သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿငိမ္းခ်မ္းေရးထိပ္သီးေဆြးေႏြးပြဲမ်ား ေမ၂၀ စတင္မည္


အပစ္အခတ္ ရပ္စဲေရး ေဆြးေႏြးေနၾကတဲ့ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန(NRPC) ကိုယ္စားလွယ္အဖြဲ႔ နဲ႔ ေျမာက္ပိုင္း မဟာမိတ္ေလးဖဲြ႔ျဖစ္တဲ့ KIO, MNTJP, PSLF, ULA ကိုယ္စားလွယ္မ်ား (ဓါတ္ပံု- NRPC/ယခင္ မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ဒီလ ၂၀ ရက္ေန႔မွာ စစ္ေကာင္စီဥကၠ႒နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ေတြရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ စတင္မယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ စစ္ေကာင္စီေျပာခြင့္ရက သတင္းထုတ္ျပန္ပါတယ္။ NCA အပစ္ရပ္လက္မွတ္ ထိုးအဖြဲ႔ေတြရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST နဲ႔ ေဆြးေႏြးဖို႔ကိုေတာ့ ညႇိႏႈိင္းေနဆဲျဖစ္ေၾကာင္းနဲ႔ စစ္ေကာင္စီဘက္က ရလဒ္တခုထြက္ေပၚလာတဲ့အထိ ေဆြးေႏြးသြားမယ္လို႔လည္း ေျပာဆိုထားပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္က တုိင္းရင္းသားလက္နက္ ကိုင္အဖဲြ႔ေတြကို ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ဖိတ္ေခၚရာမွာ လက္နက္ကိုင္အဖဲြ႔ ၁၀ ဖဲြ႔ တက္ေရာက္ဖို႔ အေၾကာင္းျပန္ထားတာပါ။

ဒီၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြေတြကိုေတာ့ လာမယ့္ ေသာၾကာေန႔မွာ စတင္မွာျဖစ္ ေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီေန႔ က်င္းပတဲ့သတင္းစာရွင္းလင္းပဲြမွာ အခုလုိ ေျပာပါတယ္။

“ ႏိုင္ငံေတာ္အႀကီးအကဲအေနျဖင့္ EAO တဖြဲ႔႔ခ်င္းစီနဲ႔ ေတြ႔ဆံုမွာျဖစ္သလို PPST ဦးေဆာင္အဖဲြ႔အားလည္း ေတြ႔ဆံုခြင့္ရေရး ေဆာင္ရြက္ေပးႏိုင္ရန္ PPST ဦးေဆာင္အဖဲြ႔မွ ညိွႏိႈင္းေရးေကာ္မတီကို စာတေစာင္ ေပးပို႔လာတာရိွပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး က်ေနာ္တုိ႔ ညိွႏိႈင္းေရးေကာ္မတီကလည္း EAO တဖဲြ႔ခ်င္းစီရဲ့ သေဘာတရား တူညီမႈေတြ မရိွတာေၾကာင့္မို႔လုိ႔ က်ေနာ္တုိ႔ ႏိုင္ငံေတာ္အၾကီးအကဲအေနျဖင့္ EAO တဖဲြ႔ခ်င္းစီကိုသာ ေတြ႔ဆံုသြားမွာ ျဖစ္ေၾကာင္းနဲ႔ တရားဝင္ ေတြ႔ဆံုလုိပါက ညိွႏိႈင္းေရးေကာ္မတီနဲ႔ PPST ေတြ႔ဆံုႏိုင္ပါတယ္လုိ႔ ျပန္ၾကားၿပီးျဖစ္ပါတယ္။ ဒီေတြ႔ဆံုေဆြးေႏြးမႈေတြကိုေတာ့ အေစာဆံုး ဒီလ ၂၀ ရက္ေန႔ မနက္ျဖန္မွာ စတင္ေတြ႔ဆံုမွာျဖစ္ပါတယ္။”

မနက္ျဖန္မွာ စတင္မယ့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြမွာ စစ္ေကာင္စီဘက္က ရည္မွန္းမွန္းထားတဲ့ အဓိက ေဆြးေႏြးသြားမယ့္ အခ်က္ေတြနဲ႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလုိ ဆက္ေျပာပါတယ္။

“သြားမယ့္ပံုစံက ၄ ခုပါ။ နံပါတ္တစ္ကေတာ့ EAO အဖဲြ႔မ်ားရဲ့ လုိအင္ဆႏၵေတြ၊ အဲဒီ လုိအင္ဆႏၵေတြထဲမွာမွ က်ေနာ္တုိ႔ ႏိုင္ငံေတာ္အစိုးရရဲ့ လုိလားခ်က္ေတြ။ နံပါတ္ သံုးကေတာ့ အဲဒီ ၂ ခုရဲ့ ၾကားထဲမွာ သူတုိ႔ရဲ့ လုိအင္ဆႏၵနဲ႔ ႏိုင္ငံေတာ္အစိုးရရဲ့ လုိလားခ်က္ေတြရဲ့ၾကားထဲမွာ လက္ရိွ လုပ္ေဆာင္ေပးႏုိင္တဲ့ဟာေတြ။ ၿပီးရင္ေတာ့ က်ေနာ္တုိ႔ ေနာင္အနာဂတ္မွာမွ လုပ္ေဆာင္ေပးႏိုင္မယ့္ဟာေတြ။ ၾကိဳတင္စီမံၿပီးေတာ့မွ တျဖည္းျဖည္း လုပ္ေဆာင္သြားရမယ့္ဟာေတြ။ ဒါေတြနဲ႔ပတ္သက္ၿပီးေတာ့မွ ဘာေတြ လုပ္ေဆာင္ေပးႏိုင္မယ္ဆုိတာကို အပိုင္းခဲြျခားၿပီး ေဆြးေႏြးသြားမွာျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ထပ္ၿပီးေျပာခ်င္တာက ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အေနနဲ႔ အာမခံတာ ဒီေဆြးေႏြးပဲြမွာ ရလဒ္တခု ထြက္လာေအာင္ ေဆြးေႏြးမယ္လုိ႔ ေျပာထားၿပီးျဖစ္ပါတယ္။ ”

ေသာၾကာေန႔မွာေတာ့ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA ေတာင္ပိုင္းနဲ႔ စတင္ေဆြးေႏြးမွာျဖစ္ၿပီး RCSS ကိုယ္စားလွယ္အဖဲြ႔ကို ဥကၠ႒ ဗိုလ္ခ်ဳပ္ၾကီး ယြက္စစ္ကိုယ္တုိင္ ဦးေဆာင္တက္ေရာက္မွာ ျဖစ္ပါတယ္။

လက္ရိွ က်င္းပမယ့္ ေဆြးေႏြးပဲြေတြမွာ NCA လက္မွတ္ထိုးအဖဲြ႔ေတြရဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔ PPST က ပါ၀င္ခြင့္မရေပမယ့္ PPST က ခ်မွတ္ထားတဲ့ မူေတြကိုေတာ့ တဖဲြ႔ခ်င္းက ေဆြးေႏြးသြားဖုိ႔ ရိွေၾကာင္း PPST ဦးေဆာင္အဖဲြ႔ဝင္ ဗိုလ္မႉးႀကီးခြန္ဥကၠာက ေျပာပါတယ္။

“PPST အစုအဖဲြ႔အေနနဲ႔ ေတြ႔ဖုိ႔ မရိွေသးဘူးဆုိေတာ့ က်ေနာ္တုိ႔ အဲဒါ ေစာင့္ၾကည့္ေနပါတယ္။ တဖဲြ႔ခ်င္းေဆြးေႏြးတဲ့အဖဲြ႔ေတြကပဲ က်ေနာ္တုိ႔ Position ကို ကိုယ္စားျပဳၿပီး တင္ျပခုိင္းရမွာေပါ့။ အဲလုိပဲ လုပ္ရမယ္။ အခု ဗိုလ္ခ်ဳပ္ၾကီး ယြက္စစ္တို႔အဖဲြ႔ကေတာ့ က်ေနာ္တုိ႔နဲ႔ တုိင္ပင္ၿပီးေတာ့ သြားတာေတာ့ မဟုတ္ ဘူး။ သီးျခား သူ႔အစီအစဥ္နဲ႔သူ သြားတယ္ဆုိေတာ့ က်ေနာ္တုိ႔ ဘာမွမေျပာလုိက္ရဘူး။ သို႔ေသာ္လည္းပဲ က်ေနာ္တုိ႔ က်န္တဲ့ ၆ ဖဲြ႔ကေတာ့ တုိင္တုိင္ပင္ပင္နဲ႔ ကိုယ့္အေၾကာင္းလည္း ကိုယ္ေျပာ။ တႏိုင္ငံလံုးကိစၥလည္း ေျပာေပါ့ဗ်ာ။ PPST ရဲ့ Position လည္း ေျပာေပါ့ဗ်ာ။ ဒီလုိေတာ့ ညိွထားပါတယ္။”

PPSTက အေျခခံမူ ၃ခ်က္၊ ႏိုင္ငံေရးလုပ္ငန္းစဥ္ ၇ ခ်က္နဲ႔ လမ္းျပေျမပံု ၈ ခ်က္ အေပၚ အေျခခံ ေဆြးေႏြးဖုိ႔ ဆံုးျဖတ္ထားတာပါ။

PPST ရဲ႕အေျခခံမူ ၃ ခ်က္မွာ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းဖို႔၊ သက္ဆိုင္ရာ အဖြဲ႔အစည္းေတြ အားလုံးပါဝင္ဖို႔နဲ႔ အရပ္သားေတြရဲ႕လုံၿခဳံေရး၊ ကာကြယ္ေရးကို လုပ္ေဆာင္ေပးဖို႔ဆိုတာ ပါဝင္ပါတယ္။

တဖဲြ႔ခ်င္းစီရဲ့ နယ္ေျမအေျခအေန၊ လုပ္ငန္းစဥ္ေတြေဆြးေႏြးရာမွာ ေခ်ာေမြ႔ လြယ္ကူႏိုင္ေပမယ့္ တႏိုင္ငံလံုးအေျခအေနထည့္သြင္းေဆြးေႏြးရင္ေတာ့ အခ်ိန္ယူရႏိုင္ေၾကာင္း ဗိုလ္မႉးႀကီးခြန္ဥကၠာက သံုးသပ္ပါတယ္။

ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြေတြကို ဒီလကုန္ပိုင္းထိ အဖဲြ႔လုိက္ေဆြးေႏြးမွာျဖစ္သလို ေနာက္လေတြမွာလည္း ဆက္လက္ ေဆြးေႏြးမွာ ျဖစ္ ပါတယ္။

မနက္ျဖန္ကေန စတင္မယ့္ ေဆြးေႏြးပဲြေတြကို NCA လက္မွတ္ထိုး ၇ ဖြဲ႔က RCSS/SSA ရွမ္း၊ ကရင္အဖြဲ႔ေတြျဖစ္တဲ့ DKBA၊ KNU/KNLA –PC ၊ PNLO ပအိုဝ္း၊ NMSP မြန္၊ ALP ရခိုင္၊ LDU လားဟူနဲ႔ လက္မွတ္ ေရးထိုးမထားတဲ့ အဖြဲ ၃ ဖြဲ႔က UWSA ဝရယ္၊ NDAA မိုင္းလား၊ SSPP/SSA ရွမ္း စတဲ့အဖြဲ႔ေတြက တက္ေရာက္မွာျဖစ္ပါတယ္။

ကခ်င္ KIO၊ ကရင္ KNU၊ ကရင္နီ KNPP၊ ခ်င္း CNF နဲ႔ ေက်ာင္းသားတပ္မေတာ္ ABSDF အဖြဲ႔ေတြကေတာ့ တက္ေရာက္မွာမဟုတ္ေၾကာင္း စာထုတ္ျပန္ ထားၿပီး တအန္း(ပေလာင္) PSLF၊ ကိုးကန႔္ MNDAA၊ ရခိုင္ AA အဖြဲ႔ေတြကေတာ့ ၿငိမ္းေဆြးေႏြးပြဲကို ေစာင့္ၾကည့္ေလ့လာေနဆဲရွိေၾကာင္း သတင္းမီဒီယာေတြကို ေျပာဆိုထားပါတယ္။

စစ္ေကာင္စီနဲ႔ စစ္ေရးပဋိပကၡျဖစ္ေနတဲ့တုိင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ စစ္အာဏာသိမ္းၿပီးေနာက္ဖဲြ႔စည္းလာတဲ့ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ PDF ေတြ ေဆြးေႏြးပဲြမွာ မပါ၀င္ရင္ ျမန္မာျပည္ရဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ မေအာင္ျမင္ႏိုင္ေၾကာင္း သံုးသပ္တာေတြလည္း ရိွေနပါတယ္။

ဒီေန႔ မနက္ပိုင္းကေတာ့ တပ္မေတာ္ ေထာက္ခံသူေတြက ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြေတြကို ၾကိဳဆိုတဲ့ ေထာက္ခံပဲြကို ရန္ကုန္ၿမိဳ႕မဟာဗႏၶဳလ ပန္းၿခံမွာ က်င္းပခဲ့သလို ၿပီးခဲ့တဲ့ ရက္ေတြကလည္း ေနျပည္ေတာ္မွာ က်င္းပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Zawgyi/Unicode]]

ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲများ မေ၂၀ စတင်မည်

ဒီလ ၂၀ ရက်နေ့မှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရက သတင်းထုတ်ပြန်ပါတယ်။ NCA အပစ်ရပ်လက်မှတ် ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နဲ့ ဆွေးနွေးဖို့ကိုတော့ ညှိနှိုင်းနေဆဲဖြစ်ကြောင်းနဲ့ စစ်ကောင်စီဘက်က ရလဒ်တခုထွက်ပေါ်လာတဲ့အထိ ဆွေးနွေးသွားမယ်လို့လည်း ပြောဆိုထားပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ရာမှာ လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ တက်ရောက်ဖို့ အကြောင်းပြန်ထားတာပါ။

ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုတော့ လာမယ့် သောကြာနေ့မှာ စတင်မှာဖြစ် ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“နိုင်ငံတော်အကြီးအကဲအနေဖြင့် EAO တစ်ဖွဲ့ချင်းစီနဲ့ တွေ့ဆုံမှာဖြစ်သလို PPST ဦးဆောင်အဖွဲ့အားလည်း တွေ့ဆုံခွင့်ရရေး ဆောင်ရွက်ပေးနိုင်ရန် PPST ဦးဆောင်အဖွဲ့မှ ညှိနှိုင်းရေးကော်မတီကို စာတစောင် ပေးပို့လာတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ညှိနှိုင်းရေးကော်မတီကလည်း EAO တဖွဲ့ချင်းစီရဲ့ သဘောတရား တူညီမှုတွေ မရှိတာကြောင့်မို့လို့ ကျနော်တို့ နိုင်ငံတော်အကြီးအကဲအနေဖြင့် EAO တဖွဲ့ချင်းစီကိုသာ တွေ့ဆုံသွားမှာ ဖြစ်ကြောင်းနဲ့ တရားဝင် တွေ့ဆုံလိုပါက ညှိနှိုင်းရေးကော်မတီနဲ့ PPST တွေ့ဆုံနိုင်ပါတယ်လို့ ပြန်ကြားပြီးဖြစ်ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုတွေကိုတော့ အစောဆုံး ဒီလ ၂၀ ရက်နေ့ မနက်ဖြန်မှာ စတင်တွေ့ဆုံမှာဖြစ်ပါတယ်။”

မနက်ဖြန်မှာ စတင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က ရည်မှန်းမှန်းထားတဲ့ အဓိက ဆွေးနွေးသွားမယ့် အချက်တွေနဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ဆက်ပြောပါတယ်။

“သွားမယ့်ပုံစံက ၄ ခုပါ။ နံပါတ်တစ်ကတော့ EAO အဖွဲ့များရဲ့ လိုအင်ဆန္ဒတွေ၊ အဲဒီ လိုအင်ဆန္ဒတွေထဲမှာမှ ကျနော်တို့ နိုင်ငံတော်အစိုးရရဲ့ လိုလားချက်တွေ။ နံပါတ် သုံးကတော့ အဲဒီ ၂ ခုရဲ့ ကြားထဲမှာ သူတို့ရဲ့ လိုအင်ဆန္ဒနဲ့ နိုင်ငံတော်အစိုးရရဲ့ လိုလားချက်တွေရဲ့ကြားထဲမှာ လက်ရှိ လုပ်ဆောင်ပေးနိုင်တဲ့ဟာတွေ။ ပြီးရင်တော့ ကျနော်တို့ နောင်အနာဂတ်မှာမှ လုပ်ဆောင်ပေးနိုင်မယ့်ဟာတွေ။ ကြိုတင်စီမံပြီးတော့မှ တဖြည်းဖြည်း လုပ်ဆောင်သွားရမယ့်ဟာတွေ။ ဒါတွေနဲ့ပတ်သက်ပြီးတော့မှ ဘာတွေ လုပ်ဆောင်ပေးနိုင်မယ်ဆိုတာကို အပိုင်းခွဲခြားပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ထပ်ပြီးပြောချင်တာက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ အာမခံတာ ဒီဆွေးနွေးပွဲမှာ ရလဒ်တခု ထွက်လာအောင် ဆွေးနွေးမယ်လို့ ပြောထားပြီးဖြစ်ပါတယ်။ ”

သောကြာနေ့မှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းနဲ့ စတင်ဆွေးနွေးမှာဖြစ်ပြီး RCSS ကိုယ်စားလှယ်အဖွဲ့ကို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကိုယ်တိုင် ဦးဆောင်တက်ရောက်မှာ ဖြစ်ပါတယ်။

လက်ရှိ ကျင်းပမယ့် ဆွေးနွေးပွဲတွေမှာ NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပါဝင်ခွင့်မရပေမယ့် PPST က ချမှတ်ထားတဲ့ မူတွေကိုတော့ တဖွဲ့ချင်းက ဆွေးနွေးသွားဖို့ ရှိကြောင်း PPST ဦးဆောင်အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“PPST အစုအဖွဲ့အနေနဲ့ တွေ့ဖို့ မရှိသေးဘူးဆိုတော့ ကျနော်တို့ အဲဒါ စောင့်ကြည့်နေပါတယ်။ တဖွဲ့ချင်းဆွေးနွေးတဲ့အဖွဲ့တွေကပဲ ကျနော်တို့ Position ကို ကိုယ်စားပြုပြီး တင်ပြခိုင်းရမှာပေါ့။ အဲလိုပဲ လုပ်ရမယ်။ အခု ဗိုလ်ချုပ်ကြီး ယွက်စစ်တို့အဖွဲ့ကတော့ ကျနော်တို့နဲ့ တိုင်ပင်ပြီးတော့ သွားတာတော့ မဟုတ် ဘူး။ သီးခြား သူ့အစီအစဉ်နဲ့သူ သွားတယ်ဆိုတော့ ကျနော်တို့ ဘာမှမပြောလိုက်ရဘူး။ သို့သော်လည်းပဲ ကျနော်တို့ ကျန်တဲ့ ၆ ဖွဲ့ကတော့ တိုင်တိုင်ပင်ပင်နဲ့ ကိုယ့်အကြောင်းလည်း ကိုယ်ပြော။ တနိုင်ငံလုံးကိစ္စလည်း ပြောပေါ့ဗျာ။ PPST ရဲ့ Position လည်း ပြောပေါ့ဗျာ။ ဒီလိုတော့ ညှိထားပါတယ်။”

PPSTက အခြေခံမူ ၃ချက်၊ နိုင်ငံရေးလုပ်ငန်းစဉ် ၇ ချက်နဲ့ လမ်းပြမြေပုံ ၈ ချက် အပေါ် အခြေခံ ဆွေးနွေးဖို့ ဆုံးဖြတ်ထားတာပါ။

PPST ရဲ့အခြေခံမူ ၃ ချက်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးပါဝင်ဖို့နဲ့ အရပ်သားတွေရဲ့လုံခြုံရေး၊ ကာကွယ်ရေးကို လုပ်ဆောင်ပေးဖို့ဆိုတာ ပါဝင်ပါတယ်။

တဖွဲ့ချင်းစီရဲ့ နယ်မြေအခြေအနေ၊ လုပ်ငန်းစဉ်တွေဆွေးနွေးရာမှာ ချောမွေ့ လွယ်ကူနိုင်ပေမယ့် တနိုင်ငံလုံးအခြေအနေထည့်သွင်းဆွေးနွေးရင်တော့ အချိန်ယူရနိုင်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက သုံးသပ်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဒီလကုန်ပိုင်းထိ အဖွဲ့လိုက်ဆွေးနွေးမှာဖြစ်သလို နောက်လတွေမှာလည်း ဆက်လက် ဆွေးနွေးမှာ ဖြစ် ပါတယ်။

မနက်ဖြန်ကနေ စတင်မယ့် ဆွေးနွေးပွဲတွေကို NCA လက်မှတ်ထိုး ၇ ဖွဲ့က RCSS/SSA ရှမ်း၊ ကရင်အဖွဲ့တွေဖြစ်တဲ့ DKBA၊ KNU/KNLA –PC ၊ PNLO ပအိုဝ်း၊ NMSP မွန်၊ ALP ရခိုင်၊ LDU လားဟူနဲ့ လက်မှတ် ရေးထိုးမထားတဲ့ အဖွဲ ၃ ဖွဲ့က UWSA ဝရယ်၊ NDAA မိုင်းလား၊ SSPP/SSA ရှမ်း စတဲ့အဖွဲ့တွေက တက်ရောက်မှာဖြစ်ပါတယ်။

ကချင် KIO၊ ကရင် KNU၊ ကရင်နီ KNPP၊ ချင်း CNF နဲ့ ကျောင်းသားတပ်မတော် ABSDF အဖွဲ့တွေကတော့ တက်ရောက်မှာမဟုတ်ကြောင်း စာထုတ်ပြန် ထားပြီး တအန်း(ပလောင်) PSLF၊ ကိုးကန့် MNDAA၊ ရခိုင် AA အဖွဲ့တွေကတော့ ငြိမ်းဆွေးနွေးပွဲကို စောင့်ကြည့်လေ့လာနေဆဲရှိကြောင်း သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

စစ်ကောင်စီနဲ့ စစ်ရေးပဋိပက္ခဖြစ်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်အာဏာသိမ်းပြီးနောက်ဖွဲ့စည်းလာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဆွေးနွေးပွဲမှာ မပါဝင်ရင် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်နိုင်ကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။

ဒီနေ့ မနက်ပိုင်းကတော့ တပ်မတော် ထောက်ခံသူတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကြိုဆိုတဲ့ ထောက်ခံပွဲကို ရန်ကုန်မြို့မဟာဗန္ဓုလ ပန်းခြံမှာ ကျင်းပခဲ့သလို ပြီးခဲ့တဲ့ ရက်တွေကလည်း နေပြည်တော်မှာ ကျင်းပခဲ့ကြပါတယ်။

=============

XS
SM
MD
LG