိုထုတ်ပါတယ်။ ဒီကာတွန်းက အဏ္ဏဝါပယ်လယ်ပြင်ကာကွယ်ခြင်းရဲ့တန်ဖိုးကို နားလည်စေဖို့ ရည်ရွယ်တယ်လို့ Myanmar Ocean Project က မသန္တာကိုကြီးက ပြောပါတယ်။

“ဒါကတော့ အမတို့ awareness အတွက် လုပ်နေတာပေါ့နှော်။ အမရဲ့အမြင်ကတော့ မြန်မာပြည်မှာက ဒီပင်လယ် ကိုရော၊ ပင်လယ်ထဲကအကောင်တွေကိုရော ဘယ်လောက် ပျက်စီးဆုံးရှုံးတယ်၊ ဘယ်လောက်ရှားပါးတယ်ဆိုတာကိုပဲ ဖိပြောနေလို့ မရဘူးပေါ့။ ဘာလို့ဆို လူတွေက ဒီအကောင်တွေရဲ့အကြောင်းတွေကို Knowledge အရမ်းနည်းတယ်။ သတ္တဝါတွေကို ချစ်တာနည်းတယ်ပေါ့နှော်။ နည်းတော့ ဒီဟာအတွက် သိပ်ပြီးတော့ ဂရုမစိုက်ကြဘူးပေါ့နော်။ ဆိုတော့ ဒီဟာက ဆရာအနေနဲ့ သင်တာမဟုတ်ဘဲနဲ့ ကလေးလေးနဲ့ ခရီးသွားရင်းနဲ့ ကလေးလေးနဲ့ အတူတူ ဒီဟာတွေကို Learn ဖြစ်သွားတဲ့ အခြေအနေဆိုရင် လူတွေ လူတွေအတွက်က ပိုပြီးတော့ လက်ခံနိုင်ခြေ ဖြစ်မယ်လို့ အမထင်လို့ ဒီလို ကာတွန်းလေးနဲ့ ရေးလိုက်တာပေါ့နော်။”

လက်ရှိမှာ Myanmar Ocean Project အနေနဲ့ ငါးဖမ်းသမားတွေနဲ့ ပတ်သက်တဲ့ စစ်တမ်းကောက်တာမျိုးတွေ လုပ်နေတယ်လို့ ပြောပါတယ်။ ငါးဖမ်းသမားတွေအတွက် ပင်လယ်ပြင်မှာ ငါးဖမ်းပိုက်တွေ ပျောက်တာမျိုးမဖြစ်အောင်နဲ့ အမှိုက်စွန့်ပစ်မှုတွေနဲ့ ပတ်သက်တဲ့ ပညာပေးမှုတွေကိုလည်း လုပ်နေတယ်လို့ မသန္တာကိုကြီးက VOA ကို ပြောပါတယ်။

“အမ အခုလောလောဆယ်လုပ်နေတာက Survey တွေတော့ လုပ်နေတယ်။ ငါးဖမ်းသမားတွေကို လိုက်ပြီးတော့ အင်တာဗျူးလုပ်တယ်။ ဒီ ပိုက်တွေက ဘယ်နားမှာ ပျောက်တတ်တယ်။ ဘာကြောင့် ပျောက်တယ်။ ဒီဟာတွေကို ပိုနားလည်ဖို့။ ဘာလို့ဆို နားလည်မှလည်း ထိထိရောက်ရောက်ကာကွယ်ဖို့ လုပ်လို့ ရမှာပေါ့နှော်။ ကိုယ်က အမှိုက် မပစ်နဲ့ဆိုပြီး ဆိုင်းဘုတ်တပ်လိုက်လို့ လူတွေ အမှိုက်ပစ်တာ တန့်သွားမှာမဟုတ်ဘူး။ ပင်လယ်ထဲမှာ ဘာလို့ အမှိုက်တွေ ရှိတာလဲ၊ ပင်လယ်ထဲမှာ အမှိုက်ရှိတယ်ဆိုတာ ပင်လယ်ထဲမှာ ပစ်စရာ နေရာမရှိဘူး။ လှေတွေ တခါတခါသွားရင် ၂ လ ၃ လ သူတို့ ဘယ်နားမှာမှ အမှိုက်ပစ်စရာ နေရာမရှိဘူး။ ဆိုတော့ ဒါမျိုးတွေကို နားလည်မှ ထောက်ပံ့လို့ လွယ်မှာပေါ့။ ခုဆို အမတို့ ဘယ်နားမှာ စောင့်ပြီးတော့ ပိုက်တွေကို ကောက်လို့ရမလဲ။ ဘယ်နားမှာ စောင့်ပြီးတော့ ပစ္စည်းတွေသိမ်းပေးရင် ကောင်းမလဲ အဲ့ဒါမျိုးတွေ နားလည်တော့ ပိုထိရောက်တာပေါ့ နော်။”

မြန်မာပြည်သူတွေက ပင်လယ်နဲ့ ပင်လယ်သတ္တဝါတွေရဲ့ အကြောင်းတွေကို သိရှိနားလည်မှု နည်းပါးသေးတာကြောင့် ဒါတွေနဲ့ ပတ်သက်ပြီး ပိုဗဟုသုတ ရှိလာဖို့ လိုအပ်တယ်လို့ မသန္တာကိုကြီးက ပြောပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ပင်လယ်ကမ်းရိုးတန်းကိုမှီပြီး နေကြတဲ့ လူမှုအသိုင်းအဝိုင်းကြီးကြီးမားမားရှိတာကြောင့် ပင်လယ်သမုဒ္ဒရာစောင့်ရှောက်ရေးနဲ့ပတ်သက်လို့ အသိပိုလိုတယ်လို့ မသန္တာကိုကြီးက ပြောပါတယ်။

“မြန်မာနိုင်ငံမှာက ပင်လယ်ကမ်းရိုးတန်းကို မှီခိုပြီးတော့ နေနေတဲ့ community က သိန်းသန်းချီ ရှိတယ်။ အဲ့တော့ မြန်မာပြည် ပင်လယ်ပျက်သွားရင် အရင်ဆုံးထိမှာက သူတို့တွေရဲ့ စားဝတ်နေရေးထိခိုက်မှာပေါ့။ သူတို့ သူဌေးတွေက ပိုက်ဆံထုတ်ပိုက်ပြီး တခြားအလုပ်လုပ်လို့ ရတယ်။ ဒါပေမယ့် ဒါကို မှီခိုပြီး လုပ်နေတဲ့သူတွေက တနင်္သာရီဆို ယိုးဒယားပြေးလို့ရတယ်။ ရခိုင်ကလူတွေဆို ဘယ်ပြေးလို့ ပြေးရမှန်းမသိ၊ အဲ့လို ဆင်းရဲမွဲတေပြီးတော့ ကျန်သွားမှာပေ့ါနော်။ ဆိုတော့ အဲ့လိုမဖြစ်စေချင်ဘူး။ ဒီဟာကို ကာကွယ်စေချင်တယ်ပေါ့။ ပင်လယ်သတ္တဝါတွေက တကောင်နဲ့ တကောင်မှီခိုပြီး အကျိုးပြုနေတာပေါ့နှော်။ ဆိုတော့ တကောင်းပြုန်းတီးသွားလို့ ဘာမှ မဖြစ်ဘူးဆိုပေမယ့် စည်းကမ်းတကျ လုပ်တာမဟုတ်လို့ အကုန်လုံးပြုန်းတီးသွားရင် ပင်လယ်ပျက်စီးသွားမယ်။ ပင်လယ်ပျက်စီးသွားလို့ရှိရင် စားဝတ်နေရေး အားကိုးနေရတဲ့ ငါးတွေပါ ပျောက်ဆုံးသွားမှာပေါ့။ အဲ့ကျလို့ရှိရင် ဟို manta (ငါးလိပ်ကျောက်၊ ငါးလိပ်စွန်) သေတာဘာဖြစ်လဲ၊ ငါနဲ့မဆိုင်ဘူး ဆိုပြီး လုပ်နေလို့ မရဘူးပေါ့နှော်။ ပင်လယ်ဆိုတာတခုနဲ့တခု အကုန်လုံး မှီခိုနေတာဆိုတော့ တခုပျက်စီးသွားရင် နောက်တခုပါ ဘယ်လိုဖြစ်လာမလဲ ဆိုတာမပြောနိုင်ဘူးဆိုတော့ အကုန်လုံးကို ထိန်းသိမ်းကြပါလို့။”

၂၀၂၂ ခုနှစ် ကမ္ဘာ့သမုဒ္ဒရာများနေ့ ဆောင်ပုဒ်က ‘Revitalization: Collective Action for the Ocean ပြန်လည်ရှင်သန်ခြင်း : သမုဒ္ဒရာအတွက် စုပေါင်းလုပ်ဆောင်ခြင်းဖြစ်ပါတယ်။

ပလပ်စတစ်ညစ်ညမ်းမှုတွေကြောင့်ရော ခွင့်ပြုမှု၊ စည်းကြပ်မှုမရှိဘဲ တရားမဝင် ငါးဖမ်းမှုတွေကြောင့်ပါ အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲတွေဟာ တကမ္ဘာလုံးမှာ မျိုးသုဉ်းမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါ။ ဒီလို သမုဒ္ဒရာရဲ့ အခက်အခဲ အကျပ်အတည်းတွေကြောင့် ကမ္ဘာကြီးဟာ ရာသီဥတုပြဿနာကိုပါ ရင်ဆိုင်နေရတာဖြစ်တယ်လို့ အမေရိကန် နိင်ငံခြားရေးဌာနရဲ့ ကမ္ဘာသမုဒ္ဒရာများနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

နှစ်စဉ် သမုဒ္ဒရာထဲကို ပလတ်စတစ်အမှိုက်တန်ချိန် ၈ သန်းကနေ ၁၁ သန်းခန့် စီးဆင်းနေပြီး ဒီစီးဆင်းမှုကို တိုက် ဖျက်နိုင်ဖို့ ၂၀၂၂ ခုနှစ် မတ်လက နိုင်ရိုဘီမြို့မှာ ကျင်းပတဲ့ ပဉ္စမအကြိမ် ကုလသမဂ္ဂပတ်ဝန်းကျင်ညီလာခံမှာ ပလပ်စတစ်ညစ်ညမ်းမှုဆိုင်ရာ သဘောတူညီချက်တရပ်ကို ချမှတ်နိုင်ခဲ့တယ်လို့ အမေရိကန် နိင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကမ္ဘာသမုဒ္ဒရာများနေ့ကို ၁၉၉၂ ခုနှစ်မှာ Rio de Janeiro မှာကျင်းပတဲ့ ကမ္ဘာမြေထိပ်သီး အစည်းအဝေးမှာ ကုလသမဂ္ဂက ပထမဆုံး အဆိုပြုခဲ့တာဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်ကစတင်ပြီး World Ocean Network ကို UNESCO ရဲ့ ထောက်ပံ့မှုနဲ့ ဇွန်လ ၈ ရက်နေ့တိုင်းမှာ သမုဒ္ဒရာဆိုင်ရာ အသိပညာပေးပွဲတွေ လုပ်ခဲ့ကြပါတယ်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ ကုလသမဂ္ဂအထွေထွေ ညီလာခံက ဇွန်လ ၈ ရက်နေ့ကို ကမ္ဘာ့သမုဒ္ဒရာများနေ့အဖြစ် တရားဝင် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

=============

XS
SM
MD
LG