သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီဥကၠ႒နဲ႔ RCSS ေခါင္းေဆာင္ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြး


စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္နဲ႔အဖြဲ႔ ဒီကေန႔ မနက္ပိုင္းက ေနျပည္ေတာ္မွာ ေတြ႔ဆုံစဥ္။ (ေမ ၂၀၊ ၂၀၂၂/ဓာတ္ပံု VOM)

[[Zawgyi/Unicode]]

စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္တို႔ ဒီကေန႔ မနက္ပိုင္းက ေနျပည္ေတာ္မွာ ေတြ႔ဆုံၿပီး ပါတီစုံစနစ္၊ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စုတည္ေဆာက္ေရးကိစၥရပ္ေတြကို အဓိက ေဆြးေႏြးခဲ့ၾကပါတယ္။ ေဆြးေႏြးပြဲဟာ တစ္နာရီခြဲေလာက္ၾကာျမင့္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ RCSS ဥကၠ႒ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕ဟာ စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႔၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးနဲ႔ အမ်ိဳးသားစည္းလုံးညီၫြတ္မႈ ညႇိႏႈိင္းေရးေကာ္မတီတို႔နဲ႔ ဆက္လက္ ေဆြးေႏြးသြားဖို႔ ရွိေနပါတယ္။ ရန္ကုန္ကေပးပို႔တဲ့သတင္းကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္တို႔ူ ေခါင္းေဆာင္တဲ့အဖြဲ႕ေတြဟာ ေနျပည္ေတာ္က ဘုရင္ေနာင္ ဧည့္ရိပ္သာမွာ ဒီကေန႔ မနက္ ၁၀ နာရီေလာက္ကေန ၁၁ နာရီခြဲေလာက္အထိ ေတြ႔ဆုံေဆြးေႏြးခဲ့တာပါ။

ဒီေတြ႔ဆုံပြဲမွာ အဓိက ေဆြးေႏြးတဲ့အခ်က္ေတြကို စစ္ေကာင္စီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက VOA ကို အခုလို ေျပာပါတယ္။

“ေဆြးေႏြးတဲ့အခါမွာေတာ့ ပါတီစုံဒီမိုကေရစီစနစ္ က်င့္သုံးေရးဆိုင္ရာ ကိစၥရပ္ေတြ၊ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ကို အေျခခံတဲ့ ျပည္ေထာင္စုတည္ေဆာက္ေရးဆိုင္ရာ ကိစၥရပ္ေတြ၊ ဒီကိစၥရပ္ႏွစ္ခုကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ဦးစြာေျပာၾကားခဲ့ပါတယ္။ ဒီအေပၚမွာ RCSS/SSA ဥကၠ႒ေပါ့ေနာ္။ စဝ္ယြက္စစ္ကလည္း သေဘာတူညီခဲ့ပါတယ္။ အေျခခံကေတာ့အဲဒီႏွစ္ခုပါပဲ။ အဲဒီႏွစ္ခုနဲ႔ပတ္သက္ၿပီးက် က်ေနာ္တို႔ အေသးစိတ္သေဘာထားအျမင္ေတြ ေဆြးေႏြးခဲ့တယ္။ အေသးစိတ္သေဘာထားအျမင္ေတြ ေဆြးေႏြးတဲ့ေနရာမွာလည္း သေဘာတူညီခ်က္ ေတာ္ေတာ္မ်ားမ်ား ရခဲ့ပါတယ္။”

ေနာက္ပိုင္းဆက္လက္ေဆြးေႏြးျဖစ္တဲ့အခ်က္ေတြကိုလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလို ဆက္ေျပာပါတယ္။

“အဲဒါၿပီးေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ေဆာင္႐ြက္တဲ့အခါမွာ ျမန္ျမန္ဆန္ဆန္နဲ႔ ထိထိေရာက္ေရာက္ ၿပီးစီးႏိုင္ဖို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြ၊ ဒီၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြက RCSS/SSA နဲ႔တင္မဟုတ္ဘူး ေနာက္ထပ္ အဖြဲ႕ေတြနဲ႔လည္း ေဆြးေႏြးမွာ။ အဖြဲ႕အားလုံးနဲ႔ ေဆြးေႏြးၿပီးတဲ့အခါမွာေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ လုပ္ငန္းစဥ္ေတြ ေဆာင္႐ြက္ရမယ့္ အခ်ိန္ဇယား Time Frame ေရးဆြဲၿပီးေဆာင္႐ြက္ဖု႔ိလည္း အႀကံျပဳပါတယ္။ ဒီ Time Frame ေရးဆြဲၿပီးေဆာင္႐ြက္မွလည္း အခ်ိန္ဇယား တိတိက်က်နဲ႔ ျမန္ျမန္ဆန္ဆန္ ၿပီးႏိုင္မယ္ ဆိုတာကို ယုံၾကည္တဲ့အတြက္ ဒါကို စနစ္တက် ေရးဆြဲေဆာင္႐ြက္သြားမယ့္အေျခအေနေတြလည္း ဆက္လက္ ေဆြးေႏြးခဲ့ပါတယ္။”

RCSS ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဒု ဗိုလ္မႉးႀကီးအုမ္ေခးကေတာ့ ဒီေန႔ ေဆြးေႏြးပြဲမွာ အဓိက အခ်က္ ၃ ခ်က္ကို အေလးထား ေဆြးေႏြးခဲ့ေၾကာင္း ေျပာပါတယ္။

“ ေဆြးေႏြးတဲ့ေနရာမွာ တစ္က တႏိုင္ငံလုံး ၿငိမ္းခ်မ္းေရးျဖစ္ေျမာက္ေအာင္ဆိုတဲ့ ေဆြးေႏြးခ်က္ေပါ့ေနာ။ နံပါတ္ ႏွစ္က်ေတာ့ မၾကာမၾကာ ေတြ႔ဆုံၾက၊ ေဆြးေႏြးၾက၊ အေျဖရွာၾက၊ ယုံၾကည္မႈေတြ တည္ေဆာက္ၾက အဲလိုေပါ့ေနာ။ နံပါတ္ သုံးက ေနာက္ဆုံးေတာ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးေပါ့ေလ။ အတိုခ်ဳံးေျပာရင္ အဲဒီ ၃ ခ်က္ေပ့ါေနာ။”

ဒါအျပင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးရာမွာ အားလုံးပါဝင္ေရး ကိစၥရပ္ကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္းလည္း ဒု ဗိုလ္မႈးႀကီးအုမ္ေခး က ေျပာပါတယ္။

“အားလုံးပါဝင္ေရးဆိုတဲ့အျမင္က်ေတာ့ က်ေနာ္တို႔ဘက္ကေရာ ဒီ SAC ဘက္ကေရာ အဲလိုျမင္ပါတယ္ေနာ။ အျမင္ရွိပါတယ္ေနာ။ အားလုံးဆိုတာ အဖြဲ႕အစည္းတိုင္း အားလုံးေပါ့ေလ။ ေနာက္ဆုံးေတာ့ လက္နက္ကိုင္အဖြဲ႕တိုင္းအားလုံးေရာ၊ တိုင္းျပည္တည္ေဆာက္တဲ့ေနရာမွာ ပါတီအားလုံးေရာ အဲလို အဲလို ၫႊန္းဆိုတာေပါ့ေနာ။”

ေနာက္ရက္ပိုင္းေတြမွာေတာ့ RCSS ဥကၠ႒ ဦးေဆာင္တဲ့အဖြဲ႔ဟာ စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႔၊ ေနာက္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးနဲ႔ အမ်ိဳးသားစည္းလုံးညီၫြတ္မႈ ညႇိႏႈိင္းေရးေကာ္မတီတို႔နဲ႔ ဆက္လက္ ေဆြးေႏြးသြားဖို႔ ရွိေနပါတယ္။

ဒီေန႔ ေဆြးေႏြးပြဲကို စစ္ေကာင္စီဘက္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ အတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႈးႀကီး စိုးဝင္း၊ စစ္ေကာင္စီအဖြဲ႕ဝင္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းနဲ႔ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္တို႔ ပါဝင္တက္ေရာက္ၿပီး RCSS ဘက္ကေတာ့ RCSS ဥကၠ႒နဲ႔အတူ အတြင္းေရးမႈး ၁ စဝ္စိုင္းငင္းနဲ႔ ဗဟိုအလုပ္အမႈေဆာင္ စဝ္ေဆာင္းဟန္ တို႔ ပါဝင္တက္ေရာက္ခဲ့ပါတယ္။

လာမယ့္ ၂၃ရက္ေန႔မွာေတာ့ စစ္ေကာင္စီအႀကီးအကဲအေနနဲ႔ ေနာက္ထပ္ လက္နက္ကိုင္အဖြဲ႔တခုနဲ႔ ထပ္မံ ေဆြးေႏြးဖို႔ ရွိေနပါတယ္။ ၿငိမ္းခ်မ္းေရးအတြက္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေခါင္းေဆာင္ေတြကို သူ႔ကိုယ္တိုင္ေတြ႕ဆုံမယ္လို႔ စစ္ေကာင္စီအႀကီးအကဲက ကမ္းလွမ္းထားပါတယ္။ ဒီကမ္းလွမ္းခ်က္ကိုေတာ့ NCA လက္မွတ္ထိုးအဖြဲ႔ ၇ ဖြဲ႕နဲ႔၊ RCSS အပါအဝင္ လက္မွတ္မထိုးရေသးတဲ့အဖြဲ႕ ၃ ဖြဲ႕တို႔က လတ္တေလာ လက္ခံထားၾကပါတယ္။ ေဆြးေႏြးပြဲေတြကို တဖြဲ႕ခ်င္းအေနနဲ႔ေရာ ၊ အားလုံးပါဝင္တဲ့ စုံညီအစည္းအေဝးကိုပါ က်င္းပဖို႔ ရည္႐ြယ္ထားတယ္လို႔ စစ္ေကာင္စီက ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

စစ်ကောင်စီဥက္ကဋ္ဌနဲ့ RCSS ခေါင်းဆောင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံပြီး ပါတီစုံစနစ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကိစ္စရပ်တွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲဟာ တစ်နာရီခွဲလောက်ကြာမြင့်ခဲ့ပြီး နောက်ပိုင်းမှာတော့ RCSS ဥက္ကဋ္ဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်မှု ညှိနှိုင်းရေးကော်မတီတို့နဲ့ ဆက်လက် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ူ ခေါင်းဆောင်တဲ့အဖွဲ့တွေဟာ နေပြည်တော်က ဘုရင်နောင် ဧည့်ရိပ်သာမှာ ဒီကနေ့ မနက် ၁၀ နာရီလောက်ကနေ ၁၁ နာရီခွဲလောက်အထိ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဒီတွေ့ဆုံပွဲမှာ အဓိက ဆွေးနွေးတဲ့အချက်တွေကို စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက VOA ကို အခုလို ပြောပါတယ်။

“ဆွေးနွေးတဲ့အခါမှာတော့ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဒီကိစ္စရပ်နှစ်ခုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက ဦးစွာပြောကြားခဲ့ပါတယ်။ ဒီအပေါ်မှာ RCSS/SSA ဥက္ကဋ္ဌပေါ့နော်။ စဝ်ယွက်စစ်ကလည်း သဘောတူညီခဲ့ပါတယ်။ အခြေခံကတော့အဲဒီနှစ်ခုပါပဲ။ အဲဒီနှစ်ခုနဲ့ပတ်သက်ပြီးကျ ကျနော်တို့ အသေးစိတ်သဘောထားအမြင်တွေ ဆွေးနွေးခဲ့တယ်။ အသေးစိတ်သဘောထားအမြင်တွေ ဆွေးနွေးတဲ့နေရာမှာလည်း သဘောတူညီချက် တော်တော်များများ ရခဲ့ပါတယ်။”

နောက်ပိုင်းဆက်လက်ဆွေးနွေးဖြစ်တဲ့အချက်တွေကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ဆက်ပြောပါတယ်။

“အဲဒါပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါမှာ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ပြီးစီးနိုင်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ၊ ဒီငြိမ်းချမ်းရေးဆွေးနွေးမှုတွေက RCSS/SSA နဲ့တင်မဟုတ်ဘူး နောက်ထပ် အဖွဲ့တွေနဲ့လည်း ဆွေးနွေးမှာ။ အဖွဲ့အားလုံးနဲ့ ဆွေးနွေးပြီးတဲ့အခါမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရမယ့် အချိန်ဇယား Time Frame ရေးဆွဲပြီးဆောင်ရွက်ဖု့ိလည်း အကြံပြုပါတယ်။ ဒီ Time Frame ရေးဆွဲပြီးဆောင်ရွက်မှလည်း အချိန်ဇယား တိတိကျကျနဲ့ မြန်မြန်ဆန်ဆန် ပြီးနိုင်မယ် ဆိုတာကို ယုံကြည်တဲ့အတွက် ဒါကို စနစ်တကျ ရေးဆွဲဆောင်ရွက်သွားမယ့်အခြေအနေတွေလည်း ဆက်လက် ဆွေးနွေးခဲ့ပါတယ်။”

RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု ဗိုလ်မှူးကြီးအုမ်ခေးကတော့ ဒီနေ့ ဆွေးနွေးပွဲမှာ အဓိက အချက် ၃ ချက်ကို အလေးထား ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

“ ဆွေးနွေးတဲ့နေရာမှာ တစ်က တနိုင်ငံလုံး ငြိမ်းချမ်းရေးဖြစ်မြောက်အောင်ဆိုတဲ့ ဆွေးနွေးချက်ပေါ့နော။ နံပါတ် နှစ်ကျတော့ မကြာမကြာ တွေ့ဆုံကြ၊ ဆွေးနွေးကြ၊ အဖြေရှာကြ၊ ယုံကြည်မှုတွေ တည်ဆောက်ကြ အဲလိုပေါ့နော။ နံပါတ် သုံးက နောက်ဆုံးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပေါ့လေ။ အတိုချုံးပြောရင် အဲဒီ ၃ ချက်ပေ့ါနော။”

ဒါအပြင် ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အားလုံးပါဝင်ရေး ကိစ္စရပ်ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်းလည်း ဒု ဗိုလ်မှုးကြီးအုမ်ခေး က ပြောပါတယ်။

“အားလုံးပါဝင်ရေးဆိုတဲ့အမြင်ကျတော့ ကျနော်တို့ဘက်ကရော ဒီ SAC ဘက်ကရော အဲလိုမြင်ပါတယ်နော။ အမြင်ရှိပါတယ်နော။ အားလုံးဆိုတာ အဖွဲ့အစည်းတိုင်း အားလုံးပေါ့လေ။ နောက်ဆုံးတော့ လက်နက်ကိုင်အဖွဲ့တိုင်းအားလုံးရော၊ တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ ပါတီအားလုံးရော အဲလို အဲလို ညွှန်းဆိုတာပေါ့နော။”

နောက်ရက်ပိုင်းတွေမှာတော့ RCSS ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်မှု ညှိနှိုင်းရေးကော်မတီတို့နဲ့ ဆက်လက် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း၊ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ ပါဝင်တက်ရောက်ပြီး RCSS ဘက်ကတော့ RCSS ဥက္ကဋ္ဌနဲ့အတူ အတွင်းရေးမှုး ၁ စဝ်စိုင်းငင်းနဲ့ ဗဟိုအလုပ်အမှုဆောင် စဝ်ဆောင်းဟန် တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။

လာမယ့် ၂၃ရက်နေ့မှာတော့ စစ်ကောင်စီအကြီးအကဲအနေနဲ့ နောက်ထပ် လက်နက်ကိုင်အဖွဲ့တခုနဲ့ ထပ်မံ ဆွေးနွေးဖို့ ရှိနေပါတယ်။ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို သူ့ကိုယ်တိုင်တွေ့ဆုံမယ်လို့ စစ်ကောင်စီအကြီးအကဲက ကမ်းလှမ်းထားပါတယ်။ ဒီကမ်းလှမ်းချက်ကိုတော့ NCA လက်မှတ်ထိုးအဖွဲ့ ၇ ဖွဲ့နဲ့၊ RCSS အပါအဝင် လက်မှတ်မထိုးရသေးတဲ့အဖွဲ့ ၃ ဖွဲ့တို့က လတ်တလော လက်ခံထားကြပါတယ်။ ဆွေးနွေးပွဲတွေကို တဖွဲ့ချင်းအနေနဲ့ရော ၊ အားလုံးပါဝင်တဲ့ စုံညီအစည်းအဝေးကိုပါ ကျင်းပဖို့ ရည်ရွယ်ထားတယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

============

XS
SM
MD
LG