သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစားသုံးဆီေဈးႏႈန္းအေျပာင္းအလဲမျဖစ္ႏိုင္ေသး


အင္ဒိုနီးရွားႏုိင္ငံ၊ ဂ်ကာတာၿမိဳ႕ စားအံုးဆီအေရာင္းဆိုင္မွာ အလုပ္သမားတဦး ဆီျဖည့္ေနစဥ္။ 

[[Zawgyi/Unicode]]


ျပည္ပကို စားအုန္းဆီတင္ပို႔တာကို လာမယ့္ေမလ၂၃ ရက္မွာ ျပန္ၿပီးခြင့္ျပဳေတာ့မယ္လို႔ အင္ဒိုနီးရွားအစိုးရက ေၾကညာလိုက္ေပမယ့္ ျမန္မာျပည္တြင္းမွာ ျပည္ပသြင္းကုန္ေတြ ကန႔္သတ္ ထားတဲ့အတြက္ စားသုံးဆီေဈးအေျပာင္းအလဲရွိဦးမွာမဟုတ္ဘူးလို႔ ဆီလုပ္ငန္းရွင္ေတြက ေျပာပါတယ္။ စားအုန္းဆီေဈးဟာ ေဈးကြက္ထဲမွာ တပိႆာကို က်ပ္ ၇,၃၀၀ အထိ မေန႔က အျမင့္ဆုံးေရာက္ခဲ့ပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္း မခင္ျဖဴေထြးကတင္ျပေပးထားပါတယ္။

လာမယ့္ တနလၤာေန႔မွာ စားအုန္းဆီကို ျပည္ပျပန္ပို႔ခြင့္ျပဳမယ္လို႔ အင္ဒိုနီးရွားအစိုးရက ဒီေန႔ေသာၾကာေန႔မွာ ထုတ္ျပန္လိုက္တာေၾကာင့္ မၾကာခင္မွာ ႏိုင္ငံအမ်ားစုက စားဆီေစ်းေတြ က်သြားႏိုင္တယ္လို႔ သတင္းေတြက ခန႔္မွန္းေရးသားၾကပါတယ္။ ဒါေပမယ့္ သြင္းကုန္အတြက္ ႏိုင္ငံျခားေငြရွားပါးေနတဲ့ ျမန္မာႏိုင္ငံအတြက္ေတာ့ သက္ေရာက္မႈမရွိႏိုင္ပါဘူးလို႔ ျမန္မာႏိုင္ငံအလယ္ပိုင္း ဆီႏွင့္ဆီထြက္သီးႏွံျဖန႔္ျဖဴးေရး လုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

"ဟိုဘက္က အင္ဒိုနီးရွားေတြ တင္သြင္းခြင့္ေတြ သူတို႔ဖာသာ ႀကိဳက္သေလာက္ဖြင့္ ဒီဘက္က ဖြင့္မေပးရင္ သြင္းလို႔မရဘူး။ စားအုန္းဆီ မဝင္ဘူးဆိုရင္ေတာ့ ဆီေစ်းေရာ၊ ပဲဆံေစ်းေရာကက်ဖို႔ရာ လမ္းမျမင္ေသးပါဘူး။ လြယ္လြယ္နဲ႔ေျပာရရင္ေတာ့ ႏိုင္ငံေရးရဲ႕ မူဝါဒေပါ့။ ေဒၚလာေငြေၾကး ပါမယ္ဗ်ာ၊ ပို႔ကုန္ သြင္းကုန္ေတြ ဝင္လာတဲ့ေငြေတြကို ခ်က္ခ်င္း ၁,၈၅၀ နဲ႔လဲရမယ္ သြင္းကုန္ကို ေဒၚလာနဲ႔ဝယ္ရမယ္ဆို အလုံအေလာက္ဝယ္လို႔မရဘူး ဆိုေတာ့ အဲဒါေတြအားလုံး ပါတာေပါ့ဗ်ာ။ ေယဘုယ်အေနနဲ႔။"

အင္ဒိုနီးရွားဘက္က စားအုန္းဆီကို ဝယ္မရခဲ့သလို ျပည္တြင္းမွာလည္း အကန႔္အသတ္နဲ႔ပဲ သြင္းေနရတာျဖစ္လို႔ စားအုန္းဆီလက္က်န္ တန္ခ်ိန္ ၂၀,၀၀၀ ေလာက္ကို ဆက္ၿပီးမေရာင္းခ်ဖို႔ ျမန္မာစီးပြားကူးသန္းဌာနက ေမလ ၁၀ရက္မွာ ၫႊန္ၾကားခဲ့ပါတယ္။ အဲဒီေနာက္ လက္လီေစ်းကြက္မွာလည္း စားသုံးဆီအေရာင္းပိတ္ထားတဲ့ဆိုင္ေတြ အမ်ားအျပားရွိခဲ့တာပါ။

ေျမပဲဆီ တပိႆာကို ၁၀,၀၀၀ က်ပ္ရွိၿပီး စားအုန္းဆီကေတာ့ တပိႆာကို ၇,၃၀၀ အထိ မေန႔က အျမင့္ဆုံးတက္ခဲ့ပါတယ္။ ဒါက ျမန္မာစစ္ေကာင္စီရဲ႕ ရည္ၫႊန္ေစ်း ၆,၅၀၀ ထက္ပိုၿပီးမ်ားေနတာပါ။ အင္ဒိုနီးရွားဆီျပႆာနာေၾကာင့္ စစ္ေကာင္စီဘက္က ရည္ၫႊန္ေစ်းကို မထုတ္ျပန္ႏိုင္တာ သီတင္းတပတ္ေက်ာ္ေလာက္ ရွိသြားပါၿပီ။ အင္ဒိုနီးရွားဘက္က ဆီျပန္သြင္းၿပီဆိုရင္ေတာင္မွ လက္ရွိဆီေစ်းႏႈန္းထက္ အမ်ားႀကီးေတာ့ ပိုမက်ႏိုင္ဘူးလို႔ ရန္ကုန္၊ ဘုရင့္ေနာင္ပြဲ႐ုံက ဆီလုပ္ငန္းရွင္တဦးက ခန႔္မွန္းပါတယ္။

" လက္ရွိအေနအထားေလးကိုပဲ နည္းနည္းေလာက္ပဲ က်ႏိုင္မယ္ဗ်၊ က်ရင္လည္း။ အခုလက္ရွိ အျပင္ေစ်းကြက္ေပါက္ေစ်း မတိမ္းမယိမ္းေလာက္ပဲ သြားမွာဗ်။ အဲေလာက္ေတာ့ ထိုးက်သြားမယ့္အေနအထား မရွိႏိုင္ဘူး။ ဒီေန႔ေစ်းကေတာ့ ( စားအုန္းဆီ တပိႆာ) ၆,၉၅၀ ပါဗ်၊ က်ေနာ္တို႔ဖြင့္ထားတဲ့ ေစ်းေပါ့ေနာ္။"

ကမာၻမွာ ေနၾကာဆီအမ်ားဆုံးထုတ္ေပးတဲ့ ယူကရိန္းမွာ စစ္ပြဲျဖစ္လို႔ ကမာၻမွာ စားသုံးဆီအက်ပ္အတည္းေတြ႕ေနတဲ့အခ်ိန္ အင္ဒိုနီးရွားကလည္း စာအုန္းဆီ ျပည္ပတင္ပို႔မႈကို ကန႔္သတ္ခဲ့ပါတယ္။ ျပည္တြင္းစားသုံးဆီေစ်းတက္လာတာကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ဧၿပီလ ၂၈ရက္ေန႔ကစလို႔ စားအုန္းဆီျပည္ပတင္ပို႔မႈကို အင္ဒိုနီးရွားကရပ္ဆိုင္းခဲ့ပါတယ္။ မွန္းထားတဲ့ ေစ်းႏႈန္းအထိ ျပန္မက်ေသးေပမဲ့ ဆီထုတ္လုပ္ေရး လုပ္ငန္းခြင္ေတြမွာရွိတဲ့ လုပ္သား ၁၇ သန္းရဲ႕ စားဝတ္ေနေရးကိုငဲ့ၿပီး အခုလို ကန႔္သတ္ခ်က္ေတြ ေျဖေလွ်ာ့ေပးလိုက္တာလို႔ သမၼတဂ်ိဳကိုဝီဒိုဒို ကို ကိုးကားၿပီး သတင္းေတြက ေရးသားၾကပါတယ္။

ဒါေပမဲ့ ကမာၻ႔ေစ်းကြက္ရဲ႕ ထက္ဝက္ေက်ာ္ကိုရထားတဲ့ အင္ဒိုနီးရွားမွာ စားအုန္းဆီတလီတာကို ႐ူးပီးယားေငြ ၁၉,၈၀၀ နဲ႔ ၁၇,၀၀၀ ၾကားရွိေနပါတယ္။ သူတို႔မွန္းထားတဲ့ ၁၄,၀၀၀ ေလာက္အထိ ျပန္မေရာက္ေသးဘူးလို႔ အင္ဒိုနီးရွားအစိုးရ ထုတ္ျပန္ခ်က္တခ်ိဳ႕မွာ ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မြန်မာစားသုံးဆီဈေးနှုန်းအပြောင်းအလဲမဖြစ်နိုင်သေး


ပြည်ပကို စားအုန်းဆီတင်ပို့တာကို လာမယ့်မေလ၂၃ ရက်မှာ ပြန်ပြီးခွင့်ပြုတော့မယ်လို့ အင်ဒိုနီးရှားအစိုးရက ကြေညာလိုက်ပေမယ့် မြန်မာပြည်တွင်းမှာ ပြည်ပသွင်းကုန်တွေ ကန့်သတ် ထားတဲ့အတွက် စားသုံးဆီဈေးအပြောင်းအလဲရှိဦးမှာမဟုတ်ဘူးလို့ ဆီလုပ်ငန်းရှင်တွေက ပြောပါတယ်။ စားအုန်းဆီဈေးဟာ ဈေးကွက်ထဲမှာ တပိဿာကို ကျပ် ၇,၃၀၀ အထိ မနေ့က အမြင့်ဆုံးရောက်ခဲ့ပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း မခင်ဖြူထွေးကတင်ပြပေးထားပါတယ်။

လာမယ့် တနင်္လာနေ့မှာ စားအုန်းဆီကို ပြည်ပပြန်ပို့ခွင့်ပြုမယ်လို့ အင်ဒိုနီးရှားအစိုးရက ဒီနေ့သောကြာနေ့မှာ ထုတ်ပြန်လိုက်တာကြောင့် မကြာခင်မှာ နိုင်ငံအများစုက စားဆီဈေးတွေ ကျသွားနိုင်တယ်လို့ သတင်းတွေက ခန့်မှန်းရေးသားကြပါတယ်။ ဒါပေမယ့် သွင်းကုန်အတွက် နိုင်ငံခြားငွေရှားပါးနေတဲ့ မြန်မာနိုင်ငံအတွက်တော့ သက်ရောက်မှုမရှိနိုင်ပါဘူးလို့ မြန်မာနိုင်ငံအလယ်ပိုင်း ဆီနှင့်ဆီထွက်သီးနှံဖြန့်ဖြူးရေး လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"ဟိုဘက်က အင်ဒိုနီးရှားတွေ တင်သွင်းခွင့်တွေ သူတို့ဖာသာ ကြိုက်သလောက်ဖွင့် ဒီဘက်က ဖွင့်မပေးရင် သွင်းလို့မရဘူး။ စားအုန်းဆီ မဝင်ဘူးဆိုရင်တော့ ဆီဈေးရော၊ ပဲဆံဈေးရောကကျဖို့ရာ လမ်းမမြင်သေးပါဘူး။ လွယ်လွယ်နဲ့ပြောရရင်တော့ နိုင်ငံရေးရဲ့ မူဝါဒပေါ့။ ဒေါ်လာငွေကြေး ပါမယ်ဗျာ၊ ပို့ကုန် သွင်းကုန်တွေ ဝင်လာတဲ့ငွေတွေကို ချက်ချင်း ၁,၈၅၀ နဲ့လဲရမယ် သွင်းကုန်ကို ဒေါ်လာနဲ့ဝယ်ရမယ်ဆို အလုံအလောက်ဝယ်လို့မရဘူး ဆိုတော့ အဲဒါတွေအားလုံး ပါတာပေါ့ဗျာ။ ယေဘုယျအနေနဲ့။"

အင်ဒိုနီးရှားဘက်က စားအုန်းဆီကို ဝယ်မရခဲ့သလို ပြည်တွင်းမှာလည်း အကန့်အသတ်နဲ့ပဲ သွင်းနေရတာဖြစ်လို့ စားအုန်းဆီလက်ကျန် တန်ချိန် ၂၀,၀၀၀ လောက်ကို ဆက်ပြီးမရောင်းချဖို့ မြန်မာစီးပွားကူးသန်းဌာနက မေလ ၁၀ရက်မှာ ညွှန်ကြားခဲ့ပါတယ်။ အဲဒီနောက် လက်လီဈေးကွက်မှာလည်း စားသုံးဆီအရောင်းပိတ်ထားတဲ့ဆိုင်တွေ အများအပြားရှိခဲ့တာပါ။

မြေပဲဆီ တပိဿာကို ၁၀,၀၀၀ ကျပ်ရှိပြီး စားအုန်းဆီကတော့ တပိဿာကို ၇,၃၀၀ အထိ မနေ့က အမြင့်ဆုံးတက်ခဲ့ပါတယ်။ ဒါက မြန်မာစစ်ကောင်စီရဲ့ ရည်ညွှန်ဈေး ၆,၅၀၀ ထက်ပိုပြီးများနေတာပါ။ အင်ဒိုနီးရှားဆီပြဿာနာကြောင့် စစ်ကောင်စီဘက်က ရည်ညွှန်ဈေးကို မထုတ်ပြန်နိုင်တာ သီတင်းတပတ်ကျော်လောက် ရှိသွားပါပြီ။ အင်ဒိုနီးရှားဘက်က ဆီပြန်သွင်းပြီဆိုရင်တောင်မှ လက်ရှိဆီဈေးနှုန်းထက် အများကြီးတော့ ပိုမကျနိုင်ဘူးလို့ ရန်ကုန်၊ ဘုရင့်နောင်ပွဲရုံက ဆီလုပ်ငန်းရှင်တဦးက ခန့်မှန်းပါတယ်။

" လက်ရှိအနေအထားလေးကိုပဲ နည်းနည်းလောက်ပဲ ကျနိုင်မယ်ဗျ၊ ကျရင်လည်း။ အခုလက်ရှိ အပြင်ဈေးကွက်ပေါက်ဈေး မတိမ်းမယိမ်းလောက်ပဲ သွားမှာဗျ။ အဲလောက်တော့ ထိုးကျသွားမယ့်အနေအထား မရှိနိုင်ဘူး။ ဒီနေ့ဈေးကတော့ ( စားအုန်းဆီ တပိဿာ) ၆,၉၅၀ ပါဗျ၊ ကျနော်တို့ဖွင့်ထားတဲ့ ဈေးပေါ့နော်။"

ကမ္ဘာမှာ နေကြာဆီအများဆုံးထုတ်ပေးတဲ့ ယူကရိန်းမှာ စစ်ပွဲဖြစ်လို့ ကမ္ဘာမှာ စားသုံးဆီအကျပ်အတည်းတွေ့နေတဲ့အချိန် အင်ဒိုနီးရှားကလည်း စာအုန်းဆီ ပြည်ပတင်ပို့မှုကို ကန့်သတ်ခဲ့ပါတယ်။ ပြည်တွင်းစားသုံးဆီဈေးတက်လာတာကို ထိန်းချုပ်နိုင်ဖို့ ဧပြီလ ၂၈ရက်နေ့ကစလို့ စားအုန်းဆီပြည်ပတင်ပို့မှုကို အင်ဒိုနီးရှားကရပ်ဆိုင်းခဲ့ပါတယ်။ မှန်းထားတဲ့ ဈေးနှုန်းအထိ ပြန်မကျသေးပေမဲ့ ဆီထုတ်လုပ်ရေး လုပ်ငန်းခွင်တွေမှာရှိတဲ့ လုပ်သား ၁၇ သန်းရဲ့ စားဝတ်နေရေးကိုငဲ့ပြီး အခုလို ကန့်သတ်ချက်တွေ ဖြေလျှော့ပေးလိုက်တာလို့ သမ္မတဂျိုကိုဝီဒိုဒို ကို ကိုးကားပြီး သတင်းတွေက ရေးသားကြပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ဈေးကွက်ရဲ့ ထက်ဝက်ကျော်ကိုရထားတဲ့ အင်ဒိုနီးရှားမှာ စားအုန်းဆီတလီတာကို ရူးပီးယားငွေ ၁၉,၈၀၀ နဲ့ ၁၇,၀၀၀ ကြားရှိနေပါတယ်။ သူတို့မှန်းထားတဲ့ ၁၄,၀၀၀ လောက်အထိ ပြန်မရောက်သေးဘူးလို့ အင်ဒိုနီးရှားအစိုးရ ထုတ်ပြန်ချက်တချို့မှာ ရေးသားထားပါတယ်။

============

XS
SM
MD
LG