သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ပအိုဝ္းအမ်ိဳးသား ဖယ္ဒရယ္ေကာင္စီ အႀကံျပဳစာ ထုတ္ျပန္


အပစ္အခတ္ ရပ္စဲေရး ေဆြးေႏြးေနၾကတဲ့ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန(NRPC) ကိုယ္စားလွယ္အဖြဲ႔ နဲ႔ ေျမာက္ပိုင္း မဟာမိတ္ေလးဖဲြ႔ျဖစ္တဲ့ KIO, MNTJP, PSLF, ULA ကိုယ္စားလွယ္မ်ား (ဓါတ္ပံု- NRPC/ယခင္မွတ္တမ္းသတင္းဓာတ္ပံု)

[[Zawgyi/Unicode]]


စစ္ေကာင္စီနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးမယ့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္ေတြကို တႏိုင္ငံလုံး ထိုးစစ္ေတြရပ္ဆိုင္းေရး၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ဦးဝင္းျမင့္အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားေတြ လႊတ္ေပးေရးနဲ႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ သက္ဆိုင္သူအားလုံးပါဝင္ေရးအတြက္ ပအိုဝ္းအမ်ိဳးသား ဖက္ဒရယ္ေကာင္စီက တိုက္တြန္းလိုက္ပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ေတြက ဘယ္လိုသေဘာထားရွိႏိုင္ပါသလဲ။ ရန္ကုန္ကေပးပိုတဲ့သတင္း ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ပအိုဝ္း ႏိုင္ငံေရးအင္အားစုအသစ္တခုျဖစ္တဲ့ ပအိုဝ္းအမ်ိဳးသား ဖက္ဒရယ္ေကာင္စီက စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ အႀကံျပဳခ်က္တေစာင္ကို ဒီလ ၁၂ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ခဲ့တာပါ။ ဒီအႀကံျပဳခ်က္ဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲတက္ေရာက္မယ့္ တိုင္းသားလက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္ေတြကို စစ္ေကာင္စီနဲ႔ ေဆြးေႏြးဖို႔ တိုက္တြန္းထားတာလည္း ျဖစ္ပါတယ္။

အခ်က္ ၅ ခ်က္ပါဝင္တဲ့ ဒီအႀကံျပဳတိုက္တြန္းခ်က္ကို ပအိုဝ္းအမ်ိဳးသား ဖက္ဒရယ္ေကာင္စီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခြန္ဝါးက VOA ကို အခုလို ေျပာပါတယ္။

“ လက္ရွိ ေတာ္လွန္ေရးမွာ ပါဝင္ေနတဲ့ အင္အားစုေတြအကုန္လုံးက အပစ္ရပ္ႏိုင္ဖို႔ စစ္တပ္ဘက္က အဓိက ထိုးစစ္ဆင္တာေတြ၊ သတ္ျဖတ္တာေတြ ရပ္ဖို႔ လိုအပ္တယ္။ ၿပီးေတာ့မွ စစ္အာဏာရွင္စနစ္ကို ေတာ္လွန္ေနတဲ့ အင္အားစုေတြကို သတ္ျဖတ္တာေတြ၊ မီးရႈိ႕တာေတြ၊ ဖမ္းဆီးတာေတြ ဒါ ရပ္ဖို႔ လိုအပ္တယ္ေပါ့။ လက္ရွိ ဖမ္းထားတဲ့ ေခါင္းေဆာင္ေတြ၊ ႏိုင္ငံေရးအက်ဥ္းသားေတြကအစ အကုန္လုံးေပါ့။ လႊတ္ဖို႔ လိုအပ္တယ္။ ၿငိမ္းခ်မ္းေရးကိစၥရပ္ေတြကို ေျပာၾကမယ္၊ လုပ္ၾကမယ္ဆို အေရးႀကီးတာက အားလုံးပါဝင္ေရးမူကိုေတာ့ ျပန္ၿပီး သတိခ်ပ္ေစခ်င္တယ္။ ေနာက္တခ်က္က ျမန္မာႏိုင္ငံအတြက္ ၿငိမ္းခ်မ္းေရးကိစၥရပ္ေတြ၊ အပစ္အခတ္ရပ္မယ့္ ကိစၥရပ္မ်ိဳးေတြ စဥ္းစားၾကရင္လည္း အာမခံခ်က္ရွိဖို႔အတြက္ ကမာၻ႔ကုလသမဂၢရဲ႕ ပူးေပါင္းပါဝင္မႈေတြ၊ ႏိုင္ငံတကာအင္အားစုရဲ႕ ပါဝင္လာမႈဆိုတဲ့ ကိစၥရပ္မ်ိဳးေတြ စဥ္းစားဖို႔လည္း လိုအပ္ပါတယ္။”

ပအိုဝ္းအမ်ိဳးသားဖက္ဒရယ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္မွာ ဖမ္းဆီးထားတဲ့ေခါင္းေဆာင္ေတြအျဖစ္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္တို႔အမည္ေတြကို ေဖာ္ျပထားသလို ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ အားလုံးပါဝင္ေရးဆိုရာမွာလည္း အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံ ေကာင္စီ NUCC၊ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ CRPH၊ အမ်ိဳးသားညီၫႊတ္ေရးအစိုးရ NUG နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF တို႔ကိုပါ ေဖာ္ျပထားပါတယ္။

လက္ရွိ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ဟာ လူထုပူးေပါင္းပါဝင္မႈ၊ ေထာက္ခံမႈမရရင္ ေအာင္ျမင္မွာမဟုတ္သလို တရားဝင္မွာမဟုတ္ေၾကာင္းလည္း ေထာက္ျပထားပါတယ္။

ပအိုဝ္းအမ်ိဳးသားဖက္ဒရယ္ေကာင္စီဟာ ပအိုဝ္းအရပ္ဘက္အဖြဲ႕အစည္းေတြ၊ CDM ဝန္ထမ္းေတြ၊ PDF အဖြဲ႕ဝင္ေတြနဲ႔ လက္နက္ကိုင္အဖြဲ႕ျဖစ္တဲ့ PNLO ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ တို႔ စုေပါင္းၿပီး ၿပီးခဲ့တဲ့ လက ဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။

သူတို႔ရဲ႕ အႀကံျပဳခ်က္ေတြဟာ NCA အပစ္ရပ္စာခ်ဳပ္လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕ေတြရဲ႕ ေဆြးေႏြးေရးမူဟာ ကြာျခားမႈ သိပ္မရွိေၾကာင္း၊ ဒီအခ်က္ေတြအေကာင္အထည္ေပၚဖို႔ဆိုရင္ အခ်ိန္ယူေဆာင္႐ြက္ဖို႔လိုေၾကာင္း ႏိုင္ငံေရးသုံးသပ္သူ ဦးခြန္ဆိုင္းက ေျပာပါတယ္။

“PPST က ေရးဆြဲထားတဲ့အေျခခံမူေတြ၊ ႏိုင္ငံေရးရည္မွန္းခ်က္ေတြကို ၾကည့္မယ္ဆိုလို႔ ရွိရင္ေတာ့ သူတို႔တင္ျပတဲ့အခ်က္ေတြနဲ႔ ကြာတယ္လို႔ မထင္ဘူးေပါ့ဗ်ာေနာ။ အခုေလာေလာဆယ္က တဘက္နဲ႔ တဘက္ က ယုံၾကည္မႈျပန္ၿပီးေတာ့ တည္ေဆာက္ေနတဲ့ ကာလျဖစ္တဲ့အတြက္ေၾကာင့္ အနည္းဆုံးေတာ့ ႏွစ္ဆင့္၊ သုံးဆင့္ေလာက္ေတာ့ သြားရမယ္။ ဒီပထမအဆင့္ကေတာ့ EAO ေတြနဲ႔ ေဆြးေႏြးဖို႔၊ ေနာက္ EAO နဲ႔ ေဆြးေႏြးလို႔ အဆင္ေျပတယ္ဆိုရင္လည္း ဒုတိယအဆင့္မွာ အာဆီယံအထူးသံေတြနဲ႔ အဲလိုမ်ိဳး တျဖည္းျဖည္း တည္ေဆာက္လာၿပီဆိုရင္ေတာ့ တတိယအဆင့္၊ စတုတၳအဆင့္မွာေတာ့ အားလုံးပါႏိုင္ဖို႔က ျဖစ္လာႏိုင္တယ္လို႔ပဲ ယူဆရတာေပါ့ဗ်ာ။”

ဦးခြန္ဆိုင္းဟာ NCA အပစ္ရပ္အဖြဲ႕ေတြ႕စုဖြဲ႕ထားတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ PPST ရဲ႕ အႀကံေပးတဦးလည္းျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ စစ္ေကာင္စီက ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔အတြက္ တစ္ဖြဲ႕ခ်င္းစီက ေခါင္းေဆာင္ေတြကို ဖိတ္ၾကားထားတာပါ။ ဒီလိုဖိတ္ၾကားရမွာ အဖြဲ႕အစည္းက ဥကၠ႒၊ ဒါမွမဟုတ္ အာဏာကုန္လႊဲအပ္ထားတဲ့ ကိုယ္စားလွယ္ တက္ေရာက္ဖို႔ ဆိုတာလည္းပါဝင္ပါတယ္။

PPSTကို သီးျခားဖိတ္ၾကားထားတာမရွိသလို PPST နဲ႔ ေဆြးေႏြးဖို႔ကိုလည္း စစ္ေကာင္စီဘက္က လက္မခံေသးေၾကာင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္တဦးက ေျပာပါတယ္။

အဖြဲ႕ဥကၠ႒ ဒါမွမဟုတ္ အာဏာကုန္လႊဲအပ္တဲ့ ကိုယ္စားလွယ္တက္ေရာက္ေရးနဲ႔ PPST နဲ႔ ေတြ႕ဆုံေရးကိစၥေတြကို ညႇိႏႈိင္းလို႔ မရေသးရင္ေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲက်င္းပေရးဟာ ပိုမိုၾကန႔္ၾကာႏိုင္တဲ့ အေျခအေန ရွိေနပါတယ္။

စစ္ေကာင္စီက ဖိတ္ၾကားတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကိုေတာ့ NCA လက္မွတ္ထိုးအဖြဲ႔ ၇ ဖြဲ႔နဲ႔ မထိုးေသးတဲ့အဖြဲ႔ ၃ ဖြဲ႔ စုစုေပါင္း ၁၀ ဖြဲ႔ တက္ေရာက္ဖို႔ ရွိပါတယ္။

ကခ်င္ KIO၊ ကရင္ KNU၊ ကရင္နီ KNPP၊ ခ်င္း CNF နဲ႔ ေက်ာင္းသားတပ္မေတာ္ ABSDF အဖြဲ႕ေတြကေတာ့ တက္ေရာက္မွာ မဟုတ္ေၾကာင္း စာထုတ္ျပန္ထားၿပီး တအန္း(ပေလာင္) PSLF၊ ကိုးကန႔္ MNDAA၊ ရခိုင္ AA အဖြဲ႕ေတြကေတာ့ ၿငိမ္းေဆြးေႏြးပြဲကို ေစာင့္ၾကည့္ေလ့လာေနဆဲရွိေၾကာင္း သတင္းမီဒီယာေတြကို ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးပွဲ ပအိုဝ်းအမျိုးသား ဖယ်ဒရယ်ကောင်စီ အကြံပြုစာ ထုတ်ပြန်


စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို တနိုင်ငံလုံး ထိုးစစ်တွေရပ်ဆိုင်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သက်ဆိုင်သူအားလုံးပါဝင်ရေးအတွက် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီက တိုက်တွန်းလိုက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေက ဘယ်လိုသဘောထားရှိနိုင်ပါသလဲ။ ရန်ကုန်ကပေးပိုတဲ့သတင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ပအိုဝ်း နိုင်ငံရေးအင်အားစုအသစ်တခုဖြစ်တဲ့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီက စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အကြံပြုချက်တစောင်ကို ဒီလ ၁၂ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။ ဒီအကြံပြုချက်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်မယ့် တိုင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ တိုက်တွန်းထားတာလည်း ဖြစ်ပါတယ်။

အချက် ၅ ချက်ပါဝင်တဲ့ ဒီအကြံပြုတိုက်တွန်းချက်ကို ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝါးက VOA ကို အခုလို ပြောပါတယ်။

“ လက်ရှိ တော်လှန်ရေးမှာ ပါဝင်နေတဲ့ အင်အားစုတွေအကုန်လုံးက အပစ်ရပ်နိုင်ဖို့ စစ်တပ်ဘက်က အဓိက ထိုးစစ်ဆင်တာတွေ၊ သတ်ဖြတ်တာတွေ ရပ်ဖို့ လိုအပ်တယ်။ ပြီးတော့မှ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ အင်အားစုတွေကို သတ်ဖြတ်တာတွေ၊ မီးရှို့တာတွေ၊ ဖမ်းဆီးတာတွေ ဒါ ရပ်ဖို့ လိုအပ်တယ်ပေါ့။ လက်ရှိ ဖမ်းထားတဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေကအစ အကုန်လုံးပေါ့။ လွှတ်ဖို့ လိုအပ်တယ်။ ငြိမ်းချမ်းရေးကိစ္စရပ်တွေကို ပြောကြမယ်၊ လုပ်ကြမယ်ဆို အရေးကြီးတာက အားလုံးပါဝင်ရေးမူကိုတော့ ပြန်ပြီး သတိချပ်စေချင်တယ်။ နောက်တချက်က မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးကိစ္စရပ်တွေ၊ အပစ်အခတ်ရပ်မယ့် ကိစ္စရပ်မျိုးတွေ စဉ်းစားကြရင်လည်း အာမခံချက်ရှိဖို့အတွက် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ပူးပေါင်းပါဝင်မှုတွေ၊ နိုင်ငံတကာအင်အားစုရဲ့ ပါဝင်လာမှုဆိုတဲ့ ကိစ္စရပ်မျိုးတွေ စဉ်းစားဖို့လည်း လိုအပ်ပါတယ်။”

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့အမည်တွေကို ဖော်ပြထားသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရေးဆိုရာမှာလည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကိုပါ ဖော်ပြထားပါတယ်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ လူထုပူးပေါင်းပါဝင်မှု၊ ထောက်ခံမှုမရရင် အောင်မြင်မှာမဟုတ်သလို တရားဝင်မှာမဟုတ်ကြောင်းလည်း ထောက်ပြထားပါတယ်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီဟာ ပအိုဝ်းအရပ်ဘက်အဖွဲ့အစည်းတွေ၊ CDM ဝန်ထမ်းတွေ၊ PDF အဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် တို့ စုပေါင်းပြီး ပြီးခဲ့တဲ့ လက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ အကြံပြုချက်တွေဟာ NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးရေးမူဟာ ကွာခြားမှု သိပ်မရှိကြောင်း၊ ဒီအချက်တွေအကောင်အထည်ပေါ်ဖို့ဆိုရင် အချိန်ယူဆောင်ရွက်ဖို့လိုကြောင်း နိုင်ငံရေးသုံးသပ်သူ ဦးခွန်ဆိုင်းက ပြောပါတယ်။

“PPST က ရေးဆွဲထားတဲ့အခြေခံမူတွေ၊ နိုင်ငံရေးရည်မှန်းချက်တွေကို ကြည့်မယ်ဆိုလို့ ရှိရင်တော့ သူတို့တင်ပြတဲ့အချက်တွေနဲ့ ကွာတယ်လို့ မထင်ဘူးပေါ့ဗျာနော။ အခုလောလောဆယ်က တဘက်နဲ့ တဘက် က ယုံကြည်မှုပြန်ပြီးတော့ တည်ဆောက်နေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့် အနည်းဆုံးတော့ နှစ်ဆင့်၊ သုံးဆင့်လောက်တော့ သွားရမယ်။ ဒီပထမအဆင့်ကတော့ EAO တွေနဲ့ ဆွေးနွေးဖို့၊ နောက် EAO နဲ့ ဆွေးနွေးလို့ အဆင်ပြေတယ်ဆိုရင်လည်း ဒုတိယအဆင့်မှာ အာဆီယံအထူးသံတွေနဲ့ အဲလိုမျိုး တဖြည်းဖြည်း တည်ဆောက်လာပြီဆိုရင်တော့ တတိယအဆင့်၊ စတုတ္ထအဆင့်မှာတော့ အားလုံးပါနိုင်ဖို့က ဖြစ်လာနိုင်တယ်လို့ပဲ ယူဆရတာပေါ့ဗျာ။”

ဦးခွန်ဆိုင်းဟာ NCA အပစ်ရပ်အဖွဲ့တွေ့စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ရဲ့ အကြံပေးတဦးလည်းဖြစ်ပါတယ်။ လောလောဆယ်မှာတော့ စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တစ်ဖွဲ့ချင်းစီက ခေါင်းဆောင်တွေကို ဖိတ်ကြားထားတာပါ။ ဒီလိုဖိတ်ကြားရမှာ အဖွဲ့အစည်းက ဥက္ကဋ္ဌ၊ ဒါမှမဟုတ် အာဏာကုန်လွှဲအပ်ထားတဲ့ ကိုယ်စားလှယ် တက်ရောက်ဖို့ ဆိုတာလည်းပါဝင်ပါတယ်။

PPSTကို သီးခြားဖိတ်ကြားထားတာမရှိသလို PPST နဲ့ ဆွေးနွေးဖို့ကိုလည်း စစ်ကောင်စီဘက်က လက်မခံသေးကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

အဖွဲ့ဥက္ကဋ္ဌ ဒါမှမဟုတ် အာဏာကုန်လွှဲအပ်တဲ့ ကိုယ်စားလှယ်တက်ရောက်ရေးနဲ့ PPST နဲ့ တွေ့ဆုံရေးကိစ္စတွေကို ညှိနှိုင်းလို့ မရသေးရင်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပရေးဟာ ပိုမိုကြန့်ကြာနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။

စစ်ကောင်စီက ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ NCA လက်မှတ်ထိုးအဖွဲ့ ၇ ဖွဲ့နဲ့ မထိုးသေးတဲ့အဖွဲ့ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ တက်ရောက်ဖို့ ရှိပါတယ်။

ကချင် KIO၊ ကရင် KNU၊ ကရင်နီ KNPP၊ ချင်း CNF နဲ့ ကျောင်းသားတပ်မတော် ABSDF အဖွဲ့တွေကတော့ တက်ရောက်မှာ မဟုတ်ကြောင်း စာထုတ်ပြန်ထားပြီး တအန်း(ပလောင်) PSLF၊ ကိုးကန့် MNDAA၊ ရခိုင် AA အဖွဲ့တွေကတော့ ငြိမ်းဆွေးနွေးပွဲကို စောင့်ကြည့်လေ့လာနေဆဲရှိကြောင်း သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

===========

XS
SM
MD
LG